• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အာလူးစားသူများ ပန်းချီကား ဘာလို့ နာမည်ကြီးတာလဲ?

by Thutamm
July 29, 2019
Reading Time: 1min read
0
အာလူးစားသူများ ပန်းချီကား ဘာလို့ နာမည်ကြီးတာလဲ?
Share on FacebookShare on Twitter

ဘာသာပြန်ဆို ရေးသားသူ – မိုးရှင်း (I.M.T)

အာလူးစားသူများ ဆိုတဲ့ပန်းချီကားကို ၁၈၈၅ခုနှစ် -ဧပြီလမှာ ဒတ်ချ်လူမျိုး ကမ္ဘာကျော်ပန်းချီဆရာကြီးဗင်းဆင့်ဗန်ဂိုးလ် ကရေးဆွဲခဲ့တာပါ။အခုလောလောဆယ်မှာတော့ ဒီပန်းချီကားဟာ နယ်သာလန်နိုင်ငံအမ်စတာဒမ်မြို့က ဗင်းဆင့်ဗန်ဂိုးလ်ပြတိုက်မှာရှိပါတယ်။

ဒီပန်းချီကားဟာ စားပွဲတစ်ခုရဲ့ပတ်လည်မှာ အာလူးစားနေကြတဲ့ တောင်သူလယ်သမား ငါးယောက်ရဲ့ပုံကိုရေးဆွဲထားတဲ့ ဆီဆေးပန်ချီကားတစ်ချပ်ပါ။ သုံးယောက်ကမိန်းကလေးတွေဖြစ်ပြီး ကျန်တဲ့နှစ်ယောက်ကတော့ ယောင်္ကျားလေးတွေပါ။

ဒီပန်းချီက တောင်သူလယ်သမားငါးယောက်ရဲ့ ညစာကိုလက်တွေ့ဆန်ဆန်သဘာဝကျကျ ဖော်ပြချင်တာပါ။ သူတို့ငါးယောက်ထဲက အများစုက အာလူးစားနေကြတယ်။

ညာဘက် က အမျိုးသမီးကြီးကကော်ဖီရောင်နဲ့ဆင်တဲ့ လက်ဖက်ရည်ကြမ်းတွေကို ငှဲ့နေတယ်။ သူတို့အားလုံးဦးထုပ်တွေ၊ ခေါင်းစည်းတွေ၊ ထူပြီးရှည်တဲ့ အဝတ်အစားတွေဝတ်ဆင် ထားကြတယ်။သူတို့တွေကအားလုံး အမှောင်ခန်းလေးထဲမှာရှိနေကြတယ်။

တစ်ခုတည်းသောအလင်းရောင်က မျက်နှာကြက်ထုတ်တန်းမှာတွဲလောင်းချထားတဲ့ မီးအိမ်လေးကနေဖြာကျနေတာပါ။ ဒီမီးအိမ်လေးကပန်ချီကားရဲ့  အလယ်တည့်တည့်လောက်မှာ ရှိနေပါတယ်။ ပြီးတော့ ဒီမီးအိမ်လေးကြောင့်ပဲ တစ်ခန်းလုံးလင်းနေတာပါ။

ပန်းချီကားကအမှောင်တွေဆန်တဲ့ အရောင်တွေသုံးထားပေမဲ့ တောင်သူလယ်သမားတွေရဲ့မျက်နှာကတော့ တောက်ပနေပြီးသူတို့ရဲ့စိတ်ထဲကရောယှက်နေတဲ့အတွင်းစိတ်ခံစားမှုတွေကိုဖော်ပြနေပါတယ်။ သူတို့မျက်နှာအမူအရာတွေဟာ တစ်ခုခုကိုအလေးအနက်ထားပြီး တည်ငြိမ်နေတာ ကိုတွေ့ရတယ်။

နောက်တစ်ချက် အနေနဲ့ သူတို့တွေ မပျော်ရွှင်ကြဘူးဆိုတာကိုလည်း သူတို့မျက်နှာတွေကဖော်ပြနေတယ်။ သူတို့ရဲ့မျက်နှာပေါ်မှာတစ်ခုခုကိုစိတ်ထဲမှာ  အကောင်းနဲ့အဆိုးဒွန်တွဲပြီးဒွဟဖြစ်နေပုံ ၊ တစ်ခုခုကိုမယုံကြည်တဲ့ပုံမျိုးတွေလည်းပေါ်နေတယ်။

သူတို့တွေအားလုံးတစ်ယောက်နဲ့တစ်ယောက် စကားပြောမနေကြဘူး။ သူတို့အတွေးကမ္ဘာလေးနဲ့ သူတို့တစ်ခုခုကိုတွေးနေကြတယ်။ သူတို့တွေမှာကြမ်းတမ်းတဲ့ပုံစံတွေရှိနေတယ်။ ဒါကလည်းလယ်သမားတွေရဲ့အထင်ရှားဆုံး ဝိသေသလက္ခဏာတစ်ခုကိုပုံဖော်ထားတာပါ။

သူတို့အာလူးစားဖို့ ဆန့်ထုတ်ထားတဲ့ လက်တွေကိုကြည့်ခြင်းအားဖြင့် သူတို့အားလုံးဟာပိန်ပြီးအသားအရေတွေလည်း ကြမ်းတမ်းနေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့သူတို့ရဲ့ပုံစံတွေဟာ တမင်သက်သက်ပုံဖော်ယူထားတဲ့ ပုံမပေါက်ပဲနဲ့အရမ်းကိုသဘာဝဆန်နေပါတယ်။

ဗန်ဂိုးလ်ဟာဒီပန်းချီကားမှာ ဆင်းရဲသားတောင်သူတွေရဲ့ဆင်းရဲကြမ်းတမ်းတဲ့သာမန်ဘဝလေးကို ပုံဖော်ချင်တယ်ဆိုတာ သိသာပါတယ်။

အရောင်အသုံးပြုပုံ၊အထားအသိုအခင်းအကျင်းနဲ့ပန်းချီကားအပေါ်သက်ရောက်မှု ပန်းချီကားတစ်ခုလုံးကို အဖြူအမည်းပဲအသုံးပြုထားပါတယ်။ အဓိကအသုံးပြုထားတဲ့အရောင်တွေကလည်း ငြိုးငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေကို ဖော်ပြတဲ့ အညိုရောင် အနက်ရောင်လိုမျိုး အရောင်မှိန်မှိန်တွေက ိုအဓိကအသုံးပြုထားပါတယ်။

မြေကြီးအရောင်နဲ့ ဆင်တ ဲ့အညိုရောင်တွေဟာ လယ်သမားတွေရဲ့နေလောင်တဲ့မျက်နှာနဲ့ ကြမ်းတမ်းမှုတွေကို အဓိကပုံဖော်ပေးပါတယ်။

သူတို့တွေဟာတစ်နေ့တစ်နေ့ နေရာင်အောက်မှာ အလုပ်လုပ်ကြရတဲ့အတွက်အညိုရောင်ကိုအဓိကအသုံးပြုပြီး သူတို့ရဲ့ပုံကိုပုံဖော်ထားတာဖြစ်ပါတယ်။ ဒီအရောင်တွေကြောင့်ပဲ ပန်းချီကားဟာလည်း အရမ်းကိုသဘာဝဆန်နေပါတယ်။

ဒီပန်းချီကားဟာ လက်တွေ့ဆန်ပြီး နည်းနည်းလေးမ ှချဲ့ကားထားခြင်းမရှိတဲ့ ပုံပေါက်နေပါတယ်။ လယ်သများတွေရဲ့ နေ့စဉ်ဘဝကိုလည်း ကွင်းကွင်းကွက်ကွက် မြင်စေပါတယ်။ သူတို့တွေရဲ့မျက်နှာတွေကိုလည်း အသေးစိတ်ကြည့်ကြည့်လိုက်ပါ။

အပေါ်ကမီးအိမ်ရဲ့အလင်းရောင်အလိုက် မျက်နှာပေါ်မှာမှောင်တဲ့အခြမ်းက မှောင်နေပါတယ်။ အရမ်းကိုအသေးစိတ်ပါတယ်။ ဒီပန်းချီကားရဲ့ အထားအသိုအခင်းအကျင်းကလဲ လုံးဝကိုစနစ်ကြပါတယ်။

သူတို့တွေနေရာယူထားတာကိုကြည့် ခြင်းအားဖြင့် ပန်းချီကားဟာနှစ်ဘက်မျှတာကိုတွေ့ရပါတယ်။ စားပွဲရဲ့တစ်ဘက်တစ်ချက်မှာမျက်နှာချင်းဆိုင် ထိုင်နေတဲ့ လူနှစ်ယောက်ဆီရှိတယ်။

အလယ်ကကျောပေးထားတဲ့ ကောင်မလေးက ထိုနှစ်ဖွဲ့ကို အလယ်ကနေ နှစ်ခြမ်းခွဲထား သယောင်ဖြစ်နေတယ်။ သူတို့အားလုံးဟာပေါင်းစည်းတဲ့ပုံလည်းပေါက်တယ်။

သူတို့အားလုံးဟာအရမ်းကပ်ကပ်ကြီးလဲ ထိုင်မနေကြဘူး။ သက်တောင့်သက်သာလည်း ဖြစ်တဲ့ပုံပေါ်တယ်။ ပန်းချီကားတစ်ခုလုံးမှာအလဟသနေရာမပါဘူး။ နေရာအားလုံးကို မျှတတဲ့ပုံစံဖြစ်အောင် ဆွဲထားတယ်။

မျက်နှာကျက်ကလဲ လယ်သမားတွေနဲ့အရမ်းကိုနီးကပ်နေတယ်။ အခန်းကအရမ်းကိုသေးပြီးတော့ ဟောင်းနွမ်းစုတ်ပြတ်နေတယ်။ ထိုင်နေတဲ့သူတို့တွေကိုစာဖတ်သူစိတ်ထဲမှာ မတ်တပ်တစ်ချက်လောက်ရပ်ခိုင်းကြည့်လိုက်ပါ။

အမိုးကအရမ်းနိမ့်နေတော့ သက်တောက်သက်သာတော့ရှိမှာ မဟုတ်လောက်ဘူးနော်။ ဒီအမိုးနိမ့်နိမ့်လေးလုပ်ထားတဲ့ အချက်ကပဲ ပန်းချီကားကိုတိတ်ဆိတ်ပြီး အေးအေးစက်စက်ဖြစ်နေစေတယ်။

ပန်းချီကားရဲ့သဘာဝကျမှု

ဒီပန်းချီကားမှာပါဝင်တဲ့ လူတွေ၊နေရာတွေ ၊ပစ္စည်းတွေအရာအားလုံးဟာ တိကျပြီးမှန်ကန်တဲ့အပြင် အရမ်းကို သဘာဝဆန်ပါတယ်။ လယ်သမားတွေရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေက အစအပိုအလိုမရှိပီပြင်အောင် အသေချာကိုရေးဆွဲထားတာကိုတွေ့ရပါတယ်။

လယ်သမားတွေရဲ့ပုံစံနဲ့အာလူးတွေ၊ ခွက်တွေ၊ စားပွဲတွေကိုလည်းသုံးဖက်မြင်ပုံစံနဲ့ ဆွဲထားတာကိုလည်းတွေ့ရပါတယ်။ ဒီလိုအချက်တွေကလည်း ဒီပန်းချီကားကို ပြည့်စုံအောင်ထောက်ပံ့ပေးနေပါတယ်။

အသုံးပြုထားတဲ့အရောင်တွေကလဲ နေရာအလိုက်မှန်ကန်မှုရှိပြီး လက်တွေ့အရမ်းဆန်ပါတယ်။ အလုပ်ကြမ်းတွေကို နေရောင်အောက်မှာ လုပ်ထားရတာကိုလဲသိသာအောင် မျက်နှာနဲ့လက်တွေကို မြေကြီးရောင်ဆန်တဲ့ အညိုရောင်ကိုသုံးထားပါတယ်။

ပန်းချီကားရဲ့တစ်ခုတည်းသော အလင်းရောင်ကိုလည်း ထုတ်တန်းမှာ ဆွဲထားတဲ့မီးအိမ်လေးကနေယူထားပါတယ်။ ဒါအပြင် အလင်းအမှောင် အသုံးပြုခြင်းကလည်း အထင်ကြီးလောက်ပါတယ်။

လူတွေအပေါ်မှာထင်ရှားအောင် ရေးဆွဲထားခြင်းကနောက်ခံအရောင်တွေနဲ့လည်း ကွဲပြားနေစေပါတယ်။

ပြင်ပလက်တွေ့ ဘဝမှာ လယ်သမားမိသားစု ထမင်းဝိုင်းတစ်ခုကိုသွားလည်လို့ အပြင်မှာမြင်ရတဲ့ အတိုင်းဖြစ်အောင် အပြစ်ရှာမရအောင်ရေးဆွဲထားတာပါ။

အရောင်မှိန်မှိန်တွေအသုံးပြုထားခြင်းကလဲ ဆင်းရဲသားမိသားစုရဲ့ဘဝကို ပီပီပြင်ပြင်ဖော်ပြနေပါတယ်။ ပတ်ဝန်းကျင်သွင်ပြင်အခြေအနေ၊ သူတို့တွေရဲ့စိတ်ခံစားမှုတွေကိုလည်း အရောင်တွေနဲ့စနစ်တကျဖော်ပြခဲ့တာပါ။

ဒါကြောင့်လည်းပဲဒီပန်းချီကား ကြည့်လိုက်သူတိုင်းကို တကယ့်သဘာဝဆန်တဲ့ လယ်သမားတွေရဲ့ နေ့တဒူဝဘ၀ကို မြင်သာစေတာပါ။ ဒီပန်းချီကားကအရမ်းကိုပြည့်စုံလွန်းလို့လည်း ကမ္ဘာကျော်ခဲ့တာပါ။

ကျွန်တော်လည်းအစကဒါတွမသိခဲ့ပါဘူး။ အင်တာနက်မှ linkတစ်ခုက ဆောင်းပါးလေးကိုဖတ်ရင်း ဒီပန်းချီကားရဲ့အနှစ်သာရကိုခံစားမိတာပါ။ ကျွန်တော်သိသလို ကျွန်တော့်စာကိုအမြဲဖတ်တဲ့သူတွေလည်း သိအောင်မျှဝေချင်တဲ့ စိတ်ကြောင့် အဲဒိlink ကစာကိုဘာသာပြန်ပြီး ကျွန်တော့်ခံစားချက်တွေပါ ထည့်ပြီး ဆီလျော်အောင်ပြန်လည်ရေးလိုက်တာပါ။

ဗင်ဂိုးလ်းကိုလေးစားတဲ့စိတ်ကြောင့် ဘာသာပြန်ရင်းနဲ့တောင် ကြက်သီးတွေထနေပါတယ်။ ဒီပန်းချီကားကတော့ကျွန်တော့်အကြိုက်ဆုံး ပန်းချီကားတစ်ချပ်ဖြစ်သွားပါပြီ။

မိုးရှင်း (I.M.T)

Tags: thinkingworld knowledge
Next Post
ကမ္ဘာတစ်လွှားက စိတ်ဝင်စားစရာ ဓာတ်ပုံများ – ၃

ကမ္ဘာတစ်လွှားက စိတ်ဝင်စားစရာ ဓာတ်ပုံများ - ၃

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!