Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အာရှတိုက်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီး ၁၀ ယောက်

by Thutamm
August 30, 2020
Reading Time: 4min read
0
အာရှတိုက်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီး ၁၀ ယောက်
Share on FacebookShare on Twitter

အရင်ကတော့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီး ၁၀ ယောက်ရဲ့ စာရင်းကို သုတဇုန်မှာ တင်ခဲ့ဖူးပါတယ်။ ဒီတခါတော့ အာရှရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ ဦးရဲ့ စာရင်းကို ဝေမျှပေးလိုက်ပါတယ်။

10. He Xiangjian

He Xiangjian ကတော့ Midea အီလက်ထရောနစ်ကုမ္ပဏီတည်ထောင်သူ ဖြစ်ပါတယ်။ Midea ကုမ္ပဏီဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားကို လေအေးပေးစက် ၊ အဝတ်လျှော်စက် နဲ့ အခြားအိမ်သုံးပစ္စည်းများစွာကို တင်ပို့ရောင်းချနေတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ ဒီကုမ္ပဏီကြီးဟာ လုပ်သားပေါင်း ၁၃၅၀၀၀ နဲ့ လည်ပတ်လျက်ရှိပြီး ဒီကုမ္ပဏီကို He Xiangjian ဟာ ၁၉၆၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ကြွယ်ဝမှုဟာ ၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၉.၃ ဘီလျံပဲ ရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ ကုမ္ပဏီကြီးထွားအောင်မြင်လာမှုနဲ့အတူ ၂၉.၄ ဘီလျံအထိ ကြွယ်ဝလာနေပြီဖြစ်ပါတယ်။

9. Tadashi Yanai


နံပါတ်၈ နေရာမှာရှိနေတာကတော့ ဂျပန်နိုင်ငံရဲ့ ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ Tadashi Yanai ပါ။ သူဟာ ဂျပန်က လူသိများတဲ့ အင်္ကျီအမှတ်တံဆိပ် Uniqlo အပါအဝင်ဖြစ်တဲ့ Fast Retailing ကုမ္ပဏီရဲ့ တည်ထောင်သူ ဥက္ကဌလည်းဖြစ်သလို Nippon Venture Capital Co., Ltd. နဲ့ Softbank Corp လို ကုမ္ပဏီကြီးတွေရဲ့ ဒါရိုက်တာ နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ဝန်းကျင်မှာတော့ သူ့ရဲ့ ကုမ္ပဏီဟာ အဆမတန်ကြီးမားလာခဲ့ပြီး နိုင်ငံပေါင်းတော်တော်များများမှာ စတိုးဆိုင်ခွဲပေါင်း ၂၀၀၀ ကျော်ဖွင့်နိုင်တဲ့အထိ အောင်မြင်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူ့ရဲ့ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၂၉.၅ ဘီလျံ ဖြစ်ပါတယ်။

8. Masayoshi Son


Masayoshi Son ကတော့ Tadashi Yanai ကိုကျော်ဖြတ်ပြီး ဂျပန်ရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာသူပါ။ သူဟာ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးနည်းပညာကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ SoftBank, SoftBank Mobile နဲ့ ယူကေအခြေစိုက် Arm Holdings ရဲ့ စီအိုးအို ၊ ဥက္ကဌ ရာထူးတွေကို ယူထားသူဖြစ်ပါတယ်။ သူဟာ စီးပွားရေးသမိုင်းတလျှောက် တဦးတည်း အကြီးဆုံး ဆုံးရှုံးသူအဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် ဒေါ့ကွမ်းတွေပြိုလဲမှုနဲ့အတူ ဘီလျံ ၇၀ ကျော် ဆုံးရှုံးခဲ့ဖူးပြီး ၁.၁ဘီလျံသာ ကျန်တော့တဲ့အထိ ဖြစ်သွားခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ သူ့ရဲ့ကြွယ်ဝမှုဟာ ၃၀.၈ ဘီလျံ ဖြစ်ပါတယ်။

7. William Lei Ding


Ding Lei ကတော့ တရုတ်အင်တာနက်ကုမ္ပဏီ NetEase ရဲ့ တည်ထောင်သူ စီအီးအို ဖြစ်ပါတယ်။ အွန်လိုင်း ကွန်ပျူတာ နဲ့ မိုဘိုင်းဂိမ်း ၊ ကြော်ငြာလုပ်ငန်း ၊ အီးမေး နဲ့ အွန်လိုင်းအရောင်းအဝယ် platforms စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ NetEase ကို ကမ္ဘာ့အကြီးဆုံး အင်တာနက် နဲ့ ဂိမ်း ကုမ္ပဏီတခုအဖြစ် လူသိများပါတယ်။ ဒါတင်မကသေးပဲ ဝက်မွေးမြူရေးလုပ်ငန်းကိုလည်း လုပ်ကိုင်ပါသေးတယ်။ လက်ရှိအချိန် သူ့ရဲ့ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၃၀.၉ ဘီလျံ ဖြစ်ပါတယ်။

6. Hui Ka Yan


အာရှတိုက်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် နံပါတ် ၆ နေရာမှာ ရောက်ရှိနေသူ Hui Ka Yan ကိုတော့ Xu Jiayin လို့ လူသိပိုများပါတယ်။ သူဟာ တရုတ် ဒုတိယအကြီးဆုံး အိမ်ခြံမြေကုမ္ပဏီကြီး Evergrande Group ရဲ့ ဥက္ကဌ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမြို့ကြီး ၂၄၀ မှာ ပရောဂျက်ပေါင်း ၇၀၀ ကျော်ကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ လက်ရှိအချိန် Hui Ka Yan ရဲ့ ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၃၁ ဘီလျံ ဖြစ်ပါတယ်။

5. Wang Wei


Wang Wei ကတော့ Fedex of China လို့ လူသိများတဲ့ S. F. Holding ကုမ္ပဏီရဲ့ တည်ထောင်သူ ဥက္ကဌ ဖြစ်ပါတယ်။ Wang Wei ဟာ ပစ္စည်းပို့သမားတယောက်အဖြစ်စတင်လုပ်ကိုင်ခဲ့ပြီး တည်ထောင်စဉ်က ဝန်ထမ်း ၆ယောက်သာ ရှိခဲ့တဲ့ သူ့ကုမ္ပဏီဟာ လက်ရှိမှာတော့ ဝန်ထမ်း ၁၃၀၀၀၀ ကျော်ရှိလာတဲ့အထိ ကြီးထွားလာပြီဖြစ်ပါတယ်။ ပစ္စည်းပို့ဝန်ဆောင်မှုအဖြစ် ၂၀၁၈ ခုနှစ်မှာ ဒရုန်းလေယာဉ်နဲ့ သယ်ယူပို့ဆောင်ရေးလိုင်စင်ကို ပထမဆုံးရရှိခဲ့တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ Wang Wei ဟာ ကုမ္ပဏီရဲ့ရှယ်ယာ ၆၀% ကို ပိုင်ဆိုင်ထားပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့ကြွယ်ဝမှုဟာ ၃၁.၄ ဘီလျံ ဖြစ်ပါတယ်။

4. Colin Zheng Huang


Colin Huang ကတော့ တရုတ်နိုင်ငံ အွန်လိုင်းအရောင်းအဝယ်ကုမ္ပဏီဖြစ်တဲ့ Pinduoduo ရဲ့ တည်ထောင်သူဖြစ်ပါတယ်။ Colin Huang ဟာ မိုက်ခရိုဆော့ဖ်ဝန်ထမ်း အဖြစ်ကနေ ထွက်ခဲ့ပြီးတဲ့နောက်မှာ အွန်လိုင်းဂိမ်းကုမ္ပဏီ Xinyoudi နဲ့ အွန်လိုင်းဈေးအရောင်းအဝယ် ဝဘ်ဆိုဒ် Ouku တို့ကို တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။ Pinduoduo ကို ၂၀၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပေမယ့် ၅နှစ်အတွင်းမှာ တရှိန်ထိုး အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ တနှစ်တည်းမှာတင် ဒီအွန်လိုင်းအရောင်းအဝယ် ဝဘ်ဆိုဒ်ကနေ ပုံမှန်ဝယ်ယူသုပေါင်း သန်း ၅၈၀ကျော်ရှိခဲ့သလို နေ့စဉ်ပါဆယ်ပေါင်း ၅၄သန်းကျော်ကို ပို့ဆောင်ခဲ့ရပါတယ်။ ဒီအောင်မြင်မှုကနေ Colin Huang ဟာ တရုတ်ရဲ့ တတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး လက်ရှိအချိန် သူ့ရဲ့ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၃၁.၄ ဘီလျံ ဖြစ်ပါတယ်။

3. Jack Ma


အွန်လိုင်းဈေးဝယ်ကုမ္ပဏီကြီး Alibaba တည်ထောင်သူ သူဌေးကြီး ဂျက်မားကတော့ လူသိများတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ကျော်က အားလုံးရဲ့မယုံမကြည်မှုတွေနဲ့ စခဲ့ရတဲ့ သူ့ရဲ့ကုမ္ပဏီဟာ လက်ရှိမှာတော့ ကမ္ဘာ့အကြီးဆုံး စာရင်းဝင် ကုမ္ပဏီကြီးတခုဖြစ်လာခဲ့ပါပြီ။ ၂၀၁၉ ခုနှစ်ကတည်းက သူ့ရဲ့ စီအီးအိုနေရာကို Daniel Zhang ထံ လွှဲခဲ့ပြီး သူကတော့ ပရဟိတလုပ်ငန်းတွေကို အဓိကလုပ်ကိုင်လျှက်ရှိပါတယ်။ ယခု ကိုရိုနာကပ်ဘေးအတွင်းမှာ ဥရောပ ၊ အမေရိက နဲ့ အာဖရိကနိုင်ငံများကို သူ့ရဲ့ဖောင်ဒေးရှင်းက တဆင့် ကျန်းမာရေးအထောက်အကူပစ္စည်းပေါင်း သန်းနဲ့ချီ ပေးပို့လှူဒါန်းထားသူလည်းဖြစ်ပါတယ်။ သူ့ရဲ့လက်ရှိကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၅၂.၁ ဘီလျံဖြစ်ပါတယ်။

2. Ma Huateng


တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ Ma Huateng ကိုတော့ Pony Ma နာမည်နဲ့လည်း လူသိများပါတယ်။ ဗီဒီယိုဂိမ်းထုတ်လုပ်ရေးအပြင် အခြားအင်တာနက် နဲ့ နည်းပညာဆိုင်ရာဝန်ဆောင်မှုများစွာကို လုပ်ကိုင်လျက်ရှိတဲ့ Tencent ကုမ္ပဏီ တည်ထောင်သူ စီအီးအိုလည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကတော့ သူဟာ ကမ္ဘာ့အချမ်းသာဆုံး အဆင့် ၉ အထိရောက်ရှိခဲ့ပြီး ကမ္ဘာ့အဆင့် ၁-၁၀ ကို ပထမဆုံး ဝင်ခဲ့တဲ့ တရုတ်နိုင်ငံသားဖြစ်ခဲ့ပါတယ်။ Public ကို သိပ်မထွက်ပဲ တိတ်တဆိတ် လှူဒါန်းမှုတွေလုပ်ကာ အေးအေးနေတတ်တဲ့သူ့ကို အမေရိကန်သူဌေးကြီး ဝါရင်းဘတ်ဖတ်နဲ့ ခိုင်းနှိုင်းလေ့ရှိကြပါတယ်။ လက်ရှိအချိန် Ma Huateng ရဲ့ ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၅၉.၈ ဘီလျံ ဖြစ်ပါတယ်။

1. Mukesh ambani


အာရှတိုက်ရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် နံပါတ် ၁ နေရာမှာ ရပ်တည်နေသူကတော့ အိန္ဒိယသူဌေးကြီး Mukesh ambani ဖြစ်ပါတယ်။ မွန်ဘိုင်းအခြေစိုက် အာရှအကြီးဆုံး စွမ်းအင် ရေနံကုမ္ပဏီကြီး ဖြစ်သလို ကမ္ဘာ့အကြီးဆုံး နံပါတ် ၉၆ ကုမ္ပဏီဖြစ်တဲ့ Reliance Industries ရဲ့ ဥက္ကဌ ဖြစ်ပါတယ်။ ဒီကုမ္ပဏီကို ဖခင်ဖြစ်သူထံကအနေ အမွေဆက်ခံခဲ့တာဖြစ်ပေမယ့် သူ့လက်ထက်မှာ အခုလို အဆမတန်အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အိမ် Antilia ဟာ ၂၀၂၀ ခုနှစ်တန်ဖိုးနဲ့တွက်ရင် အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံတန်ကြေးရှိပြီး ကမ္ဘာပေါ်မှာ ဒုတိယ တန်ဖိုးအကြီးဆုံး လူနေထိုင်တဲ့အဆောက်အအုံအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒါအပြင် သူဟာ ဒစ်ဂျစ်တယ် ၊ အရောင်းအဝယ် ၊ ဘဏ် ၊ အားကစား ၊ မီဒီယာ စတဲ့ အခြားလုပ်ငန်းခွဲပေါင်းများစွာကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။ လက်ရှိအချိန် သူ့ရဲ့ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၈၁.၁ ဘီလျံဖြစ်ပြီး ကမ္ဘာ့ နံပတ် ၇ အချမ်းသာဆုံး ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။

အပေါ်မှာ မျှဝေပေးခဲ့တဲ့ အာရှတိုက်ရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ ဦးစာရင်းဟာ Forbes စီးပွားရေးအွန်လိုင်းဝဘ်ဆိုဒ်ရဲ့ ၂၀၂၀ ခုနှစ် သြဂုတ်လ စာရင်းကို အခြေခံထားတာဖြစ်ပါတယ်။ ၁၀ ယောက်မှာ တရုတ်နိုင်ငံက ၇ဦး ၊ ဂျပန်က ၂ဦး နဲ့ အိန္ဒိယက ၁ဦးတို့ ပါဝင်ပါတယ်။ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေအကြောင်း ရေးတဲ့အခါ မြန်မာနိုင်ငံကရော မပါဘူးလားလို့ မေးကြလေ့ရှိပါတယ်။ အကြောင်းကတော့ မြန်မာနိုင်ငံမှာလည်း ဘီလျံနာတွေ မနည်းမနောရှိပေမယ့် ဘယ်သူက လုပ်ငန်းဘယ်လောက်ပိုင်ဆိုင်မှု စာရင်းရှိတယ် ဆိုတာ အခုလို အချက်အလက်တွေနဲ့ ချပြမထားတဲ့အတွက် ဖော်ပြဖို့ အဆင်မပြေလို့ ဖြစ်ပါတယ်။

—— —– ———

(Zawgyi)

အာရွတိုက္ရဲ႕ အခ်မ္းသာဆုံး ပုဂၢိဳလ္ႀကီး ၁၀ ေယာက္

အရင္ကေတာ့ ကမာၻ႔အခ်မ္းသာဆုံး ပုဂၢိဳလ္ႀကီး ၁၀ ေယာက္ရဲ႕ စာရင္းကို သုတဇုန္မွာ တင္ခဲ့ဖူးပါတယ္။ ဒီတခါေတာ့ အာရွရဲ႕ အခ်မ္းသာဆုံး ပုဂၢိဳလ္ ၁၀ ဦးရဲ႕ စာရင္းကို ေဝမွ်ေပးလိုက္ပါတယ္။

10. He Xiangjian

He Xiangjian ကေတာ့ Midea အီလက္ထေရာနစ္ကုမၸဏီတည္ေထာင္သူ ျဖစ္ပါတယ္။ Midea ကုမၸဏီဟာ ျမန္မာႏိုင္ငံအပါအဝင္ ကမာၻတလႊားကို ေလေအးေပးစက္ ၊ အဝတ္ေလွ်ာ္စက္ နဲ႔ အျခားအိမ္သုံးပစၥည္းမ်ားစြာကို တင္ပို႔ေရာင္းခ်ေနတဲ့ ကုမၸဏီႀကီးျဖစ္ပါတယ္။ ဒီကုမၸဏီႀကီးဟာ လုပ္သားေပါင္း ၁၃၅၀၀၀ နဲ႔ လည္ပတ္လ်က္ရွိၿပီး ဒီကုမၸဏီကို He Xiangjian ဟာ ၁၉၆၈ ခုႏွစ္ကတည္းက တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ႂကြယ္ဝမႈဟာ ၂၀၁၅ ခုႏွစ္မွာ အေမရိကန္ေဒၚလာ ၉.၃ ဘီလ်ံပဲ ရွိခဲ့ေပမယ့္ ယခုအခ်ိန္မွာေတာ့ ကုမၸဏီႀကီးထြားေအာင္ျမင္လာမႈနဲ႔အတူ ၂၉.၄ ဘီလ်ံအထိ ႂကြယ္ဝလာေနၿပီျဖစ္ပါတယ္။

9. Tadashi Yanai

နံပါတ္၈ ေနရာမွာရွိေနတာကေတာ့ ဂ်ပန္ႏိုင္ငံရဲ႕ ဒုတိယ အခ်မ္းသာဆုံး ပုဂၢိဳလ္ျဖစ္တဲ့ Tadashi Yanai ပါ။ သူဟာ ဂ်ပန္က လူသိမ်ားတဲ့ အက်ႌအမွတ္တံဆိပ္ Uniqlo အပါအဝင္ျဖစ္တဲ့ Fast Retailing ကုမၸဏီရဲ႕ တည္ေထာင္သူ ဥကၠဌလည္းျဖစ္သလို Nippon Venture Capital Co., Ltd. နဲ႔ Softbank Corp လို ကုမၸဏီႀကီးေတြရဲ႕ ဒါ႐ိုက္တာ နဲ႔ အတိုင္ပင္ခံပုဂၢိဳလ္လည္းျဖစ္ပါတယ္။ ၂၀၁၀ ခုႏွစ္ဝန္းက်င္မွာေတာ့ သူ႔ရဲ႕ ကုမၸဏီဟာ အဆမတန္ႀကီးမားလာခဲ့ၿပီး ႏိုင္ငံေပါင္းေတာ္ေတာ္မ်ားမ်ားမွာ စတိုးဆိုင္ခြဲေပါင္း ၂၀၀၀ ေက်ာ္ဖြင့္ႏိုင္တဲ့အထိ ေအာင္ျမင္လာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ သူ႔ရဲ႕ႂကြယ္ဝမႈက အေမရိကန္ေဒၚလာ ၂၉.၅ ဘီလ်ံ ျဖစ္ပါတယ္။

8. Masayoshi Son

Masayoshi Son ကေတာ့ Tadashi Yanai ကိုေက်ာ္ျဖတ္ၿပီး ဂ်ပန္ရဲ႕အခ်မ္းသာဆုံး ပုဂၢိဳလ္ျဖစ္လာသူပါ။ သူဟာ ဂ်ပန္ႏိုင္ငံရဲ႕ အႀကီးဆုံးနည္းပညာကုမၸဏီႀကီးေတြျဖစ္ၾကတဲ့ SoftBank, SoftBank Mobile နဲ႔ ယူေကအေျခစိုက္ Arm Holdings ရဲ႕ စီအိုးအို ၊ ဥကၠဌ ရာထူးေတြကို ယူထားသူျဖစ္ပါတယ္။ သူဟာ စီးပြားေရးသမိုင္းတေလွ်ာက္ တဦးတည္း အႀကီးဆုံး ဆုံးရႈံးသူအျဖစ္လည္း မွတ္တမ္းဝင္ထားသူျဖစ္ပါတယ္။ ၂၀၀၀ ခုႏွစ္ ေဒါ့ကြမ္းေတြၿပိဳလဲမႈနဲ႔အတူ ဘီလ်ံ ၇၀ ေက်ာ္ ဆုံးရႈံးခဲ့ဖူးၿပီး ၁.၁ဘီလ်ံသာ က်န္ေတာ့တဲ့အထိ ျဖစ္သြားခဲ့ဖူးပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ သူ႔ရဲ႕ႂကြယ္ဝမႈဟာ ၃၀.၈ ဘီလ်ံ ျဖစ္ပါတယ္။

7. William Lei Ding

Ding Lei ကေတာ့ တ႐ုတ္အင္တာနက္ကုမၸဏီ NetEase ရဲ႕ တည္ေထာင္သူ စီအီးအို ျဖစ္ပါတယ္။ အြန္လိုင္း ကြန္ပ်ဴတာ နဲ႔ မိုဘိုင္းဂိမ္း ၊ ေၾကာ္ျငာလုပ္ငန္း ၊ အီးေမး နဲ႔ အြန္လိုင္းအေရာင္းအဝယ္ platforms စတဲ့လုပ္ငန္းေတြကို လုပ္ကိုင္ေနသူျဖစ္ပါတယ္။ NetEase ကို ကမာၻ႔အႀကီးဆုံး အင္တာနက္ နဲ႔ ဂိမ္း ကုမၸဏီတခုအျဖစ္ လူသိမ်ားပါတယ္။ ဒါတင္မကေသးပဲ ဝက္ေမြးျမဴေရးလုပ္ငန္းကိုလည္း လုပ္ကိုင္ပါေသးတယ္။ လက္ရွိအခ်ိန္ သူ႔ရဲ႕ႂကြယ္ဝမႈကေတာ့ အေမရိကန္ေဒၚလာ ၃၀.၉ ဘီလ်ံ ျဖစ္ပါတယ္။

6. Hui Ka Yan

အာရွတိုက္ရဲ႕ အခ်မ္းသာဆုံးပုဂၢိဳလ္ နံပါတ္ ၆ ေနရာမွာ ေရာက္ရွိေနသူ Hui Ka Yan ကိုေတာ့ Xu Jiayin လို႔ လူသိပိုမ်ားပါတယ္။ သူဟာ တ႐ုတ္ ဒုတိယအႀကီးဆုံး အိမ္ၿခံေျမကုမၸဏီႀကီး Evergrande Group ရဲ႕ ဥကၠဌ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံၿမိဳ႕ႀကီး ၂၄၀ မွာ ပေရာဂ်က္ေပါင္း ၇၀၀ ေက်ာ္ကို လုပ္ကိုင္ေနသူျဖစ္ပါတယ္။ လက္ရွိအခ်ိန္ Hui Ka Yan ရဲ႕ ႂကြယ္ဝမႈကေတာ့ အေမရိကန္ေဒၚလာ ၃၁ ဘီလ်ံ ျဖစ္ပါတယ္။

5. Wang Wei

Wang Wei ကေတာ့ Fedex of China လို႔ လူသိမ်ားတဲ့ S. F. Holding ကုမၸဏီရဲ႕ တည္ေထာင္သူ ဥကၠဌ ျဖစ္ပါတယ္။ Wang Wei ဟာ ပစၥည္းပို႔သမားတေယာက္အျဖစ္စတင္လုပ္ကိုင္ခဲ့ၿပီး တည္ေထာင္စဥ္က ဝန္ထမ္း ၆ေယာက္သာ ရွိခဲ့တဲ့ သူ႔ကုမၸဏီဟာ လက္ရွိမွာေတာ့ ဝန္ထမ္း ၁၃၀၀၀၀ ေက်ာ္ရွိလာတဲ့အထိ ႀကီးထြားလာၿပီျဖစ္ပါတယ္။ ပစၥည္းပို႔ဝန္ေဆာင္မႈအျဖစ္ ၂၀၁၈ ခုႏွစ္မွာ ဒ႐ုန္းေလယာဥ္နဲ႔ သယ္ယူပို႔ေဆာင္ေရးလိုင္စင္ကို ပထမဆုံးရရွိခဲ့တဲ့ ကုမၸဏီလည္းျဖစ္ပါတယ္။ Wang Wei ဟာ ကုမၸဏီရဲ႕ရွယ္ယာ ၆၀% ကို ပိုင္ဆိုင္ထားၿပီး လက္ရွိအခ်ိန္မွာေတာ့ သူ႔ရဲ႕ႂကြယ္ဝမႈဟာ ၃၁.၄ ဘီလ်ံ ျဖစ္ပါတယ္။

4. Colin Zheng Huang

Colin Huang ကေတာ့ တ႐ုတ္ႏိုင္ငံ အြန္လိုင္းအေရာင္းအဝယ္ကုမၸဏီျဖစ္တဲ့ Pinduoduo ရဲ႕ တည္ေထာင္သူျဖစ္ပါတယ္။ Colin Huang ဟာ မိုက္ခ႐ိုေဆာ့ဖ္ဝန္ထမ္း အျဖစ္ကေန ထြက္ခဲ့ၿပီးတဲ့ေနာက္မွာ အြန္လိုင္းဂိမ္းကုမၸဏီ Xinyoudi နဲ႔ အြန္လိုင္းေဈးအေရာင္းအဝယ္ ဝဘ္ဆိုဒ္ Ouku တို႔ကို တည္ေထာင္ခဲ့သူလည္းျဖစ္ပါတယ္။ Pinduoduo ကို ၂၀၁၅ ခုႏွစ္က စတင္တည္ေထာင္ခဲ့တာျဖစ္ေပမယ့္ ၅ႏွစ္အတြင္းမွာ တရွိန္ထိုး ေအာင္ျမင္လာခဲ့တာျဖစ္ပါတယ္။ ၂၀၁၉ တႏွစ္တည္းမွာတင္ ဒီအြန္လိုင္းအေရာင္းအဝယ္ ဝဘ္ဆိုဒ္ကေန ပုံမွန္ဝယ္ယူသုေပါင္း သန္း ၅၈၀ေက်ာ္ရွိခဲ့သလို ေန႔စဥ္ပါဆယ္ေပါင္း ၅၄သန္းေက်ာ္ကို ပို႔ေဆာင္ခဲ့ရပါတယ္။ ဒီေအာင္ျမင္မႈကေန Colin Huang ဟာ တ႐ုတ္ရဲ႕ တတိယအခ်မ္းသာဆုံး ပုဂၢိဳလ္ျဖစ္လာခဲ့ၿပီး လက္ရွိအခ်ိန္ သူ႔ရဲ႕ႂကြယ္ဝမႈက အေမရိကန္ေဒၚလာ ၃၁.၄ ဘီလ်ံ ျဖစ္ပါတယ္။

3. Jack Ma

အြန္လိုင္းေဈးဝယ္ကုမၸဏီႀကီး Alibaba တည္ေထာင္သူ သူေဌးႀကီး ဂ်က္မားကေတာ့ လူသိမ်ားတဲ့ ပုဂၢိဳလ္ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ အႏွစ္ ၂၀ေက်ာ္က အားလုံးရဲ႕မယုံမၾကည္မႈေတြနဲ႔ စခဲ့ရတဲ့ သူ႔ရဲ႕ကုမၸဏီဟာ လက္ရွိမွာေတာ့ ကမာၻ႔အႀကီးဆုံး စာရင္းဝင္ ကုမၸဏီႀကီးတခုျဖစ္လာခဲ့ပါၿပီ။ ၂၀၁၉ ခုႏွစ္ကတည္းက သူ႔ရဲ႕ စီအီးအိုေနရာကို Daniel Zhang ထံ လႊဲခဲ့ၿပီး သူကေတာ့ ပရဟိတလုပ္ငန္းေတြကို အဓိကလုပ္ကိုင္လွ်က္ရွိပါတယ္။ ယခု ကို႐ိုနာကပ္ေဘးအတြင္းမွာ ဥေရာပ ၊ အေမရိက နဲ႔ အာဖရိကႏိုင္ငံမ်ားကို သူ႔ရဲ႕ေဖာင္ေဒးရွင္းက တဆင့္ က်န္းမာေရးအေထာက္အကူပစၥည္းေပါင္း သန္းနဲ႔ခ်ီ ေပးပို႔လႉဒါန္းထားသူလည္းျဖစ္ပါတယ္။ သူ႔ရဲ႕လက္ရွိႂကြယ္ဝမႈကေတာ့ အေမရိကန္ေဒၚလာ ၅၂.၁ ဘီလ်ံျဖစ္ပါတယ္။

2. Ma Huateng

တ႐ုတ္ႏိုင္ငံရဲ႕ အခ်မ္းသာဆုံး ပုဂၢိဳလ္ျဖစ္တဲ့ Ma Huateng ကိုေတာ့ Pony Ma နာမည္နဲ႔လည္း လူသိမ်ားပါတယ္။ ဗီဒီယိုဂိမ္းထုတ္လုပ္ေရးအျပင္ အျခားအင္တာနက္ နဲ႔ နည္းပညာဆိုင္ရာဝန္ေဆာင္မႈမ်ားစြာကို လုပ္ကိုင္လ်က္ရွိတဲ့ Tencent ကုမၸဏီ တည္ေထာင္သူ စီအီးအိုလည္းျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္ကေတာ့ သူဟာ ကမာၻ႔အခ်မ္းသာဆုံး အဆင့္ ၉ အထိေရာက္ရွိခဲ့ၿပီး ကမာၻ႔အဆင့္ ၁-၁၀ ကို ပထမဆုံး ဝင္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံသားျဖစ္ခဲ့ပါတယ္။ Public ကို သိပ္မထြက္ပဲ တိတ္တဆိတ္ လႉဒါန္းမႈေတြလုပ္ကာ ေအးေအးေနတတ္တဲ့သူ႔ကို အေမရိကန္သူေဌးႀကီး ဝါရင္းဘတ္ဖတ္နဲ႔ ခိုင္းႏႈိင္းေလ့ရွိၾကပါတယ္။ လက္ရွိအခ်ိန္ Ma Huateng ရဲ႕ ႂကြယ္ဝမႈကေတာ့ အေမရိကန္ေဒၚလာ ၅၉.၈ ဘီလ်ံ ျဖစ္ပါတယ္။

1. Mukesh ambani

အာရွတိုက္ရဲ႕အခ်မ္းသာဆုံး ပုဂၢိဳလ္အျဖစ္ နံပါတ္ ၁ ေနရာမွာ ရပ္တည္ေနသူကေတာ့ အိႏၵိယသူေဌးႀကီး Mukesh ambani ျဖစ္ပါတယ္။ မြန္ဘိုင္းအေျခစိုက္ အာရွအႀကီးဆုံး စြမ္းအင္ ေရနံကုမၸဏီႀကီး ျဖစ္သလို ကမာၻ႔အႀကီးဆုံး နံပါတ္ ၉၆ ကုမၸဏီျဖစ္တဲ့ Reliance Industries ရဲ႕ ဥကၠဌ ျဖစ္ပါတယ္။ ဒီကုမၸဏီကို ဖခင္ျဖစ္သူထံကအေန အေမြဆက္ခံခဲ့တာျဖစ္ေပမယ့္ သူ႔လက္ထက္မွာ အခုလို အဆမတန္ေအာင္ျမင္လာခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕အိမ္ Antilia ဟာ ၂၀၂၀ ခုႏွစ္တန္ဖိုးနဲ႔တြက္ရင္ အေမရိကန္ေဒၚလာ ၂.၂ ဘီလ်ံတန္ေၾကးရွိၿပီး ကမာၻေပၚမွာ ဒုတိယ တန္ဖိုးအႀကီးဆုံး လူေနထိုင္တဲ့အေဆာက္အအုံအျဖစ္ မွတ္တမ္းဝင္ထားပါတယ္။ ဒါအျပင္ သူဟာ ဒစ္ဂ်စ္တယ္ ၊ အေရာင္းအဝယ္ ၊ ဘဏ္ ၊ အားကစား ၊ မီဒီယာ စတဲ့ အျခားလုပ္ငန္းခြဲေပါင္းမ်ားစြာကိုလည္း လုပ္ကိုင္လ်က္ရွိပါတယ္။ လက္ရွိအခ်ိန္ သူ႔ရဲ႕ႂကြယ္ဝမႈကေတာ့ အေမရိကန္ေဒၚလာ ၈၁.၁ ဘီလ်ံျဖစ္ၿပီး ကမာၻ႔ နံပတ္ ၇ အခ်မ္းသာဆုံး ပုဂၢိဳလ္လည္းျဖစ္ပါတယ္။

အေပၚမွာ မွ်ေဝေပးခဲ့တဲ့ အာရွတိုက္ရဲ႕အခ်မ္းသာဆုံး ပုဂၢိဳလ္ ၁၀ ဦးစာရင္းဟာ Forbes စီးပြားေရးအြန္လိုင္းဝဘ္ဆိုဒ္ရဲ႕ ၂၀၂၀ ခုႏွစ္ ၾသဂုတ္လ စာရင္းကို အေျခခံထားတာျဖစ္ပါတယ္။ ၁၀ ေယာက္မွာ တ႐ုတ္ႏိုင္ငံက ၇ဦး ၊ ဂ်ပန္က ၂ဦး နဲ႔ အိႏၵိယက ၁ဦးတို႔ ပါဝင္ပါတယ္။ အခ်မ္းသာဆုံး ပုဂၢိဳလ္ေတြအေၾကာင္း ေရးတဲ့အခါ ျမန္မာႏိုင္ငံကေရာ မပါဘူးလားလို႔ ေမးၾကေလ့ရွိပါတယ္။ အေၾကာင္းကေတာ့ ျမန္မာႏိုင္ငံမွာလည္း ဘီလ်ံနာေတြ မနည္းမေနာရွိေပမယ့္ ဘယ္သူက လုပ္ငန္းဘယ္ေလာက္ပိုင္ဆိုင္မႈ စာရင္းရွိတယ္ ဆိုတာ အခုလို အခ်က္အလက္ေတြနဲ႔ ခ်ျပမထားတဲ့အတြက္ ေဖာ္ျပဖို႔ အဆင္မေျပလို႔ ျဖစ္ပါတယ္။

Tags: world people
Next Post
ကမ္ဘာ့ အကြီးဆုံး အင်းဆက် ၁၀ မျိုး

ကမ္ဘာ့ အကြီးဆုံး အင်းဆက် ၁၀ မျိုး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!