Wednesday, February 24, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တခေတ်တခါက နာမည်အကြီးဆုံး စီလူလာအကျဉ်းထောင်ကြီး

by Thutamm
December 30, 2019
Reading Time: 1min read
0
တခေတ်တခါက နာမည်အကြီးဆုံး စီလူလာအကျဉ်းထောင်ကြီး
Share on FacebookShare on Twitter

ယခုမျှဝေမယ့် Cellular အကျဉ်းထောင်ကတော့ မြန်မာစာဖတ်ပရိသတ်တွေနဲ့ စိမ်းတဲ့နေရာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ငယ်စဉ်က ဖတ်ခဲ့ဖူးတဲ့ ဆရာမင်းမြတ်သူရရဲ့ စွန့်စားခန်းဝတ္ထုတွေမှာပါဝင်နေတဲ့ လက်ရှိအိန္ဒိယနိုင်ငံအတွင်းက နေရာတစ်ခု ဖြစ်ပါတယ်။ Hindi ဘာသာစကားနဲ့ ဆိုရင်တော့ Kala Pani လို့အမည်ရပြီး အကျဉ်းထောင်ရဲ့ပတ်လည်ဟာပင်လယ်ပြင်တွေဝန်းရံနေတာကြောင့် လွတ်မြောတ်ဖို့ လမ်းမရှိတဲ့ အနက်ရောင်ရေပြင်တည်ရှိရာ အရပ်လို့ဆိုပါတယ်။

Cellular အကျဉ်းထောင်ဟာကိုလိုနီခေတ်က အင်္ဂလိပ်တွေအသုံးပြုခဲ့တဲ့အကျဉ်းထောင်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော် နဲ့ Andaman ပင်လယ်တို့ဆုံတဲ့ Andaman and Nicobar ကျွန်းပေါ်က ယခု Port Blair မြို့မှာ တည်ရှိပါတယ်။ ယင်းကာလကတော့ Cellular အကျဉ်းထောင်ဟာ အာရှတိုက်ရဲ့အကြီးဆုံးအကျဉ်းထောင်တွေအနက်က တစ်ခုဖြစ်ခဲ့ပါတယ်။ Andaman and Nicobar ကျွန်းစုဟာ ကျွန်းပေါင်း(၅၇၂)ခုလောက်နဲ့ဖွဲ့စည်းထားတာဖြစ်ပြီး ယင်းကျွန်းတွေအနက် (၃၇) ကျွန်းလောက်သာ လူနေထိုင်ပါတယ်။(အက်ဒမန်ကျွန်းကို မြန်မာမှာတော့ ကပ္ပလီကျွန်းဆိုပြီး သိကြပါတယ်)

ကိုလိုနီခေတ်ကာလတုန်းကတော့ ဒီအကျဉ်းထောင်ကို မြန်မာနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံက တစ်ကျွန်းကျ အကျဉ်းသားတွေနဲ့ အိန္ဒိယနိုင်ငံအတွင်းက ဗြိတိသျှတွေကိုဆန့်ကျင်တဲ့နိုင်ငံရေးသမားတွေကို ပို့ဆောင်လေ့ရှိပါတယ်။ Cellular အကျဉ်းထောင်ကိုလာရောက် ကျခံရသူတွေထဲမှာဆိုရင် အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင်တွေဖြစ်တဲ့ Batukeshwar Dutt နဲ့ Yogendra Shukla တို့တောင်ပါဝင်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ Cellular အကျဉ်းထောင်ကြီးဟာ အိန္ဒိယနိုင်ငံရဲ့ အထိန်းအမှတ်အဆောက်အအုံတစ်ခုအနေနဲ့ သာရှိပါတော့တယ်။

ဗြိတိသျှတွေဟာ (၁၈၅၇)ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Sepoy Mutiny လူထုအုံကြွမှုဖြစ်စဉ်ပြီးကတည်းက အက်ဒမန်ကျွန်းတွေကို နိုင်ငံရေးအကျဉ်းသားတွေ ထိန်းသိမ်းတဲ့နေရာအဖြစ် စတင်သတ်မှတ်လာကြပါတယ်။ ယင်းနောက်မှာဆိုရင်လည်း ဆက်တိုက်ဖြစ်ပေါ်လာနေတဲ့ အိန္ဒိယနိုင်ငံလွတ်လပ်ရေးအတွက် လူထုအုံကြွ မှုဖြစ်စဉ်တွေကြောင့် အင်္ဂလိပ်အာဏာပိုင်တွေဟာ အက်ဒမန်ကျွန်းတွေမှာ အကျဉ်းထောင်တစ်ခု တည်ဆောက်ဖို့ စိတ်ကူးလာလာခဲ့ပါတယ်။

Cellular အကျဉ်းထောင်ကြီးကိုတော့ (၁၈၉၆) ကနေ စတင်တည်ဆောက်ခဲ့ပြီး (၁၉၀၆)ခုနှစ်မှာအပြီးသတ်ခဲ့ပါတယ်။ တည်ဆောက်ခဲ့ချိန်မှာတော့ အင်္ဂလိပ်ပညာရှင် အနည်းငယ်နဲ့ အလုပ်ကြမ်းသမားအဖြစ်ကတော့ ထောင်သားတွေကိုပဲ ခိုင်းစေခဲ့ ပါတယ်။ မူလကတော့ ယခု Cellular အကျဉ်းထောင်ကြီး တည်ဆောက်မယ့်နေရာမှာ ခရမ်းရောင်ပုပ်ပုပ် အုတ်အဆောက်အအုံအကျဉ်းတစ်ခုရှိနေခဲ့တာဖြစ်ပြီး Cellular အကျဉ်းထောင်ကြီးကိုတည်ဆောက်ရာမှာ လိုအပ်တဲ့ အုတ်တွေကိုတော့ မြန်မာနိုင်ငံကနေ ဝယ်ယူခဲ့တယ်လို့သိရပါတယ်။

အင်္ဂလိပ်တွေဟာ ဒီကျွန်းပေါ်မှာ နေရာယူစဉ်မှာ အခက်အခဲတစ်ခုနဲ့ ကြုံရပါတယ်။ အဲဒါကတော့ ဒီကျွန်းရဲ့ မူရင်းဒေသခံ အက်ဒမန်ကျွန်းသားတွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေပါ။ သူတို့ဟာ သူတို့ကျွန်းပေါ်ကို နိုင်ငံခြားတွေရောက်လာမှာကို မနှစ်သက်တဲ့အတွက် နည်းအမျိုးမျိုးနဲ့ မောင်းထုတ်ခဲ့ကြပါတယ်။ အင်္ဂလိပ်တွေဟာ ဒီကျွန်းသားတွေနဲ့ ရင်းနှီးလာစေဖို့အတွက် အပျော့အမာ နည်းအမျိုးမျိုးနဲ့ ဆက်ဆံခဲ့ပြီး နောက်ပိုင်းမှာတော့ ကျွန်းသားတွေဟာ သူတို့ရဲ့နယ်မြေကနေ တဖြည်းဖြည်းဆုတ်ခွာသွားရပါတယ်။ ကျွန်းသားတွေနဲ့ အနွယ်တူဖြစ်သော ကပ္ပလီလူပုများကို ယခုတိုင် အာရှတိုက် အရှေ့တောင်ပိုင်းနှင့် ကျွန်းစုများတွင် တွေ့နိုင်ပါသေးတယ်။

Cellular အကျဉ်းထောင်ကြီးကိုတော့ တိုးချဲ့ဆောင်(၇)ခုနဲ့ တွဲဖက်တည်ဆောက်ခဲ့ပြီး အဆောက်အအုံရဲ့ အလယ်ပိုင်းနေရာ မှာဆိုရင်တောမျှော်စင်တစ်ခုထားရှိပါတယ်။ ဒီမျှော်စင်ကနေထောင်တာဝန်ရှိသူတွေဟာအကျဉ်းသားတွေကို အချိန်ပြည့်စောင့်ကြည့် လျက် ရှိပြီး လုံခြုံရေးအရလိုအပ်တဲ့ အချက်ပြမှုတွေကို ပြုလုပ် လေ့ရှိပါတယ်။ ဒီမျှော်စင်နဲ့ အခြားသောတိုးချဲ့ဆောင်တွေအကြားမှာတော့ဖြောင့်တန်း နေတဲ့စြင်္ကလမ်းတွေနဲ့ ဆက်သွယ်ထားပြီး အပေါ်ကနေကြည့်မယ်ဆိုရင် စက်ဘီးရဲ့ ဘီး တစ်ခုနဲ့အလားသဏ္ဍာန်တူညီပါတယ်။

Cellular အကျဉ်းထောင်ရဲ့တိုးချဲ့အဆောင်အားလုံးဟာ (၃)ထပ်အဆောက်အအုံ တွေဖြစ်ပြီး စုစုပေါင်းအကျဉ်းထောင်အခန်း (၆၉၆)ခုတည်ရှိပါတယ်။ အခန်းတွေရဲ့ အကျယ်ကတော့(၁၄.၈ပေx၈.၉ပေ)အထိ ကျယ်ဝန်းကြပြီး လေဝင်လေထွက် ပေါက်တွေပါရှိပါတယ်။ အခန်းတွေရဲ့အမြင့် က တော့ (၉ပေ၈လက်မ)လောက်မြင့်မားကြပြီး အိန္ဒိယနိုင်ငံရဲ့ကိုလိုနီခေတ်သမိုင်း တစ်လျှောက် မှာတော့ Cellular အကျဉ်း ထောင်က အခန်းတွေဟာ အမှောင်ဆုံးသော အချုပ်ခန်းတွေအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ Cellular အကျဉ်းထောင်ကို တည်ဆောက်စဉ်ကတော့ အိန္ဒိယရူပီးငွေ( ၅၁၇ ၃၅၂)သိန်းလောက်ကုန်ကျခဲ့တယ် လို့သိရပါတယ်။

Cellular jail လို့ခေါ်ဆိုရတဲ့အကြောင်းအရင်းကတော့ ဒီထောင်ဟာ အကျဉ်းသားတစ်ဦးချင်းစီကို အချုပ်ခန်း(cell) တစ်ခုစီနဲ့ သီးသန့်ထားရှိပြီး တစ်ဦးနဲ့တစ်ဦးဆက်သွယ်ခွင့်ကို ကန့်သတ်ထားလို့ဖြစ်ပါတယ်။ အကျဉ်းကျသူတွေအနေနဲ့ စာဖတ်ခွင့်၊စာရေးသား ခွင့်ပြုထားပေမဲ့ Cellular အကျဉ်းထောင်ကိုရောက်လာသူတွေအနေနဲ့ တစ်ဦးချင်းစီပဲ အချုပ်နှောင်ခံရမှာဖြစ်ပါတယ်။ Cellular အကျဉ်းထောင်ကြီးအတွင်းမှာပဲ ထပ်မံပြီး ပြစ်မှုကြီးကျူးလွန်းတဲ့ အကျဉ်းသားတွေကို ကြိုးပေးကွပ်မျက်ရာအခန်းတွေပါရှိပြီး တစ်ခန်းမှာ (၃)ဦးအထိ ကြိုးပေးကွပ်မျက်လေ့ရှိတယ်လို့သိရပါတယ်။

တစ်နည်းပြောရရင်တော့ Cellular အကျဉ်းထောင်ကြီးဟာ ဗြိတိသျှအစိုးရရဲ့ အာဏာ စက်ကိုပံံ့ပိုးပေးပြီး ဒေသခံအိန္ဒိယသားတွေအပေါ် အသက်လွတ်ကြီး ဖိနှိပ်ထားတဲ့ လူထုမျက်ကွယ်နေရာကြီးသာဖြစ်ပါတယ်။ ထောင်ဝါဒါတွေဟာ အကျဉ်းသားတွေ ကိုညှင်းပန်းခြင်း၊အလုပ်ကြမ်းများဆက်တိုက်ခိုင်းစေခြင်း၊သင့်တော်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမျိုးတောင်မပေးခြင်း၊တို့ကြောင့် စုစုပေါင်းနိုင်ငံရေးအကျဉ်းသားပေါင်း (၈၀၀၀၀)လောက်ဖမ်းဆီးချုပ်နှောင်ခဲ့ကြရာ အနည်းစုသာ အသက်ရှင်လျက်ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

အကျဉ်းထောင်တာဝန်ရှိသူတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ဓာက်ပိုင်း ပျက်ပြားအောင် ကာလရှည်တစ်ဦးတည်းထားရှိခြင်း၊ တိုက်ပိတ် ခြင်းနဲ့ နည်းမျိုးစုံသော ရက်စက်မှုတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါ တယ်။ အာရှတိုက်မှာနိုင်ငံရေးအကျဉ်းသားတွေကိုထောင်ချ အပြစ်ပေးပြီး အစိုးရရဲ့ အုပ်ချုပ်ရေးစနစ်အောင်မြင်အောင်ပြုလုပ်ပေးတဲ့ ထောင်တွေစာရင်းမှာတော့ Cellular ထောင်ဟာ ထိပ်ဆုံးနေရာကနေပါဝင်နေပါတယ်။

(၁၈၆၈)ခုနှစ်မတ်လမှာတော့ Cellular အကျဉ်းထောင်ရဲ့ အကျဉ်းသား(၂၃၈)ဦး လောက်ဟာ ထောင်ဖောက်ပြေးဖို့အားထုတ်ခဲ့ကြပါတယ်။ အက်ဒမန်ကျွန်းရဲ့ ပတ်ဝန်း ကျင်အနေအထားအရ ပင်လယ်ပြင်ကိုကျော်ဖြတ်ပြီးမှသာ လိုအပ်တဲ့အရပ်ကို ရောက် နိုင်မှာဖြစ်လို့ ဧပြီလအတွင်းမှာပဲ အကျဉ်းသားအားလုံးနီးပါးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါ တယ်။ အကျဉ်းသား(၁)ဦးကတော့ ကိုယ့်ကိုယ်ကို သတ်သွားခဲ့ပြီး ထောင်အာဏာပိုင် တွေရဲ့ စစ်ဆေးမှုတွေအပြီးမှာတော့ နောက်ထပ် ထောင်သား (၈၇)ယောက်ကို ကြိုးပေး ကွပ်မျက်ခဲ့ပါတယ်။

(၁၉၄၂)ခုနှစ်၊ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဂျပန်တွေဟာ အက်ဒမန်ကျွန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အနည်းငယ်သာရှိတဲ့ အင်္ဂလိပ်မြို့စောင့်တပ်တွေနဲ့ ထောင်အာဏာပိုင်တွေ ကို Cellular အကျဉ်း ထောင်တွင်းမှာချုပ်နှောင်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အိန္ဒိယနိုင်ငံတွင်းက ဗြိတိသျှထောက်ခံသူအများအပြားကိုလည်း Cellularအကျဉ်းထောင်ကိုပဲ ဖမ်းဆီးခေါ်ဆောင်ကာ ရက်ရက်စက်စက် အပြစ်ပေးခြင်း၊ သတ်ဖြတ်ခြင်းတွေကို ဂျပန်စစ်တပ်က ဆက်တိုက်လုပ်ဆောင်ခဲ့ပြန်ပါတယ်။ အင်္ဂလိပ် တွေအတွက်တော့ ဝဋ်လည်တယ်လို့ဆိုရပါမယ်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှာတော့ အင်္ဂလိပ်တွေ ဟာ အက်ဒမန်ကျွန်းကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး လက်နက်ချဂျပန်စစ်သည်တွေနဲ့ ဒေသ အုပ်ချုပ်ရေး အားနည်းတာကို အခွင့်အရေးယူသောင်းကျန်းခဲ့သူတွေကို Cellular အကျဉ်း ထောင်အတွင်းမှာပဲ ထပ်မံချုပ်နှောင်ထားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှာတော့ ဒေသခံတွေဟာ အင်္ဂလိပ်တွေရဲ့အုပ်စိုးမှု ပြီးဆုံးသွားပြီ ဖြစ်ကြောင်းသက်သေပြတဲ့ အနေနဲ့ Cellularအကျဉ်းထောင်ရဲ့ အဆောက်အအုံ(၂)ခုအထိ ဖြိုချဖျက်ဆီးခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့ ဒီလုပ်ရပ်ဟာ သူတို့ရဲ့သမိုင်းကို ဖျက်ဆီးခြင်းဖြစ်ကြောင်း ပြစ်တင်ပြောကြားခဲ့ပါတယ်။

(၁၉၆၃)ခုနှစ်မှာတော့ Cellular အကျဉ်း ထောင်တွင်းမှာပဲ နာမည်ကျော်အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင် Giovind Ballabh Pant ကိုဂုဏ်ပြုသောအားဖြင့်သူအမည်နဲ့ဆေးရုံတစ်ခုစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ Giovind Ballabh Pant ဆေးရုံဟာကုတင်(၅၀၀)ဆန့်ဆေးရုံ အဖြစ်ရှိနေပြီး ဆရာဝန်စုစုပေါင်း (၄၀)ကျော် လောက် ကနေ ဒေသခံလူထုတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေပါတယ်။

(၂၀၀၆)ခုနှစ် မတ်လ(၁၀)ရက်နေ့ ကတော့ Cellular အကျဉ်းထောင်ရဲ့ ရာပြည့်ပွဲတော်ကို ကျင်းပခဲ့ပြီး နိုင်ငံရေးအကျဉ်း သားဟောင်းတွေအတွက်ဂုဏ်ပြုပွဲကို အစိုးရကပဲဦးဆောင် ကျင်းပပေးခဲ့ပါတယ်။ Cellular အကျဉ်းထောင်ရဲ့ယခုလက်ရှိနေရာမှာ အခြားစိတ်ဝင်စားတဲ့ အဆောင်တစ်ခု ကတော့ ပြတိုက်နေရာဖြစ်ပြီး ယင်းပြတိုက်မှာတော့ Cellular အကျဉ်းထောင်အတွင်း ကျခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ နေ့စဉ်လူနေမှုဘဝနဲ့ အိန္ဒိယနိုင်ငံရဲ့ ခက်ခဲတဲ့ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းတွေကို ဓာတ်ပုံ၊စာ၊မှတ်တမ်းတွေနဲ့အတူပြသထားပါတယ်။

Tags: kaung htetworld places
Next Post
အမေရိကန်က ကမ္ဘာ့အရှည်ဆုံးလိုဏ်ဂူကြီး အကြောင်း

အမေရိကန်က ကမ္ဘာ့အရှည်ဆုံးလိုဏ်ဂူကြီး အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!