ရေးသားသူ – ထက်ဝန
၁၉၆၅ ခုနှစ် မတ်လ ၁၄ရက်နေ့ ညနေ ၈နာရီ။ တစ်ရက် ရုပ်ရှင်ရိုက်ကွင်းကအပြန် နောက်ဆက်တွဲအခန်းတွေကိုရိုက်ဖို့အငြင်းခံရတဲ့ ဒါရိုက်တာတစ်ယောက် တနည်းအားဖြင့်ဖခင်တယောက် သူမိသားစုရှိရာနေအိမ်ကိုစိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့တယ်။ အိမ်ရောက်တော့အိမ်ကလူတွေရော ဇနီးဖြစ်သူပါမရှိဘူး။ ဟိုလူမေးဒီလူမေးရင်း Tahir Hussain တယောက်ဆေးရုံကိုလိုက် သွားခဲ့တယ်။ အကြောင်းက ဇနီးဖြစ်သူဟာ မွေးဖို့လိုသေးတဲ့ ရင်သွေးလေးကို လမစေ့ပဲ၇လနဲ့မွေး ဖွားခဲ့ရလို့ပါပဲ။ ဆေးရုံရောက်တော့မိခင်ပဲအသက် ရှင်နိုင်ပီး သန္ဓေသားရှင်ဖို့ရာခိုင်နှုန်းနည်းနေတာ ကို Tahir တယောက်သိလိုက်ရတယ်။
၂နာရီ လောက်ခေါင်းခဲရင်း မွေးခန်းထဲက သူ့ဇနီးနဲ့ သေမလားရှင်မလားမသိတဲ့ သူ့ရင်သွေးအတွက်စိတ်ပူရင်း Tahirတယောက် ပြာယာခတ်နေချိန်ပေါ့။ ဒါပေမယ့် သူ့ဇနီး Aeenat ဟာရင်သွေး လေးကိုအောင်မြင်စွာမွေးနိုင်ခဲ့တယ်။ ၂နာရီနီးပါး ဆေးရုံမှာကိုအခက်အခဲဖြစ်အောင်လုပ်ခဲ့တဲ့ငါ့ သမီးလေးကို ကြည့်ပါရစေဆိုပီး ပြေးကြည့်တော့ မွေးလာတဲ့ကလေးက ယောင်္ကျားလေးဖြစ်နေလေရဲ့။ သမီးလေးမွေးလာမယ်လို့ထင်ထားကြတဲ့ သူတို့ဇနီးမောင်နှံဟာ အံ့သြပြီး ပျော်ရွှင်သွားခဲ့ပါတယ်။ အဲ့ကလေးကတော့တခြားသူမဟုတ်ဘူး။ နောင်တချိန်မှာ ရုပ်ရှင်လောကနဲ့ Bollywood ရုပ်ရှင်လောကသမိုင်းမှာ အရှိန်အဝါကြီးတဲ့ Khan ၃ Khan ထဲကတယောက်ဖြစ်လာမယ့် ပရဟိတသူရဲကောင်းလောင်း Aamir Khan ပါပဲ။
” ဒီအကြောင်းကို အမေ မဆုံးခင်က ကျတော့မွေးနေ့ရောက်တိုင်းပြောဖြစ်ပြီး ရယ်မိခဲ့ကြတယ်။ သြော် ငါက မွေးမလာခင်ကထဲက အဖေနဲ့ အမေကို တော်တော် ပြသနာရှာပါလားလို့ တွေးမိတဲ့အခါတိုင်းလည်း ရှိခဲ့ဖူးတယ်ဗျ။ ”
Aamir Khan ( 2012 interview)
Tahir_Hussain ( Aamir Khan ဖခင် )
Aamir Khan ရဲ့ဖခင် Tahir ဟာ Bollywood ရုပ်ရှင်လောကမှာအထင်ကရဖြစ်ခဲ့တဲ့ ရုပ်ရှင်မင်းသား ဒါရိုက်တာ ထုတ်လုပ်သူတစ်ယောက်ပါ။ Aamir Khan မွေးပီးချိန် ၁၂ သားအရွယ်ထိ ရုပ်ရှင်ကားကြီး၃ကားမှာ ခေါင်းဆောင်မင်းသားအနေနဲ့ ရိုက်ကူးနေတုန်းပါ။Tahir ဟာရုပ်ရှင်လောကထဲက အကိုဖြစ်သူဒါရိုက်တာရဲ့တွဲခေါ်မူနဲ့အတူဝင်ခဲ့ပြီး ထုတ်လုပ်သူအနေနဲ့ စတင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အထင်ကရ ဖြစ်စေခဲ့တဲ့ ရုပ်ရှင်ကားကြီး၃ကားမှာ မင်းသားအနေနဲ့ပါဝင်ခဲ့သလို သူကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ Tu Mere Mo ကားကြီးဟာလည်း အောင်မြင်ခဲ့ပါ တယ်။
ဒီကားဟာ Tahir ကိုယ်တိုင်ရေးသားတဲ့ ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်သလို Tahir ဟာဘက်စုံရ အနုပညာသမားတဦးပါ။ ရုပ်ရှင်ကားကြီးပေါင်း ၉ကားကိုထုတ်လုပ်ပေးခဲ့သူဖြစ်ပီး Aamir Khan မွေးလာတဲ့အချိန်မှ Tahirဟာ အောင်မြင်မူများစွာစတင်ရခဲ့တာဆိုပိုမှန်ပါလိမ့် မယ်။ အရင်ကလူမသိသူမသိရုန်းကန်နေရာကနေ Aamir Khan မွေးလာချိန်ကစပြီးခေါင်းဆောင် မင်းသားအနေနဲ့ ပါရိုက်ခွင့်ရခဲ့ပါတယ်။ ဒါကသား ဖြစ်သူကဖခင်အပေါ်အကျိုးပေးမှုပေါ့။ ဒါပေမယ့် သားဖြစ်သူက သိပ်လိမ္မာလှတဲ့သားတယောက်တော့ မဟုတ်ခဲ့ဘူး။ မွေးထဲကပြဿနာအိုး။ ဒီပြဿ နာအိုးလူစဖြစ်လာတဲ့အချိန်က….
Aamir Khanကို ၁၉၆၅ခုနှစ် မတ်လ၁၄ရက် နေ့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းဆေးရုံမှာ ည၁၁နာရီခွဲ မှာမွေးဖွားခဲ့ပါတယ်။ ဖခင်အစ္စလာမ်ဘာသာဝင် နဲ့ မိခင်ဟိန္ဒူဘာသာဝင်ကနေမွေးဖွားခဲ့ပါတယ်။ ဒါကတော်တော်ရှားပါးတဲ့ အစ္စလာမ် ဟိန္ဒူမိသား စုပေါင်းစည်းမူတခုပေါ့။ Aamir Khanကို မွေး တော့မိသားစုစီးပွားရေးအခြေအနေဟာ အချမ်းသာကြီးမဟုတ်သေးပါဘူး။ ဖခင်ဖြစ်သူဟာလည်းရုပ်ရှင်လောကထဲ တပိန်ပိန်တလိမ်လိမ်နဲ့ ရုန်းကန် နေဆဲပါ။ မောင်နှမ၄ယောက်နဲ့အတူ သူတို့မိသားစုဟာမွန်ဘိုင်းကသာမာန်ရပ်ကွက်တခုဖြစ်တဲ့ ဆာတပ်အိမ်အမှတ်၈၃ မှာနေခဲ့ကြပါတယ်။အမေပြောနဲ့ အဖေဖြစ်သူTahirကပါ မနိုင်တဲ့ သားတယောက်ပေါ့။

Aamir Khan တို့မိသားစုမျိူးရိုးဟာတော်တော် စုံလှတယ်။ အဖွားဖြစ်သူဒဿနပညာရှင် အဖိုး ဖြစ်သူစာရေးဆရာ ဦးလေးဖြစ်သူကဒါရိုက်တာ အဖေဖြစ်သူဒါရိုက်တာနဲ့ မိသားစုဟာနယ် ပယ်စုံလှတယ်ပေါ့ဗျာ။ ဒါပေမယ့်Aamir Khan ကတော့၃နှစ်သားထဲကဖခင်လိုပဲရုပ်ရှင်ဝါသနာ ကိုပါခဲ့ပါတယ်။ ဖခင်ဖြစ်သူအလုပ်ကိုလိုက်ရင်း ဖခင်ထုတ်လုပ်တဲ့ရုပ်ရှင်ကားရိုက်ကွင်းတွေကို ကျောင်းပိတ်ရက်တွေမှာလိုက်ရင်းသရုပ်ဆောင် တယောက်ဖြစ်ချင်ခဲ့ပါတယ်။
၆နှစ်သားအရွယ် ကျောင်းစတက်တော့ Aamir Khanဟာမိခင် ဖြစ်သူရဲ့အလိုလိုက်မူတွေကြောင့်ဆိုးသွမ်း ကျောင်းသားဘဝကိုစတင်ခဲ့ပါတော့တယ်။အခန်းထဲ သ့ူကိုဂျပုလို့စတဲ့အတန်းကြီးကျောင်းသားတချို့နဲ့ရန်ဖြစ်တာတွေကျောင်းနံရံတွေထဲပုံလျှောက် ဆွဲတာတွေ ပါလုပ်ခဲ့တဲ့ ၆နှစ်သားထဲကလူ့ဂွစာ လေးပါ။ ဒါပေမယ့်Aamir Khanဟာဖခင်ရဲ့ ရိုက်ကွင်းတွေကိုရောက်ရင်တော့တော်တော်ငြိမ်နေတတ်တဲ့ကလေးပါ။ ဒီလိုနဲ့တရက် သူ့ဦးလေး ဖြစ်သူ Nasir Uussainရိုက်တဲ့ Yaadon Ki Baaraat ကားမှာကလေးသရုပ်ဆောင်၂ဦးနေရာမှာ တယောက်က သရုပ်ဆောင်ဖို့ကျန်းမာရေး အရအဆင်မပြေတဲ့အခြေအနေကြောင့် အခက်တွေ့ခဲ့ပါတယ်။ အဲ့ကလေးက Nashaar ပါ။
Nashaar ကအဲ့ဒိခေတ်ကကလေးသရုပ်ဆောင် တွေထဲနာမည်ကြီးပေါ့။ သူ့နေရာမှာအစားထိုးဖို့ အခက်တွေ့နေချိန် Aamir Khanရဲ့ မိခင်ဖြစ်သူက Aamir Khan လေးကို ထည့်ကြည့်ပါလားလို့ဖခင်ဖြစ်သူနဲ့ ဦးလေးကိုအကြံပေးတော့ ဖခင်ဖြစ်သူက ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့်ဦးလေးဖြစ်သူက တော့စမ်းသုံးကြည့်မယ်ဆိုပြီးAamir Khan ကို ခေါ် ရိုက်စေခဲ့ပါတယ်။ ဒါက Aamir Khanရဲ့ သရုပ်ဆောင်ဘဝစတင်ဖို့ပထမဆုံးခြေလှမ်းပါ။ အဲဒီ ကားရဲ့ နောက်ထပ်ကလေးသရုပ်ဆောင်တဦးကတော့ Khan ၃ Khan ထဲကတဦးဖြစ်လာမယ့် Salman Khanပါပဲ။

Salman Khanဟာလည်း အဲအချိန်က ဖခင်ဖြစ်သူဂိုဏ်းစတားသဘောမတူတဲ့ကြားကနေ ပါဝင်ခဲ့တဲ့သားတယောက်ပေါ့။ Aamir Khan နဲ့ Salman Khanဟာ အဲ့ထဲကသိခဲ့ကြပီးအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး Bollywood ရုပ်ရှင်လောကထဲသြဇာကြီးမားတဲ့ ရှာမှရှား ငယ်သူငယ်ချင်းမင်းသားအတွဲပေါ့။ ဒီကားကို ၁၉၇၃ခုနှစ်မှာရုံတင်ခဲ့ပါတယ်။ အဲ့ဒိအချိန်က Aamir Khanဟာ ၈နှစ်သားပဲရှိပါ သေးတယ်။ ဒီကားမှာSlaman Khanကတော့ အရံအနေနဲ့ပဲပါခဲ့ပီး Aamir Khan ကတော့အဓိက ကလေးသရုပ်ဆောင်အဖြစ်ပါခဲ့ပါတယ်။
တဖက်မှာလဲ JB Petit မူလတန်းလွန်ကျောင်းမှာ တက်ရင်း Aamir Khanဟာရံဖန်ရံခါကလေးသ ရုပ်ဆောင်နေရာပါခဲ့ရင်းရုပ်ရှင်လောကထဲကိုစ တိုးလာခဲ့ပါတော့တယ်။ ဘုံဘေ အထက်တန်း ကျောင်းကို စတက်ချိန်မှာတော့ Aamir Khan ဟာရုပ်ရှင်လောကထဲကမထင်မရှားကလေးသ ရုပ်ဆောင်တယောက်ဖြစ်နေခဲ့ပါပီ။ တန်းနစ်ရိုက် တာ ဘောလုံးကန်တာ လပ်ဝှေ့ထိုးတာတွေက သူ့ရဲ့ဝါသနာဖြစ်ပီး Aamir Khanဟာကျောင်း လက်ရွေးစင်တန်းနစ်သမားပါဖြစ်ခဲ့တဲ့အထိ အားကစားဖက်မှာလဲထူးချွန်ခဲ့သူပါ။
သူအထက်တန်း ကျောင်းသားဘဝကလဲတကယ့်ဝရုန်းသုန်းကားပါ။ အဖေမသိအောင်အပျော်တန်းတရားမဝင် ကြေးစားလက်ဝှေ့ပွဲတွေမှာတက်ထိုးခဲ့သလို ဖခင်ရဲ့ဥပက္ခာပြုခြင်းကိုလည်းရခဲ့တဲ့ကလေးတစယောက်ပါ။ ဒီလိုပြသနာတွေကြောင့်ပဲသားဖြစ် သူကိုစိုးရိမ်တဲ့မိခင်နဲ့ ပြတ်သားတဲ့ဖအေကြား ပြသနာတွေဖြစ်ခဲ့သလို နောက်ဆုံးAamir Khan Narsee Minjee ကောလိပ်စတက်ချိန်မှာတော့ မိဘ၂ပါးဟာကွာရှင်းခဲ့ပါတယ်။ အဓိကပြသနာ ကတော့ မိသားစုအကြွေးတွေတင်နေတဲ့ကြားက Khanဖခင်ဟာ နောက်မိန်းမတယောက်နဲ့ တွဲသွာတွဲလာများမူတွေသတင်းထွက်လာခဲ့လို့ပါပဲ။
သိပ်မကြာဘူးဖခင်ဖြစ်သူက နောက်မိန်းမယူခဲ့ရာကနေ AamirKhan ဟာ ဖခင်ကိုစိတ်နာခဲ့ပြီး မိခင်ဖြစ်သူနောက်ဘုံဘေကို လိုက်ခဲ့ပါတော့တယ်။ အဲ့ဒီမှာAamirKhan ရဲ့ဘဝစတင်တာပါပဲ။ ရုပ်ရှင်ထဲဖခင်ရဲ့အကပ် ဦးလေးအကပ်နဲ့ပါခဲ့ရပေမယ့် တကယ်တမ်းသူကိုယ်တိုင်ကိုယ့်အားကိုယ်ကိုး ပြီးဝင်ရောက်ချိန်မှာတော့ အနှိမ်ခံရမူတွေ လိုသုံးခံရမူတွေ ဖြစ်လာခဲ့ပါတယ်။ မင်းသားဖြစ်နိုင်တဲ့ အရပ်အမောင်းမရှိဘူး ရုပ်ကခေါင်းဆောင်မင်း သားဖြစ်နိုင်တဲ့အနေအထားမဟုတ်ဘူးဆိုတဲ့ စကားတွေကြား နဂိုထဲကလူမိုက်ဆန်ဆန်နေခဲ့တဲ့ Aamir Khanဟာ ဒီတခါတော့ အနှိမ်ခံရမူတွေကို ပြန်လည်မတုံ့ပြန်နိုင်ခဲ့ပါဘူး။
၅ပေ၅လက်မ သာရှိတဲ့ သူ့အရပ်နဲ့ မင်းသားဖြစ်ဖို့မလွယ်တာကိုသိထားတဲ့ Aamir Khanဟာ တခြားTalent အနေနဲ့ဘာကိုအသုံး ပြုပြီးမင်းသားတယောက်ဖြစ်နိုင်လဲ သူတွေးတယ်။ ဟုတ်ပြီ မျက်နှာအမူအရာ မျက်လုံးနဲ့ခန္ဓာကိုယ်။ ဒီ၃ခုကိုသူအသေအလဲကျင့်ယူခဲ့တယ်။ သူ့ရှေ့က အမီတာဘဂျမ်းတို့လိုသရုပ်ဆောင်ကြီးတွေရဲ့ မျက်လုံးအထားအသိုကို သူကျင့်တယ် အကယ်ဒမီရမင်းသားတွေရဲ့သရုပ်ဆောင်မူတွေကဘယ်လို ကြောင့်ဆိုတာ သူလေ့လာတယ်။ ဘုံဘေက အပျော်တမ်းလက်ဝှေ့ရုံမှာ သူGymဆော့တယ်။ တစ်ရက်ကိုနာရီများစွာကဒါတွေနဲ့ပဲသူကုန်ဆုံးခဲ့ပါ တယ်။
တခါတလေ သူ့ဦးလေးရိုက်တဲ့ကားတွေ မှာသူပါရတယ်။တခါတလေအသံမပါတဲ့ရုပ်ပြ တွေအထိသူလိုက်သရုပ်ဆောင်တယ်။ဒီလိုနဲ့ Aamir KhanဟာAvantar ပြဇာတ်အဖွဲ့နဲ့လိုက်ပါခဲ့ပြီး တဖက်မှာလည်း လိုသုံးကလေးသရုပ်ဆောင် နေရာတွေမှာပါဝင်ခွင့်ရခဲ့ပါတယ်။ ဒီကြားထဲ သရုပ်ဆောင်ကြေးမရတဲ့ကားတွေမှာပါဝင်ခဲ့ပြီး အနုပညာလောကကိုတိုးခဲ့ပါတော့တယ်။ သူ့အသက်၂၀အထိခေါင်းဆောင်နေရာ ပါမလာသေး သလို သူ့ကိုလည်းအဖတ်လုပ်ပီးခေါ်ယူရိုက်ကူးတဲ့ တခြားဒါရိုက်တာမရှိခဲ့ပါဘူး။
ဒီလိုနဲ့ တရက် သူအိပ်နေတုန်း ဖုန်းဝင်လာတယ်။ သူကြည့်လိုက် တော့ miss call ၁၅ခါ။ ဟ ဒီကောင်ဘယ်သူလဲ ပေါ့။ ပြန်လည်းဆက်ရော ထုတ်လုပ်သူ Riaz ဖြစ် နေတယ်။ သူ့ကိုမင်းသားအနေနဲ့ရုပ်ရှင်ကားမှာ သုံးချင်တယ်တဲ့။ ဒါရိုက်တာကတခြားသူမဟုတ် ဘူး သူ့ဦးလေး။ ဒီကား Zabardast ဟာAamir Khan အပြည့်အဝသူ့အရည်အချင်းကိုပြသခွင့် ရခဲ့တဲ့ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်လာခဲ့ပါတယ်။ အရပ်ပုပေမယ့် တခြားမင်းသားတွေနဲ့မတူတဲ့ ဇာတ်ကောင်မျိူးဖြစ်အောင်သူလုပ်ပစ်ခဲ့တယ်။ ဒါကလည်း သူ့idea ။တခြားမင်းသားအများစု လျှောက်နေတဲ့လမ်းကနေသူကခွဲထွက်ပြီးသရုပ် ဆောင်ချင်တယ်။
အဲ့ဒိအချိန်မှာဒေလီမှာ SRK ၊ မွန်ဘိုင်းမှာ Slaman Khan တို့လဲအိန္ဒိယ ရုပ်ရှင်လောကထဲတိုးဖို့ရုန်းကန်နေချိန်ပေါ့။ ဒီလိုနဲ့တပိန်ပိန်တလိမ်လိမ် သရုပ်ဆောင် လောကထဲလျှောက်ရင်း ဒါရိုက်တာလောကထဲ ဇီဇာကြောင်တဲ့ Action ကားဒါရိုက်တာကြီး Aditya ကသူရိုက်မယ့်ရုပ်ရှင်ကားမှာ အဓိကမင်းသားနေရာကနေ မင်းကိုသုံးချင်တယ်ဆိုပြီးKhan ကို Raakh အက်ရှင်ကားကြီးမှာပါဝင်စေခဲ့ပါတယ်။ဒီကားကလည်း ဘယ်မင်းသားမှမရိုက်ချင်လို့ ငြင်းကြတဲ့ကား။ ဒါပေမယ့် Aamir Khanကရွေးခဲ့တယ်။ သူသရုပ်ဆောင်မယ်ပေါ့။
အဲ့ဒိမှာသူနဲ့ ဒါရိုက်တာAditya တို့ကသူ့အိမ်မှာပါခေါ်အိပ်စေပြီး ဒီကားကိုပြင်ဆင်မူများစွာလုပ်ခဲ့ကာ ၆လတိတိ ပြင်ဆင်ပြီးမှရိုက်ကူးခဲ့ပါတယ်။ ဒီကားကို ၁၉၈၉ ခုနှစ်ဧပြီလ ၂၁ရက်နေ့ မွန်ဘိုင်းရုပ်ရှင်ရုံတွေမှာ စတင်ပြသခဲ့ပါတယ်။ ဝင်ငွေကကြောက်စရာ ကောင်းလောက်အောင် ပြသပီးတပတ်အတွင်း အရင်းကြေလို့အမြတ်စရခဲ့ပါတယ်။ National Film Award ၃ဆု ရခဲ့သလို ဇာတ်ပို့ဆုတွေပါ ရခဲ့ကြပါတယ်။ Aamir Khanကလဲ အကောင်း ဆုံးသရုပ်ဆောင်ဆုစရခဲ့ပါတယ်။ ဒါကအိန္ဒိယ ရဲ့အရှိန်အဝါကြီး Filmfare AwardကိုAamir Khanပထမဆုံးရဖူးတဲ့ကားပါ။ ဒီကားကAamir Khanဆိုပြီးဖြစ်လာဖို့စတင်ခဲ့ပါတော့တယ်။
ဆက်တိုက်ဆိုသလို ရုပ်ရှင်ကားတွေမှာပါဝင်ဖို့ ဖြစ်လာသလို နာမည်ကြီးဒါရိုက်တာများစွာနဲ့ ထုတ်လုပ်ရေးများစွာကလဲ Aamir Khanကိုစ တင်ကမ်းလှမ်းလာခဲ့ပါတော့တယ်။
“ဖြစချင်တာနဲ့ဖြစ်သင့်တာဆို ဖြစ်ချင်တာကိုပဲလုပ်။ အဲ့ဒိအတွက်ခဗျားမှာရစရာ၂ခုပဲရှိတယ်။ ကျေနပ်မူနဲ့ ပျော်ရွှင်မူ။ ဖြစ်ချင်တာကိုလုပ်လိုက်လို့ နောင်တရတယ်ထင်တဲ့သူဟာ ဘယ်အရာကိုမှဖြစ်မြှောက်အောင် လုပ်နိုင်မယ့်သူမဟုတ်ဘူး။ ”
Aamir Khan
ဒါပေမယ့် Aamir Khanမှာတခြားမင်း သားတွေနဲ့မတူတဲ့အချက်တချက်ရှိတယ်။ ဒါက သူ့သရုပ်ဆောင်ကြေးနည်းရင်နေပါစေ သူလုပ် ချင်တဲ့ သရုပ်ဆောင်ကွက်လုပ်ခွင့်ရမှသူရမှ ရိုက်လေ့ရှိတယ်။ ဒါကသူ့အသက်၂၅နှစ်ထဲက သတ်မှတ်ခဲ့တဲ့ သူ့ရဲ့မူပေါ့။ ရုပ်ရှင်ကားတကားရိုက် ရင်အချစ်အလွမ်းထက် ပေးချင်တဲ့massgeက တခြားသူလုပ်ပြီးထားတာဆိုသူမရိုက်ဘူး။ ဒါကြောင့်လည်း နာမည်ကြီးရုပ်ရှင်ကားတချို့မှာသူ ပါမလာပဲတခြားမင်းသားတွေပါသွားခဲ့တဲ့ ကားတွေများခဲ့ပါတယ်။ ဒီလိုနဲ့ တနှစ်မှာဇာတ်ကား၂ ကား၃ကားသာပြင်ဆင်ရိုက်ကူးခဲ့တဲ့Aamir Khan ဟာ၁၉၉၉ခုနှစ်မှာတော့ ဆုတွေတသီကြီး ထပ်ရစေခဲ့တဲ့ Sarfarosh ကားကြီးကိုရုံတင်ခဲ့ ပြန်ပါတယ်။
ဒီကားအပြီးမှာတော့ ဒါရိုက်တာ Gowariker နဲ့သူ တွေ့ခွင့်ရခဲ့တယ်။ Gowarikar ဆိုတာကလဲ Khan ၃ Khan ရဲ့ကျေးဇူးရှင်တွေထဲ ကတယောက်။ သူက၁၉၄၃ခုနှစ်လောက်က အိန္ဒိယနိုင်ငံလွတ်လပ်ရေးမရခင်အချိန်အင်္ဂလိပ် အစိုးရအုပ်ချုပ်တဲ့ကာလကိုအခြေခံထားတဲ့ရွာတ ရွာအကြောင်းကိုသူရိုက်ဖို့ကြံနေတယ်။ ဒီကားက ရိုက်ကူးနေကျကိုလိုနီကားတွေလိုမဟုတ်ပဲ အားကစားနည်းတခုကိုပါထည့်သွင်းထားမူတွေ ပါကြောင်းAamir Khanကိုသူပြောပြတယ်။ အကြောင်းကတော့Aamir Khanကို သူခေါင်း ဆောင်နေရာတင်ရိုက်မယ်။
ဒီကားကို၁၉၉၉ခုနှစ် ထဲကပြင်ဆင်လိုက်တာ ၂၀၀၁ခုနှစ်ဇွန်လ၁၅ ရက်နေ့မှ ဒေလီမှာရုံတင်လာခဲ့တယ်။ အမေရိကန် ဒေါ်လာ၁၀သန်းနီးပါးအကုန်ကျခံရိုက်ကူးခဲ့တဲ့ ဒီကားဟာ ၆လအတွင်းအမေရီကန်ဒေါ်လာသန်း ၃၀နီးပါးပြန်ရခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အဲ့ဒိကားကတော့ Aamir Khanကို ဒုတိယအကြိမ်Filmfare ဆုကြီးထပ်ရခဲ့တဲ့ Lagaan ကားကြီးပါပဲ။ အင်္ဂလိပ်မင်းသမီးGracy Singh ပါဝင်ခဲ့တဲ့ဒီကားဟာ India ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးအားကစားရုပ်ရှင်၂၅ကားသမိုင်း မှာဝင်ခဲ့သလို အမေရိကမှာအမြတ်ငွေ ၇သန်း အထိရစေခဲ့တဲ့ကားပါ။ အကယ်ဒမီတွေရကြသ လိုဒီကားဟာ Doom 1 မှာ Aamir Khanကို ပါဝင်စေဖို့အထိကမ်းလှမ်းခံခဲ့ရပါတယ်။
Doom ကလည်းကြမ်းတယ်။ အိန္ဒိယမှာခေါင်ဆိုတဲ့မင်းသား တွေကိုကမ်းလှမ်းတယ်။ ဒါပေမယ့် Doomရဲ့ 1/2လုံးကို Aamir Khanကမကြိုက်လို့ငြင်းခဲ့ပါ တယ်။( Doom 3မှာတော့သူပါလာခဲ့တာပေါ့။ အကြောင်းကဒါရိုက်တာရောမင်းသမီးမင်းသား တွေကပါတောင်းဆိုမူကြောင့်ပါ။သူ့ဇာတ်ရုပ်ကို လဲAamir Khanလက်ခံသွားခဲ့တာကြောင့်ပေါ့။) ၂၀၀၁ခုနှစ်မှာပဲ Aamir Khanဟာသူအရင် ကဝါသနာပါခဲ့တဲ့ဒါရိုက်တာအလုပ်ကိုပါလုပ်ဖို့ Aamir Khan Film Productionကြီးကိုပါ ထောင်ခဲ့ပါတော့တယ်။ ဒီနေရာမှာပြောစရာတခု ရှိတယ်။ ဒီProductionကို၂၀၀၁ခုနှစ်ထောင်တာ ဖြစ်ပေမယ့် သူပါဝင်ခဲ့တဲ့Lagaanကားဟာလဲ Aamir Khanဟာ အဓိက ပရိုဂျူဆာအနေနဲ့ ပါဝင်ခဲ့တာပါ။အတည်တကျကို၂၀၀၁ခုနှစ်မှ ထောင်ခဲ့တယ်ဆိုပါတော့။
အဲ့ဒိနောက်မှာတော့ Rang De Basanti လိုကားတွေ Fanaa လို ကားတွေထွက်လာခဲ့သလိုအောင်မြင်မူများစွာ လဲရရှိခဲ့ပါတယ်။ ဒီကားတွေကလဲပေါ့သေးသေး မဟုတ်ဘူး။ RDB ဆို Oscar ဇကာတင်အထိ ပါပါခဲ့သလို အင်္ဂလန်Film Awardပါရခဲ့တဲ့အထိ Bollywood တင်မကအနောက်နိင်ငံတွေအထိပါ ဆုတက်ယူခဲ့တဲ့ကားကြီးပါ။ဒီလိုနဲ့ Aamir Khan ကိုKhan ၃Khan ထဲပါဝင်စေခဲ့တဲ့ကားလို့ပြော လို့ရမယ့် ရုပ်ရှင်ကားတကားကို၂၀၀၇ခုနှစ်မှာ ရုံတင်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီကားရုံတင်ရာမှာပြ သနာများစွာဖြစ်ခဲ့သလို အိန္ဒိယပညာရေးဝန်ကြီး ကိုယ်တိုင်မပြသဖို့Bollywood ရုပ်ရှင်အစည်းအရုံးကို စာတင်ခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်။
အဲ့ကားက တော့ Taare Zameen Par ကားပါပဲ။ ကျွန်တော်တို့ Every child is special လို့သိကြတဲ့ကားပါ။ ပညာရေး လောကကိုသရော်ခဲ့တဲ့ကားဖြစ်သလိုတကယ့် ပညာပေးကားကြီးတကားပါပဲ။ဒီကားဟာAamir Khanကိုယ်တိုင်ရိုက်ကူးတဲ့ကားဖြစ်သလိုအာရှ တင်မကပဲOscarဆုပါဇကာတင်ခံခဲ့ရတဲ့ကားတ ကားပါ။ ဒါရိုက်တာဆု Filmfare Award အနောင်နိုင်ငံတွေကအကယ်ဒမီဆုတွေပါရခဲ့သ လို ဒေါ်လာသန်း၃၀နီးပါးဝင်ငွေရခဲ့တဲ့ကားပါ။ ဒီကားရဲ့ထူးခြားမူကတော့ ရိုက်ကွက်နည်းပညာ သိပ်မပါပဲသဘာဝအတိုင်းရိုးရိုးလေးရိုက်ကူးခဲ့ တာပါပဲ။ နောက်တခုကဒီကားဟာHollywood ရုပ်ရှင်လောကအထိပါပေါက်ရောက်ခဲ့သလို Walt Disney ကပါမူပိုင်ခွင့်ဝယ်ယူခဲ့တဲ့အာရှနဲ့ Bollywood ရဲ့ပထမဆုံးကားကြီးပါပဲ။
ဒီကားအ ပြီးမှာတော့Bollywoodရုပ်ရှင်သမိုင်းမှာ အထင်ကရဖြစ်စေခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပြီးတစ်ကားကို Aamir Khanဟာ ရိုက်ကူးလာခဲ့ပါတယ်။ဒီလိုနဲ့ Aamir Khanနဲ့ ညီကိုလိုခင်တဲ့ဒါရိုက်တာ Hirani ကသူနဲ့တွဲဖက်ဒါရိုက်တာအနေနဲ့ပေါင်း ရိုက်ဖို့Aamir Khanကိုကမ်းလှမ်းခဲ့ပါတယ်။ အဲဒီကားကတော့ မြန်မာမှာရောကမ္ဘာမှာပါ သောက်တလွဲဖြစ်နေတဲ့ပညာတတ်စနစ်ကို ထောက်ပြခဲ့တဲ့ ပညာတတ်ဉာဏ်မရှိတွေများနေပြီး တကယ့် ပညာရှင်တွေမွေးထုတ်တဲ့နေရာမှာလွဲမှားနေမူ တွေကိုချပြခဲ့တဲ့ 3idiots ရုပ်ရှင်ကားကြီးပါပဲ။ စာရေးဆရာJoshi ကလဲAamir Khanကိုဒါ ရိုက်တာအနေနဲ့မသုံးနဲ့Aamir Khanကိုကိုယ် တိုင်မင်းသားရိုက်ကွာဆိုပီး Hiraniကို ဖိအားပေး မူကြောင့် Aamir Khanဟာ တွဲဖက်ဒါရိုက်တာ နေရာမှာပါဝင်မလာပဲ ခေါင်းဆောင်မင်းသားနေရာမှာပါလာခဲ့ပါတယ်။
ဒီကားရိုက်ဖို့Aamir Khan ဟာပေါင်၄၀အထိလျော့ခဲ့ရသလို ရှေ့မှာရိုက်ထား တဲ့လူကြမ်းဇာတ်ရုပ်တွေ ပါမလာအောင် ခန္ဓာကိုယ်ကို တက္ကသိုလ်ကျောင်းသားတယောက်ဖြစ် ဖို့တော်တော်ခေါင်းစားခဲ့ရပါတယ်။ စာအုပ်မူရင်း မှာကပိန်ပိန်ပုပုကောင်လေးဇာတ်ရုပ် သူတကယ် ဖြစ်နေတာကပေါင်၂၀၀နီးပါးဗလကြီးကြီးမုတ် ဆိတ်မွေးတွေနဲ့ပုံ။ ဒီကားကို၁၉၉၈ခုနှစ်ထဲက ရိုက်ကူးဖို့ကြံခဲ့တာက ၁၀နှစ်ကြာတဲ့အထိဖြစ်မလာခဲ့ဘူး။ပြသနာက ဒီကားရဲ့အဓိကမင်းသားနေရာက ဘယ်မင်းသားနဲ့မှ သဟဇာတသိပ်မတွေ့တဲ့ Producer Chopra ရဲ့ ဂျီးများနေမူကြောင့်ပါ။ ဒီလိုနဲ့ဘယ်လိုလုပ်ရင်ဖြစ်မလဲစဉ်းစားကြတယ်။
ဒီအချိန်မှာအကြံပေးလာတာက Nirrah ဆိုတဲ့ Aamir Khanရဲ့သူငယ်ချင်းFashion Designer တယောက်။ သူကဒီကားမှာAamir Khanကို ပိန်သွားစေမယ့်အင်္ကျီပွပွတွေဖန်တီးပေးပီးခန္ဓာကိုယ်အနေအထားကို ဘယ်လိုနေဘယ်လိုထား ဆိုပြီးအကြံပေးရိုက်ကူးစေခဲ့တယ်။ ဒေါ်လာ၁၄ သန်းပဲရင်းတဲ့ဒီကားဟာ ၂၀၀၉ခုနှစ် ဒီဇင်ဘာ လရုံတင်လာချိန်မှာတော့ ဝင်ငွေဒေါ်ဘာသန်း ၁၀၀အထိရခဲ့ပါတယ်။ အမြင့်ဆုံးဆိုတဲ့ ဆုတွေရတဲ့အပြင် ဂျပန်ရုပ်ရှင်အစည်းအရုံးကပေးတဲ့ဆုတွေ အမေရိကဆုတွေပါရရှိခဲ့ပါတယ်။
ဒီကားအပြီးမှာတော့Aamir Khanဟာ Bollywood ရဲ့ Top ၃မင်းသားထဲပါလာခဲ့သလို သူရရှိတဲ့အနုပညာကြေးအများစုကို SRKလိုပဲ ပရဟိတတွေလုပ်ခဲ့ပါတယ်။ ဒါပေမယ့်သူကထူး ခြားတယ်။ ပညာရေးမတတ်နိုင်တဲ့ကျောင်းနေအရွယ်ကလေးတွေကိုကျောင်းထားပေးတဲ့ Foundation ၃ခုကိုထောင်တယ်။ သ့ူပရဟိတက ပညာရေးဖက်ကိုအသားပေးခဲ့တာကိုများတယ်။ ဒီလိုနဲ့ သူ၂ခါတိတိ Doom ၂ကားလုံးကိုငြင်းခဲ့တဲ့ Doom 3မှာပါဝင်လာဖို့ဖြစ်လာတယ်။ဒီမှာလဲ ပြသနာက အမွှာဇာတ်ရုပ်။
“ဒီကားရိုက်တုန်းက ကျတော်ရူးချင်သွားတယ်။ ပထမတနာရီကကြမ်းပြနေရပြီး နောက်တseenကျကျတော့ကိုနုခိုင်းတယ်။ အခက်အခဲကကျတော်သရုပ်ဆောင်ရင် အရင်ဇာတ်ရုပ်ကိုပဲစိတ်သွင်းပီးလုပ်ခဲ့တာများတော့ ဒီကားကကျတော့ဘဝအတွက်အခက်ခဲ ဆုံးကားလို့တောင်ပြောချင်တယ်ဗျာ။ ”
Doom 3 ကို ၂၀၁၃ခုနှစ်ဒီဇင်ဘာလ ၂၀ရက်နေ့မှာရုံတင်ပြသခဲ့ပါတယ်။ထုံးစံအတိုင်း အမြင့်ဆုံးဆိုတဲ့ဆုတွေရခဲ့သလို ဒီကားဟာလဲ အနောက်နိုင်ငံတွေမှာပါရုံပြည့်ရုံလျံှတိုးကြည့်ခဲ့ ကြတဲ့ကားပါ။ ဒီကားအပြီးမှာတော့ ၇နှစ်ကြာ Aamir Khan ပြင်ဆင်လာခဲ့တဲ့ဘာသာရေးကား တကားကိုရိုက်ကူးဖို့သူဟာရှိသမျှရိုက်ကွင်းနဲ့ TV Showတွေကိုနားခဲ့ပါတယ်။ ဒီကားကရုပ် ရှင်မရိုက်ခင်ထဲက စာအုပ်မှာတင် သူ့သူငယ်ချင်း 3idiotရဲ့ စာရေးဆရာJoshi ထောင်၆လကျခဲ့တဲ့စာအုပ်ပါ။
Joshi ကလဲတော်ရုံတော့မဟုတ်ဘူး။ သူ့စာအုပ်၁၉အုပ်လုံးက Bollywood ရုပ်ရှင် သမိုင်းရဲ့ Topတွေချည်း။ ကိုယ်တိုင်လည်း အမေရိက ရဲ့ စာပေဆုအပြင် ကမ္ဘာ့Top100စာရေးဆရာထဲ ပါဝင်ထားသူ။ ၁၉၉၉ခုနှစ်ထဲကAamir Khan နဲ့အတူဒါရိုက်တာ၃ယောက်နဲ့သူ့စာအုပ်၄အုပ် ကိုရုပ်ရှင်အဖြစ်ရိုက်ဖို့ Planချထားခဲ့သူ ဒီPlan က၂၀၂၀ခုနှစ်မှာချပြလာမယ့် Aamir Khanရဲ့ သားပါဝင်လာမယ့် 199 ဆိုတဲ့အထိပေါ့။ ဒီ၇နှစ် ကြာPlanချခဲ့တဲ့ကားကတော့တခြားမဟုတ်ဘူး အကုန်လုံးသိအကုန်လုံး၃ခါထပ်မနည်းပြန် ကြည့်ခဲ့ကြတဲ့ PK ပါပဲ။ ၁၃သန်းရင်းတယ်သန်း ၁၁၀ပြန်ရတယ်။Bollywoodရုပ်ရှင်သမိုင်းမှာ ပထမဆုံးအနောက်နိုင်ငံတွေမှာ၂ကျော့ပြန်ပြသ ခဲ့ရတဲ့ကားပါ။
ဒါပေမယ့် Bollywoodရုပ်ရှင်အစည်းအရုံးကဒီကားကိုMainဆုတွေမပေးခဲ့ဘူး။ ပြသနာကဘာသာတရားအကြည်ညိုပျက်စေမူ တိုင်ကြားချက်၃၀၀၀ကျော်ခဲ့သလို အိန္ဒိယခရစ် ယာန်ဘာသာရေးဂိုဏ်းတချိူ့ရဲ့တရားစွဲဆိုမူတွေ ရှိခဲ့လို့ပါပဲ။ ဒါပေမယ့် PK ကားက ဘာကားလဲဆို တာသိပ်ပြောနေဖို့တောင်မလိုပါဘူး။ အကုန်သဘောပေါက်ပီးသားပဲလေ။ Aamir Khanရဲ့ဇာတ်ကားတွေအကြောင်း ပြောရရင်ကုန်မယ်တောင်မထင်ဘူး။ တကားချင်း စီရဲ့အဓိပ္ပာယ်ကလေးနက်သလိုကားတိုင်းကလည်း ပညာရစရာသင်ယူစရာတွေချည်းပါပဲ။ အချိန်ပေး ပီးထိုင်ကြည့်ရတာထက် ပိုတန်တဲ့ကားတွေပါ။
လက်ရှိမှာAamir Khanဟာသန်း ၃၀၀ကျော် ချမ်းသာတဲ့မင်းသားတယောက်ဖြစ်လာသလို Bollywood မင်းသားတွေထဲ အနုပညာကြေး အမြင့်ဆုံးနေရာကို ရှာရွတ်ခန်းထက်အနည်းငယ်မြင့်တဲ့မင်းသားအဖြစ် အမြင့်ဆုံးရပ်တည်နေပါတယ်။ ရှာရွတ်ခန်းလိုပဲ UNICEF ရဲ့ ပရဟိတ ကိုယ်စားလှယ်တဦးဖြစ်သလို National Brand Ambassador လဲခန့်အပ်ခြင်းခံထားရသူပါ။ အမေရိကန်ဒေါ်လာသန်း၁၀၀သောပမာဏရှိပီ ဖြစ်တဲ့ဒီပရဟိတသမားကြီးဟာလဲ ရုပ်ရှင်လော ကရဲ့ပရဟိတအလုပ်ဆုံးမင်းသား၅ယောက်ထဲက တယောက်ဖြစ်လာခဲ့ပါတယ်။
” ကလေးတိုင်းက နယ်ပယ်အသီးသီးရဲ့ သူရဲကောင်းဖြစ်လာနိုင်တယ်။ ဒါကြောင့်သူတို့က လျစ်လျူရှူထားရင် ခဗျားတို့ပဲနောင်တရလိမ့်မယ်။ နိုင်ငံတနိုင်ငံမှာခေါင်းဆောင်ကောင်း များများထွက်ဖို့မလိုဘူး။ကလေးသူငယ် တွေကိုလေးစားပေးတတ်တဲ့မိဘများများ ရှိဖို့ပဲလိုတယ်။ “
Aamir Khan
Aamir Khan ဟာလူကုန်ကူးခံရမူ လိင်ပိုင်းဆိုင်ရာအနိင်ကျင့်ခံမူ မိဘမဲ့ စွန့်ပစ်ကလေးသူငယ်တွေမိန်းကလေးတွေအတွက်များ စွာလှူတန်းခဲ့သလို Bhawan မိဘမဲ့ဂေဟာကြီး ရဲ့တဦးထဲအလှူရှင်ပါ။ UFCA ရဲ့ ကိုယ်စားလှယ် လဲဖြစ်ထားသလို အာရှတိုက် ရေဘေးလေဘေး ငလျင်ဘေးတွေမှာကိုယ်တိုင်ပါဝင်လှူပ်ရှားခဲ့သူပါ။ ဒါတင်ပဲလားဆို SRK ရဲ့ဇနီးဖြစ်သူနဲ့အတူ ခန္ဓာကိုယ်တစ်ကိုယ်လုံးကိုလည်း SRK ရဲ့ကင်ဆာ Foundationကြီးမှာ လှူတန်းထားသူပါ။
” ကျတော်လဲလူပဲ မကြာခင်သေမှာပါ။ အနှေးနဲ့အမြန်ပဲကွာမယ်။ ကျတော်သေရင်ဘာမှခမ်းခမ်းနားနား မဖြစ်ချင်ဘူး။ အုတ်ဂူတလုံးပေါ်မှာ ကျတော်ပါဝင်ခဲ့တဲ့ရုပ်ရှင်ကားတွေ စီရေးပေးထားရင်တော်ပီ။ “
Aamir Khan
Aamir Khanဟာ SRK နဲ့အတူပရဟိတ များစွာလုပ်ခဲ့သလို SRK ရဲ့ပရဟိတFoundation တွေမှာလဲပါဝင်လှူတန်းခဲ့သူပါ။ အိန္ဒိယမှာဘာ သာရေးကိုစော်ကားတဲ့မင်းသားဆိုပီးမကြာခဏ ပြသနာတွေရှင်းရသလို သူ့Talk Showတွေမှာ လဲမကြာခဏဘာသာရေးပြသနာတက်သူပါ။ ဆုပေးပွဲအများစုကိုလဲတက်ရောက်လေ့မရှိတဲ့ မင်းသားဖြစ်သလို တော်တော်နားလည်ရခက်တဲ့ မင်းသားတယောက်ပါ။
Aamir Khan ဟာ ၂၀၁၃ခုနှစ်မှာလဲ ကမ္ဘာ့လွှမ်းမိုးမူအရှိဆုံးလူသား အယောက်၁၀၀ထဲပါဝင်ခဲ့သလို Time မဂ္ဂဇင်း မှာလဲကြေငြာခံခဲ့ရတဲ့မင်းသားပါ။ Goverment Of India – GOI ကနေ3idiots ရိုက်လို့အထုတ် ခံခဲ့ရသလို အစ္စလာမ်အနုပညာရှင်အများအ သင်းကနေလဲ PK ရုံတင်ချိန်မှာအထုတ်ခံခဲ့ရတဲ့ မင်းသားပါ။ Khan ဟာရုပ်ရှင်ကရတဲ့အနုပညာ ကြေး ၃၀% TV Program ကရတဲ့ဝင်ငွေအကုန် တခြားကြော်ငြာခကရတဲ့ဝင်ငွေအကုန်လုံးကိုလည်း ပရဟိတအတွက်လှူတန်းပစ်ခဲ့သူပါ။ ဒါကြောင့်လည်း ပရဟိတမှာအမြင့်ဆုံးဆု Civiliana ကိုရရှိထားခဲ့သလို IEC USC တို့ရဲ့သံတမန်ဖြစ် ထားသူပါ။ လက်ရှိမှာ Aamir Khanဟာ Bollywood မင်းသားတွေထဲ ထိပ်ဆုံးထဲကတဦး ဖြစ်သလို အနောက်နိုင်ငံတွေကပေးတဲ့ဆုအများဆုံးရ အိန္ဒိယရဲ့သရုပ်ဆောင်တယောက်ဖြစ်နေပါပြီ။
” ဘာသာရေးမှာ ယုံကြည်မူ နဲ့ ကိုးကွယ်မူပဲရှိတယ်။ မဖြစ်မနေ ဆိုတာမရှိဘူး။ ဒါလုပ်ရင်ဒီဘာသာဝင်မဟုတ်ဘူး ဆိုတာမျိုးကဘာသာတရားမဟုတ်ဘူး။ ကောင်းတာမှန်သမျှလုပ်လို့ရတယ်။ ဒါကျတော့ဘာသာရေးအယူအဆပဲ။”
Aamir Khan
Aamir Khan ဟာပထမအိမ်ထောင်ရဲ့ သစ္စာဖောက်ခြင်းကိုခံခဲ့ရပီးအချိန်အတန်ကြာ စိတ်ဓာတ်ကျခဲ့သူပါ။ ၃နှစ်ကြာမှ ဒုတိယအိမ်သူနဲ့ လက်ထပ်ခဲ့ပီး ဒုတိယအိမ်သူဟာလည်း သူလေးစား ရတဲ့ဒါရိုက်တာတယောက်ပါပဲ။ Aamir Khan သွားလေရာကိုလိုက်ပီး ကူညီတတ်တဲ့တကယ့် ပါရမီဖြည့်ဖက်တဦးပါပဲ။ Ghajini ကားကြီးနဲ့ Bollywood သမိုင်းကို သန်း၁၀၀ကျော်ဝင်ငွေနဲ့ ပထမဆုံးမြေလှန်ခဲ့သူ ၄နှစ်ကျော်အောင်အကြာဆုံးဝင်ငွေစံချိန်တင်ခဲ့ တဲ့ 3idiots’ရဲ့မင်းသား SRK ကထပ်ပီးစံချိန်ချိုး တာလပိုင်းပဲရလိုက်တယ် Doom3နဲ့ ထပ်ပီးစံချိန်ချိုးခဲ့သူ အိန္ဒိယရုပ်ရှင်သမိုင်းတလျှောက်မှာ အမြင့်ဆုံးဝင်ငွေ ရူပီး သန်း၇၀၀နဲ့စံချိန်တင်ခဲ့သူ သူကတော့ Aamir Khan ပါပဲ။
၂၀၁၆ခုနှစ်မှာ ထွက်ခဲ့တဲ့ Aamir Khan ရဲ့ Dangal ကားကိုလည်း ကြည့်ဖူးသူတိုင်း အကြိုက်တွေ့ကြမှာဖြစ်ပါတယ်။ Dangal ဆိုတာနဲ့Aamir Khanရဲ့ကြိုးစားမူ တွေ Workoutတွေ Weight Loss Progတွေကို ဖောဖောသီသီပြောကြသိခဲ့ကြမှာပါ။ တ ကယ်လည်း လေးစားစရာ ကမ္ဘာကိုရင်ဘောင်တန်း နိုင်ခဲ့တဲ့အိန္ဒိယရုပ်ရှင်ကားအဖြစ် Dangalဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ Dangalဟာ အိန္ဒိယရုပ်ရှင် သမိုင်းမှာ ရူပီကူဋေ ၂၀၀၀ကျော်ရပြီး စံချိန်တင်ငွေ ကြေးနဲ့သမိုင်းတွင်စေခဲ့တဲ့ရုပ်ရှင်ပါ။ Aamir Khan ရဲ့ နောက်ဆုံးထွက်ထားတဲ့ ကားနှစ်ကားကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အိန္ဒိယ မြူးဇစ်ဒရာမာဇာတ်ကား Secret Superstar နဲ့ မင်းသားကြီး အမီတာဘဂျမ်း နဲ့အတူရိုက်ကူးထားတဲ့Thugs of Hindostan(2018) ဆိုတဲ့ သမိုင်းဇာတ်ကားတို့ပဲ ဖြစ်ပါတယ်။
ဘာသာရေးကြောင့်သူအများကြီးအစော်ကားခံရတယ်။ ဆုတွေလည်း အပယ်ခံရတယ်။ Bollywoodရဲ့ လူမုန်းများခံရဆုံးမင်းသား ။ ဒါပေမယ့် သူရိုက်တဲ့ သူသရုပ်ဆောင်တဲ့ရုပ်ရှင် ကားတွေကိုမကြည့်ပဲမနေနိုင်ခဲ့ကြပါဘူး။ သူအမုန်းခံရတယ် ဒါပေမယ့် သူ့လမ်းသူရဲရဲကြီးဖောက် ပြနိုင်ခဲ့တဲ့ ပရဟိတသမားစစ်စစ်ကြီးတစ်ယာက် တွေးကြည့်ရင် ဒီလိုအနုပညာသမားတွေရှားနေသေးတယ်။ လူချစ်ခံရဖို့ဗူးသီးကိုဖရဲသီးလို့ရိုက် ပြနေတဲ့ အပေါ်ယံအနုပညာတွေများပြားတဲ့ မင်းသားတွေကြား Aamir Khan ကတော့ လေးစား စရာစံပြတယောက်ပါပဲ။
Ref : Bollywood Stars Time Twitter
[ Metal Music ဖက်ကဖြစ်တဲ့အတွက် ဒါမျိုးရုပ်ရှင်လောကရဲ့သူရဲကောင်းတစ်ယောက်အကြောင်းရေးသားရာမှာ လိုအပ်ချက်များရှိနိုင်ပါတယ်။ Aamir Khan ရဲ့အမာခံပရိတ်သတ်များ နားလည်ပေးဖို့မေတ္တ္တာရပ်ခံပါတယ်။]
ထက်ဝန
Discussion about this post