• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အာဖရိကတိုက်ရဲ့ အမြင့်ဆုံးတောင် အကြောင်း

by Thutamm
December 30, 2020
Reading Time: 3min read
0
အာဖရိကတိုက်ရဲ့ အမြင့်ဆုံးတောင် အကြောင်း
Share on FacebookShare on Twitter

အာဖရိကတိုက်ရဲ့ အမြင့်ဆုံးတောင်ကတော့ အာဖရိကအရှေ့ပိုင်း တန်ဇန်းနီးယားနိုင်ငံမှာ တည်ရှိတဲ့ ကီလီမန်ဂျာရို Kilimanjaro တောင် ဖြစ်ပါတယ်။ Dormant အမျိုးအစားမီးတောင်ဖြစ်ပါတယ်။ Dormant မီးတောင် ဆိုတာက မြုံနေသောမီးတောင်လို့ အဓိပ္ပါယ်ရပြီး နှစ် ရာ ထောင်ချီကာလအတွင်း မပေါက်ဖူးခဲ့ပေမယ့် အနာဂတ်မှာ ပေါက်ကွဲမှုဖြစ်နိုင်သေးတဲ့ မီးတောင် အမျိုးအစားဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ခန့်က လှုပ်ခဲ့ဖူးပြီး ကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နောက်ဆုံးအကြိမ်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၆၀,၀၀၀ ခန့်ကလို့ ခန့်မှန်းထားကြပါတယ်။

ကီလီမန်ဂျာရို မီးတောင်ဟာ အမြင့်ပေ ၁၉,၃၄၁ပေ ရှိပြီး မြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီတောင်နဲ့ နှိုင်းယှဉ်ပါက ပေ ၅၀ ဝန်းကျင်ခန့်သာ ပိုမြင့်ပါတယ်။ မီးတောင်ထိပ်ဝပေါင်း ၃ ခု ပါဝင်ပြီး Kibo, Shira နဲ့ Mawenzi ဆိုပြီး အမည်တွေ ရှိကြပါတယ်။ အမြင့်ဆုံးက Kibo တောင်ထိပ်ဖြစ်ကာ Mawenzi တောင်ထိပ်က ၁၆၈၉၃ပေ နဲ့ Shira တောင်ထိပ်က ၁၃၀၀၀ပေ အသီးသီး ရှိကြပါတယ်။ ပညာရှင်တွေရဲ့ ခန့်မှန်းမှုတွေအရတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁သန်းခန့်ကတည်းက ဒီမီးတောင်ဟာ ရှိနေခဲ့ပြီလို့ သိရပါတယ်။

ကီလီမန်ဂျာရိုတောင်ဟာ တောင်တက်သမား နဲ့ ဝါသနာရှင်တွေအကြားမှာ အလွန်နာမည်ကြီးတဲ့ တောင်တတောင်ဖြစ်ပြီး နှစ်စဉ် တောင်တက်သူပေါင်း ၃သောင်းထက်မနည်း ဒီတောင်ပေါ်ကို လာရောက်တက်ကြလေ့ရှိပါတယ်။ အလွန်ကြီးမားတဲ့တောင်ဖြစ်ပြီး အလျား ၆၂မိုင် အကျယ် မိုင် ၄၀ ခန့် အတိုင်းအတာရှိပါတယ် ။ ကြီးမားကျယ်ဝန်းလွန်းတာနဲ့အညီ ကွဲပြားတဲ့ဂေဟစနစ်တွေအပြင် သစ်ပင်တွေမရှိတဲ့နယ်မြေ ၊ ကန္တာရဆန်တဲ့နယ်မြေ ၊ သစ်ပင်သစ်တောထူထပ်တဲ့နယ်မြေ နဲ့ ဆာဗားနားမြက်ခင်းနယ်မြေ စတာတွေကို ပိုင်ဆိုင်ထားပါတယ်။

ဒီတောင်ရဲ့အမည်နဲ့ ပတ်သတ်လို့ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြပေမယ့် အများစုကတော့ ကြီးကျယ်ခမ်းနားတဲ့တောင် the Mountain (Kilima) of Greatness (Njaro) လို့ ဆိုကြပါတယ်။ မြင့်မားပေမယ့် ပြေတာကြောင့် ပုံမှန်လူတွေတောင် တက်ရောက်လေ့ရှိတဲ့ တောင်လည်းဖြစ်ပါတယ်။ ဒီတောင်ကို တက်ရောက်နိုင်တဲ့လမ်းကြောင်းတွေကတော့ Mweka လမ်းကြောင်း ၊ Lemosho လမ်းကြောင်း ၊ Rongai လမ်းကြောင်း ၊ Machame လမ်းကြောင်း နဲ့ Marangu လမ်းကြောင်း ဆိုပြီး လမ်းကြောင်းများစွာ ရှိနေပါတယ်။

ကီလီမန်ဂျာရို နဲ့ အာဖရိကမှာ ရှိတဲ့ အခြားတောင်တွေရဲ့ မတူညီတဲ့အချက်ကတော့ ဒီတောင်မှာ အခြားတောင်တွေကို ဝါးပင် ဝါးတောနယ်မြေတွေ ရှိမနေတာပါ။ သစ်တောဧကပေါင်း ၂သိန်းခွဲခန့်ကို ပိုင်ဆိုင်ထားပြီး မျိုးစိတ်ပေါင်းများစွာရှိတဲ့အနက်က အထူးခြားဆုံးကတော့ ပေ ၃၀ ဝန်းကျင်အထိမြင့်မားတဲ့ Dendrosenecio kilimanjari လို့ခေါ်တဲ့ အပင်ကြီးတွေဖြစ်ပါတယ်။ စတုရန်းမိုင် ၆၅၀ ခန့်ကျယ်ဝန်းတဲ့ Kilimanjaro အမျိုးသားဥယျာဉ်နယ်မြေကို ၁၉၇၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ထားပြီး နှစ်စဉ် လာရောက်လည်ပတ်သူပေါင်း ၅သောင်းကျော် ရှိပါတယ်။ ဒီနယ်မြေဟာ လှပ ထူးခြားတဲ့ သဘာဝပတ်ဝန်းကျင်မြင်ကွင်းတွေနဲ့အတူ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် သဘာဝနယ်မြေ တခုအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

တိရစ္ဆာန်အများစုကတော့ သစ်တော နဲ့ တောင်ရဲ့သိပ်မမြင့်တဲ့နေရာတွေမှာ ကျက်စားလေ့ရှိကြပါတယ်။ ဆင် ၊ ကျားသစ် နဲ့ ကိတ်ဗ်ကျွဲရိုင်းလို အန္တရာယ်ပေးနိုင်တဲ့ အကောင်တွေရှိနေပြီး မျောက်ပြာ ၊ ချုံပုတ်ဝက် ၊ သံလွင်ဘဘွန်းမျောက် ၊ ခွေးတူဝက်တူ ၊ မြွေပါ ၊ အက်ဗာ့ခ်ပုရွက်ဆိတ်စားကောင် ၊ bushbabies နဲ့ ကြောင်ကတိုး စတဲ့ တိရစ္ဆာန်တွေအပြင် အခြားတိရစ္ဆာန်မျိုးစိတ်တွေလည်း နေထိုင်ကြပါတယ်။

အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ Kibo တောင်ထိပ်ပေါ်မှာတော့ သစ်သားသေတ္တာတလုံးရှိနေပြီး သေတ္တာထဲမှာတော့ စာအုပ် ၁အုပ်ရှိနေပါတယ်။ ဒီစာအုပ်မှာကို တောင်ထိပ်ကို ရောက်ခဲ့ကြတဲ့ တောင်တက်သမားတွေရဲ့ အမည်တွေကို ရေးထိုး မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ဒီတောင်ပေါ်ကို ပထမဆုံးအနေနဲ့ ၁၈၈၉ခုနှစ်မှာ ဂျာမန်ဘူမိပညာရှင် Hans Meyer နဲ့ သြစတြီးယားတောင်တက်သမား Ludwig Purtscheller တို့က တက်ရောက်ခဲ့ကြပါတယ်။

တောင်ထိပ်ကို ရောက်ခဲ့တဲ့ အသက်အကြီးဆုံးသူကတော့ အသက် ၈၉နှစ်အရွယ် Anne Lorimor ဆိုသူဖြစ်ပြီး အငယ်ဆုံးကတော့ အသက် ၇နှစ်အရွယ် Keats Boyd ဆိုတဲ့ကလေးငယ်ဖြစ်ပါတယ်။ အမြန်ဆုံးအတက်အဆင်း စံချိန်တင်ခဲ့သူကတော့ ဆွစ်-အီကွေဒေါ တောင်တက်သမား Karl Egloff ဖြစ်ပြီး စုစုပေါင်းအချိန် ၆နာရီ ၄၂မိနစ် နဲ့ ၂၄ စက္ကန့်ဖြစ်ပါတယ်။ Bernard Goosen ဆိုတဲ့ တောင်အာဖရိက မသန်စွမ်းတယောက်ကလည်း သူ့ရဲ့ဝှီးချဲနဲ့ ဒီတောင်ကို နှစ်ကြိမ်တိုင် တက်ခဲ့ပါသေးတယ်။

လွန်ခဲ့သောနှစ် ၁၀၀ နဲ့ နှိုင်းယှဉ်ပါက ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေကြောင့် ယနေ့အချိန်မှာ တောင်ထိပ်က ဆီးနှင်းနဲ့ ရေခဲတွေဟာ ၈၀% ခန့် လျော့ကျသွားခဲ့ပြီဖြစ်ပြီး လာမယ့် နှစ် ၂၀ မှာ ဆီးနှင်းအားလုံးအရည်ပျော်သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ သဘာဝတိုက်စားမှု နဲ့ ရေအရင်းအမြစ်ကို ကာကွယ်နိုင်ဖို့အတွက် တန်ဇန်းနီးယားတာဝန်ရှိသူတွေဟာ ၂၀၀၈ ခုနှစ်လောက်ကတည်းက သစ်ပင်ပေါင်း ၅သန်းနီးပါး စိုက်ပျိုးမယ့် အစီအစဉ်ကို စတင်အကောင်အထည်ဖော်ခဲ့ကြပါတယ်။

ကီလီမန်ဂျာရိုတောင်ရဲ့ အစွတ်စိုဆုံးကာလက မတ်လကနေ မေလ အထိဖြစ်ပြီး ဧပြီလ ကနေ အောက်တိုဘာလအထိတော့ မိုးနည်းကာ ခြောက်သွေ့လေ့ရှိပါတယ်။ တောင်တက်သမားတွေ အများဆုံးတက်ရောက်လေ့ရှိတဲ့ ကာလတွေကတော့ ဒီဇင်ဘလ ကနေ မတ်လ လယ်အတွင်း နဲ့ ဇွန်လလယ် ကနေ အောက်တိုဘာလအတွင်း တို့ပဲ ဖြစ်ပါတယ်။

Tags: mountains
Next Post
ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!