• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 21, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

 အာဏာရှင်ကြီးဟစ်တလာရဲ့ လူသိနည်းတဲ့ ထူးခြားအချက်အလက်တချို့

by Thutamm
July 25, 2019
Reading Time: 1min read
0
 အာဏာရှင်ကြီးဟစ်တလာရဲ့ လူသိနည်းတဲ့ ထူးခြားအချက်အလက်တချို့
Share on FacebookShare on Twitter

ဟစ်တလာရဲ့ မူရင်းနာမည်က Adof Schicklgruber ဖြစ်ရမှာဖြစ်ပါတယ်။ ဖခင်ဖြစ်သူက သူ့ရဲ့နာမည်ကို ၁၈၇၇ခုနှစ်မှာ ပြောင်းခဲ့တဲ့အတွက် Adof Hitler လို့ဖြစ်လာခဲ့ခြင်းပါ။

ဟစ်တလာ လေးနှစ်သားအရွယ်က ရေနစ်ခဲ့ဖူးပါတယ်။ တကယ်လို့များ ဘုန်းတော်ကြီးတစ်ပါးက လာရောက်မကယ်ဆယ်ဖူးဆိုရင် ဟစ်တလာဟာ အဲဒီအချိန်တည်းက သေဆုံးဖွယ်ရာရှိပါတယ်။

ဟစ်တလာ ဟာ ကလေးဘဝတုန်းက ဘုန်းကြီးတစ်ပါးဖြစ်ချင်ခဲ့ပါတယ်။ လူငယ်အရွယ်မှာတော့ ဗိသုကာပညာရှင် ၊ ပန်းချီဆရာတစ်ယောက်ဖြစ်ချင်ခဲ့ပြီး ကြိုးစားခဲ့ပေမယ့် ကံကြမ္ဘာဟာ သူ့ကိုမျက်နှာစာမပေးခဲ့ပါဘူး။ ဟစ်တာဟာ ရာပေါင်းများစွာသောပန်းချီကားချပ်တွေကို ရေးဆွဲခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ သူ့ရဲ့ပန်းချီကားတွေမှာ အေ ဟစ်တလာ လို့ လက်မှတ်ရေးထိုးလေ့ရှိပါတယ်။

၁၉၁၂ခုနှစ်မှာ ဟစ်တလာဟာ မြူးနစ်မြို့မှာနေထိုင်ခဲ့ပြီး လက်သမားဆရာ ၊ ပုံတူရေးဆရာ ၊ ရေဆေးပန်းချီဆရာ စတဲ့အလုပ်တွေလုပ်ခဲ့ပြီး ဝမ်းစာရှာခဲ့ရပါတယ်။

ပထမကမ္ဘာစစ်တုန်းက ဗြိတိသျှစစ်သားတစ်ယောက်ဖြစ်တဲ့ ဟင်နရီတန်ဒီဆိုသူဟာ ဒါဏ်ရာရနေတဲ့ ဂျာမန်စစ်သားတစ်ယောက်ကို မသတ်ပဲ လွှတ်ပေးခဲ့ဖူးပါတယ်။ စစ်ပွဲအတွင်း ဒါဏ်ရာရထားတဲ့သူကို မသတ်သင့်လို့ ခံယူထား ခဲ့လို့ဖြစ်ပါတယ်။ သူလွှတ်ပေးခဲ့တဲ့ ဂျာမန်စစ်သားလေးဟာ နောက်ပိုင်းမှာ Hitler ဖြစ်လာခဲ့ပါတယ်။

ဟစ်တလာဟာ ပထမကမ္ဘာစစ်အတွင်းမှာ ဂျာမန်သူရဲကောင်းတံဆိပ် Iron  Cross ကို ရရှိဖူးသူဖြစ်ပါတယ်။ သူ့ကို ဒီဆုပေးသင့်ကြောင်း ထောက်ခံခဲ့တဲ့ စစ်ဗိုလ် Hug Gutmann က ဂျူး တစ်ယောက်ဖြစ်ပါတယ်။

ဟစ်တလာဟာ နာတာရှည်လေအောင့်ရောဂါရှိသူတစ်ဦးဖြစ်ပြီး သွားလေ ရာကို ဆေးဝါး ၂၈မျိုးခန့်သယ်ဆောင် သွားရတယ်လို့ သိရပါတယ်။

ဂျူး-သြစတြီးယန်း Eduard Bloch အမည်ရတဲ့ ဆရာဝန်တစ်ယောက်ဟာ ဟစ်တလာမိသားစုဆင်းရဲတာကို သိတဲ့အတွက် အခကြေးငွေမယူပဲ ကုသပေးခဲ့ပါတယ်။ ဒါကြောင့် ဟစ်တလာဟာ အဲဒီဆရာဝန်ကို ကာကွယ်ပေးခဲ့ပြီး မြင့်မြတ်တဲ့ဂျူး(Noble Jew) လို့ခေါ်ခဲ့ပါတယ်။

ဟစ်တလာဟာ သူ့ရဲ့ Holocaust တွေပြီးဆုံးတဲ့အခါ ဂျူးတွေရဲ့ ထောင်ပေါင်းများစွာသောလက်မှုပစ္စည်းတွေကို စုဆောင်းပြသဖို့အတွက် ပြတိုက်တစ်ခုဖွင့်ဖို့ အစီအစဉ်ရှိခဲ့ပါတယ်။ အဲဒီပြတိုက်ကို သူပေးမယ့်နာမည်က မျိုးတုံးပျောက်ကွယ်သွားတဲ့ လူမျိုးတစုရဲ့ ပြတိုက် (Museum of An Extinct Race) ဖြစ်ပါတယ်။

ဟစ်တလာဟာ ကမ္ဘာပေါ်က အကြိမ်အများဆုံးလုပ်ကြံခံရသူထဲကတစ်ဦးဖြစ်ပါတယ်။ သေနတ်နဲ့အပစ်ခံရတာ ၊ ကားဗုံးဖောက်ခွဲဖို့ကြိုးစားခံရတာ စသဖြင့် လုပ်ကြံမှုပေါင်း အကြိမ် ၅၀ ကျော်ခန့်ကြုံတွေ့ခဲ့ြ့ပီး ထူးထူးခြားခြားလွတ်မြောက်ခဲ့သူပါ။

ဟစ်တလာဟာ ၁၉၃၉ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်တင်သွင်းခြင်းခံရသလို ၁၉၃၈ခုနှစ် တိုင်းမ်မဂ္ဂဇင်းရဲ့ Man of the Year အဖြစ်ဖေါ်ပြခြင်းခံရပါတယ်။

ဟစ်တလာဟာ ကြောင်တွေကိုကြောက်တဲ့ ailurophobia ဆိုတဲ့အကျင့်ရှိသူပါ။ သူ့လိုပဲကြောင်တွေကိုကြောက်တဲ့အခြား ကမ္ဘာကျော်တွေကတော့ အလက်ဇန်းဒါးသယ်ဂရိတ် ၊ နပိုလီယံ နဲ့ မူဆိုလီနီ တို့ဖြစ်ကြပါတယ်။

ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး ဂန္ဒီဟာ ဟစ်တလာထံ စစ်ပွဲတွေကိုရှောင်လွှဲဖို့ဖြောင်းဖြထားတဲ့ စာတစ်စောင်ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဗြိတိသျှအစိုးရဟာ ဟစ်တလာထံ ပို့မပေးခဲ့တဲ့အတွက်ဟစ်တလာဟာ ဒီစာကို ဖတ်မသွားခဲ့ရပါဘူး။

ဟစ်တလာရော ၊ အိုစမာဘင်လာဒင်ရော သေဆုံးခဲ့ပြီးလို့ အတည်ပြုကြေငြာခြင်းခံခဲ့တဲ့နေ့ရက်ဟာ ကမ္ဘာ့အလုပ်သမားနေ့ မေလ ၁ ရက်နေ့မှာဖြစ်ပါတယ်။

D-Day နေ့ မဟာမိတ်တပ်တွေရောက်လာတဲ့အချိန်မှာ ဟစ်တာဟာ အိပ်ပျော်နေခဲ့ပါတယ်။ ကျန်တဲ့စစ်ဗိုလ်ချုပ်တွေဟာ ဟစ်တလာရဲ့ အမိန့်မပါပဲ တပ်အကူများမလွှတ်ရဲသလို ၊ အိပ်ပျော်နေတဲ့ ဟစ်တလာကိုလည်း မနိုးရဲခဲ့ကြပါဘူး။

နာဇီအဖွဲ့မှာ ဟစ်တလာရဲ့ အဖွဲ့ဝင်နံပါတ်က ၅၅၅ ဖြစ်ပါတယ်။ ဒါပေမယ့် နံပါတ်အစဟာ ၁ က စခြင်းမဟုတ်ပဲ ၅၀၀ က စပါတယ်။ သူတို့အဖွဲ့ဝင်တွေများတယ်လို့ ထင်ရအောင် ဒီလိုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

ဟစ်တလာ ဟာ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ပေမယ့် မသေခင်အချိန်အထိ ဘယ်မိန်းမကိုမှ လက်မထပ်ခဲ့ပါဘူး။ ဟစ်တလာဟာ နဲ့ ဇနီးဖြစ်သူ Eva Braun တို့ဟာ သူတို့မသေခင် နာရီ ၄၀အတွင်းမှာမှ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ FBI နဲ့ ရုရှားထောက်လှမ်းရေးအဖွဲ့တွေဆီကနေ ဟစ်တလာ ဟာ မသေပဲ ရေငုပ်သင်္ဘောနဲ့အတူ လွတ်မြောက်သွားပြီး တောင်အမေရိကတိုက်မှာ အသက် ၇၃နှစ်အထိနေသွားခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လူအများစုကတော့ ၁၉၄၅ခုနှစ်မှာ သေဆုံးသွားခဲ့ပြီလို့ပဲ  လက်ခံခဲ့ကြပါတယ်။

 

Tags: world people
Next Post
မြန်မာ့ အနုပညာရှင်ကြီးတချို့ရဲ့ လူသိနည်းတဲ့ ကြည်နူးဖွယ်ဖြစ်ရပ်များ

မြန်မာ့ အနုပညာရှင်ကြီးတချို့ရဲ့ လူသိနည်းတဲ့ ကြည်နူးဖွယ်ဖြစ်ရပ်များ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!