ကမ္ဘာပေါ်မှာ ထူးထူးခြားခြားသင်္ချိုင်းတွေ ရှိတဲ့အနက် တောင်အမေရိက အာဂျင်တီးနားနိုင်ငံ မြို့တော် ဗျူနိုအေးရိစ် မြို့လယ်မှာရှိတဲ့ La Recoleta လာရက်ကိုလက်တာ သင်္ချိုင်းဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ မြို့တော်ရဲ့ အလယ်ရပ်ကွက်ဖြစ်တဲ့ Recoleta မှာ တည်ရှိတဲ့ သင်္ချိုင်းဖြစ်ပြီး ဒီနေရာမှာ အာဂျင်တီးနားရဲ့ တည်ထောင်သူ ဖခင်ကြီးတွေ ၊ စစ်ဗိုလ်ချုပ်ကြီးတွေ ၊ သမ္မတတွေ ၊ အနုပညာရှင်တွေ ၊ နိုဘယ်ဆုရှင်တွေ အပါအဝင် နာမည်ကျော် ပုဂ္ဂိုလ်တွေကို ထားရှိပါတယ်။
၁၈ ရာစု အစောပိုင်းမှာ ပြင်သစ်ခရစ်ယာန် ဘုန်းတော်ကြီးအချို့ဟာ ဗျူနိုအေးရိစ် မြို့ကို ရောက်ရှိလာခဲ့ပြီးနောက် မြို့တော်ရဲ့အစွန်အဖျားဒေသတွေမှာ နေထိုင်ခဲ့ကြပါတယ်။ ၁၇၃၂ ခုနှစ်မှာတော့ လက်ရှိ သင်္ချိုင်းနေရာမှာ ခရစ်ယာန်သီလရှင်ကျောင်း နဲ့ ဘုရားကျောင်းတခု (Our Lady of Pilar ) ကို စတင်တည်ဆောက်ခဲ့ကြပါတယ်။
၁၈၂၂ ခုနှစ်မှာတော့ သီလရှင်ကျောင်းရဲ့ ဥယျာဉ်နေရာကို သင်္ချိုင်းအဖြစ် ပြောင်းလဲသတ်မှတ်စေခဲ့ပြီး အဲဒီနှစ်အောက်တိုဘာလမှာ မြောက်ပိုင်းသင်္ချိုင်းလို့ နာမည်တပ်ကာ အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီပြောင်းလဲမှုကို အဓိက ဆောင်ရွက်ခဲ့သူတွေကတော့ မြို့တော်ဘုရင်ခံ Martín Rodríguez နဲ့ နောင် ၄နှစ်အကြာမှာ အာဂျင်တီးနားနိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်လာမယ့် Bernardino Rivadavia တို့ ပဲ ဖြစ်ပါတယ်။
သင်္ချိုင်းရဲ့ ဒီဇိုင်းကို ဆွဲခဲ့သူကတော့ ပြင်သစ်မြို့ပြအင်ဂျင်နီယာ Próspero Catelin ဖြစ်ပါတယ်။ ၁၄ ဧက ကျယ်ဝန်းတဲ့မြေပေါ်မှာ တည်ဆောက်ထားတဲ့ ဒီသင်္ချိုင်းမှာ အုတ်ဂူအဆောက်အအုံပေါင်း ၄၆၉၁ ခု ရှိနေပါတယ်။ ဒီအထဲကို ၉၄ ခုကို အာဂျင်တီးနားအစိုးရက အမျိုးသားအထိမ်းအမှတ် ဗိမာန်တွေအဖြစ် သတ်မှတ်ထားပါတယ်။
သင်္ချိုင်းရဲ့အဝင်အဆောက်အဦးကိုတော့ ၁၈ရာစုတုန်းက အီတလီ နဲ့ ပြင်သစ်တို့မှာ ခေတ်စားခဲ့တဲ့ Neoclassical ဗိသုကာစတိုင် တည်ဆောက်ထားပါတယ်။ အုတ်ဂူတွေထဲမှာ စကျင် ကျောက်ဖြူသား နဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံပေါင်းများစွာ ပါဝင်ပြီး သင်္ချိုင်းတခုလုံးမှာ ရုပ်တုတွေအပြင် Art Deco, Art Nouveau, Baroque, Neo-Gothic စတဲ့ ဗိသုကာလက်ရာတွေ နဲ့ တန်ဆာဆင်ထားပါသေးတယ်။ ၁၈၈၀ ခုနှစ် နဲ့ ၁၉၃၀ ကြားကာလမှာ အဓိကတည်ဆောက်ခဲ့တာဖြစ်ပြီး လိုအပ်တဲ့ပစ္စည်းတွေကိုတော့ မီလန် နဲ့ ပါရီမြို့တွေကနေ တင်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။
၁၈၈၁ ခုနှစ်မှာတော့ ယိုယွင်းနေပြီဖြစ်တဲ့ သင်္ချိုင်းကို မြို့တော်ဝန် Torcuato de Alvear က အီတလီနာမည်ကျော် ဗိသုကာပညာရှင် Juan Antonio Burschiazzo ရဲ့ အကူအညီနဲ့ ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ အဝင်တံခါးဝကို ထပ်မံတည်ဆောက်ခဲ့သလို လျှောက်လမ်းတွေကို ပိုမိုကောင်းမွန်စေဖို့ ဖန်တီးခဲ့ရပါတယ်။ သင်္ချိုင်းတခုလုံးကို တကယ့်မြို့ကွက်တခုလို စနစ်တကျပုံဖော်ထားတာဖြစ်ပြီး အဓိကလျှောက်လမ်းမကြီးရဲ့ဘေးမှာတော့ သစ်ပင်တွေကို စိုက်ပျိုးထားပါသေးတယ်။ လက်ရှိ Recoleta ဆိုတဲ့ အမည်ကိုတော့ ၁၉၄၉ ခုနှစ်မှ ပြောင်းလဲခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်ထိလည်း စနစ်တကျထိန်းသိမ်းမှုတွေပြုလုပ်နေဆဲဖြစ်တာကြောင့် သင်္ချိုင်းဂူအားလုံးနီးပါးဟာ အကောင်းပကတိအတိုင်း ရှိနေပါသေးတယ်။ အာဂျင်တီးနားမြို့တော်ကို လာရောက်လည်ပတ်တဲ့ ခရီးသည်တိုင်းလိုလို လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာဖြစ်ပြီး အာဂျင်တီးနားနိုင်ငံရဲ့ သမိုင်းတချို့ကို ဒီနေရာမှာ တစုတစည်းတည်း တွေ့နိုင်မှာဖြစ်ပါတယ်။
သင်္ချိုင်းရဲ့ အထိန်းအမှတ်နေရာအများစုကို ဖန်တီးပေးထားသူတွေကတော့ အာဂျင်တီးနားပန်းပုပညာရှင်တွေဖြစ်တဲ့ Lola Mora နဲ့ Luis Perlotti တို့ပဲဖြစ်ပါတယ်။ ဒီသင်္ချိုင်းမှာ လူအစိတ်ဝင်စားဆုံး ခံရတဲ့ အုတ်ဂူကတော့ အသက် ၂၆နှစ်အရွယ် Liliana Crociati de Szaszak ဆိုသူ အမျိုးသမီးရဲ့ အုတ်ဂူပါ။ သူမတည်းတဲ့ ဟိုတယ်ဟာ တောင်ပြိုမှုကြောင့်ထိခိုက်မိရာကနေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ သူမရဲ့ အုတ်ဂူကို မိခင်ဖြစ်သူက Neo-Gothic စတိုင် ဒီဇိုင်းထုတ်ပေးပြီး ဖခင်ဖြစ်သူရဲ့ သမီးအတွက်ရေးထားတဲ့ ကဗျာကို ကပ်ထားပါတယ်။ အုတ်ဂူပေါ်မှာတော့ သူမရဲ့အရွယ်အစားပုံစံတူ ကြေးရုပ်ကို ထွင်းထုပေးထားပြီး အနီးမှာတော့ သူမနဲ့အတူသေဆုံးသွားတဲ့ ခွေးကလေး Sabú ရုပ်တုကို ပါထည့်ပေးထားပါတယ်။
Recoleta သင်္ချိုင်းဟာ ကမ္ဘာ့အလှဆုံး ၊ ကမ္ဘာ့စနစ်အကျဆုံး သင်္ချိုင်းတွေထဲမှာ မကျခဏထည့်သွင်းဖော်ပြခံရသလို ဗျူနိုအေးရိစ် မြို့ရဲ့ ကမ္ဘာလှည့်ခရီးသွား အလာဆုံးနေရာတခုအဖြစ်လည်း ဖြစ်ပါတော့တယ်။ အောက်က ပုံတွေကို ကြည့်ပြီး ခဏလောက် သွားလည်ကြည့်လိုက်ကြပါဦး …
—— ——– ———-
(Zawgyi)
အာဂ်င္တုိင္း ၿမဳိ႕လယ္ေခါင္က နာမည္ေက်ာ္သခၤ်ဳိင္း
ကမာၻေပၚမွာ ထူးထူးျခားျခားသခၤ်ုိင္းေတြ ရွိတဲ့အနက္ ေတာင္အေမရိက အာဂ်င္တီးနားႏုိင္ငံ ၿမဳိ႕ေတာ္ ဗ်ဴႏုိေအးရိစ္ ၿမဳိ႕လယ္မွာရွိတဲ့ La Recoleta လာရက္ကိုလက္တာ သခၤ်ဳိင္းဟာလည္း တခုအပါအ၀င္ျဖစ္ပါတယ္။ ၿမဳိ႕ေတာ္ရဲ႕ အလယ္ရပ္ကြက္ျဖစ္တဲ့ Recoleta မွာ တည္ရွိတဲ့ သခၤ်ဳိင္းျဖစ္ၿပီး ဒီေနရာမွာ အာဂ်င္တီးနားရဲ႕ တည္ေထာင္သူ ဖခင္ႀကီးေတြ ၊ စစ္ဗုိလ္ခ်ဳပ္ႀကီးေတြ ၊ သမၼတေတြ ၊ အႏုပညာရွင္ေတြ ၊ ႏုိဘယ္ဆုရွင္ေတြ အပါအ၀င္ နာမည္ေက်ာ္ ပုဂၢဳိလ္ေတြကို ထားရွိပါတယ္။
၁၈ ရာစု အေစာပုိင္းမွာ ျပင္သစ္ခရစ္ယာန္ ဘုန္းေတာ္ႀကီးအခ်ဳိ႕ဟာ ဗ်ဴႏုိေအးရိစ္ ၿမဳိ႕ကို ေရာက္ရွိလာခဲ့ၿပီးေနာက္ ၿမဳိ႕ေတာ္ရဲ႕အစြန္အဖ်ားေဒသေတြမွာ ေနထုိင္ခဲ့ၾကပါတယ္။ ၁၇၃၂ ခုႏွစ္မွာေတာ့ လက္ရွိ သခၤ်ဳိင္းေနရာမွာ ခရစ္ယာန္သီလရွင္ေက်ာင္း နဲ႔ ဘုရားေက်ာင္းတခု (Our Lady of Pilar ) ကို စတင္တည္ေဆာက္ခဲ့ၾကပါတယ္။
၁၈၂၂ ခုႏွစ္မွာေတာ့ သီလရွင္ေက်ာင္းရဲ႕ ဥယ်ာဥ္ေနရာကို သခၤ်ဳိင္းအျဖစ္ ေျပာင္းလဲသတ္မွတ္ေစခဲ့ၿပီး အဲဒီႏွစ္ေအာက္တုိဘာလမွာ ေျမာက္ပိုင္းသခၤ်ဳိင္းလုိ႔ နာမည္တပ္ကာ အခမ္းအနားနဲ႔ ဖြင့္လွစ္ခဲ့ပါတယ္။ ဒီေျပာင္းလဲမႈကို အဓိက ေဆာင္ရြက္ခဲ့သူေတြကေတာ့ ၿမဳိ႕ေတာ္ဘုရင္ခံ Martín Rodríguez နဲ႔ ေနာင္ ၄ႏွစ္အၾကာမွာ အာဂ်င္တီိးနားႏုိင္ငံရဲ႕ ပထမဆုံး သမၼတျဖစ္လာမယ့္ Bernardino Rivadavia တုိ႔ ပဲ ျဖစ္ပါတယ္။
သခၤ်ဳိင္းရဲ႕ ဒီဇုိင္းကို ဆြဲခဲ့သူကေတာ့ ျပင္သစ္ၿမဳိ႕ျပအင္ဂ်င္နီယာ Próspero Catelin ျဖစ္ပါတယ္။ ၁၄ ဧက က်ယ္၀န္းတဲ့ေျမေပၚမွာ တည္ေဆာက္ထားတဲ့ ဒီသခၤ်ဳိင္းမွာ အုတ္ဂူအေဆာက္အအုံေပါင္း ၄၆၉၁ ခု ရွိေနပါတယ္။ ဒီအထဲကို ၉၄ ခုကို အာဂ်င္တီးနားအစိုးရက အမ်ဳိးသားအထိမ္းအမွတ္ ဗိမာန္ေတြအျဖစ္ သတ္မွတ္ထားပါတယ္။
သခၤ်ဳိင္းရဲ႕အ၀င္အေဆာက္အဦးကိုေတာ့ ၁၈ရာစုတုန္းက အီတလီ နဲ႔ ျပင္သစ္တုိ႔မွာ ေခတ္စားခဲ့တဲ့ Neoclassical ဗိသုကာစတုိင္ တည္ေဆာက္ထားပါတယ္။ အုတ္ဂူေတြထဲမွာ စက်င္ ေက်ာက္ျဖဴသား နဲ႔ တည္ေဆာက္ထားတဲ့ အေဆာက္အအုံေပါင္းမ်ားစြာ ပါ၀င္ၿပီး သခၤ်ဳိင္းတခုလုံးမွာ ရုပ္တုေတြအျပင္ Art Deco, Art Nouveau, Baroque, Neo-Gothic စတဲ့ ဗိသုကာလက္ရာေတြ နဲ႔ တန္ဆာဆင္ထားပါေသးတယ္။ ၁၈၈၀ ခုႏွစ္ နဲ႔ ၁၉၃၀ ၾကားကာလမွာ အဓိကတည္ေဆာက္ခဲ့တာျဖစ္ၿပီး လုိအပ္တဲ့ပစၥည္းေတြကိုေတာ့ မီလန္ နဲ႔ ပါရီၿမဳိ႕ေတြကေန တင္သြင္းအသုံးျပဳခဲ့တာျဖစ္ပါတယ္။
၁၈၈၁ ခုႏွစ္မွာေတာ့ ယုိယြင္းေနၿပီျဖစ္တဲ့ သခၤ်ဳိင္းကို ၿမဳိ႕ေတာ္၀န္ Torcuato de Alvear က အီတလီနာမည္ေက်ာ္ ဗိသုကာပညာရွင္ Juan Antonio Burschiazzo ရဲ႕ အကူအညီနဲ႔ ျပန္လည္ျပင္ဆင္ခဲ့ပါတယ္။ အ၀င္တံခါး၀ကို ထပ္မံတည္ေဆာက္ခဲ့သလုိ ေလွ်ာက္လမ္းေတြကို ပုိမုိေကာင္းမြန္ေစဖုိ႔ ဖန္တီးခဲ့ရပါတယ္။ သခၤ်ဳိင္းတခုလုံးကို တကယ့္ၿမဳိ႕ကြက္တခုလုိ စနစ္တက်ပုံေဖာ္ထားတာျဖစ္ၿပီး အဓိကေလွ်ာက္လမ္းမႀကီးရဲ႕ေဘးမွာေတာ့ သစ္ပင္ေတြကို စုိက္ပ်ဳိးထားပါေသးတယ္။ လက္ရွိ Recoleta ဆုိတဲ့ အမည္ကိုေတာ့ ၁၉၄၉ ခုႏွစ္မွ ေျပာင္းလဲေခၚေ၀ၚခဲ့တာျဖစ္ပါတယ္။
လက္ရွိအခ်ိန္ထိလည္း စနစ္တက်ထိန္းသိမ္းမႈေတြျပဳလုပ္ေနဆဲျဖစ္တာေၾကာင့္ သခၤ်ဳိင္းဂူအားလုံးနီးပါးဟာ အေကာင္းပကတိအတုိင္း ရွိေနပါေသးတယ္။ အာဂ်င္တီးနားၿမဳိ႕ေတာ္ကို လာေရာက္လည္ပတ္တဲ့ ခရီးသည္တုိင္းလုိလုိ လာေရာက္လည္ပတ္ေလ့ရွိတဲ့ ေနရာျဖစ္ၿပီး အာဂ်င္တီးနားႏုိင္ငံရဲ႕ သမုိင္းတခ်ဳိ႕ကို ဒီေနရာမွာ တစုတစည္းတည္း ေတြ႔ႏုိင္မွာျဖစ္ပါတယ္။
သခၤ်ဳိင္းရဲ႕ အထိန္းအမွတ္ေနရာအမ်ားစုကို ဖန္တီးေပးထားသူေတြကေတာ့ အာဂ်င္တီးနားပန္းပုပညာရွင္ေတြျဖစ္တဲ့ Lola Mora နဲ႔ Luis Perlotti တို႔ပဲျဖစ္ပါတယ္။ ဒီသခၤ်ဳိင္းမွာ လူအစိတ္၀င္စားဆုံး ခံရတဲ့ အုတ္ဂူကေတာ့ အသက္ ၂၆ႏွစ္အရြယ္ Liliana Crociati de Szaszak ဆုိသူ အမ်ဳိးသမီးရဲ႕ အုတ္ဂူပါ။ သူမတည္းတဲ့ ဟုိတယ္ဟာ ေတာင္ၿပဳိမႈေၾကာင့္ထိခုိက္မိရာကေန ေသဆုံးခဲ့ရတာျဖစ္ပါတယ္။ သူမရဲ႕ အုတ္ဂူကို မိခင္ျဖစ္သူက Neo-Gothic စတုိင္ ဒီဇုိင္းထုတ္ေပးၿပီး ဖခင္ျဖစ္သူရဲ႕ သမီးအတြက္ေရးထားတဲ့ ကဗ်ာကို ကပ္ထားပါတယ္။ အုတ္ဂူေပၚမွာေတာ့ သူမရဲ႕အရြယ္အစားပုံစံတူ ေၾကးရုပ္ကို ထြင္းထုေပးထားၿပီး အနီးမွာေတာ့ သူမနဲ႔အတူေသဆုံးသြားတဲ့ ေခြးကေလး Sabú ရုပ္တုကို ပါထည့္ေပးထားပါတယ္။
Recoleta သခၤ်ဳိင္းဟာ ကမာၻ႔အလွဆုံး ၊ ကမာၻ႔စနစ္အက်ဆုံး သခၤ်ဳိင္းေတြထဲမွာ မက်ခဏထည့္သြင္းေဖာ္ျပခံရသလုိ ဗ်ဴႏုိေအးရိစ္ ၿမဳိ႕ရဲ႕ ကမာၻလွည့္ခရီးသြား အလာဆုံးေနရာတခုအျဖစ္လည္း ျဖစ္ပါေတာ့တယ္။
Discussion about this post