ကနေရီ မိန်းကလေးများ Canary Girls ဆိုတာကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဗြိတိန်တပ်မတော်အတွက် လက်နက်ခဲယမ်း တွေထုတ်လုပ်ပေးရတဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ Canary ငှက်ဆိုတာ အဝါရောင်ငှက်ဖြစ်တာကြောင့် Canary Girls ဟာ အဝါရောင်အမျိုးသမီးများလို့ အဓိပ္ပါယ်ရမှာဖြစ်ပါတယ်။ ယင်းအမျိုးသမီးတွေဟာဆိုရင် ရှေ့တန်းစစ်မြေပြင်အတွင်းက ဗြိတိန်စစ်သည်တော်တွေအတွက် Trinitrotoluene (TNT) အ မြောက် ကျည်ဆန်တွေကို ထုတ်လုပ်ပေးရတဲ့လုပ်ငန်းခွင်မှာလပေါင်းများစွာကြာအောင်အလုပ်လုပ်ခဲ့ရပါတယ်။
အစောပိုင်းကာလတွေကတော့ ယင်းလက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေပူးပေါင်းလာတာဟာ နိုင်ငံရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ဖြစ်စဉ်အဖြစ်သာရှိခဲ့ရာကနေ စစ်ပွဲကာလ ကြာမြင့်လာချိန်မှာတော့ လုပ်သားအားလုံးဟာ အမျိုးသမီးတွေသာဖြစ်ခဲ့ပါတော့တယ်။ (၁၉၂၄)ခုနှစ်ကနေ(၁၉၁၈)ကာလ ကြားမှာဆိုရင် အမျိုးသမီးလုပ်သားထုပေါင်း(၂)သန်းလောက်ဟာ အမျိုးသားတွေရဲ့လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ကြပါတယ်။
လက်နက်ခဲယမ်းထုတ်လုပ်တဲ့လုပ်ငန်းဟာဆိုရင် အလွန်အန္တရာယ်များတဲ့လုပ်ငန်းဖြစ်ပြီးCanary Girls တွေကတော့ အခေကြေးငွေနည်းနည်းနဲ့ ဝင်ရောက်လုပ်ကိုင်ခဲ့ရပါတယ်။ စစ်မြေပြင်မှာလို ရန်သူရဲ့တိုက်ခိုက်မှုကိုမခံရတာ မှန်ပေမဲ့လည်း TNT ဒြပ်ပေါင်းကနေ ထွက်ရှိတဲ့ဘေးထွက်ပစ္စည်းတွေကြောင့် ပြင်းထန်တဲ့ နာဖျားမှုတွေကနေ ေ_ ဆုံး ခဲ့ရတဲ့ ဖြစ်စဉ်တွေလည်းနေ့စဉ်ဘဝမှာကြုံတွေ့ခဲ့ရပါ တယ်။ ဒါအပြင် ကာလအခြေအနေအရ ယနေ့ခေတ်လို အကာအကွယ်ပစ္စည်း၊ဝတ်စုံတွေဝတ်ဆင်နိုင်ခြင်း မရှိတဲ့အခြေအနေတွေကလည်း ယင်းခေတ်ကာလက လက်နက်ထုတ်လုပ်ရေးလုပ်ငန်းခွင်က အမျိုးသမီးထုကြီးကို ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုးခံစားစေခဲ့ရတယ်ဆိုရင်လည်းမမှားပါဘူး။
နေ့စဉ်ဓာတုဗေဒပစ္စည်းတွေကို ကိုင်တွယ်သုံးစွဲနေခဲ့ရတာကြောင့် အရေပြားရောဂါတွေလည်း လုပ်သားတိုင်းလိုလိုဖြစ်ပေါ်ခဲ့ရပါတယ်။ လုပ်ငန်းခွင်တွင်းပေါက်ကွဲစေတတ်တဲ့ လက်နက်မတော်တဆမှုတွေကြောင့် ခြေလက် ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်မျိုးတွေ၊ အသားအရည်လောင်ကျွမ်းခံရတဲ့ဖြစ်စဉ်မျိုးတွေလည်း ဖြစ်ပေါ်ခဲ့ရပြန်ပါတယ်။ အလုပ်သမအများစုကြုံတွေ့ခဲ့ရတာကတော့ ဓာတုပစ္စည်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ပျို့အန်ခြင်းတွေ၊ မအီမသာဖြစ်ခြင်းတွေနဲ့ မူလအသားအရည်ကနေ အဝါရောင်ဘက်ကိုကူးပြောင်းသွားခဲ့ရတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်။
အသားအဝါရောင်ဘက်ကိုကူးပြောင်းသွားပြီး ယင်းသို့ဖြစ်ရတဲ့အကြောင်းအရင်းကတော့ အမြောက်ကျည်ထုတ်လုပ်ရာမှာသုံးတဲ့ TNT ဒြပ်ပေါင်းမှာ ပါဝင်နေတဲ့အ ဆ ိပ် အတောက်ဒြပ်စင်တွေဟာ လူသားတွေအတွက် jaundice(အသားဝါရောဂါ) နဲ့ anaemia(သွေးအားနည်းရောဂါ) တွေကိုဖြစ်ပွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ကာလအတွင်းကဆိုရင် ဗြိတိန်အလုပ်သမပေါင်း (၄၀၀)လောက်ဟာ အသားဝါရောဂါကိုခံစားခဲ့ရပြီး ယင်းအနက်က (၁၀၀)ဦးလောက်ဟာဆိုရင် ရောဂါကို ေ_ ကောင်ပေါင်းလဲ ခံစားခဲ့ရတာလည်းဖြစ်ပါတယ်။ လုပ်ငန်းခွင်ပြီးဆုံးချိန်ကာလတွေမှာဆိုရင်လည်း Canary Girls တွေဟာအရိုးအဆစ်အားနည်းတဲ့ရောဂါ၊ လည်ချောင်းနဲ့ အရေပြားနီ/ရောင်ရမ်းတဲ့ရောဂါတွေကို လည်းထပ်မံခံစားခဲ့ရပြန်ပါတယ်။
(၁၉၁၆)ခုနှစ်က အင်္ဂလန်မှာဖွင့်လှစ်ခဲ့တဲ့ Rotherwas လက်နက်စက်ရုံမှာဆိုရင်လည်း အမျိုးသမီးလုပ်သားတွေရဲ့အစွမ်းနဲ့ ပထမကမ္ဘာစစ်ကာလအတွင်း ဗုံးလက်နက်ပေါင်း (၇၀၀၀၀)လောက်ကို ဗြိတိန်စစ်တပ်ကိုပေးပို့နိုင်ခဲ့ပါတယ်။ ယင်းစက်ရုံဟာ အကျယ်အဝန်းအားဖြင့် ဧက(၃၀၀)လောက်ကျယ်ဝန်းပြီး အဆောက်အအုံပေါင်း (၃၇၀) ခန့် ရှိနေကာ အမျိုးသမီး လုပ်သားပေါင်း (၄၀၀၀) ကနေ(၆၀၀၀)ကြားရှိပါတယ်။ Rotherwas ဟာနိုင်ငံ အရပ်ရပ်ကိုသွားလာတဲ့ ရထားလမ်းကွန်ယက်တွေဆုံရာမှာတည်ရှိနေတာကြောင့်လည်း စက်လက်နက်တင်ပို့ရာမှာ အလွန်ကိုအဆင်ပြေခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ကာလ(၁၉၄၂)ခုနှစ်က ဂျာမန်လေတပ်မတော် (Luftwaffe) ဘက်က ဗုံးတွဲပေါင်း (၂၅၀)ကီလိုဂရမ်လောက်ကို Rotherwas စက်ရုံပေါ်ကိုကြဲချခဲ့တာကြောင့် ဝန်ထမ်း(၂၂)ဦးအထိ ေ_ ဆုံး ခဲ့ရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။(၁၉၄၄)ခုနှစ် မှာလည်း Rotherwas စက်ရုံအတွင်း (၉၀၅)ကီလိုဂရမ်အထိ ရှိနေတဲ့ ဗုံးကြီးဟာ မတော်တဆပေါက်ကွဲ သွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ လူအ ေ_ အ ပျောက်မရှိပေမဲ့ ယင်းပေါက်ကွဲမှုကြောင့် စက်ရုံရဲ့ အဆောက်အအုံများစွာပျက်စီးခဲ့ရပြန်ပါတယ်။
(၁၉၆၇)ခုနှစ်မှာတော့ Rotherwas လက်နက်စက်ရုံကို ဗြိတိန်အစိုးရက ပိတ်သိမ်းခဲ့ပါတယ်။ ယနေ့ကာလမှာတော့ ယင်းစက်ရုံနေရာမှာ Skylon Park ကိုတည်ဆောက်ခဲ့ပြီး ယခင် Rotherwas စက်ရုံဟောင်းရဲ့ အဆောက်အအုံအချို့ကိုတော့တွေ့နိုင်ပါသေးတယ်။ Rotherwas တာဝန်ရှိသူတွေက ယင်းနေရာကိုပြတိုက်တစ်ခုအဖြစ်ဖန်တီးဖို့ အစိုးရထံ အဆိုပြုခဲ့ပေမဲ့ အောင်မြင်မှုတော့မရခဲ့ပါဘူး။
ယင်းအစား အစိုးရရဲ့ Heritage Lottery Fund(HLF) ကနေ Rotherwas လုပ်သားဟောင်းရန်ပုံငွေအဖြစ် စတာလင်ပေါင်(၇၇၁၀၀) ကိုသာ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါအပြင် (၂၀၁၆)ခုနှစ်မှာဆိုရင်လည်း Rotherwas ROF-Font line duty ဆိုတဲ့အမည်နဲ့ စီမံကိန်းတစ်ခုကိုချမှတ်ကာ စစ်ပွဲကာလတွေ အတွင်း Rotherwas မှာ တာဝန်ထမ်းဆောင်ခဲ့ကြသူ အားလုံးရဲ့အမည်ကိုဖော်ထုတ်ပြီး ဂုဏ်ပြုမှတ်တမ်းတင်နိုင်ဖို့လည်းကြိုးပမ်းခဲ့ကြပါတယ်။
Rotherwas စက်ရုံအခြေစိုက်ဒေသအုပ်ချုပ်ရေးကောင်စီဖြစ်တဲ့ Herefordshire County ရဲ့အစည်းအဝေးတစ်ခုတွင်းမှာလည်း Rotherwas မှာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမျိုးသား(၁)ဦးနဲ့အမျိုးသမီး (၃၀)ဦးလောက်ကိုတက်ရောက်ဖို့ဖိတ်ကြားပြီး ဂုဏ်ပြုပွဲကျင်းပပေးခဲ့ပါတယ်။ ဒါအပြင် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေဟာလည်း ယင်း Rotherwasစက်ရုံလုပ်သား/သမ ဟောင်းတွေကို သူမနေထိုင်ရာဒေါင်းနင်းလမ်းကနေအိမ်ကိုဖိတ်ကြားပြီး ဂုဏ်ပြုဆုတံဆိပ်အသီးသီးချီးမြှင့်ခဲ့ပါတယ်။
ဗြိတိန်မှာတော့ နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ (၈)ရက်နေ့တွေမှာ Rotherwas မှာတာဝန် ထမ်းဆောင်ခဲ့တဲ့ Canary Girls လို့တင်စားကြတဲ့ အသားရောင်အဝါအမျိုးသမီးလုပ်သားထုတွေအတွက် ဂုဏ်ပြုပွဲတွေ၊အမှတ်ရပွဲတွေကျင်းပပေးလေ့ရှိပါတယ်။
Discussion about this post