Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အသက် ၂၇နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ ကမ္ဘာ့အရပ်အပုဆုံးလူသား

by Thutamm
January 18, 2020
Reading Time: 1min read
0
အသက် ၂၇နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ ကမ္ဘာ့အရပ်အပုဆုံးလူသား
Share on FacebookShare on Twitter

ကမ္ဘာပေါ်မှာအရပ်အပုဆုံးလူသား(လမ်းလျှောက်နိုင်သူ) အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားခဲ့ဖူးတဲ့ နီပေါနိုင်ငံသား Khagendra Thapa Magar ဟာ ဇန်နဝါရီလ(၁၇)ရက်နေ့၊ သောကြာနေ့အချိန်မှာပဲ အဆုတ်ရောင်ရောဂါနဲ့ မိဘများနဲ့အတူနေထိုင်ရာ နီပေါနိုင်ငံ Kathmandu မြို့ရဲ့ကီလိုမီတာ(၂၀၀)လောက်ဝေးတဲ့ Pokhara မြို့ကဆေးရုံတစ်ခုမှာကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သူရဲ့မိသားစု ကအတည်ပြုပေးခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာတော့ ကမ္ဘာအရပ်အပုဆုံးလူသားဟာ အသက်(၂၇)နှစ်အရွယ်သာရှိသေးပြီး သူဟာအရပ် (ဝ.၆၇)မီတာ၊ (၂)ပေ(၂)လက်မ အရွယ်အစားနဲ့ သူအသက်(၁၈)နှစ်အရွယ်၊ (၂၀၁၀)ခုနှစ်၊အောက်တိုဘာလ(၁၀)ရက် နေ့ကတည်းက ကမ္ဘာဂရင်းနှစ်မှတ်တမ်းရဲ့ အရပ်အပုဆုံးလူသားအဖြစ် ကိုလံဘီယာနိုင်ငံသား Nino Hernandez (၂)ပေ (၃လက်မခွဲ) ကိုကျော်ဖြတ်ပြီး စာရင်းဝင်ခဲ့သူ လည်းဖြစ်ပါတယ်။ ဒါပေမဲ့သူရဲ့စံချိန်ဟာ(၂၀၁၁)ဇွန်လမှာတော့ ဖိလစ်ပိုင်နိုင်ငံသား junrey Balawing က(၁)ပေ (၁၁.၅၉)လက်မနဲ့ ကျော်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။

Khagendra Thapa Magar ဟာ ဆောင်းတွင်း ကာလ အတောတွင်းမှာပဲ အဆုတ်ရောင်ရောဂါနဲ့ ဆေးရုံကိုအတက်/အဆင်းပြု လုပ်နေရသူဖြစ်ပြီး ယခုလအစောပိုင်းကာလတွေမှာ တော့ သူရဲ့ရောဂါဟာ ပိုမိုပြင်းထန်လာခဲ့ပြီး နှလုံးထိခိုက်မှုဖြစ်စဉ်တွေခံစားခဲ့ရတဲ့အတွက် ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သူရဲ့ အစ်ကိုဖြစ်သူ Mahesh Thapa Magarက AFP သတင်းဌာနကို Khagendra Thapa Magar သေဆုံးတာဟာမှန်ကန်ကြောင်း အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

Khagendra Thapa Magar ဟာအသက်(၁၈)နှစ်ပြည့်မြောက်တဲ့ မွေးနေ့မှာပဲ သူ့ထက်နည်းနည်းလေးသာသေးတဲ့ ကမာ့္ဘအရပ်ပုဆုံးလူသားမှတ်တမ်းစာရွက်နဲ့ အတူ ဓာတ်ပုံရိုက်ခံခဲ့သူလည်းဖြစ်ပါတယ်။ သူရဲ့ဖခင်ဖြစ်သူ Roop Bahadur ကဆိုရင် “သူ့ကို မွေးတုန်းက သူ့အရွယ်အစားဟာ လက်ဖဝါးပေါ်မှာတင်ထားလို့ရလောက် တဲ့အထိသေးသေးလေးရယ်ပါ။ အလွန်သေးလွန်းအားကြီးလို့ သူအသက်ရှူရတာ အရမ်းခက်ခဲလွန်းနေခဲ့တာပါ။ ကျတော်အပါအဝင်ဆေးရုံဝန်ထမ်းတွေအားလုံး သူ့အတွက်နေ့စဉ်ဆုတောင်းနေခဲ့ရပြီး နောက်ဆုံးမှာတော့ သူဟာ အဆိုးဆုံးအခြေအနေတွေကို လွန်ဆန်ပြီး ကျတော်တို့မိသားစုဝင်စာရင်းထဲဝင်လာနိုင်ခဲ့ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

သူ့သက်တမ်း(၂၇)နှစ်တာကာလအတွင်းမှာ Khagendra Thapa Magar ဟာ နိုင်ငံပေါင်း ဒါဇင်ကျော်လောက်ကိုခရီးသွားခဲ့ပြီး ကမ္ဘာတစ်ခွင်က ချစ်ခင်သူများစွာကိုတွေ့ဆုံခဲ့ပါတယ်။ ဒါအပြင် ဥရောနဲ့အမေရိကန်ပြည်ထောင်စုအတွင်းက နာမည်ကျော်ရုပ်သံအစီစဉ် တွေမှာလည်း ဧည့်သည်တစ်ယောက်အဖြစ်ပါဝင်ခဲ့ကာ သူရဲ့အတွေ့အကြုံနဲ့ခံစားချက် တွေကို ဝေမျှပေးခဲ့သူလည်းဖြစ်ပါတယ်။ ကမာ့္ဘဂင်းနစ်မှတ်တမ်းစာအုပ်ရဲ့တာဝန်ခံအယ်ဒီတာဖြစ်တဲ့ Craig Glenday ကဆိုရင် လည်း Khagendra Thapa Magar သေဆုံးတဲ့သတင်းဟာ သူတို့အတွက်သတင်းဆိုး ဖြစ်ကြောင်း၊သူနဲ့အတူလက်တွဲအလုပ်လုပ်ခဲ့တဲ့အချိန်အများကြီးကိုသတိရနေမှာဖြစ် ကြောင်းနဲ့ မိသားစုနဲ့အတူထပ်တူဝမ်းနည်းရပါကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

သူကပဲ (၆)ကီလိုဂရမ်အလေးချိန်ရှိတဲ့သူတစ်ယောက်ဖို့ မဆိုထားနဲ့ သာမန်လူတစ်ယောက်အတွက်တောင် ဘဝတိုက်ပွဲကိုအောင်နိုင်ဖို့ အမြဲရုန်းကန်နေကြရတာပါ။ Khagendra Thapa Magar ကတော့ အောင်အောင်မြင်မြင်နဲ့ ကမ္ဘာကျော်ပုံရိပ်တစ်ခု ကိုတည်ဆောင်ပြနိုင်ခဲ့သလို သူ့အနေနဲ့ ကိုယ်ပိုင်ဘဝကို အနိုင်နဲ့ နှုတ်ဆက်ခဲ့တာပါလို့ ထပ်ဆင့်ချီးကျူးစကားဆိုခဲ့တာကိုလည်းတွေ့ရပါတယ်။

Khagendra Thapa Magar ဟာ မိခင်နိုင်ငံနီပေါအတွက်လည်းတာဝန်ကျေခဲ့သူဖြစ်ပြီး ကမ္ဘာအရပ်ပုဆုံးလမ်းလျှောက်နိုင်သူဂုဏ်ပုဒ်နဲ့ နီပေါနိုင်ငံရဲ့ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း ကို ကမ္ဘာလှည့်ခရီးသွားတွေအကြား သတိထားမိစေရန်လုပ်ဆောင်ပေးခဲ့တဲ့ မှတ်တမ်း တွေလည်းရှိနေပါတယ်။ အမှန်လည်းနီပေါနိုင်ငံဟာ ကမ္ဘာအမြင့်ဆုံးတောင်ထိပ် ဧဝရတ်တောင်နဲ့ ကမ္ဘာအရပ်ပုဆုံးလူသားဖြစ်ခဲ့တဲ့ Khagendra Thapa Magar အားနဲ့ နိုင်ငံခြားဝင်ငွေများစွာကို နိုင်ငံအတွက်စုဆောင်းပေးနိုင်ခဲ့ပါတယ်။

ကမ္ဘာဂင်းနစ်မှတ်တမ်းရဲ့ စီစဉ်ပေးမှုနဲ့အတူ Khagendra Thapa Magar ဟာ ကမ္ဘာ အရပ်ပုဆုံး(လမ်းလျှောက်နိုင်) အမျိုးသမီးအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ အိန္ဒိယနိုင်ငံသူ Jyoti Amge အပါအဝင် ကမ္ဘာအရပ်ပုဆုံးလူသား၊ကမ္ဘာအရပ်ရှည်ဆုံးလူသားတွေနဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပါသေးတယ်။

Khagendra Thapa Magar ရဲ့မှတ်တမ်းရုပ်သံတွေမှာဆိုရင် သူဟာသူအစ်ကိုဖြစ်သူနဲ့ ဂစ်တာအတူတီးခြင်း၊စက်ဘီးစီးခြင်းနဲ့ မိသားစုရဲ့ဈေးဆိုင်ကိုထိုင်ပြီး ဈေးရောင်းတာ တွေကို ပျော်ရွှင်စွာပြုလုပ်နေနိုင်တာကိုတွေ့ရပါတယ်။ လက်ရှိအချိန်မှာကမ္ဘာအရပ်ပု ဆုံးလူသားဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံသား Junrey Balawing ကတော့လမ်းလျှောက်နိုင်ခြင်း မရှိသလို အကူအညီမပါပဲ ထိုင်နိုင်တဲ့အနေအထားတောင်မရှိဖူးလို့ ဂရင်းနစ်မှတ်တမ်း တွေအရသိရပါတယ်။ Junrey Balawing ရဲ့အရပ်ကတော့ ၁ပေ နဲ့ ၁၁လက်မခွဲဖြစ်ပါတယ်။ Magar ကွယ်လွန်ပြီးနောက် လမ်းလျှောက်နိုင်တဲ့ ကမ္ဘာ့အရပ်အပုဆုံးလူသားဖြစ်လာသူကတော့ ထိုင်ဝမ်က Lin Yü-chih ဖြစ်ပြီး သူ့အရပ်ကတော့ ၂ပေ နဲ့ ၂လက်မခွဲဖြစ်ပါတယ်။

Tags: world news
Next Post
ကမ္ဘာ့အစိမ်းလန်းဆုံး မြို့ကြီး ၁၀ မြို့

ကမ္ဘာ့အစိမ်းလန်းဆုံး မြို့ကြီး ၁၀ မြို့

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!