Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အသက် ၁၈ နှစ်မပြည့်ခင်မှာ ဆရာဝန်ဖြစ်ခဲ့သူ

by Thutamm
August 3, 2020
Reading Time: 2min read
0
အသက် ၁၈ နှစ်မပြည့်ခင်မှာ ဆရာဝန်ဖြစ်ခဲ့သူ
Share on FacebookShare on Twitter

ကမ္ဘာကျော်ဂင်းနစ်မှတ်တမ်းအရ ကမ္ဘာ့အသက်ငယ်ဆုံးဆရာဝန်စံချိန်ကိုတော့ ၁၉၉၅ခုနှစ် မေလ ၁၉ ရက်နေ့မှာ တင်ခဲ့ပါတယ်။ ဒီစံချိန်ကိုတင်ခဲ့သူကတော့ အိန္ဒိယနွယ်ဖွား Balamurali Ambati ဖြစ်ပြီး ဆရာဝန်ဘွဲ့ရတဲ့အချိန်က သူ့ရဲ့အသက်ဟာ ၁၇နှစ် နဲ့ ၂၉၄ရက်ပဲ ရှိပါသေးတယ်။

သူ့ကို ၁၉၇၇ ခုနှစ်က စက်မှုအင်ဂျင်နီယာ ဖခင်ဖြစ်သူ နဲ့ သင်္ချာဆရာမ မိခင် တို့က အိန္ဒိယနိုင်ငံ Vellore မြို့မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ဉာဏ်အလွန်ကောင်းခဲ့ပြီး အသက် ၄နှစ်မှာ ရှုပ်ထွေးတဲ့သင်္ချာတွေကို တွက်နေပါပြီ။ calculus လိုသင်္ချာပုစ္ဆာတွေကို အဲဒီအချိန်ကတည်းက တွက်နိုင်နေခဲ့ပြီလို့ သိရပါတယ်။

သူ ၃နှစ်အရွယ်မှာ မိဘတွေနဲ့ အတူအမေရိကန်ကို ပြောင်းခဲ့ပါတယ်။ Baltimore Polytechnic Institute ဝင်ခွင့်ရခဲ့ပြီး မကြာမီမှာပဲ Baltimore ကောလိပ်ကို တက်ရောက်ခဲ့ပါတယ်။ အသက် ၁၁နှစ်မှာတော့ ကောလိပ်အောင်မြင်လို့ တက္ကသိုလ် ဆက်တက်ပါတယ်။ နယူးယောက်တက္ကသိုလ်မှာ တက်ခဲ့တာဖြစ်ပြီး ၂နှစ်အကြာ အသက် ၁၃နှစ်မှာတင် ဘွဲ့ရခဲ့ပါတယ်။

အသက် ၁၁နှစ်အရွယ်မှာ အစ်ကိုဖြစ်သူဆရာဝန်နဲ့ အတူ AIDS: The True Story – A Comprehensive Guide ဆိုတဲ့ စာအုပ်ကို တွဲဖက်ရေးခဲ့ပါသေးတယ်။ Mount Sinai School ဆေးကျောင်းမှာ ဆေးပညာကို ဆက်လက်သင်ယူပြီး ၄နှစ်အကြာ အသက် ၁၈နှစ်မပြည့်မီမှာပဲ ဆရာဝန်ဘွဲ့ကို ရရှိခဲ့ပါတယ်။ စာမေးပွဲကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ ဟားဗတ်တက္ကသိုလ်မှာ မျက်စိအထူးပြု ဆေးပညာကို ဆက်တက်ခဲ့ပါတယ်။ ဒီလိုတက်နေရင်း မျက်ကြည်လွှာဆိုင်ရာ strategy တွေကို ပိုမိုတိုးတက်အောင် ကူညီနိုင်ခဲ့ပါတယ်။ ပါရမီရှင်ရွေးချယ်မှုအဖွဲ့ WSTS(Westinghouse Science Talent Search ) မှာ အနိုင်ရရှိခဲ့သလို အခြားဆုပေါင်းများစွာကိုလည်း ရရှိခဲ့ပါတယ်။

၂၀၀၂ ခုနှစ်မှာတော့ Duke တက္ကသိုလ်ရဲ့ မျက်ကြည်လွှာနဲ့ ခွဲစိတ်မှုဆိုင်ရာ အဖွဲ့ဝင်တယောက်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်တော့ ဂျော်ဂျီယာဆေးကောလိပ်မှာ မျက်ကြည်လွှာ နဲ့ ခွဲစိတ်မှုဆိုင်ရာနည်းပညာတွေကို သုတေသနလုပ်ခဲ့ပါတယ်။ ဆေးရုံတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ထမ်းဆောင်နေရင်း ၂၀၀၈ ခုနှစ်မှာတော့ ဂျော်ဂျီယာဆေးကောလိပ်ကနေ Cell Biology နဲ့ ပါရဂူဘွဲ့ကို ရရှိခဲ့ပါတယ်။

သူဟာ ပရဟိတကို ဝါသနာပါပြီး ချို့တဲ့တဲ့နိုင်ငံငယ်လေးတွေကို မကြာခဏသွားကာ ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခြင်း နဲ့ ပညာရပ်များ မျှဝေပေးခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းကတော့ ၁၆နှစ်အရွယ်ကောင်လေးတယောက်အတွက် သူ့ရဲ့ ကျောက်ကပ်တဖက်ကို လှူဒါန်းခဲ့ပါသေးတယ်။

၂၀၁၆ ခုနှစ်အထိတော့ ယူတားပြည်နယ် Salt Lake City မှာရှိတဲ့ Moran Eye Center မှာ မျက်စိအထူးကုပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အသက် ၄၃နှစ် ရှိပြီဖြစ်တဲ့ Ambati ဟာ ယူတားဆေးတက္ကသိုလ်ရဲ့ မျက်ကြည်လွှာ ဆိုင်ရာ သုတေသနဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပါတယ်။

———- —– ————

(Zawgyi)

အသက္ ၁၈ ႏွစ္မျပည့္ခင္မွာ ဆရာ၀န္ျဖစ္ခဲ့သူ

ကမာၻေက်ာ္ဂင္းနစ္မွတ္တမ္းအရ ကမာၻ႔အသက္ငယ္ဆုံးဆရာ၀န္စံခ်ိန္ကိုေတာ့ ၁၉၉၅ခုႏွစ္ ေမလ ၁၉ ရက္ေန႔မွာ တင္ခဲ့ပါတယ္။ ဒီစံခ်ိန္ကုိတင္ခဲ့သူကေတာ့ အိႏၵိယႏြယ္ဖြား Balamurali Ambati ျဖစ္ၿပီး ဆရာ၀န္ဘြဲ႔ရတဲ့အခ်ိန္က သူ႔ရဲ႕အသက္ဟာ ၁၇ႏွစ္ နဲ႔ ၂၉၄ရက္ပဲ ရွိပါေသးတယ္။

သူ႔ကို ၁၉၇၇ ခုႏွစ္က စက္မႈအင္ဂ်င္နီယာ ဖခင္ျဖစ္သူ နဲ႔ သခၤ်ာဆရာမ မိခင္ တုိ႔က အိႏၵိယႏုိင္ငံ Vellore ၿမဳိ႕မွာ ေမြးဖြားခဲ့ပါတယ္။ ငယ္စဥ္ကတည္းက ဥာဏ္အလြန္ေကာင္းခဲ့ၿပီး အသက္ ၄ႏွစ္မွာ ရႈပ္ေထြးတဲ့သခၤ်ာေတြကို တြက္ေနပါၿပီ။ calculus လုိသခၤ်ာပုစၦာေတြကို အဲဒီအခ်ိန္ကတည္းက တြက္ႏုိင္ေနခဲ့ၿပီလုိ႔ သိရပါတယ္။

သူ ၃ႏွစ္အရြယ္မွာ မိဘေတြနဲ႔ အတူအေမရိကန္ကို ေျပာင္းခဲ့ပါတယ္။ Baltimore Polytechnic Institute ၀င္ခြင့္ရခဲ့ၿပီး မၾကာမီမွာပဲ Baltimore ေကာလိပ္ကုိ တက္ေရာက္ခဲ့ပါတယ္။ အသက္ ၁၁ႏွစ္မွာေတာ့ ေကာလိပ္ေအာင္ျမင္လုိ႔ တကၠသိုလ္ ဆက္တက္ပါတယ္။ နယူးေယာက္တကၠသုိလ္မွာ တက္ခဲ့တာျဖစ္ၿပီး ၂ႏွစ္အၾကာ အသက္ ၁၃ႏွစ္မွာတင္ ဘြဲ႔ရခဲ့ပါတယ္။

အသက္ ၁၁ႏွစ္အရြယ္မွာ အစ္ကုိျဖစ္သူဆရာ၀န္နဲ႔ အတူ AIDS: The True Story – A Comprehensive Guide ဆုိတဲ့ စာအုပ္ကို တြဲဖက္ေရးခဲ့ပါေသးတယ္။ Mount Sinai School ေဆးေက်ာင္းမွာ ေဆးပညာကုိ ဆက္လက္သင္ယူၿပီး ၄ႏွစ္အၾကာ အသက္ ၁၈ႏွစ္မျပည့္မီမွာပဲ ဆရာ၀န္ဘြဲ႔ကို ရရွိခဲ့ပါတယ္။ စာေမးပြဲကို ဘာသာစုံဂုဏ္ထူးနဲ႔ ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

ဆက္လက္ၿပီးေတာ့ ဟားဗတ္တကၠသုိလ္မွာ မ်က္စိအထူးျပဳ ေဆးပညာကုိ ဆက္တက္ခဲ့ပါတယ္။ ဒီလုိတက္ေနရင္း မ်က္ၾကည္လႊာဆုိင္ရာ strategy ေတြကို ပိုမိုတုိးတက္ေအာင္ ကူညီႏုိင္ခဲ့ပါတယ္။ ပါရမီရွင္ေရြးခ်ယ္မႈအဖြဲ႔ WSTS(Westinghouse Science Talent Search ) မွာ အႏုိင္ရရွိခဲ့သလုိ အျခားဆုေပါင္းမ်ားစြာကိုလည္း ရရွိခဲ့ပါတယ္။

၂၀၀၂ ခုႏွစ္မွာေတာ့ Duke တကၠသုိလ္ရဲ႕ မ်က္ၾကည္လႊာနဲ႔ ခြဲစိတ္မႈဆုိင္ရာ အဖြဲ႔၀င္တေယာက္ျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ေဂ်ာ္ဂ်ီယာေဆးေကာလိပ္မွာ မ်က္ၾကည္လႊာ နဲ႔ ခြဲစိတ္မႈဆုိင္ရာနည္းပညာေတြကို သုေတသနလုပ္ခဲ့ပါတယ္။ ေဆးရုံေတြမွာ ေစတနာ့၀န္ထမ္းအျဖစ္ ထမ္းေဆာင္ေနရင္း ၂၀၀၈ ခုႏွစ္မွာေတာ့ ေဂ်ာ္ဂ်ီယာေဆးေကာလိပ္ကေန Cell Biology နဲ႔ ပါရဂူဘြဲ႔ကို ရရွိခဲ့ပါတယ္။

သူဟာ ပရဟိတကို ၀ါသနာပါၿပီး ခ်ဳိ႕တဲ့တဲ့ႏုိင္ငံငယ္ေလးေတြကို မၾကာခဏသြားကာ ခြဲစိတ္ကုသမႈမ်ား ျပဳလုပ္ေပးျခင္း နဲ႔ ပညာရပ္မ်ား မွ်ေ၀ေပးျခင္းတုိ႔ကုိ ျပဳလုပ္ခဲ့ပါတယ္။ ၂၀၁၁ ခုႏွစ္တုန္းကေတာ့ ၁၆ႏွစ္အရြယ္ေကာင္ေလးတေယာက္အတြက္ သူ႔ရဲ႕ ေက်ာက္ကပ္တဖက္ကို လွဴဒါန္းခဲ့ပါေသးတယ္။

၂၀၁၆ ခုႏွစ္အထိေတာ့ ယူတားျပည္နယ္ Salt Lake City မွာရွိတဲ့ Moran Eye Center မွာ မ်က္စိအထူးကုပါေမာကၡအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အသက္ ၄၃ႏွစ္ ရွိၿပီျဖစ္တဲ့ Ambati ဟာ ယူတားေဆးတကၠသုိလ္ရဲ႕ မ်က္ၾကည္လႊာ ဆုိင္ရာ သုေတသနဒါရုိက္တာအျဖစ္ တာ၀န္ထမ္းေဆာင္လွ်က္ရွိပါတယ္။

Tags: world people
Next Post
အိန္ဒိယရဲ့ အံမခန်းလက်ရာ အယ်လီဖန်တာလိုဏ်ဂူများ

အိန္ဒိယရဲ့ အံမခန်းလက်ရာ အယ်လီဖန်တာလိုဏ်ဂူများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!