Monday, March 1, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အသက် ၂၁ နှစ် နဲ့ နိုင်ငံပေါင်း ၁၉၆နိုင်ငံကို သွားလည်နိုင်ခဲ့တဲ့ မိန်းကလေး

by Thutamm
December 29, 2019
Reading Time: 1min read
0
အသက် ၂၁ နှစ် နဲ့ နိုင်ငံပေါင်း ၁၉၆နိုင်ငံကို သွားလည်နိုင်ခဲ့တဲ့ မိန်းကလေး
Share on FacebookShare on Twitter

လူအများစုအတွက်တော့ နိုင်ငံပေါင်း ရာနဲ့ချီပြီး မပြောနဲ့ ၁၀ နိုင်ငံလောက်တောင် ရောက်နိုင်ဖို့တောင် ခက်ခဲလှပါတယ်။ ဒါပေမယ့်  အမေရိကန်သူ Lexie Alford ကတော့ အသက် ၂၁နှစ် အရွယ်မှာတင် နိုင်ငံပေါင်း ၁၉၆ နိုင်ငံကို သွားရောက်လည်ပတ်နိုင်ခဲ့သူ အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၃ခုနှစ်က အင်္ဂလန်နိုင်ငံသား James Asquith တင်ထားတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ James Asquith ကတော့ အသက် ၂၄နှစ်အရွယ်မှာ နိုင်ငံပေါင်း ၁၉၆ နိုင်ငံကို သွားရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

Lexie Alford အဖို့ ဒီလိုစံချိန်တင်နိုင်ခဲ့တာ သူမရဲ့ မိသားစုနဲ့လည်း သက်ဆိုင်နေပါတယ်။ သူမဟာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်တဲ့မိသားစုကနေ မွေးဖွားလာခဲ့တာဖြစ်ပြီး ခရီးသွားလာခြင်းကို အလွန်ဝါသနာပါသူလည်းဖြစ်ပါတယ်။ ဒီနေ့လို နိုင်ငံပေါင်း ရာနဲ့ချီသွားလာနိုင်ဖို့ သူမဟာ အသက် ၁၂နှစ်အရွယ်ကတည်းက တစ်နေ့မှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံကို သွားရောက်နိုင်သူဖြစ်ရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့သူပါ။

“ခရီးသွားခြင်းက ကျမဘဝအတွက်တော့ အစိတ်အပိုင်း တခုပါပဲ။ ကျမ မှတ်မိတဲ့ အရွယ်ကစလို့ ခရီး အတော်များများ သွားနေခဲ့ပါပြီ”လို့ သူက ဆိုပါတယ်။ သူ အရွယ်ရောက်လာစဉ်အခါမှာတော့ သူ့ရဲ့ မိသားစုနဲ့အတူ ကမ္ဘောဒီးယားနိုင်ငံရဲ့ ကျေးရွာ အများအပြားနဲ့ ဒူဘိုင်းမြို့ရဲ့ Burj Khalifa ကိုပါ လည်ပတ်နိုင်ခဲ့သလို ကမ္ဘာ့တောင်ဘက်စွန်း မြို့တော်ဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံရဲ့ Ushuaia မြို့နဲ့ အီဂျစ်နိုင်ငံရဲ့ Giza ပိရမစ်ကိုလည်း လည်ပတ်နိုင်ခဲ့ပါတယ်။

မိဘများကလည်း ခရီးသွားရခြင်းကို နှစ်သက်သူများဖြစ်ကာ ငယ်စဉ်ကတည်းက မိဘများနဲ့အတူ အီဂျစ် ၊ ယူအေအီး ၊ အာဂျင်တီးနား ၊ ကမ္ဘောဒီးယား နိုင်ငံများရဲ့ နေရာတော်တော်များများကို ရောက်ခဲ့ဖူးပါတယ်။ သူမရဲ့မိဘများဟာ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ခရီးသွားအေဂျင်စီတစ်ခုကို တည်ထောင်ထားပြီး နှစ်စဉ် အနည်းဆုံး ရက်သတ္တပတ်အနည်းငယ် (သို့) လနဲ့ချီပြီး ခရီးထွက်လေ့ရှိသူများဖြစ်ပါတယ်။

အသက် ၁၂နှစ်အရွယ်ကတည်းက စတင်ခရီးထွက်ခဲ့တဲ့ သူမဟာ အသက် ၁၈နှစ်အရွယ်မှာတော့ နိုင်ငံပေါင်း ၇၂နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီးပါပြီ။ သူမရဲ့ Instagram အကောင့်မှာ ခရီးသွားဓာတ်ပုံများကို တင်ခဲ့ရာကစလို့ အဲဒီအချိန်ကတည်းက နိုင်ငံပေါင်း ၇၀ကျေ်ာသွားခဲ့တဲ့ မိန်းကလေးအဖြစ် လူသိများနေပြီဖြစ်ပါတယ်။

“ခရီးထွက်ရခြင်းက ကျွန်မရဲ့ ဘဝတစိတ်တပိုင်းပါပဲ။ ဒီလိုသွားရတာကို အရမ်းနှစ်သက်တယ်။ ကျွန်မသိတတ်စအရွယ်ကတည်းက နိုင်ငံတော်တော်များများကို ရောက်ခဲ့ပါတယ်။ ခရီးသွားရတာကို ချစ်အောင်သင်ပေးတာကတော့ ကျွန်မရဲ့ မိဘတွေပါ။ ကမ္ဘာ့နေရာအနှံ့အပြားရဲ့ ကွဲပြားခြားပုံတွေ ၊ မတူညီတဲ့လူမှုဘဝတွေကို ခရီးထွက်ရင်း မျက်ဝါးထင်ထင် မြင်ခွင့်ရပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း သိချင်စိတ်ပြင်းထန်တယ်။ မရောက်ဖူးသေးတဲ့နေရာတွေကို ရောက်ချင်တယ်။ ဒါကြောင့် အခုလိုဖြစ်လာရတာပဲ” လို့ သူမက ဆိုပါတယ်။

အသက် ၁၈နှစ်ကနေ စလို့ သူမရဲ့ ခရီးထွက်နှုန်းကို အရင်ကထက် ပိုတင်ပြီး တစ်ကိုယ်တော်သွားဖြစ်ခဲ့ပါတယ်။ ၂၀၁၆ခုနှစ်ကနေစလို့ ၂နှစ်အတွင်းမှာ အာရှ ၊ ဥရောပ ၊ အလယ်အမေရိက ၊ တောင်အမေရိက ၊ တောင်ပစိဖိတ်သမုဒ္ဒရာတို့မှာရှိတဲ့ နိုင်ငံပေါင်း ၅၀ကျော်ကို ၇လာကြာအောင် တစ်ကိုယ်တည်း ခရီးထွက်နိုင်ခဲ့ပါတယ်။

တရားဝင်အချက်အလက်များအရဆိုရင်တော့ ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံစုစုပေါင်းက ၁၉၅နိုင်ငံပါ။ ဒါပေမယ့် ၁၉၆နိုင်ငံဖြစ်ရခြင်းကတော့ တရုတ်နိုင်ငံရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိဘက်ကို နိုင်ငံတစ်နိုင်ငံအဖြစ် ထည့်သွင်းရေတွက်ထားလို့ဖြစ်ပါတယ်။ Lexie Alford နောက်ဆုံးအခြေချခဲ့တဲ့နိုင်ငံကတော့ မြောက်ကိုရီးယားနိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၃၁ မှာ သွားရောက်လည်ပတ်နိုင်ခဲ့တာဖြစ်ပါတယ်။

Lexie Alford နဲ့ James Asquith တို့အပြင် ကမ္ဘာ့နိုင်ငံအားလုံးကို သွားရောက်နိုင်ခဲ့တဲ့ နောက်တစ်ယောက်ကတော့ အမေရိကန်နိုင်ငံသူ Cassandra De Pecol ပဲဖြစ်ပါတယ်။ သူမဟာလည်း အသက် ၂၄နှစ်မှာ ၁၉၆နိုင်ငံကို သွားရောက်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးထဲမှာ Lexie Alford ကတော့ ကမ္ဘာ့နိုင်ငံအားလုံးကို သွားနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးသူအဖြစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Lexie Alford ဟာ ဒီလိုခရီးထွက်နေရင်းကပဲ သူမရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေကို သူမရဲ့ခရီးသွားဘလော့မှာတင်ရင်း ဝင်ငွေပြန်ရှာနိုင်ခဲ့ပါသေးတယ်။ ဒီလောက်များပြားတဲ့နိုင်ငံတွေကို လပေါင်းများစွာ သွားနိုင်ဖို့အတွက် ငွေကြေးပြည့်စုံဖို့အပြင် ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့လည်း လိုအပ်မှာ အမှန်ပါ။ ကမ္ဘာ့နိုင်ငံအားလုံးကို ၂နှစ်အတွင်း တစ်ကိုယ်တည်း ဆက်တိုက်ခရီးထွက်ဖို့ဆိုတာ တော်ရုံလူအဖို့ ဖြစ်နိုင်ဖို့ မလွယ်ကူပေမယ့် ဒီမိန်းကလေးကတော့ သူမလုပ်နိုင်ကြောင်း သက်သေပြရင်း စံချိန်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

Tags: world people
Next Post
သံဃာ့ဂိုဏ်းကြီး(၉)ဂိုဏ်း ဆိုသည်မှာ

သံဃာ့ဂိုဏ်းကြီး(၉)ဂိုဏ်း ဆိုသည်မှာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!