ရှာလမိန်း ဘုရင်ကြီးကို ဖရန့်ဘုရင် ချားလ်(၁)အဖြစ်လည်းခေါ်ဆိုကြပြီး ဥရောပရဲ့ အလယ်ခေတ်ကာလတလျှောက်ဘုန်းလက်ရုံးနဲ့ပြည့်စုံတဲ့ ဧကရာဇ်တစ်ပါးဖြစ်ပါတယ်။ အထူးသဖြင့်ရောမအင်ပါယာပျက်သုဉ်းပြီးသွားခဲ့တဲ့(၆)ရာစုကာလမှာ ယဉ်ကျေးမှုဆုတ်ယုတ်ပျက်စီးခဲ့ရတဲ့ ဥရောပတိုက်ဟာ ရှာလမိန်းဘုရင်ကြီးရဲ့ဘုန်းလက်ရုံးအစွမ်းနဲ့ပြန်လည် အသက်ဝင်လာခဲ့ရတာကြောင့် ကမ္ဘာသမိုင်းကိုပြောင်းလဲစေခဲ့သူအဖြစ်လည်း သမိုင်းဆရာတွေအကြားလူသိများပါတယ်။
ရှာလမိန်းဟာပြင်သစ်နိုင်ငံ အရှေ့မြောက်ဖက်အစွန်ကနေ ရိုင်းမြစ်ရဲ့လက်ယာဘက်ကမ်းတလျှောက်မှာတည်ရှိခဲ့ဖူးတဲ့ Franks နိုင်ငံရဲ့ ဘုရင်ဖြစ်ပြီးနောက်ပိုင်မှာတော့ အနောက်ရောမရဲ့အင်ပါယာပြည့်ရှင်ဖြစ်လာခဲ့ပါတယ်။ ရှာလမိန်းဘုရင်ကြီးကို (၇၄၂)ခုနှစ်၊ဧပြီ(၂)ရက်နေ့မှာဖွားမြင်ခဲ့ပြီး (၈၁၄)ခုနှစ်၊ဇန်နဝါရီ (၂၀)ရက်နေ့မှာကံတော်ကုန်ခဲ့ပါတယ်။ ရှာလမိန်းဘုရင်ကြီးကို Charles the Great မဟာရှာလမိန်းလို့ တင်စားခေါ်ဆိုလေ့ရှိတဲ့အပြင် ရှေးကဗျာလင်္ကာများစွာရေးစပ် ပြီး ဂုဏ်ပြုခြင်းခံခဲ့ရတဲ့ ဧကရာဇ်တစ်ပါးဖြစ်ပါတယ်။
Franks နိုင်ငံရဲ့ဘုရင်ဖြစ်လာခြင်း
ရှာလမိန်းဟာ Franks တွေရဲ့ဘုရင် Pepin ( ပေပင်)ရဲ့သားတော်တစ်ပါးဖြစ်ပြီး ပေပင်အုပ် စိုးစဉ်ကာလက Carolingian အင်ပါယာအဖြစ်နဲ့ Franks နိုင်ငံတော်ရဲ့ရွှေရောင်လွှမ်းတဲ့ ကာလတွေဖြစ်ပါတယ်။ (၇၆၈)ခုနှစ်မှာတော့ Pepin ကွယ်လွန်သွားတာကြောင့် ကျန်ရစ်တဲ့သားတော်နှစ်ဦးဖြစ်တဲ့ ရှာလမိန်းနဲ့ ညီတော်ကာလိုမန်တို့ဟာ ဖရန့်နိုင်ငံကို တောင်နဲ့ မြောက်ဆိုပြီးတစ်ဝက်ဆီခွဲပြီးအုပ်ချုပ်ခဲ့ပါတယ်။
မူလကညီအစ်ကို(၂)ဦးအကြားစစ်ခင်းတော့မယ်လို့ထင်ရပေမဲ့ နောက်ပိုင်းမှာတော့ ညီတော်ကာလိုမန်ဟာ ကွယ်လွန်သွားခဲ့တာကြောင့် Franks တစ်နိုင်ငံလုံးဟာရှာလမိန်းဘုရင်ရဲ့လက်အောက်ကိုကျရောက်ခဲ့ပါတယ်။ သူ့နန်းသက် နှစ်ပေါင်း ၄၀ကျော်အတွင်းမှာ တိုက်ပွဲပေါင်း ၆၀ ခန့်ကို တိုက်ခိုက်ခဲ့ပြီး အောင်မြင်ခဲ့သည်သာများပါတယ်။ အဲဒီအချိန်က ဖရန့်နိုင်ငံဟာ ယနေ့ပြင်သစ်နိုင်ငံတခုလုံးနီးပါး ၊ ဂျာမနီအကုန်လုံးနီးပါး ၊ နယ်သာလန် ၊ ဘယ်လ်ဂျီယံ ၊ လူဇင်ဘတ် နဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့နယ်မြေတွေ ပါဝင်နေပါတယ်။
Franks ဆိုတာ ဘယ်သူတွေလဲ
ပြင်သစ်နိုင်ငံ နယ်နိမိတ်အတွင်းမှာထီးနန်းစိုက်ကြတယ်ဆိုပေမဲ့ Franks မင်းဆက်တွေဟာဂျာမန်အနွယ်ဝင်တွေဖြစ်ကြပါတယ်။ Franks နိုင်ငံရဲ့ပထမဆုံးသော ဘုရင်ကတော့ Clovis ဖြစ်ပြီး (၅၀၉)ခုနှစ်လောက်ကနေစတင်ပြီး Frankish မျိုးနွယ်စု တွေကိုဦးဆောင်ပြီးနိုင်ငံစတင်တည်ထောင်ခဲ့ပါတယ်။
နယ်မြေချဲ့ထွင်ခြင်း
ရှာလမိန်းဘုရင်ကြီး လက်ထက်ရောက်ချိန်မှာတော့ Frankish တွေရဲ့အင်ပါယာဟာကို ချဲ့ထွင်လာနိုင်တဲ့အထိအင်အားကောင်းလာခဲ့ပါတယ်။ သူဟာ ယနေ့ဂျာမနီနိုင်ငံဖြစ်လာမဲ့ Saxon တွေရဲ့နယ်မြေများစွာကိုအောင်နိုင်ခဲ့ပြီးတာကြောင့် ဂျာမန်မင်းဆက်ရဲ့ပထမဆုံး ဧကရာဇ်ဘွဲ့ကိုခံယူနိုင်ခဲ့ပါတယ်။ ရှာလမိန်းဘုရင်ကြီးလက်ထက်မှာ ခရစ်ယာန်ဘာသာကို အထူးချီးမြှောက်ခဲ့ပြီးနိုင်ငံအနှံ့အပြားမှာဆိုရင်ခရစ်ယာန်ဘုရားကျောင်းများစွာကို တည်ဆောက်ခဲ့ပါတယ်။
သူတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ဒေသအသီးသီးက မယဉ်ကျေးတဲ့ မျိုးနွယ်စုတွေကိုလည်း ခရစ်ယာန်ဘာသာရေးအဖွဲ့တွေရဲ့အကူအညီနဲ့ယဉ်ကျေးလာအောင် သိမ်းသွင်းနိုင်ခဲ့ပြီး သူရဲ့အုပ်ချုပ်မှု စည်းမျဉ်းတစ်ခုတည်းမှာထားရှိခဲ့ပါတယ်။ ဒါအပြင် ပုပ်ရဟန်းမင်းကြီးရဲ့တောင်းဆိုမှုနဲ့ အီတလီမြောက်ပိုင်းက Bavaria တွေရဲ့ Lombards ဒေသကိုသိမ်းပိုက်ခဲ့ပြီး ရောမမြို့တော်ကြီးအပါအဝင်နယ်မြေတော်တော် များများကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါအပြင် ရှာလမိန်းဟာ Moors လူမျိုးတွေကိုတိုက်ခိုက်ရန်အတွက် စပိန်ကိုဆက်လက်ချီတက်ခဲ့ပြီးယခုလက်ရှိစပိန်နိုင်ငံရဲ့တော်တော်များများကို သူ့ရဲ့ဖရန့်အင်ပါယာအတွင်း သိမ်းသွင်းနိုင်ခဲ့ပါတယ်။
အနောက်ရောမအင်ပါယာ ဧကရာဇ်
ရှာလမိန်းဟာ အီတလီနိုင်ငံတွင်းသိမ်းပိုက်ရရှိတဲ့နယ်မြေအတော်များများကို ပုပ်ရဟန်း မင်းကြီးရဲ့ပိုင်နက်နယ်မြေအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ အေဒီ (၈၀၀) ရောက်ချိန်မှာ တော့ ပုပ်ရဟန်းမင်းကြီး Leo III ဟာ ရောမမြို့မှာပဲ ရှာလမိန်းဘုရင်ကိုရောမဧကရာဇ် အဖြစ်သတ်မှတ်တဲ့ သရဖူကိုချီးမြှင့်ခဲ့ပြီး Carlous Augustus ဆိုတဲ့ဘွဲ့ကိုပေးအပ်ချီးမြှင်ခဲ့ပါသေးတယ်။
အုပ်ချုပ်ရေး နဲ့ တည်ဆောက်ရေးလုပ်ငန်းများ
ရှာလမိန်း ဟာ စစ်တိုက်ကောင်းတဲ့စစ်ဘုရင်တစ်ပါးအဖြစ်သာမက အောင်မြင်တဲ့ နိုင်ငံပြုသုခမိန်တစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာနယ်ပယ်ဒေသများစွာကိုတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပေမဲ့ ယင်းဒေသရဲ့ ဥပဒေတွေ ယဉ်ကျေးမှု၊ဓလေ့ထုံးစံတွေကိုတော့ပယ်ဖျက်ခြင်းမျိုးမရှိပဲ ထပ်မံမြှောက်စားလေ့ရှိပါတယ်။ ဒါအပြင်ဥပဒေရပ်တော်တော်များများ ကိုလည်းရေးဆွဲပြဌာန်းကာ အုပ်ချုပ်ရေးမဏ္ဍိုင်ကိုထိန်းမတ်ပေးခဲ့ပါတယ်။ သူရဲ့ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေဟာ အမှန်လည်းအကျိုးရှိခဲ့ပြီး လူမှုရေးပိုင်းသာမက စီးပွား ရေးလုပ်ငန်းတွေကိုပါဖော်ဆောင်နိုင်ခဲ့တဲ့ဧကရာဇ်တစ်ပါးဖြစ်ပါတယ်။
သူဟာ livre carolinienne (ယနေ့ခေတ် ပေါင်စတာလင်) လို့ခေါ်ဆိုတဲ့ငွေကြေးဆိုင်ရာသုံးစွဲမှုစနစ်ကိုလည်းတည်ထောင်နိုင်ခဲ့ပြီး ငွေကြေးချေးငှားခြင်းနဲ့ရောင်းဝယ်ခြင်းလုပ်ငန်းတွေမှာစည်းမျဉ်းတွေ၊စည်းကမ်းနည်းဥပဒေတွေချမှတ်နိုင်ခဲ့ပြီး ကုန်ဈေးနှုန်းကို အုပ်ချုပ်သူအစိုးရက ထိန်းချုပ်တဲ့နည်းလမ်းကို ကျင့်သုံးခဲ့ပါတယ်။ ဒါအပြင် ရှာလမိန်းမင်းကြီးဟာ ပညာရေးပိုင်းကိုလည်းအထူးအလေးထားခဲ့ပြီး သူရဲ့ထောက်ပံ့မှုနဲ့ စာသင်သားများစွာကိုခေါ်ယူကာ ပညာသင်ကြားစေခဲ့ပါတယ်။ ဥရောပတိုက်တဝှမ်းလုံးမှာခရစ်ယာန်ဘာသာကို အခြေခံတဲ့ ဘုရားကျောင်းတွေနဲ့ တွဲဖက်ပြီးစာသင်ကျောင်းများစွာကို တည်ဆောက်ပေးခဲ့ပါတယ်။
ရှာလမိန်းဘုရင်ကြီးရဲ့ဦးဆောင်လမ်းပြမှုနဲ့ပဲ ခရစ်ယာန်ဘုရားကျောင်းဂီတအဖွဲ့တွေ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ၊ သီးပင်စားပင်စိုက်ပျိုးရေးလုပ်ငန်းတွေအပြင် စုပေါင်း လုပ်အားနဲ့တည်ဆောက်မှုလုပ်ငန်းတွေပေါ်ပေါက်လာခဲ့ပါတယ်။ ဥပမာတစ်ခုအနေနဲ့ဆို ရင်တော့ ရှာလမိန်း ဘုရင်ကြီးလက်ထက်မှာတည်ဆောက်ခဲ့တဲ့ Rhine မြစ်နဲ့ Danube မြစ်ကိုဆက်သွယ်တည်ဆောက်ထားတဲ့ Fossa Carolina အမည်ရ တူးမြောင်းဆိုရင် လူထုလုပ်အားပေးစနစ်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ရှာလမိန်း အနှစ်သက်ဆုံးနေရာက ယနေ့ဂျာမနီနိုင်ငံရဲ့ အနောက်ဘက်အကျဆုံးမြို့ဖြစ်တဲ့ အာချန်မြို့ပါ။ ဘယ်လ်ဂျီယံ နဲ့ နယ်သာလန်တို့ရဲ့နယ်စပ်လည်းဖြစ်ပါတယ်။ အဲဒီမြို့မှာ သူဟာ နန်းစိုက်ခဲ့ပြီး ကြီးကျယ်ခမ်းနားတဲ့ နန်းတော်တစ်ခု နဲ့ ကာသီဒရယ်ဘုရားရှိခိုးကျောင်းတစ်ဆောင်ကို ဆောက်လုပ်ခဲ့ပါတယ်။ သူ့ရဲ့နိုင်ငံတော်တွင်းက ဇူးရစ် ၊ ပါရီ ၊ ဖရန့်ဖတ် စတဲ့မြို့တွေမှာလည်း နန်းတော်နဲ့ အခြားအဆောက်အအုံပေါင်းများစွာကို ဆောက်လုပ်ပေးခဲ့ပါတယ်။
အနောက်ဥရောပတခွင်ကို ကြီးစိုးနိုင်ခဲ့တဲ့ ရှာလမိန်းဘုရင်ကြီးဟာ (၈၁၄)ခုနှစ်မှာ အာချန်မြို့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ သူနောက်ဆက်ခံသူကတော့ ကိုးကွယ်ယုံကြည်မှုပိုင်းမှ ာသက်ဝင်ယုံကြည်မှုအလွန်အလေးသာတဲ့သားတော် လူဝီဖြစ်ပါတယ်။ လူဝီကွယ်လွန်ချိန်မှာတော့ ကျန်ရှိတဲ့သားတော်(၂)ပါး နန်းလုကြတာကြောင့် ရှာလမိန်းတည်ထောင်ခဲ့တဲ့ အင်ပါယာကြီးဟာ ယခုပြင်သစ်နိုင်ငံ၊ဂျာမနီနဲ့ ပြင်သစ် ဂျာမနီ အနာက်ဖက်နယ်စပ်တလျှောက်နဲ့အီတလီမြောက်ပိုင်းဒေသဆိုပြီး (၃)ပိုင်းကွဲကာ ပြိုကွဲခဲ့ပါတော့တယ်။
စိတ်ဝင်စားဖွယ် အချက်တချို့
ရှာလမိန်းဘုရင်ကြီးကို ရောမဧကရာဇ်အဖြစ် ပုပ်ရဟန်းမင်းကြီးသရဖူအပ်နှင်းခဲ့ချိန်ဟာ ခရစ်စမတ်နေ့မှာဖြစ်ပါတယ်။
ရှာလမိန်းဘုရင်ကြီးဟာ အမှန်တော့စာကောင်းကောင်းမတတ်သူ တယောက်ဖြစ်ပေမယ့် သူဟာပညာရဲ့တန်ဖိုးကိုအလွန်နားလည်ပြီး ပညာရေးချို့တဲ့သူတွေအတွက်အခြေခံအရေး၊ အဖတ်တွေပြုလုပ်နိုင်ရေးအတွက် သူရဲ့ကိုယ်ပိုင်ဘဏ္ဍာငွေများစွာကို စိုက်ထုတ် လုပ်ဆောင်ခဲ့ပါတယ်။ ( ရှာလမိန်း အထ္ထုပ္ပတ္တိကို ပြုစုခဲ့သူ တဖြစ်လည်း ဘုရင်ကြီးရဲ့အမှုထမ်းတယောက်ဖြစ်တဲ့ Einhard ကတော့ သူ့စာထဲမှာ ဘုရင်ကြီးရဲ့ စာရေးနိုင်ဖတ်နိုင်စွမ်းဟာ အကန့်အသတ်ပဲရှိတာကြောင့် တချို့စာတွေကို အခြားပညာရှင်တွေက ဖတ်ပြခဲ့ရတယ်လို့ ဆိုပါတယ်။)
ရှာလမိန်းဘုရင်ကြီးဟာ သူရဲ့ဘဝသက်တမ်းတလျှောက် အမျိုးသမီး (၅) ယောက်နဲ့ ထိန်းမြားလက်ထပ်ခဲ့ပါတယ်။
ရှာလမိန်းဘုရင်ကြီးရဲ့အခြားသောဂုဏ်ပုဒ်တွေကတော့ ဥရောပကို ပြန်လည်တည်ထောင်သူဖခင်ကြီး၊ ဂျာမန်နဲ့ပြင်သစ်မင်းဆက်တွေကိုစတင်တည်ထောင်ခဲ့သူ စတာတွေဖြစ်ပါတယ်။
——— ——— ———-
(Zawgyi)
အလယ္ေခတ္က ဘုန္းတန္ခိုးအႀကီးဆုံး ရွာလမိန္းဘုရင္ႀကီး
ရွာလမိန္း ဘုရင္ႀကီးကို ဖရန႔္ဘုရင္ ခ်ားလ္(၁)အျဖစ္လည္းေခၚဆိုၾကၿပီး ဥေရာပရဲ႕ အလယ္ေခတ္ကာလတေလွ်ာက္ဘုန္းလက္႐ုံးနဲ႔ျပည့္စုံတဲ့ ဧကရာဇ္တစ္ပါးျဖစ္ပါတယ္။ အထူးသျဖင့္ေရာမအင္ပါယာပ်က္သုဥ္းၿပီးသြားခဲ့တဲ့(၆)ရာစုကာလမွာ ယဥ္ေက်းမႈဆုတ္ယုတ္ပ်က္စီးခဲ့ရတဲ့ ဥေရာပတိုက္ဟာ ရွာလမိန္းဘုရင္ႀကီးရဲ႕ဘုန္းလက္႐ုံးအစြမ္းနဲ႔ျပန္လည္ အသက္ဝင္လာခဲ့ရတာေၾကာင့္ ကမာၻသမိုင္းကိုေျပာင္းလဲေစခဲ့သူအျဖစ္လည္း သမိုင္းဆရာေတြအၾကားလူသိမ်ားပါတယ္။
ရွာလမိန္းဟာျပင္သစ္ႏိုင္ငံ အေရွ႕ေျမာက္ဖက္အစြန္ကေန ႐ိုင္းျမစ္ရဲ႕လက္ယာဘက္ကမ္းတေလွ်ာက္မွာတည္ရွိခဲ့ဖူးတဲ့ Franks ႏိုင္ငံရဲ႕ ဘုရင္ျဖစ္ၿပီးေနာက္ပိုင္မွာေတာ့ အေနာက္ေရာမရဲ႕အင္ပါယာျပည့္ရွင္ျဖစ္လာခဲ့ပါတယ္။ ရွာလမိန္းဘုရင္ႀကီးကို (၇၄၂)ခုႏွစ္၊ဧၿပီ(၂)ရက္ေန႔မွာဖြားျမင္ခဲ့ၿပီး (၈၁၄)ခုႏွစ္၊ဇန္နဝါရီ (၂၀)ရက္ေန႔မွာကံေတာ္ကုန္ခဲ့ပါတယ္။ ရွာလမိန္းဘုရင္ႀကီးကို Charles the Great မဟာရွာလမိန္းလို႔ တင္စားေခၚဆိုေလ့ရွိတဲ့အျပင္ ေရွးကဗ်ာလကၤာမ်ားစြာေရးစပ္ ၿပီး ဂုဏ္ျပဳျခင္းခံခဲ့ရတဲ့ ဧကရာဇ္တစ္ပါးျဖစ္ပါတယ္။
Franks ႏိုင္ငံရဲ႕ဘုရင္ျဖစ္လာျခင္း
ရွာလမိန္းဟာ Franks ေတြရဲ႕ဘုရင္ Pepin ( ေပပင္)ရဲ႕သားေတာ္တစ္ပါးျဖစ္ၿပီး ေပပင္အုပ္ စိုးစဥ္ကာလက Carolingian အင္ပါယာအျဖစ္နဲ႔ Franks ႏိုင္ငံေတာ္ရဲ႕ေ႐ႊေရာင္လႊမ္းတဲ့ ကာလေတြျဖစ္ပါတယ္။ (၇၆၈)ခုႏွစ္မွာေတာ့ Pepin ကြယ္လြန္သြားတာေၾကာင့္ က်န္ရစ္တဲ့သားေတာ္ႏွစ္ဦးျဖစ္တဲ့ ရွာလမိန္းနဲ႔ ညီေတာ္ကာလိုမန္တို႔ဟာ ဖရန႔္ႏိုင္ငံကို ေတာင္နဲ႔ ေျမာက္ဆိုၿပီးတစ္ဝက္ဆီခြဲၿပီးအုပ္ခ်ဳပ္ခဲ့ပါတယ္။
မူလကညီအစ္ကို(၂)ဦးအၾကားစစ္ခင္းေတာ့မယ္လို႔ထင္ရေပမဲ့ ေနာက္ပိုင္းမွာေတာ့ ညီေတာ္ကာလိုမန္ဟာ ကြယ္လြန္သြားခဲ့တာေၾကာင့္ Franks တစ္ႏိုင္ငံလုံးဟာရွာလမိန္းဘုရင္ရဲ႕လက္ေအာက္ကိုက်ေရာက္ခဲ့ပါတယ္။ သူ႔နန္းသက္ ႏွစ္ေပါင္း ၄၀ေက်ာ္အတြင္းမွာ တိုက္ပြဲေပါင္း ၆၀ ခန႔္ကို တိုက္ခိုက္ခဲ့ၿပီး ေအာင္ျမင္ခဲ့သည္သာမ်ားပါတယ္။ အဲဒီအခ်ိန္က ဖရန႔္ႏိုင္ငံဟာ ယေန႔ျပင္သစ္ႏိုင္ငံတခုလုံးနီးပါး ၊ ဂ်ာမနီအကုန္လုံးနီးပါး ၊ နယ္သာလန္ ၊ ဘယ္လ္ဂ်ီယံ ၊ လူဇင္ဘတ္ နဲ႔ ဆြစ္ဇာလန္ႏိုင္ငံရဲ႕နယ္ေျမေတြ ပါဝင္ေနပါတယ္။
Franks ဆိုတာ ဘယ္သူေတြလဲ
ျပင္သစ္ႏိုင္ငံ နယ္နိမိတ္အတြင္းမွာထီးနန္းစိုက္ၾကတယ္ဆိုေပမဲ့ Franks မင္းဆက္ေတြဟာဂ်ာမန္အႏြယ္ဝင္ေတြျဖစ္ၾကပါတယ္။ Franks ႏိုင္ငံရဲ႕ပထမဆုံးေသာ ဘုရင္ကေတာ့ Clovis ျဖစ္ၿပီး (၅၀၉)ခုႏွစ္ေလာက္ကေနစတင္ၿပီး Frankish မ်ိဳးႏြယ္စု ေတြကိုဦးေဆာင္ၿပီးႏိုင္ငံစတင္တည္ေထာင္ခဲ့ပါတယ္။
နယ္ေျမခ်ဲ႕ထြင္ျခင္း
ရွာလမိန္းဘုရင္ႀကီး လက္ထက္ေရာက္ခ်ိန္မွာေတာ့ Frankish ေတြရဲ႕အင္ပါယာဟာကို ခ်ဲ႕ထြင္လာႏိုင္တဲ့အထိအင္အားေကာင္းလာခဲ့ပါတယ္။ သူဟာ ယေန႔ဂ်ာမနီႏိုင္ငံျဖစ္လာမဲ့ Saxon ေတြရဲ႕နယ္ေျမမ်ားစြာကိုေအာင္ႏိုင္ခဲ့ၿပီးတာေၾကာင့္ ဂ်ာမန္မင္းဆက္ရဲ႕ပထမဆုံး ဧကရာဇ္ဘြဲ႕ကိုခံယူႏိုင္ခဲ့ပါတယ္။ ရွာလမိန္းဘုရင္ႀကီးလက္ထက္မွာ ခရစ္ယာန္ဘာသာကို အထူးခ်ီးေျမႇာက္ခဲ့ၿပီးႏိုင္ငံအႏွံ႔အျပားမွာဆိုရင္ခရစ္ယာန္ဘုရားေက်ာင္းမ်ားစြာကို တည္ေဆာက္ခဲ့ပါတယ္။
သူတိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့တဲ့ ေဒသအသီးသီးက မယဥ္ေက်းတဲ့ မ်ိဳးႏြယ္စုေတြကိုလည္း ခရစ္ယာန္ဘာသာေရးအဖြဲ႕ေတြရဲ႕အကူအညီနဲ႔ယဥ္ေက်းလာေအာင္ သိမ္းသြင္းႏိုင္ခဲ့ၿပီး သူရဲ႕အုပ္ခ်ဳပ္မႈ စည္းမ်ဥ္းတစ္ခုတည္းမွာထားရွိခဲ့ပါတယ္။ ဒါအျပင္ ပုပ္ရဟန္းမင္းႀကီးရဲ႕ေတာင္းဆိုမႈနဲ႔ အီတလီေျမာက္ပိုင္းက Bavaria ေတြရဲ႕ Lombards ေဒသကိုသိမ္းပိုက္ခဲ့ၿပီး ေရာမၿမိဳ႕ေတာ္ႀကီးအပါအဝင္နယ္ေျမေတာ္ေတာ္ မ်ားမ်ားကိုထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ဒါအျပင္ ရွာလမိန္းဟာ Moors လူမ်ိဳးေတြကိုတိုက္ခိုက္ရန္အတြက္ စပိန္ကိုဆက္လက္ခ်ီတက္ခဲ့ၿပီးယခုလက္ရွိစပိန္ႏိုင္ငံရဲ႕ေတာ္ေတာ္မ်ားမ်ားကို သူ႔ရဲ႕ဖရန႔္အင္ပါယာအတြင္း သိမ္းသြင္းႏိုင္ခဲ့ပါတယ္။
အေနာက္ေရာမအင္ပါယာ ဧကရာဇ္
ရွာလမိန္းဟာ အီတလီႏိုင္ငံတြင္းသိမ္းပိုက္ရရွိတဲ့နယ္ေျမအေတာ္မ်ားမ်ားကို ပုပ္ရဟန္း မင္းႀကီးရဲ႕ပိုင္နက္နယ္ေျမအျဖစ္သတ္မွတ္ေပးခဲ့ပါတယ္။ ေအဒီ (၈၀၀) ေရာက္ခ်ိန္မွာ ေတာ့ ပုပ္ရဟန္းမင္းႀကီး Leo III ဟာ ေရာမၿမိဳ႕မွာပဲ ရွာလမိန္းဘုရင္ကိုေရာမဧကရာဇ္ အျဖစ္သတ္မွတ္တဲ့ သရဖူကိုခ်ီးျမႇင့္ခဲ့ၿပီး Carlous Augustus ဆိုတဲ့ဘြဲ႕ကိုေပးအပ္ခ်ီးျမႇင္ခဲ့ပါေသးတယ္။
အုပ္ခ်ဳပ္ေရး နဲ႔ တည္ေဆာက္ေရးလုပ္ငန္းမ်ား
ရွာလမိန္း ဟာ စစ္တိုက္ေကာင္းတဲ့စစ္ဘုရင္တစ္ပါးအျဖစ္သာမက ေအာင္ျမင္တဲ့ ႏိုင္ငံျပဳသုခမိန္တစ္ေယာက္လည္းျဖစ္ပါတယ္။ သူဟာနယ္ပယ္ေဒသမ်ားစြာကိုတိုက္ခိုက္ သိမ္းပိုက္ႏိုင္ခဲ့တယ္ဆိုေပမဲ့ ယင္းေဒသရဲ႕ ဥပေဒေတြ ယဥ္ေက်းမႈ၊ဓေလ့ထုံးစံေတြကိုေတာ့ပယ္ဖ်က္ျခင္းမ်ိဳးမရွိပဲ ထပ္မံေျမႇာက္စားေလ့ရွိပါတယ္။ ဒါအျပင္ဥပေဒရပ္ေတာ္ေတာ္မ်ားမ်ား ကိုလည္းေရးဆြဲျပဌာန္းကာ အုပ္ခ်ဳပ္ေရးမ႑ိဳင္ကိုထိန္းမတ္ေပးခဲ့ပါတယ္။ သူရဲ႕ျပဳျပင္ ေျပာင္းလဲေရးလုပ္ငန္းေတြဟာ အမွန္လည္းအက်ိဳးရွိခဲ့ၿပီး လူမႈေရးပိုင္းသာမက စီးပြား ေရးလုပ္ငန္းေတြကိုပါေဖာ္ေဆာင္ႏိုင္ခဲ့တဲ့ဧကရာဇ္တစ္ပါးျဖစ္ပါတယ္။
သူဟာ livre carolinienne (ယေန႔ေခတ္ ေပါင္စတာလင္) လို႔ေခၚဆိုတဲ့ေငြေၾကးဆိုင္ရာသုံးစြဲမႈစနစ္ကိုလည္းတည္ေထာင္ႏိုင္ခဲ့ၿပီး ေငြေၾကးေခ်းငွားျခင္းနဲ႔ေရာင္းဝယ္ျခင္းလုပ္ငန္းေတြမွာစည္းမ်ဥ္းေတြ၊စည္းကမ္းနည္းဥပေဒေတြခ်မွတ္ႏိုင္ခဲ့ၿပီး ကုန္ေဈးႏႈန္းကို အုပ္ခ်ဳပ္သူအစိုးရက ထိန္းခ်ဳပ္တဲ့နည္းလမ္းကို က်င့္သုံးခဲ့ပါတယ္။ ဒါအျပင္ ရွာလမိန္းမင္းႀကီးဟာ ပညာေရးပိုင္းကိုလည္းအထူးအေလးထားခဲ့ၿပီး သူရဲ႕ေထာက္ပံ့မႈနဲ႔ စာသင္သားမ်ားစြာကိုေခၚယူကာ ပညာသင္ၾကားေစခဲ့ပါတယ္။ ဥေရာပတိုက္တဝွမ္းလုံးမွာခရစ္ယာန္ဘာသာကို အေျခခံတဲ့ ဘုရားေက်ာင္းေတြနဲ႔ တြဲဖက္ၿပီးစာသင္ေက်ာင္းမ်ားစြာကို တည္ေဆာက္ေပးခဲ့ပါတယ္။
ရွာလမိန္းဘုရင္ႀကီးရဲ႕ဦးေဆာင္လမ္းျပမႈနဲ႔ပဲ ခရစ္ယာန္ဘုရားေက်ာင္းဂီတအဖြဲ႕ေတြ၊ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းေတြ၊ သီးပင္စားပင္စိုက္ပ်ိဳးေရးလုပ္ငန္းေတြအျပင္ စုေပါင္း လုပ္အားနဲ႔တည္ေဆာက္မႈလုပ္ငန္းေတြေပၚေပါက္လာခဲ့ပါတယ္။ ဥပမာတစ္ခုအေနနဲ႔ဆို ရင္ေတာ့ ရွာလမိန္း ဘုရင္ႀကီးလက္ထက္မွာတည္ေဆာက္ခဲ့တဲ့ Rhine ျမစ္နဲ႔ Danube ျမစ္ကိုဆက္သြယ္တည္ေဆာက္ထားတဲ့ Fossa Carolina အမည္ရ တူးေျမာင္းဆိုရင္ လူထုလုပ္အားေပးစနစ္နဲ႔ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။
ရွာလမိန္း အႏွစ္သက္ဆုံးေနရာက ယေန႔ဂ်ာမနီႏိုင္ငံရဲ႕ အေနာက္ဘက္အက်ဆုံးၿမိဳ႕ျဖစ္တဲ့ အာခ်န္ၿမိဳ႕ပါ။ ဘယ္လ္ဂ်ီယံ နဲ႔ နယ္သာလန္တို႔ရဲ႕နယ္စပ္လည္းျဖစ္ပါတယ္။ အဲဒီၿမိဳ႕မွာ သူဟာ နန္းစိုက္ခဲ့ၿပီး ႀကီးက်ယ္ခမ္းနားတဲ့ နန္းေတာ္တစ္ခု နဲ႔ ကာသီဒရယ္ဘုရားရွိခိုးေက်ာင္းတစ္ေဆာင္ကို ေဆာက္လုပ္ခဲ့ပါတယ္။ သူ႔ရဲ႕ႏိုင္ငံေတာ္တြင္းက ဇူးရစ္ ၊ ပါရီ ၊ ဖရန႔္ဖတ္ စတဲ့ၿမိဳ႕ေတြမွာလည္း နန္းေတာ္နဲ႔ အျခားအေဆာက္အအုံေပါင္းမ်ားစြာကို ေဆာက္လုပ္ေပးခဲ့ပါတယ္။
အေနာက္ဥေရာပတခြင္ကို ႀကီးစိုးႏိုင္ခဲ့တဲ့ ရွာလမိန္းဘုရင္ႀကီးဟာ (၈၁၄)ခုႏွစ္မွာ အာခ်န္ၿမိဳ႕မွာပဲ ကြယ္လြန္ခဲ့ပါတယ္။ သူေနာက္ဆက္ခံသူကေတာ့ ကိုးကြယ္ယုံၾကည္မႈပိုင္းမွ ာသက္ဝင္ယုံၾကည္မႈအလြန္အေလးသာတဲ့သားေတာ္ လူဝီျဖစ္ပါတယ္။ လူဝီကြယ္လြန္ခ်ိန္မွာေတာ့ က်န္ရွိတဲ့သားေတာ္(၂)ပါး နန္းလုၾကတာေၾကာင့္ ရွာလမိန္းတည္ေထာင္ခဲ့တဲ့ အင္ပါယာႀကီးဟာ ယခုျပင္သစ္ႏိုင္ငံ၊ဂ်ာမနီနဲ႔ ျပင္သစ္ ဂ်ာမနီ အနာက္ဖက္နယ္စပ္တေလွ်ာက္နဲ႔အီတလီေျမာက္ပိုင္းေဒသဆိုၿပီး (၃)ပိုင္းကြဲကာ ၿပိဳကြဲခဲ့ပါေတာ့တယ္။
စိတ္၀င္စားဖြယ္ အခ်က္တခ်ဳိ႕
ရွာလမိန္းဘုရင္ႀကီးကို ေရာမဧကရာဇ္အျဖစ္ ပုပ္ရဟန္းမင္းႀကီးသရဖူအပ္ႏွင္းခဲ့ခ်ိန္ဟာ ခရစ္စမတ္ေန႔မွာျဖစ္ပါတယ္။
ရွာလမိန္းဘုရင္ႀကီးဟာ အမွန္ေတာ့စာေကာင္းေကာင္းမတတ္သူ တေယာက္ျဖစ္ေပမယ့္ သူဟာပညာရဲ႕တန္ဖိုးကိုအလြန္နားလည္ၿပီး ပညာေရးခ်ိဳ႕တဲ့သူေတြအတြက္အေျခခံအေရး၊ အဖတ္ေတြျပဳလုပ္ႏိုင္ေရးအတြက္ သူရဲ႕ကိုယ္ပိုင္ဘ႑ာေငြမ်ားစြာကို စိုက္ထုတ္ လုပ္ေဆာင္ခဲ့ပါတယ္။ ( ရွာလမိန္း အထၳဳပၸတၱိကို ျပုစုခဲ့သူ တျဖစ္လည္း ဘုရင္ႀကီးရဲ႕အမႈထမ္းတေယာက္ျဖစ္တဲ့ Einhard ကေတာ့ သူ႔စာထဲမွာ ဘုရင္ႀကီးရဲ႕ စာေရးႏုိင္ဖတ္ႏုိင္စြမ္းဟာ အကန္႔အသတ္ပဲရွိတာေၾကာင့္ တခ်ဳိ႕စာေတြကို အျခားပညာရွင္ေတြက ဖတ္ျပခဲ့ရတယ္လုိ႔ ဆုိပါတယ္။)
ရွာလမိန္းဘုရင္ႀကီးဟာ သူရဲ႕ဘဝသက္တမ္းတေလွ်ာက္ အမ်ိဳးသမီး (၅) ေယာက္နဲ႔ ထိန္းျမားလက္ထပ္ခဲ့ပါတယ္။
ရွာလမိန္းဘုရင္ႀကီးရဲ႕အျခားေသာဂုဏ္ပုဒ္ေတြကေတာ့ ဥေရာပကို ျပန္လည္တည္ေထာင္သူဖခင္ႀကီး၊ ဂ်ာမန္နဲ႔ျပင္သစ္မင္းဆက္ေတြကိုစတင္တည္ေထာင္ခဲ့သူ စတာေတြျဖစ္ပါတယ္။