• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အလယ်ခေတ် နည်းပညာတွေကို သုံးကာ ၁၃ရာစု ရဲတိုက်ကို ဆောက်လုပ်ကြသူများ

by Thutamm
October 8, 2020
Reading Time: 3min read
0
အလယ်ခေတ် နည်းပညာတွေကို သုံးကာ ၁၃ရာစု ရဲတိုက်ကို ဆောက်လုပ်ကြသူများ
Share on FacebookShare on Twitter

အလယ်ခေတ် ကာလက ဥရောပ နိုင်ငံ တော်တော်များများမှာ ရဲတိုက်ဆောက်လုပ်ခြင်း ဓလေ့ဟာ အလွန်ထွန်းကားခဲ့ပါတယ်။ တော်ဝင်အသိုင်းအဝိုင်း နဲ့ နိုင်ငံအုပ်ချုပ်သူတွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပြယုဂ် အဖြစ် စံအိမ်တွေ ခံတပ်တွေအဖြစ် ရဲတိုက်တွေကို တည်ဆောက်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဂျာမနီ ၊ အင်္ဂလန် ၊ ဝေးလ် ၊ ပြင်သစ် အစရှိတဲ့ နိုင်ငံတွေမှာ ရဲတိုက်တွေ ထောင် နဲ့ ချီပြီး ရှိကြပါတယ်။ ၂၀ ရာစုနောက်ပိုင်းမှာတော့ နည်းပညာတိုးတက်လာခဲ့ပြီး ခေတ်သစ်အဆောက်အဦးများကိုသာ တည်ဆောက်လာကြတဲ့အတွက် ရဲတိုက်တွေဆောက်လုပ်မှုကတော့ လွန်စွာနည်းပါးသွားခဲ့ပါတယ်။


ရဲတိုက်တွေ အသစ်ဆောက်လုပ်မှုနည်းပါးသွားပြီဆိုပေမယ့် ထူးထူးခြားခြားအနေနဲ့ လွန်ခဲ့တဲ့ ၁၀ စုနှစ် ၂ခုလောက်မှာ ဆောက်လုပ်ခဲ့တဲ့ ရဲတိုက် တခုကတော့ ပြင်သစ်နိုင်ငံမှာ ရှိနေပါတယ်။ ဒီရဲတိုက်ရဲ့ အမည်က Guédelon ဂတ်ဒဲလန် ရဲတိုက်ဖြစ်ပြီး ပြင်သစ်နိုင်ငံ Treigny ဒေသမှာ တည်ရှိနေပါတယ်။ ဒီရဲတိုက်ကို ၁၉၉၇ ခုနှစ်မှာမှ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ပိုင်ဆိုင်သူကတော့ ပြင်သစ်သူဌေးကြီး Michel Guyot ဖြစ်ပါတယ်။ သူဟာ ရှေးဟောင်းရဲတိုက် စံအိမ်တော်တွေဖြစ်တဲ့ Saint-Fargeau ၊ Arrabloy နဲ့ Selles-sur-Cher တို့ကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

ရဲတိုက်တွေကို ဝယ်ယူတာ နဲ့ ပြင်ဆင်ထိန်းသိမ်းရတာကို နှစ်သက်တဲ့သူဟာ ထူးထူးခြားခြားပရောဂျက်တခုအနေနဲ့ Guédelon ရဲတိုက်ကို ဆောက်လုပ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ၂၁ ရာစုမှာ ခေတ်မီ ဆောက်လုပ်ရေးနည်းပညာတွေကို လိုသလို သုံးလို့ရပေမယ့် ဒီရဲတိုက်မှာတော့ ဒီနည်းပညာတွေကို မသုံးပဲ အလယ်ခေတ်ဗိသုကာ နည်းပညာတွေကိုပဲ သုံးစွဲပြီး ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ တိတိကျကျပြောရရင် ၁၃ ရာစုကာလက ရှိခဲ့တဲ့ နည်းပညာတွေ ပစ္စည်းတွေသီးသန့်နဲ့ ဆောက်လုပ်တာဖြစ်ပါတယ်။

တည်ဆောက်သူတွေဟာ တည်ဆောက်ရာမှာ လိုအပ်မဲ့အနေအထားအလိုက် ကျောက်တုံးတွေကို စူးဆောက်တွေနဲ့ လိုသလို ထွင်းထုဖြတ်တောက်ရပါတယ်။ ပစ္စည်းတွေကို သယ်ယူပို့ဆောင်တဲ့အခါမှာလည်း အဲဒီခေတ်အခါက ရှိခဲ့တဲ့ သစ်သားဘီးတပ် ဆွဲလှည်းတွေကိုသာ အသုံးပြုပါတယ်။ လေးလံတဲ့ ကျောက်တုံးကြီးတွေ ဆောက်လုပ်ရေးပစ္စည်းတွေကို မြင့်တဲ့နေရာတွေကို ပို့ဆောင်ဖို့အတွက်ဆိုရင်လည်း ထိုခေတ်ကရှိခဲ့တဲ့ သစ်သား ကြိုးတို့နဲ့ ဖန်တီးထားတဲ့ ကရိန်းတွေသာ အသုံးပြုပါတယ်။

စတင် ဆောက်လုပ်တဲ့အချိန်က ၁၉၉၇ ခုနှစ်ဖြစ်ပေမယ့် သူတို့ကတော့ ၁၂၂၈ ခုနှစ်လို့ သတ်မှတ်ထားပါတယ်။ လုပ်ငန်းခွင်စည်းကမ်းအနေနဲ့လည်း အဲဒီခေတ်က ရှိခဲ့တဲ့ ပစ္စည်းတွေက လွဲလို့ ဒီဘက်ခေတ် ပစ္စည်းတွေကို အသုံးပြုခွင့်မပြုဖို့ သတ်မှတ်ထားပါတယ်။ ပညာရှင်တွေဟာ ပြင်သစ်ဘုရင် ဒုတိယဖိလစ်လက်ထက် ၁၃ ရာစုက ရှိခဲ့တဲ့ ရဲတိုက်တွေရဲ့ တည်ဆောက်ပုံ နဲ့ အဆောက်အဦး အသေးစိတ်ကို စနစ်တကျမှတ်တမ်းတင်ကာ အဲဒီအတိုင်း တူအောင် ဆောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ တည်ဆောက်မှုအတွက် လိုအပ်တဲ့ သဲကျောက်တွေကိုတော့ ပါရီမြို့တောင်ဘက် ၂နာရီခန့်သွားရတဲ့ အကွာအဝေးမှာရှိတဲ့ ကျောက်ကျင်းကနေ ရယူပါတယ်။

အဲဒီခေတ်က အဆောက်အအုံတွေ ဆောက်လုပ်တဲ့နေရာမှာ လူအင်အားကိုပဲ အဓိက သုံးကြတာကြောင့် ရဲတိုက်တခု ပြီးစီးဖို့ နှစ် ၁၀ နဲ့ ချီပြီး တည်ဆောက်ကြရပါတယ်။ ဒီရဲတိုက် ဆောက်လုပ်ရာမှာလည်း ဒီလိုပါပဲ။ တည်ဆောက်ချိန် ၁၃နှစ်ကြာတဲ့ ၂၀၁၀ ခုနှစ်မှာမှ ၄၉ပေမြင့်မားတဲ့ ပင်မတာဝါတိုင်ကြီးနဲ့ အကာတွေပဲ ပြီးပါသေးတယ်။ တည်ဆောက်နေဆဲမှာပဲ အများပြည်သူတွေကို လာရောက်ကြည့်ရှုခွင့်ပြုခဲ့ပါတယ်။ လာရောက်သူတွေအနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ကျော်က ဒီလိုအဆောက်အဦးကြီးတွေ ဘယ်လို ဆောက်လုပ်ခဲ့သလဲ ဆိုတာကို မျက်မြင်ကိုယ်တွေ့ လေ့လာနိုင်စေဖို့ ဖြစ်ပါတယ်။

 

အခု ဆိုရင် ဒီရဲတိုက် ဆောက်လုပ်ခဲ့တာ နှစ်ပေါင်း ၂၃နှစ် ကြာမြင့်နေပြီဖြစ်ပေမယ့် အပြီးမသတ်ရသေးပါဘူး။ ခန့်မှန်းမှုတွေအရတော့ ၂၀၂၃ ခုနှစ်လောက်မှာ အပြီးသတ် တည်ဆောက်ပြီးစီးလိမ့်မယ်လို့ သိရပါတယ်။ တည်ဆောက်ရာမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ချင်သူတွေအတွက်လည်း စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခွင့်ပြုထားပြီး တနှစ်မှာ လူပေါင်း ၆၅၀ ခန့်ဟာ စေတနာ့ဝန်ထမ်းတွေအဖြစ် ဝင်ရောက်လုပ်ကိုင်ကြတယ် လို့ သိရပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဘီဘီစီကနေ ဒီရဲတိုက် တည်ဆောက်ရေး လုပ်ငန်းခွင်ကို ရဲတိုက်ရဲ့လျို့ဝှက်ချက်များ ခေါင်းစဉ် နဲ့ တင်ဆက်ခဲ့ရာမှ ပိုမို လူသိများလာခဲ့ပါတယ်။

အခု ဆိုရင် ဒီနေရာမှာ နှစ်စဉ် လူပေါင်း ၃သိန်းထက်မနည်း လာရောက်လေ့ရှိတဲ့ နေရာတခုဖြစ်လာသလို လူပေါင်း ၅၅ယောက်ကိုလည်း ပုံမှန် အလုပ်ပေးထားနိုင်တဲ့ နေရာတခု ဖြစ်နေပါပြီ။ ဒီနေရာဟာ အနီးဆုံးမြို့နဲ့ ၃ မိုင်ခန့် ဝေးတဲ့အကွာအဝေးမှာ ရှိနေပြီး ဒီနေရာမှာ ရှိသမျှ မြင်သမျှ အဆောက်အအုံတွေ ၊ အသုံးအဆောင်တွေ ၊ ယာဉ်တွေ ၊ နေ့စဉ်သုံးပစ္စည်းတွေ အားလုံးဟာ အလယ်ခေတ်က ပစ္စည်းတွေကို သာ အသုံးပြုထားတာကြောင့် ဒီနေရာကို ရောက်သွားခဲ့ရင် ၁၃ ရာစုကာလကို ပြန်လည်ရောက်သွားသလို ခံစားမိစေမှာဖြစ်ပါတယ်။

——– —– ———

(Zawgyi)

အလယ္ေခတ္ နည္းပညာေတြကို သုံးကာ ၁၃ရာစု ရဲတုိက္ကို ေဆာက္လုပ္ၾကသူမ်ား

အလယ္ေခတ္ ကာလက ဥေရာပ ႏုိင္ငံ ေတာ္ေတာ္မ်ားမ်ားမွာ ရဲတုိက္ေဆာက္လုပ္ျခင္း ဓေလ့ဟာ အလြန္ထြန္းကားခဲ့ပါတယ္။ ေတာ္၀င္အသုိင္းအ၀ုိင္း နဲ႔ ႏုိင္ငံအုပ္ခ်ဳပ္သူေတြရဲ႕ ႀကီးက်ယ္ခမ္းနားတဲ့ ျပယုဂ္ အျဖစ္ စံအိမ္ေတြ ခံတပ္ေတြအျဖစ္ ရဲတုိက္ေတြကို တည္ေဆာက္ခဲ့ၾကျခင္းျဖစ္ပါတယ္။ ဂ်ာမနီ ၊ အဂၤလန္ ၊ ေ၀းလ္ ၊ ျပင္သစ္ အစရွိတဲ့ ႏုိင္ငံေတြမွာ ရဲတုိက္ေတြ ေထာင္ နဲ႔ ခ်ီၿပီး ရွိၾကပါတယ္။ ၂၀ ရာစုေနာက္ပုိင္းမွာေတာ့ နည္းပညာတုိးတက္လာခဲ့ၿပီး ေခတ္သစ္အေဆာက္အဦးမ်ားကိုသာ တည္ေဆာက္လာၾကတဲ့အတြက္ ရဲတုိက္ေတြေဆာက္လုပ္မႈကေတာ့ လြန္စြာနည္းပါးသြားခဲ့ပါတယ္။

ရဲတုိက္ေတြ အသစ္ေဆာက္လုပ္မႈနည္းပါးသြားၿပီဆုိေပမယ့္ ထူးထူးျခားျခားအေနနဲ႔ လြန္ခဲ့တဲ့ ၁၀ စုႏွစ္ ၂ခုေလာက္မွာ ေဆာက္လုပ္ခဲ့တဲ့ ရဲတုိက္ တခုကေတာ့ ျပင္သစ္ႏုိင္ငံမွာ ရွိေနပါတယ္။ ဒီရဲတုိက္ရဲ႕ အမည္က Guédelon ဂတ္ဒဲလန္ ရဲတုိက္ျဖစ္ၿပီး ျပင္သစ္ႏုိင္ငံ Treigny ေဒသမွာ တည္ရွိေနပါတယ္။ ဒီရဲတုိက္ကုိ ၁၉၉၇ ခုႏွစ္မွာမွ စတင္ေဆာက္လုပ္ခဲ့တာျဖစ္ၿပီး ပုိင္ဆုိင္သူကေတာ့ ျပင္သစ္သူေဌးႀကီး Michel Guyot ျဖစ္ပါတယ္။ သူဟာ ေရွးေဟာင္းရဲတုိက္ စံအိမ္ေတာ္ေတြျဖစ္တဲ့ Saint-Fargeau ၊ Arrabloy နဲ႔ Selles-sur-Cher တုိ႔ကို ပုိင္ဆုိင္ထားသူလည္းျဖစ္ပါတယ္။

ရဲတုိက္ေတြကို ၀ယ္ယူတာ နဲ႔ ျပင္ဆင္ထိန္းသိမ္းရတာကို ႏွစ္သက္တဲ့သူဟာ ထူးထူးျခားျခားပေရာဂ်က္တခုအေနနဲ႔ Guédelon ရဲတုိက္ကို ေဆာက္လုပ္ဖုိ႔ ႀကဳိးစားခဲ့တာျဖစ္ပါတယ္။ ၂၁ ရာစုမွာ ေခတ္မီ ေဆာက္လုပ္ေရးနည္းပညာေတြကို လုိသလုိ သုံးလုိ႔ရေပမယ့္ ဒီရဲတုိက္မွာေတာ့ ဒီနည္းပညာေတြကို မသုံးပဲ အလယ္ေခတ္ဗိသုကာ နည္းပညာေတြကိုပဲ သုံးစြဲၿပီး ေဆာက္လုပ္ခဲ့တာျဖစ္ပါတယ္။ တိတိက်က်ေျပာရရင္ ၁၃ ရာစုကာလက ရွိခဲ့တဲ့ နည္းပညာေတြ ပစၥည္းေတြသီးသန္႔နဲ႔ ေဆာက္လုပ္တာျဖစ္ပါတယ္။

တည္ေဆာက္သူေတြဟာ တည္ေဆာက္ရာမွာ လုိအပ္မဲ့အေနအထားအလုိက္ ေက်ာက္တုံးေတြကို စူးေဆာက္ေတြနဲ႔ လုိသလုိ ထြင္းထုျဖတ္ေတာက္ရပါတယ္။ ပစၥည္းေတြကို သယ္ယူပုိ႔ေဆာင္တဲ့အခါမွာလည္း အဲဒီေခတ္အခါက ရွိခဲ့တဲ့ သစ္သားဘီးတပ္ ဆြဲလွည္းေတြကိုသာ အသုံးျပဳပါတယ္။ ေလးလံတဲ့ ေက်ာက္တုံးႀကီးေတြ ေဆာက္လုပ္ေရးပစၥည္းေတြကို ျမင့္တဲ့ေနရာေတြကို ပို႔ေဆာင္ဖုိ႔အတြက္ဆုိရင္လည္း ထုိေခတ္ကရွိခဲ့တဲ့ သစ္သား ႀကဳိးတုိ႔နဲ႔ ဖန္တီးထားတဲ့ ကရိန္းေတြသာ အသုံးျပဳပါတယ္။

စတင္ ေဆာက္လုပ္တဲ့အခ်ိန္က ၁၉၉၇ ခုႏွစ္ျဖစ္ေပမယ့္ သူတုိ႔ကေတာ့ ၁၂၂၈ ခုႏွစ္လုိ႔ သတ္မွတ္ထားပါတယ္။ လုပ္ငန္းခြင္စည္းကမ္းအေနနဲ႔လည္း အဲဒီေခတ္က ရွိခဲ့တဲ့ ပစၥည္းေတြက လြဲလုိ႔ ဒီဘက္ေခတ္ ပစၥည္းေတြကို အသုံးျပဳခြင့္မျပဳဖုိ႔ သတ္မွတ္ထားပါတယ္။ ပညာရွင္ေတြဟာ ျပင္သစ္ဘုရင္ ဒုတိယဖိလစ္လက္ထက္ ၁၃ ရာစုက ရွိခဲ့တဲ့ ရဲတုိက္ေတြရဲ႕ တည္ေဆာက္ပုံ နဲ႔ အေဆာက္အဦး အေသးစိတ္ကို စနစ္တက်မွတ္တမ္းတင္ကာ အဲဒီအတုိင္း တူေအာင္ ေဆာက္လုပ္ခဲ့ၾကတာျဖစ္ပါတယ္။ တည္ေဆာက္မႈအတြက္ လုိအပ္တဲ့ သဲေက်ာက္ေတြကိုေတာ့ ပါရီၿမဳိ႕ေတာင္ဘက္ ၂နာရီခန္႔သြားရတဲ့ အကြာအေ၀းမွာရွိတဲ့ ေက်ာက္က်င္းကေန ရယူပါတယ္။

အဲဒီေခတ္က အေဆာက္အအုံေတြ ေဆာက္လုပ္တဲ့ေနရာမွာ လူအင္အားကိုပဲ အဓိက သုံးၾကတာေၾကာင့္ ရဲတုိက္တခု ၿပီးစီးဖုိ႔ ႏွစ္ ၁၀ နဲ႔ ခ်ီၿပီး တည္ေဆာက္ၾကရပါတယ္။ ဒီရဲတုိက္ ေဆာက္လုပ္ရာမွာလည္း ဒီလုိပါပဲ။ တည္ေဆာက္ခ်ိန္ ၁၃ႏွစ္ၾကာတဲ့ ၂၀၁၀ ခုႏွစ္မွာမွ ၄၉ေပျမင့္မားတဲ့ ပင္မတာ၀ါတုိင္ႀကီးနဲ႔ အကာေတြပဲ ၿပီးပါေသးတယ္။ တည္ေဆာက္ေနဆဲမွာပဲ အမ်ားျပည္သူေတြကို လာေရာက္ၾကည့္ရႈခြင့္ျပဳခဲ့ပါတယ္။ လာေရာက္သူေတြအေနနဲ႔ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၇၀၀ေက်ာ္က ဒီလုိအေဆာက္အဦးႀကီးေတြ ဘယ္လုိ ေဆာက္လုပ္ခဲ့သလဲ ဆုိတာကို မ်က္ျမင္ကိုယ္ေတြ႔ ေလ့လာႏုိင္ေစဖုိ႔ ျဖစ္ပါတယ္။

အခု ဆုိရင္ ဒီရဲတုိက္ ေဆာက္လုပ္ခဲ့တာ ႏွစ္ေပါင္း ၂၃ႏွစ္ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္ အၿပီးမသတ္ရေသးပါဘူး။ ခန္႔မွန္းမႈေတြအရေတာ့ ၂၀၂၃ ခုႏွစ္ေလာက္မွာ အၿပီးသတ္ တည္ေဆာက္ၿပီးစီးလိမ့္မယ္လုိ႔ သိရပါတယ္။ တည္ေဆာက္ရာမွာ ကုိယ္တုိင္ကုိယ္က် ပါ၀င္ခ်င္သူေတြအတြက္လည္း ေစတနာ့၀န္ထမ္းအျဖစ္ ပါ၀င္ခြင့္ျပဳထားၿပီး တႏွစ္မွာ လူေပါင္း ၆၅၀ ခန္႔ဟာ ေစတနာ့၀န္ထမ္းေတြအျဖစ္ ၀င္ေရာက္လုပ္ကုိင္ၾကတယ္ လုိ႔ သိရပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ဘီဘီစီကေန ဒီရဲတုိက္ တည္ေဆာက္ေရး လုပ္ငန္းခြင္ကို ရဲတုိက္ရဲ႕လ်ဳိ႕၀ွက္ခ်က္မ်ား ေခါင္းစဥ္ နဲ႔ တင္ဆက္ခဲ့ရာမွ ပုိမုိ လူသိမ်ားလာခဲ့ပါတယ္။

အခု ဆုိရင္ ဒီေနရာမွာ ႏွစ္စဥ္ လူေပါင္း ၃သိန္းထက္မနည္း လာေရာက္ေလ့ရွိတဲ့ ေနရာတခုျဖစ္လာသလုိ လူေပါင္း ၅၅ေယာက္ကိုလည္း ပုံမွန္ အလုပ္ေပးထားႏုိင္တဲ့ ေနရာတခု ျဖစ္ေနပါၿပီ။ ဒီေနရာဟာ အနီးဆုံးၿမဳိ႕နဲ႔ ၃ မုိင္ခန္႔ ေ၀းတဲ့အကြာအေ၀းမွာ ရွိေနၿပီး ဒီေနရာမွာ ရွိသမွ် ျမင္သမွ် အေဆာက္အအုံေတြ ၊ အသုံးအေဆာင္ေတြ ၊ ယာဥ္ေတြ ၊ ေန႔စဥ္သုံးပစၥည္းေတြ အားလုံးဟာ အလယ္ေခတ္က ပစၥည္းေတြကို သာ အသုံးျပဳထားတာေၾကာင့္ ဒီေနရာကို ေရာက္သြားခဲ့ရင္ ၁၃ ရာစုကာလကို ျပန္လည္ေရာက္သြားသလုိ ခံစားမိေစမွာျဖစ္ပါတယ္။

Tags: amazingarchitecture
Next Post
ကမ္ဘာတလွှားက ပန်းရောင် ရေကန် ၅ ခု

ကမ္ဘာတလွှားက ပန်းရောင် ရေကန် ၅ ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!