Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အရှားပါးဆုံးဖြစ်တဲ့ လမ်းလျှောက်ငါးအမျိုးအစား ကို သိပ္ပံပညာရှင်တွေ တွေ့ရှိ

by Thutamm
July 29, 2019
Reading Time: 1min read
0
အရှားပါးဆုံးဖြစ်တဲ့ လမ်းလျှောက်ငါးအမျိုးအစား ကို သိပ္ပံပညာရှင်တွေ တွေ့ရှိ
Share on FacebookShare on Twitter

ရေကူးမသွားပဲ လမ်းလျှောက်သကဲ့သို့ သွားတဲ့ ငါးအမျိုးအစားများကို သြစတြေးလျှ သိပ္ပံပညာရှင်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

တွေ့ရှိရတဲ့နေရာကတော့ တက်စ်မေးနီးယား ကမ်းရိုးတန်းက ရေအောက်ကြမ်းပြင်မှာဖြစ်ပါတယ်။

တက်စ်မေးနီးယားဆိုတာ သြစတြေးနိုင်ငံထဲမှာပါဝင်ပြီး ကျွန်းမကြီးရဲ့တောင်ဘက် မိုင် ၁၅၀အကွာမှာ ရှိတဲ့ကျွန်းပါ။

သာယာလှပလွန်းတာကြောင့် သြစတြေးလျရဲ့ဥယျာဉ်လို့ ခေါ်ကြတဲ့ ကျွန်းလည်းဖြစ်ပါတယ်။

အခုတွေ့ရှိရတဲ့ လမ်းလျှောက်ငါးအမျိုးအစားရဲ့ အမည်ကတော့ Red Handfish လို့သိရပြီး ငါးအုပ်တစ်ခုလုံးမှာ အကောင် ၂၀ ဝန်းကျင်ခန့်သာ ရှိတယ်လို့ သိရပါတယ်။

လေ့လာသူ သိပ္ပံပညာရှင်များရဲ့ပြောကြားချက်အရ ဒီငါးအုပ်ဟာ မီတာ ၂၀ မှ မီတာ ၅၀ အကျယ်အဝန်းအတွင်းမှာသာ နေထိုင်ကျက်စားကြတယ်လို့ သိရပါတယ်။

ဒါဟာတင်းနစ်ကွင်း ၂ကွင်းစာပဲ ရှိပါတယ်။ ဒီလိုကျက်စားတဲ့နယ်ပယ် ကျဉ်းမြောင်းရခြင်းကလည်း ဒီငါးအုပ်တွေဟာ အခြားငါးတွေလို ကူးခတ်မသွားပဲ လမ်းလျှောက်သွားတာကြောင့် အကွာအဝေးအများကြီး မသွားနိုင်ဘူး လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် ဒီငါးတွေဟာ ဒိုက်ပင်တွေအောက်မှာ ငြိမ်သက်နေလေ့ရှိပြီး ပုံမှန်ငါးနဲ့မတူတဲ့ လက်တွေလည်း ပါနေပါတယ်။

လမ်းလျှောက်ငါးမျိုးတွေကို တွေ့ရှိတာ ပထမဆုံးတော့မဟုတ်ပါဘူး။ ၁၈၀၀ပြည့်နှစ်မှာတည်းက တက်စ်မေးနီးယားအရှေ့တောင်ပိုင်း က Port Arthur မှာ ပထမဆုံးတွေ့ရှိခဲ့ဖူးပါတယ်။

အလွန်ရှားပါးတဲ့ ငါးအမျိုးအစားဖြစ်ပြီး ၁၀နှစ်မှာ ၁ကြိမ်မြင်ရဖို့တောင် မလွယ်ကူဘူးလို့ သိရပါတယ်။

red handfish ငါးမျိုးတွေဟာ ပုံမှန်အားဖြင့် ၇စင်တီမီတာ ကနေ ၉စင်တီမီတာ ခန့်ရှိပြီး နေထိုင်ကျက်စား ဥဥခြင်းတွေကိုတော့ ပင်လယ်ကြမ်းပြင်က ဒိုက်ပင်တွေရဲ့အောက်ခြေမှာသာ ပြုလုပ်လေ့ရှိကြပါတယ်။

တက်စ်မာနီးယားတက္ကသိုလ် ပင်လယ်ကျောက်တန်းတိုင်းတာရေး သုတေသနအဖွဲ့က သူတို့ရဲ့သုတေသနလုပ်ငန်းတွေဆောင်ရွက်နေစဉ်အတွင်းမှာ ဒီငါးအုပ်ကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်တွေကတော့ ဒီရှားပါးတဲ့ ငါးမျိုးစိတ်နေထိုင်ရာဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရေးနေရာ အဖြစ်သတ်မှတ်စေချင်ကြပေမယ့် လက်ရှိအချိန်အထိတော့ တရားဝင် မဆွေးနွေးရသေးပါဘူး။

“အခုလို လမ်းလျှောက်တဲ့ငါးမျိုးစိတ်ကို တွေ့လိုက်ရတော့ ကမ္ဘာပေါ်မှာကျွန်တော်တို့ မသိသေးတာတွေ ဘယ်လောက်များများကျန်နေဦးမလဲ ဆိုတာတွေးမိပါတယ်” လို့ သုတေသနခေါင်းဆောင် နဲ့ သိပ္ပံပညာရှင် ဒေါက်တာ Rick Stuart-Smith က ဆိုပါတယ်။

သိပ္ပံပညာရှင်များရဲ့ စစ်တမ်းအရလည်း လက်ရှိအချိန်ထိ ပင်လယ်သမုဒ္ဒရာရေအောက်ရဲ့အကြောင်းကို သိပ္ပံပညာရှင်များရှာဖွေနိုင်တာဟာ ၅% သာ ရှိသေးကြောင်း သိရပါတယ်။ ကျန်တဲ့ အစိတ်အပိုင်း ၉၅% မှာ မသိသေးတဲ့အကြောင်းအရာပေါင်းများစွာ ရှိနေဆဲပါ။

Tags: amazinganimals

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

Next Post
အလှူ့အမ ကျာင်းအမကြီး မငွေစိန်

အလှူ့အမ ကျာင်းအမကြီး မငွေစိန်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!