• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အရာဝထ္ထုတို့ရဲ့ သက်တမ်းကို ဘယ်လိုတွက်ကြသလဲ

by Thutamm
August 7, 2019
Reading Time: 1min read
0
အရာဝထ္ထုတို့ရဲ့ သက်တမ်းကို ဘယ်လိုတွက်ကြသလဲ
Share on FacebookShare on Twitter

တစ်ခါတစ်လေ အွန်လိုင်းပေါ်မှာ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က သစ်ပင်တို့လွန်ခဲ့တဲ့ အနှစ် ၅၀၀၀ က ကျောက်တုံးတို့ စသဖြင့် မြင်ဖူးကြမှာပါ။ ဒီလို အရာဝထ္ထုတွေရဲ့ သက်တမ်းကို ဘယ်လိုတွက်လဲ မဖြစ်နိုင်တာ လို့တွေးတဲ့သူများလည်း တွေးပါလိမ့်မယ်။ အခု အဲလို အရာဝထ္ထုတွေရဲ့ သက်တမ်းကို တွက်ချက်နည်းတွေကို ဗဟုသုတ အဖြစ်ဖော်ပြလိုက်ပါတယ်။

ရှေးဟောင်းပစ္စည်းတစ်စုံတစ်ခုကို တွေ့ရှိသူတိုင်း၏စိတ်ဝယ် ပေါ်လာတတ်သော မေးခွန်းတစ်ခုမှာ ‘ဤပစ္စည်းသည် မည်မျှရှေးကျ၍ မည်သည့်ခေတ်ကနည်း’ ဟူ၍ ဖြစ်ပါသည်။ ရှေးဟောင်းပစ္စည်းနှင့်နှီးနွယ်သူများ၊ ရှေးဟောင်းသုတေသနသမားတို့လည်း မိမိတို့လေ့လာနေသော ပစ္စည်းများ၏သက်တမ်းကို များစွာ သိလိုကြသည်။ ရှေးဟောင်းပစ္စည်းများ မည်မျှရှေးကျသည်ကို ဖော်ထုတ်နိုင်သည့်နည်းလမ်းများစွာရှိသည်တွင် ယင်းတို့ကို တိကျခေတ်ခွဲနည်းနှင့် နှိုင်းယှဉ်ခေတ်ခွဲနည်းဟု နှစ်မျိုးခွဲနိုင်သည်။

ကာဗွန် ၁၄

ကမ္ဘာကြီးကို လွှမ်းခြုံထားသောလေထုအပါ်ယံလွှာကို ဖြတ်သန်းလာသော ကော့စမစ်ရောင်ခြည်များသည် ကမ္ဘာ့လေထုနှင့် ထိတွေ့လိုက်ကြသောအခါ နျူထရွန်များ ဖြစ်လာကြသည်။ ထိုနျူထရွန်တို့သည် လေထုအတွင်းရှိ နိုက်ထရိုဂျင်အနုမြူ များနှင့် တိုက်ခိုက်မိရာ ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်တစ်မျိုးဖြစ်သော ကာဗွန် ၁၄ ဖြစ်ပေါ်လာသည်။

ထိုကာဗွန် ၁၄ သည် အောက်စီဂျင်နှင့်ပေါင်းကာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဖြစ်သွားသည်။ ယင်းကာဗွန်ဒိုင်အောက်ဆိုဒ်သည် တစ်နည်းနည်းဖြင့် သက်ရှိတို့ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ရောက်ရှိသွားသော သက်ရှိတို့ သေဆုံးကြသောအခါ ရေဒီယိုသတ္တိကြွ ကာဗွန် ၁၄ အိုင်ဆိုတုပ်သည် စတင်ပြိုကွဲလျော့ပါးတော့သည်။ သက်ရှိသေဆုံးသည့်အချိန်မှ ၅၅၆၈ နှစ်ကြာသောအခါ သက်ရှိသေခါစအချိန် ခန္ဓာကိုယ်တွင်းရောက်ရှိနေသော ကာဗွန် ၁၄ သည် မူလအချိန်အဆ၏ တစ်ဝက်သို့ လျော့နည်းသွားသည်။ နှစ်ပေါင်း ၁၁၁၃၆ နှစ်ကြာလျှင် နောက်ထပ်တစ်ဝက်လျော့ပြီး လေးပုံတစ်ပုံသာ ကျန်တော့သည်။

ဤနှုန်းအတိုင်း လျော့သွားရာ နှစ်ပေါင်း ၄၀ဝဝဝ ခန့်ကြာသောအခါ ကာဗွန် ၁၄ အချိန်အဆမှာ လွန်စွာနည်းပါးသွားပြီး တိုင်းတွာရန်ပင် ခက်ခဲသွားသည်။

ထို့ကြောင့်တစ်ခါက သက်ရှိဖြစ်ကြဖူးသော မီးသွေး၊ အရိုး၊ ခရုခွံ၊ သစ်သား၊ သစ်စေ့၊ ဆင်စွယ်၊ ပျားဖယောင်း၊ အမွေးအမှင်စသည့် ဝတ္ထုပစ္စည်းတို့အတွင်း ကြွင်းကျန်ရစ်သော ကာဗွန် ၁၄ ကိုတိုင်းထွာကြည့်ပြီး ယင်းတို့ မည်မျှရှေးကျကြောင်း သိရှိနိုင်သည်။

ပိုတက်စီယမ် အာဂွန်နည်း

ကာဗွန် ၁၄ နည်းဖြင့် နှစ်ပေါင်း ၄၀ဝဝဝ အောက် ရှေးဟောင်းပစ္စည်းများကို ခေတ်ခွဲနိုင်စေသော်လည်း ထို့ထက်ရှေးကျသော ပစ္စည်းများကို ခေတ်ခွဲရန် ခက်ခဲသည်။ ထိုကြောင့် ပိုတက်စီယမ်အာဂွန်နည်းကို သိပ္ပံပညာရှင်များအသုံးပြုကြသည်။ ပိုတက်စီယမ်သည် ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ်တစ်မျိုးဖြစ်သည်။ တစ်စတစ်စ ပြိုကွဲပြီး ၎င်း၏ ပြိုကြွသက်တမ်းမှာ နှစ်သန်းပေါင်း ၁၃၅၀ ကြာမြင့်သည်။ တဖြည်းဖြည်း ပြိုကွဲလျော့ပါသွားပြီး ဓာတ်ငွေ့ဖြစ်သော ကယ်လ်ဆီယမ် ၄၀ သို့မဟုတ် အာဂွန် ၄၀ ဖြစ်သွားသည်။ ဤပြောင်းလဲချက်သည်ပင် ခေတ်ခွဲခြားမှုတွင် အရေးပါသည်။

သာမိုလူမီနက်စင်နည်း

မြေကြီးဖြင့် ပြုလုပ်ထားသော အရာဝထ္ထုအားလုံးတွင် ယူရေနီယံ၊ သိုရီယမ် နှင့် ပိုတက်စီယမ်ကဲ့သို့ အနုမြူ ဒြပ်စင်များ အနည်းအကျဉ်း ပါရှိသည်။ ယင်ဒြပ်စင်တို့၏ အနုမြူဓာတ်ကြွမှုသည် အယ်လ်ဖာ၊ ဘီတာနှင့် ဂါမာရောင်စဉ်များကို နှစ်ပရိစ္ဆေဒ ရာပေါင်းများစွာ ထုတ်သည်။ ယင်းသို့ ရောင်ခြည်များထုတ်ခြင်းသည် အနုမြူအသီးသီးတွင် နျူကလီးယတ်ကို လည်ပတ်နေသော အီလက်ထရွန်များအား ၎င်းတို့လှည့်ပတ်နေကျလမ်းမှ လမ်းလွဲသွားစေသည်။ အီလက်ထရွန်များသည် လမ်းလွဲသွားရာ၌ တစ်နေရာတွင်ပိတ်မိနေပြီး အပူကြောင့် လှုပ်ရှားလာသောအခါကျမှ ၎င်းတို့၏ မူလပတ်လမ်းသို့ ပြန်လည်ရောက်သွားကြသည်။ အီလက်ထရွန်အသီးသီးတို့သည် ၎င်းတို့၏ မူလပတ်လမ်းသို့ ပြန်လည်ရောက်ရှိသောအခါ ‘ဖိုတွန်’ခေါ် အလင်းမှုန်များကို ထုတ်ကြသည်။

ဤသို့ အလင်းမှုန်သန်းပေါင်းများစွာ ထုတ်လွှတ်ခြင်းကြောင့်တောက်ပသည်ကို သာမိုလူမီနက်စင် ဟုခေါ်သည်။ ထိုသို့ အလင်းမှုန်များလွှတ်ခြင်းသည် အလွန်နှေးကွေးရကား အီလက်ထရွန်များပိတ်မိနေရန် နှစ်ရာပေါင်းများစွာ ကြာလေ့ရှိသည်။ သို့ဖြစ်၍ ရှေးဟောင်း မြေအိုး၊ မြေခွက်များကို အပူပေး၍ ၎င်းတို့ထဲမှ အလင်းမှုန်များဖြာထွက်အောင် ပြုလုပ်တိုင်းတာခြင်းဖြင့် ယင်းမြေအိုး မြေခွက်များသည် မည်မျှရှေးကျကြောင်း တွက်ဆနိုင်သည်။ မကြာမီကမှ ပြုလုပ်၍ အေးသွားသော မြေအိုးမြေခွက်များကို ဤသို့ အလင်းမှုန်များထွက်အောင် မလုပ်နိုင်ပေ။

သံလိုက်သုတေသနနည်း

ရှေးနှစ်ပေါင်းများစွာကပင် လူသားတို့သည် သံလိုက်၏ သဘောတရားကို အသင့်အတင့် နားလည်သဘောပေါက်လာခဲ့ကြသည်။ ထို့ကြောင့်ပင် သံလိုက်အိမ်မြှောင်ကို တီထွင်၍ အရပ်မျက်နှာ ခွဲခြားရာတွင် အသုံးပြုခဲ့ကြသည်။ သို့သော် နှစ်ပေါင်းများစွာ ကြာလာသောအခါ အိမ်မြှောင်၏ ညွှန်ပြချက်များ ပြောင်လဲလာသည်ကို သတိပြုမိကြသည်။ နှစ်ပရိစ္ဆေဒ ကြာမြင့်လာသောအခါ အိမ်မြှောင်လက်တံများသည် တကယ့်မြောက်အရပ်၊ တကယ့်တောင်အရပ်တို့ကို ညွှန်ပြရမည့်အစား အနည်းငယ်တိမ်းစောင်းလာသည်ကို သတိပြုမိကြသည်။

ဂယ်လီဗရန်ဟူသော သိပ္ပံပညာရှင်အပါအဝင် သိပ္ပံပညာရှင်တို့သည် သံလိုက်သဘောတရားကို သုတေသနပြုခဲ့ကြပြီး နိုင်ငံအလိုက် နှစ်အလိုက် သံလိုက်အိမ်မြှောင်၏ ရွေ့ရှားပြောင်းလဲညွှန်ပြပုံများကို မှတ်တမ်းတင်ခဲ့ကြသည်။ ဥပမာ- လန်ဒန်မြို့၌ ၁၅၀ဝ ပြည့်နှစ်တွင် အိမ်မြှောင်လက်တံသည် အရှေ့မြောက်ဘက်သို့ ၁၁ ဒီကရီမျှ စောင်း၍ ညွှန်ပြခဲ့သည်။ ၁၉၃၈ ခုတွင်မူ အနောက်မြောက်ဘက်သို့ ၁၁ ဒီကရီစောင်း၍ ညွှန်ပြခဲ့သည်။ ဤအချက်ကို သတိပြုမိကြသော သိပ္ပံပညာရှင်များသည် သံလိုက်၏ နှစ်အလိုက်ပြောင်းလဲညွှန်ပြသည့်အချက်ကို အသုံးပြု၍ ရှေးဟောင်းပစ္စည်းများ၏ သက်တမ်းကို တွက်ချက်ရန် အကြံရခဲ့ကြသည်။

သံလိုက်အပိုင်းအစ အနည်းငယ်ပါဝင်သော အရာဝထ္ထုဖြင့် ပြုလုပ်ထားသော ပစ္စည်းတိုင်းတွင် ကမ္ဘာသံလိုက်လွင်ပြင်ကြီးဆီမှ ရရှိသော အင်အားများကိန်းအောင်းနေသည်။ ယင်းသို့ ကိန်းအောင်းနေသော အင်အားများကို အကြွင်းအကျန် သံလိုက်အင်အားများဟု ခေါ်သည်။ ဤသို့ အကြွင်းအကျန်သံလိုက်အင်အားများသည် မြေအိုးမြေခွက်နှင့် အခြားသော သံလိုက်ဓာတ်ရှိပစ္စည်းများတွင် တွေ့နိုင်သည်။

ဥပမာ- မြေအိုးတစ်လုံးကို စတင်ပြုလုပ်ရာတွင် ပုံသွင်းပြီး မီးဖုတ်လိုက်သောအခါ အပူဓာတ်ကြောင့် ယင်းမြေသားအတွင်းရှိ သံလိုက်ဓာတ်များပျက်ပြယ်သွားသည်။ ထိုမြေအိုး ပြန်အေးသွားသောအခါ ယင်းအိုးတွင်ပါဝင်နေသော သံလိုက်အမှုန်အစများသို့ သံလိုက်အင်အား ပြန်၍ဝင်လာမည်ဖြစ်သည်။ ထိုအင်အာများသည် ထိုနေ့ ထိုရက် ထိုအချိန်က တည်ရှိနေသော ကမ္ဘာ့သံလိုက်လွင်ပြင်၏ တည်နေရာအတိုင်းဖြစ်နေမည်။

တစ်နည်းအားဖြင့် ထိုအိုးတွင်ရှိသော သံလိုက်မှုန်များကို သီးသန့်ခွဲထုတ်၍ သံလိုက်ချောင်းပြုလုပ်ပါက သံလိုက်ချောင်း၏ဝင်ရိုးစွန်းသည် ထိုစဉ်က ရှိခဲ့သော သံလိုက်ဝင်ရိုးစွန်းတည်နေရာကိုသာ ညွှန်ပြမည်ဖြစ်သည်။ နှစ်ပရိစ္ဆေဒ မည်မျှပင် ကြာမြင့်သည်ဖြစ်စေ ထိုးအိုးတွင်ပါဝင်နေသော သံလိုက်မှုန်များကို စမ်းသပ်ပါက ထိုအိုးပြုလုပ်စဉ်အခါက တည်ရှိသော သံလိုက်ဝင်ရိုးစွန်း ရှိရာအရပ်ကိုသာ ညွှန်ပြနေမည်ဖြစ်သည်။

ဟိုက်ဒရေးရှင်းနည်း

ဟိုက်ဒရေးရှင်းနည်းမှာ မီးတောင်ပေါက်ကွဲရာမှ ထွက်ပေါ်လာသော အော့ဗဆီဒီယန်းခေါ် ဖန်ကျောက်တစ်မျိုး၏ မျက်နှာပြင်ပေါ်၌ ရေငွေ့များခိုအောင်းသည့် အလွှာ၏ အထူအပါးကို စမ်းသပ်စစ်ဆေးသောနည်းဖြစ်သည်။ မီးတောင်များပေါက်ကွဲရာမှ ထွက်ပေါ်လာသော ချော်ရည်များထဲမှ တစ်ချို့သည် အေးခဲသွားသောအခါ အော့ဗဆီဒီယန်းခေါ် ဖန်ကျောက်တစ်မျိုးဖြစ်ပေါ်လာသည်။

ထိုကျောက်တို့သည် မာကြောပြီး ကြွပ်ဆတ်သောကြောင့် ရိုက်ခွဲလျှင် အလွယ်တကူ ကွဲနိုင်သည်။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ကမ္ဘာဦးလူသားတို့သည် အော့ဗဆီဒီယန်းကျောက်များကို တန်ဖိုးထားခဲ့ကြသည်။ အကြောင်းမှာ ယင်းကျောက်တို့သည် မာကြောကြွပ်ဆတ်ရုံမျှမက အသွားများကို ချွန်ထက်အောင် ပြုလုပ်၍ ဓားကဲ့သို့ အသုံးပြုနိုင်သောကြောင့်ဖြစ်သည်။

နောက်ပိုင်းတွင် လူသားတို့သည် အော့ဗဆီဒီယန်းကျောက်ကို လက်နက်ကိရိယာအဖြစ်သာမဟုတ်ဘဲ အဆင်တန်ဆာ အလှအပပစ္စည်းများအဖြစ်လည်း ပြုလုပ်သုံးစွဲလာကြသည်။ အထူးသဖြင့် အမျိုးသမီးများက ပုတီး၊ နားတောင်းစသော လက်ဝတ်ရတနာများအဖြစ် နှစ်သက်မြတ်နိုးစွာ သုံးစွဲလာကြသည်။ တစ်စတစ်စနှင့် အော့ဗဆီဒီယန်း ကျောက်တို့သည် လူသားတို့၏ ဥစ္စာကြွယ်ဝမှုအခြေအနေနှင့် အာဏာအဆင့်အတန်းကို ဖော်ညွှန်းသော အဆောင်အယောင်များဖြစ်လာသည်။ ဤသို့လူသားတို့ အသုံးပြုခဲ့ကြသည့် အော့ဗဆီးဒီးယန်းကျောက်၌ ထူးခြားသော ဂုဏ်သတ္တိရှိကြောင်း သိပ္ပံပညာရှင်တို့သတိပြုမိကြသည်။

မီးတောင်ပေါက်ကွဲ၍ အော့ဗဆီဒီယန်းကျောက်များဖြစ်ပေါ်လာသောအခါ ထိုကျောက်သည် ရေခိုးရေငွေ့များကို စုပ်ယူပြီး ယင်းအတွင်းတွင် ရေဝင်၍ ရေဝင်လွှာဖြစ်ပေါ်လာသည်။ ဤသို့ရေဝင်ခြင်းသည် နှစ်ပေါင်းများစွာကြာသည်။ ရေဝင်လွှာ၏အထူကို တိုင်းတာခြင်းဖြင့် ရှေးဟောင်းပစ္စည်း၏ သက်တမ်းကို တွက်ချက်နိုင်သည်။ ရေဘုယျအားဖြင့် ရေဝင်လွှာသည် ၂၈ မိုက်ခရို (တစ်မိုက်ခရိုလျှင် တစ်လက်မ၏ လေးကုဋေပုံတစ်ပုံနှင့် ညီမျှသည်) အထူရှိလျှင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၀ဝ၀ ခန့်ရှိပြီဟု တွက်ချက်နိုင်သည်။ သို့သော်ဤနည်းဖြင့် ပုံသေတွက်ချက်၍ မရပေ။အော့ဗဆီဒီးယန်းကျောက်ဖြင့်ပြုလုပ်ထားသော ပစ္စည်းတည်ရှိရာ အရပ်ဒေသ၏ ရာသီဥတို၊ အပူချိန်စသည်တို့ကို လည်း ထည့်သွင်းတွက်ချက်ရန်လိုအပ်သည်။ ဟိုက်ဒရေးရှင်းနည်းဖြင့် နှစ်ပေါင်း ၁၀ဝဝဝ၀ အထိသက်တမ်းတွက်ချက်နိုင်သည်။

ယူရေနီယံသတ္ထုပါသော ကျောက်ဆောင်များ၏ သက်တမ်းတွက်ခြင်း

ရှေးဟောင်းပစ္စည်းတို့၏ သက်တမ်းကို တွက်ချက်ရာတွင် အရေးပါသောနည်းတစ်ခုမှာ ယူရေနီယံသတ္ထုပါသည့် ကျောက်ဆောင်တို့၏ သက်တမ်းကို ဖော်မြူလာသုံး၍ တွက်ချက်နည်းဖြစ်သည်။ကျောက်ဆောင်တစ်ခု၏ သက်တမ်းကို တိတိကျကျသိလိုလျှင် ယင်းကျောက်ဆောင်တွင်ပါဝင်ဖွဲစည်းထားသည့် ခဲတို့၏ အလေးချိန်ကိုမူတည်၍ ယင်းကျောက်ဆောင်တွင် ပါဝင်ဖွဲ့စည်းနေသော ယူရေနီယံတို့၏ အလေးချိန်ဖြင့်စားပြီး ရရှိလာသော အဖြေကို ၇၆၀ဝ ဖြင့်မြှောက်ရသည်။

ကျောက်ဆောင်၏ သက်တမ်း= ခဲ၏အလေးချိန်/ယူရေနီယံ၏အလေးချိန် x ၇၆၀ဝ
ရရှိလာသောအဖြေကို သန်းဂဏန်းဖြင့်သတ်မှတ်ရသည်။

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု သုတေသန- ဦးမြင့်အောင်
အခြေခံရှေးဟောင်းသုတေသနပညာ- မနုဿကျော်ဝင်း
Myanmar Wikipedia

Tags: knowledge
Next Post
ဘာကြောင့် ကမ္ဘာမှာ လ တစ်စင်းပဲ ရှိရတာလဲ

ဘာကြောင့် ကမ္ဘာမှာ လ တစ်စင်းပဲ ရှိရတာလဲ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!