Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အရင်းအနှီး မလုံလောက်ပဲ စီးပွားရေးလုပ်ငန်းများကို တည်ထောင်ပြီးမှ သန်းကြွယ်သူဌေးဖြစ်သွားကြသူများ 

by Thutamm
August 12, 2019
Reading Time: 1min read
0
အရင်းအနှီး မလုံလောက်ပဲ စီးပွားရေးလုပ်ငန်းများကို တည်ထောင်ပြီးမှ သန်းကြွယ်သူဌေးဖြစ်သွားကြသူများ 
Share on FacebookShare on Twitter

ရေးသားသူ – ဖတ်ဖူးသမျှ မှတ်သားထားသောစာစုများ

တကယ်အလုပ်လုပ်ချင်သူတွေဟာ ကိုယ့်လက်ထဲေ ငွကြေးအရင်းအနှီးအနည်းအများကိုကြည့်ပြီး အလုပ်လုပ်တာမဟုတ်ပါဘူး ။ အမှန်တကယ်အလုပ်လုပ်ချင်တဲ့စိတ်ကနေ အဟုတ်အမှန်ချမ်းသာကြွယ်ဝသွားကြသူများသာဖြစ်ပါတယ် ။ သို့ပေမယ့် သင့်မျက်လုံးတွေကို အမြင်ကျယ်ကျယ်ကြည့်ခိုင်းပြီး သင့်နားတွေကလည်းလူတွေရဲ့လိုအပ်မှု ကိုနားထောင်နိုင်စွမ်းရှိဖို့တော့လိုပါတယ် ။ သာဓကအနေနဲ့ ….

၁။ မြန်မာပြည်သား U Philip Maung (ခေါ်) ကိုဘုန်းလွင်
၁၃ဒေါ်လာပဲရှိရာမှ Hissho Sushi ဆိုင်ခွဲပေါင်း၄၀၀ကျော်ဖွင့်လှစ်နိုင်ခဲ့သူ

လွန်ခဲ့သောအနှစ် ၂၀ ကျော်လောက်က အမေရိကန်ပြည်ထောင်စုကို ၁၃ ဒေါ်လာနဲ့ထွက်သွားခဲ့တဲ့ မြန်မာလူငယ်လေးတစ်ယောက်ဟာ ယနေ့အခါမှာဆူရှီဆိုင်လေးရာကျော် ဖွင့်လှစ်နိုင်နေပြီဆိုရင် စာဖတ်သူတို့အံ့သြမလားမသိဘူး။ Philip Maung (ခေါ်) ကိုဘုန်းလွင်ကတော့ အဲ့ဒီလိုအံ့သြစရာဖြစ်အောင် လုပ်ပြခဲ့သူပါပဲ ။

သူအမေရိကန်ကို စရောက်တုန်းက ရရာအလုပ်လုပ်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲသူရည်ရွယ်ထားတဲ့ စားသောက်ဆိုင်လုပ်ငန်းကို လုပ်ဖြစ်အောင်လုပ်ခဲ့တယ် ။ စစချင်းမှာငွေကြေး အခက်အခဲရှိခဲ့ပေမယ့် သူရဲ့ကြိုးစားအားထုတ်မှု နဲ့စီမံခန့်ခွဲမှုကြောင့်ဆူရှီဆိုင်လေးရာကျော်ဖွင့်လှစ်နိုင်သည် အထိအောင်မြင်လာခဲ့သူတစ်ဦးဖြစ်လာခဲ့ပါတယ် ။
( အထက်ပါစာပိုဒ် U Philip Maung အကြောင်းကို ပါမောက္ခဒေါက်တာအောင်ထွန်းသက်တွေ့ဆုံမေးမြန်းပြီးမှထုတ်ဝေထားတဲ့ “ မြန်မာ့စီးပွားရေးထူးချွန်သူများ” ဆိုတဲ့စာအုပ်မှပြန်လည်ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါတယ် ။ )

ဆက်လက်၍ နောက်ထပ်သာဓကအနေဖြင့်-

၂။ အမေရိကန်ပြည်ဖွား Dan Carney နှင့် Frank Carney
Pizza Hut
သမိုင်းတွင်သောမုန့်တစ်ချပ်

၁၉၅၀ ပြည့်လွန်နှစ်တွေမှာDan Carney နှင့် Frank Carney ညီအစ်ကို နှစ်ယောက်ဟာ ကင်းဆပ်ပြည်နယ် Wichita မှာကောလိပ်ကျောင်းတက်နေတုန်း သူတို့ညီအစ်ကိုနှစ်ဦးအတွက် ကျောင်းစရိတ်ကာမိရုံစိတ်ကူးနဲ့ မရဲတရဲ
စလုပ်ဖြစ်တာပါ ။ ဒီအလုပ်အတွက်သူတို့အမေဆီကနေ ဒေါ်လာအနည်းငယ်ချေးယူပြီးမှ ပီဇာလုပ်နည်းအတွေ့အကြုံ ရှိသူတစ်ဦးကိုရှာပြီး ဖက်စပ်တွဲလုပ်ခဲ့တာပါ ။

အမွှေးအကြိုင်အဆာပလာလေးတွေနဲ့လတ်လတ်ဆတ်ဆတ်အုပ်ပြီးဖုတ်ထားတဲ့ပီဇာကို လူအများကကြိုက်နှစ်သက်တာမို့ Pizza Hutဟာ အခက်အခဲပေါင်းများစွာ ၊ ပြိုင်ဆိုင်မှုပေါင်များစွာကို ဖြတ်သန်းရင်း ၁၉၈၆ခုနစ်မှာ ဆိုင်ခွဲပေါင်း ၅၀၀၀ အထိ ဖွင့်လှစ်နိုင်ခဲ့ပါတယ် ။ ၁၉၉၄ ခုနစ်မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်ကစပြီး အင်တာနက်ပေါ်ကနေ ပီဇာပါဆယ်ထုပ်မှာလို့ရအောင်ပါ စီစဉ်ခဲ့တဲ့အတွက်အင်တာနက်ရှေ့ဆောင်ကုမ္ပဏီတစ်ခုလည်းဖြစ်လာခဲ့ပါတယ် ။

၃။ ဆာ့ဖ်ဝဲအင်ဂျင်နီယာ Pierre Omidyar
eBay
Online Auction Site

ယနေ့အွန်လိုင်းပေါ်မှာ နာမည်အကြီးဆုံးဖြစ်နေတဲ့ eBay လို့ခေါ်တဲ့ အွန်လိုင်းဈေးကွက် ကုမ္ပဏီကြီးကို ဆော့ဖ်ဝဲအင်ဂျင်နီယာ Pierre က ၁၅ ဒေါ်လာဆိုတဲ့ မပြောပလောက်တဲ့ငွေနဲ့စတင်တည်ထောင်လာခဲ့တာပါ ။ Pierre ကို ပဲရစ်မြို့မှာမွေးဖွားခဲ့ပြီး သူ့မိသားစုဟာ သူ ခြောက်နှစ်သာအရွယ် ၁၉၇၃ ခုနစ်မှာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီကိုပြောင်းရွေ့လာခဲ့တာပဲဖြစ်ပါတယ်။ သူဟာငယ်ငယ်ကတည်းက ကွန်ပျူတာတွေ ၊နည်းပညာရပ်တွေကိုစိတ်ဝင်စားခဲ့ပြီး BASIC စနစ် နဲ့ Program ရေးနည်းကို သူ့ဘာသာသင်ယူ လေ့လာခဲ့တာပဲဖြစ်ပါတယ် ။ Pierre ဟာ ၁၉၈၀ခုနစ်မှာ ဘော့စတွန်မြို့ အနီး ကTufts တက္ကသိုလ်ကနေ ကွန်ပျူတာသိပ္ပံ အထူးပြု ဘာသာနဲ့ ကျောင်းပြီးခဲ့သူလည်းဖြစ်ပါတယ် ။ စီးပွားရေးလုပ်ငန်းရှင် ဖြစ်မယ့် အရည်အချင်းနဲ့တစ်ခုခုကိုသူများနဲ့မတူအောင်လုပ်ချင်တဲ့ အာသီသကို စောစောစီးစီးပြု လုပ်ခဲ့တာပဲဖြစ်ပါတယ် ။

သူဟာဝက်ဘ်ဆိုဒ်တစ်ခုကို ရေးသားခဲ့ပေမယ့် လူတွေ ဘာပစ္စည်းတွေရောင်းချင်၊ဝယ်ချင်မှန်းမသိဘဲနဲ့သူရဲ့ ဝဘ်ဆိုဒ်ကိုဖွင့်ခဲ့တာပဲဖြစ်ပါတယ် ။ ဒီဆိုဒ်ကနေပဲ ပစ္စည်းအကျိုးအပဲ့ အဟောင်းလေးတွေကို ပစ္စည်းစုဆောင်းလိုသူတွေ
ဆီကနေ ဝယ်ယူစုဆောင်းမှုကနေစပြီး းယခုအချိန် ကမ္ဘာတစ်ဝန်းကလူတွေရဲ့ပစ္စည်းဝယ်ယူ အားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ် ။ ဒီနေ့ဆိုရင် eBay မှာ နေ့စဉ်ပစ္စည်း ခုနစ်သန်းကျော်ကိုစာရင်းတင်ထားနိုင်ပြီး ပစ္စည်းအမျိုးပေါင်း ၁၁၂သန်းထဲကနေ နှစ်သက်ရာကို အချိန်မရွေး ဝယ်ယူနိုင်တဲ့ ဆိုဒ်တစ်ခုဖြစ်နေပါပြီ ။ သူ့ရဲ့အကြီးမားဆုံးဈေးကွက်ကြီးတစ်ခုကတော့ အမေရိကန် ၊ ဗြိတိန် နဲ့ဂျာမနီတို့ပဲဖြစ်ပါတယ် ။ အခုချိန်မှာ Pierreရဲ့ ချမ်းသာကြွယ်ဝမှု ဟာ ဒေါ်လာ ၁၁.၆ဘီလျံဖြစ်ပြီး Forbes 2018ရဲ့ ကမ္ဘာဘီလီယံစာရင်းမှာ နံပတ် ၁၂၂ ချိတ်ပါတယ် ။ သူဟာ  Honolulu Civil Beat၊ Ulupono Initiative ၊ Omidyar Network ၊ First Look Media စတဲ့ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတွေနဲ့ မီဒီယာလုပ်ငန်းတွေကိုပါတည်ထောင်ထားသူ ဖြစ်ပါတယ်။

ဖတ်ဖူးသမျှ-မှတ်သားထားသောစာစုများ 

Tags: successfulworld people
Next Post
တောကြီးမျက်မည်းထဲမှ ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ

တောကြီးမျက်မည်းထဲမှ ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!