Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အယ်ဘေးနီးယားနိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
October 3, 2020
Reading Time: 1min read
0
အယ်ဘေးနီးယားနိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

တောင်ကုန်းတောင်တန်းတွေ၊ရဲတိုက်ကြီးတွေ၊သမိုင်းဝင်ယဉ်ကျေးမှုနယ်မြေအများအပြားရှိနေတဲ့ အယ်ဘေးနီးယားဟာဥရောပတိုက်မှာရှိတဲ့ နိုင်ငံငယ်လေးဖြစ်ပြီး တရားဝင် အမည်ကတော့ အယ်ဘေးနီးယားသမ္မတနိုင်ငံဖြစ်ပါတယ်။ ဥရောပရဲ့အရှေတောင်ပိုင်း ဘောလကန်ဒေသအတွင်းမှာတည်ရှိနေတာဖြစ်ပြီး အနောက်မြောက်ဘက်တွင်မွန်တီနီ ဂရိုးနိုင်ငံ၊ အရှေမြောက်ဘက်တွင် ကိုဆိုဗိုနိုင်ငံ၊ အရှေဘက်တွင်မက်ဆီဒိုးနီးယားနိုင်ငံ၊ တောင်ဘက်နဲ့အရှေတောင်ဘက်တွင် ဂရိနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါတယ်။

ဧရိယာစတုရန်းမိုင်ပေါင်း (၁၁၁၀၀)မိုင်ကျယ်ဝန်းပြီး (၄.၇)ရာခိုင်နှုန်းလောက်ကတော့ရေထုဖြစ်ပါတယ်။ (၂၀၁၇)ခုနှစ်ကစာရင်းတွေအရတော့ အယ်ဘေးနီးယားနိုင်ငံ လူဦးရေဟာ (၂ ၈၇၆၅၉၁)ဦးရှိပြီး လူဦးရေသိပ်သည်းဆကတော့ (၁)စတုရန်းမိုင်မှာ (၂၅၃.၈)ဦး နေထိုင်ကြပါတယ်။ အယ်ဘေးနီးယားရဲ့မြို့တော်ကတော့ Tirana ဖြစ်ပြီး Durres ၊ Elbasan နဲ့ Vlore လိုနာမည်ကျော်မြို့တွေလည်းရှိနေပါသေးတယ်။

ဘီစီ(၂၀၀၀)ကာလလောက်ကတည်းက ယခု အယ်ဘေးနီးယားနိုင်ငံတည်ရှိရာအရပ်မှာ Illyrians အမည်ရတဲ့မျိုးနွယ်စုတွေဟာအခြေချနေထိုင်ခဲ့ကြပါတယ်။ ဘီစီ(၃)ရာစု ရောက်ရှိချိန်မှာတော့ ရောမတွေဟာ ဒီနေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တတိယ Illyrian စစ်ပွဲအပြီး ဘီစီ ၁၆၇မှာတော့ ရောမတို့ရဲ့နယ်မြေတစ်ခုဖြစ်သွားခဲ့ပါတယ်။ ယင်းနောက်မှာတော့ အယ်ဘေးနီးယားဒေသဟာ Byzantine အင်ပါယာ၊ ဘူဂေးရီးယားအင်ပါယာ၊ဆားဘီးယားအင်ပါယာ နဲ့အော်တိုမန် အင်ပါယာတွေရဲ့ သွတ်သွင်းခြင်းကိုခံခဲ့ရပြီး သက်ဆိုင်ရာအင်ပါယာရဲ့ယဉ်ကျေးမှုတွေ သာမက ကိုးကွယ်ယုံကြည်မှုဘာသာတရားတွေပါ ထွန်းကားလာခဲ့ပါတယ်။

အယ်ဘေးနီးယားလူထုခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Gjergi Kastrioti Skenderbeu လက်ထက်(၁၄၄၄)ခုနှစ်မှာတော့ အောတိုမန်တူရကီတွေဟာ အယ်ဘေးနီးယားနိုင်ငံကိုတိုက်ခိုက်ဖို့ကြိုးစားလာခဲ့ကြပြီး အယ်ဘေးနီးယားသားတွေကတော့ တူရကီတွေရဲ့ကျူးကျော်စစ်ကို(၂၅)နှစ်လောက် ကြံ့ကြံ့ခံတွန်းလှန်နိုင်ခဲ့ပါသေး တယ်။

နောက်ပိုင်းမှာတော့ လူထုခေါင်းဆောင်ကွယ်လွန်သွားခြင်းနဲ့အတူ (၁၄၇၈) ခုနှစ်မှာတော့ တူရကီတွေရဲ့လက်အောက်ခံဖြစ်ခဲ့ရပါတယ်။ တူရကီတွေဟာ အယ်ဘေး နီးယားနိုင်ငံကို (၁၉၁၂)ခုနှစ်အထိ နှစ်ပေါင်း (၄၃၄)နှစ်လောက်အုပ်ချုပ်သွားခဲ့ပါတယ်။ (၁၉၁၂)မှာတော့ အယ်ဘေးနီးယားသားတွေဟာ တူရကီတွေဆီကနေ လွတ်လပ်ရေးကို ရယူနိုင်ခဲ့ပြီး လွတ်လပ်တဲ့အချုပ်အခြာအာဏာနိုင်ငံတစ်ခုအဖြစ်ကြေငြာခဲ့ပါတယ် ။

ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ အယ်ဘေးနီးယားနိုင်ငံဟာ အီတလီတပ်တွေသာမက ဂျာမန်တွေရဲ့တိုက်ခိုက်သိမ်းပိုတ်တာကိုခံခဲ့ရပြီး (၁၉၄၃)မတိုင်ခင်အထိတော့ အီတလီ တပ်တွေရရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိနေခဲ့ပါတယ်။ စစ်ကြီးပြီးချိန်မှာတော့ အယ်ဘေးနီး ယားဟာ ကွန်မြူနစ်နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။ ယင်းနောက်မှာတော့ နိုင်ငံအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေရှိနေခဲ့ပြီး အနောက်အုပ်စုရဲ့ဖိအားပေးမှုတွေရယ် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားတာတွေကြောင့် (၁၉၉၂)ခုနှစ်မှာတော့ အထွေထွေ ရွေးကောတ်ပွဲပြုလုပ်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။ အယ်ဘေးနီးယားဟာ ကွန်မြူနစ်ဝါဒနဲ့နှစ်(၄၀)လောက်ဖြတ်သန်းခဲ့ရပါတယ်။ လက်ရှိအုပ်ချု့်ရေးစနစ်ကတော့ တပြည်ထောင်ပါတီစုံသမ္မတစနစ်ဖြစ်ပါတယ်။

အယ်ဘေးနီးယားနိုင်ငံရဲ့အဓိကထုတ်လုပ်တဲ့ပစ္စည်းတွေကတော့ အထည်အလိပ်၊ အဝတ်အစား၊ ရေနံ၊စားသောက်ကုန်နဲ့ ပရိဘောဂပစ္စည်းတွေဖြစ်ပါတယ်။ နိုင်ငံခြားဝင် ငွေကိုဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေကနေလည်းရရှိနေတာကိုတွေ့ရမှာဖြစ်ပြီး အထူးသဖြင့်မြို့တော် Tirana ဟာအဓိကခရီးသွားလုပ်ငန်းဖြစ်ထွန်းရာနေရာဖြစ်ပါတယ်။

နိုင်ငံလူဦးရေရဲ့ (၉၀)ရာခိုင်နှုန်းလောက်ဟာ စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြပြီး အဓိကအားဖြင့် ဂျုံ၊အာလူး၊ပြောင်းဖူးသီးနှံတွေကိုစိုက်ပျိုးကြပါတယ်။ ဒါအပြင် နိုင်ငံစုစုပေါင်း လုပ်ငန်းအားလုံးရဲ့ သုံးပုံနှစ်ပုံလောက်ဟာ စိုက်ပျိုးရေးနဲ့ဆက်စပ်နေတဲ့လုပ်ငန်းတွေဖြစ် ပါတယ်။ ဥရောပမှာဆိုရင် လက်မှုလယ်ယာကနေ စက်မှုလယ်ယာကိုကူးပြောင်းနေရတဲ့ နိုင်ငံအနည်းငယ်ထဲမှာ အယ်ဘေးနီးယားလည်းအပါအဝင်ဖြစ်ပါတယ်။ အမှန်လည်း အယ်ဘေးနီးယားဟာ ကမ္ဘာပေါ်မှာအလယ်အလတ်နိုင်ငံဖြစ်ပေမယ့် ဥရောပမှာတော့ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဖြစ်နေဆဲဖြစ်ပါတယ်။

(၂၀၁၉)ခုနှစ်အတွက် အယ်ဘေးနီးယားနိုင်ငံရဲ့ ခန့်မှန်း (GDP)စာရင်းကတော့ အမေရိ ကန်ဒေါ်လာ (၃၈.၃၁၅)ဘီလီလျံအထိရှိနေပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ဝင်ငွေကတော့ တစ်နှစ်ကိုအမေရိကန်ဒေါ်လာ (၁၃ ၃၃၀)ဖြစ်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာကြုံတွေ့ရ လေ့ရှိတဲ့ဖြစ်စဉ်ဖြစ်တဲ့ အလုပ်အကိုင်အခွင့်လမ်းရှားပါးမှုပြသာနာဟာ အယ်ဘေးနီးယားနိုင်ငံအပေါ် အတော်လေးရိုက်ခတ်မှုရှိခဲ့ပါတယ်။နိုင်ငံရဲ့သုံးစွဲတဲ့ငွေကြေးစနစ်က တော့ Lek (All) ဖြစ်ပြီး အမေရိကန်တစ်ဒေါ်လာဟာ အယ်ဘေးနီးယား Lek  (၁၁၀.၇၉) နဲ့ညီမျှပါတယ်။

အယ်ဘေးနီးယားရဲ့အမြင့်ဆုံးနေရာကတော့ Korab တောင် ဖြစ်ပြီးပင်လယ်ရေမျက်နှာပြင်ထက်အမြင့်ပေ (၉၀၆၈)ပေအထိမြင့်မားပြီး နိုင်ငံရဲ့အနိမ့်ဆုံးနေရာကတော့ Adriatic ပင်လယ်ပိုင်းဒေသတွေဖြစ်ပါတယ်။ အယ်ဘေးနီးယားနိုင်ငံဟာ ဘော်လ်ကန်ကျွန်းစွယ် ရဲ့အရှေတောင်ဘက်ပိုင်းမှာတည်ရှိပြီး အရွယ်အစားသေးငယ်ကာ အမေရိကန်ပြည် ထောင်စုရဲ့ Maryland ပြည်နယ်ထက်တောင်သေးငယ်ပါသေးတယ်။

နိုင်ငံရဲ့နေရာအများစုဟာ တောင်ကုန်းတောင်တန်းထူထပ်ပေါများပြီး Adriatic ပင်လယ်နဲ့ lonian ပင်လယ်တွေရဲ့ ကမ်းခြေတွေကိုလည်းပိုင်ဆိုင်ထားပါတယ်။ သစ်တောတွေနဲ့ရွံနွံဒေသ တွေကိုလည်း ပေါများစွာတွေ့ရှိရမှာဖြစ်ပါတယ်။ အာရှနိုင်ငံအများစုမှာလိုပဲ ပူပြင်းခြောက်သွေ့တဲ့နွေရာသီနဲ့ အအေးဓာက်လွန်ကဲခြင်းမျိုးမရှိတဲ့ဆောင်းရာသီကို ပိုင်ဆိုင်ထားပါတယ်။ တောင်တန်းဒေသတွေမှာတော့ ဆီနှင်းများကျဆင်းခြင်းနဲ့ ထူထပ် တဲ့နှင်းထုတွေကိုတော့ ဖြစ်ပေါ်လေ့ရှိကာ ရံဖန်ရံခါ နေ့ညအပူချိန်စံချိန်တင်ကျဆင်းသွား တဲ့ကာလမျိုးတွေလည်းရှိခဲ့တာကိုတွေ့ရပါတယ်။ အယ်ဘေးနီးယားဟာ အပင်နဲ့တိရိစ္ဆာန်မျိုးစိတ်အတော်ကိုပေါများပြီး အပင်မျိုးစိတ် ပေါင်း (၃၂၅၀) နဲ့ငှက်မျိုးစိတ်ပေါင်း (၃၅၀)လောက်အပြင် နို့တိုက်သတ္တဝါမျိုးစိတ် (၈၀)ကျော်လောက်နေထိုင်ကြပါတယ်။

အယ်ဘေးနီးယားနိုင်ငံသားတွေဟာ The Kanun လို့ခေါ်တဲ့ ဂါဝရတရားထားဆက်ဆံမှု၊ ပျူငှာတဲ့ဧည့်ဝတ်ကျေမှု၊သစ္စတရားနဲ့ ခင်မင်မှုကိုတန်ဖိုးထားကြတဲ့ မိရိုးဖလာဓလေ့ကို ပိုင်ဆိုင်ထားကြပါတယ်။ အထူးသဖြင့် သစ္စာတရားကိုအလွန်စောင့်သိကြပြီး လွယ်လွယ် နဲ့ ကတိပေးခြင်းမျိုးတွေကို ရှောင်ရှားခြင်းနဲ့ မြန်မာလိုဆိုရင်တော့ ဆိုခဲစေ မြဲစေဆိုတဲ့ စကားကိုလက်ကိုင်ထားကြပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက သန်းနဲ့ချီသတ်ခံရတဲ့ ဖြစ်စဉ်တွေအတွင်းမှာလည်း ဂျူးတွေကို မိမိနိုင်ငံအတွင်းလာရောက်နေထိုင်ဖို့အထိ အယ်ဘေးနီးယားအာဏာပိုင်တွေက ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဧည့်သည်တွေကိုအလေးထားဆက်ဆံတတ်ခြင်းဟာ အယ်ဘေးနီးယားသားတွေရဲ့ချစ်စရာအလေ့ဖြစ်ပြီး သူတို့ ရဲ့တစ်နှစ်လုံးစုဆောင်းထားသမျှငွေတွေဟာ ဧည့်သည်တွေကိုတည့်ခင်းတာနဲ့ပဲကုန် သွားလေ့ရှိတယ်ဆိုတဲ့ အစဉ်အလာစကားမျိုးတွေတောင်ရှိခဲ့ဖူးပါတယ်။

အယ်ဘေးနီးယားနိုင်ငံရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့ နိုဝင်ဘာ(၂၈)ရက်နဲ့ နိုင်ငံတွင်း Bajram ကာလတွေမှာဆိုရင် နိုင်ငံရဲ့ငြိမ်းချမ်းမျှတမှု၊ ပွင့်လင်းမြင်သာမှု နဲ့ စည်းလုံးမှုသရုပ်တွေကိုဖော်ဆောင်လေ့ရှိကြပါတယ်။ Bajram ကာလတွင်းမှာဆိုရင် ဆိတ်သားကို လက်ဆောင်အဖြစ် ပေးအပ်ကြပါတယ်။ အယ်ဘေးနီးယားနိုင်ငံရဲ့အခြားနာမည်ကျော်ပွဲတော်တွေကတော့ ဆောင်းတွင်းကုန်ချိန် မှာကျင်းပလေ့ရှိတဲ့ Dita e Verse ပွဲတော်နဲ့ နွေဦးရာသီအစပိုင်းမှာ Elbasan မှာကျင်း ပလေ့ရှိတဲ့ Parades နဲ့ bonfires တေးဂီတပွဲတော်တွေဟာထင်ရှားပါတယ်။ ယင်းပွဲတော်ကာလတွေနဲ့အမြဲဒွန်တွဲနေတဲ့ အယ်ဘေးနီးယားနိုင်ငံရဲ့အစားအစာကတော့ သကြား၊ထောပတ်နဲ့ ကြက်ဥတွေနဲ့ပြုလုပ်ထားတဲ့ ဒေသအခေါ် Ballakume လို့ခေါ်တဲ့ ကွတ်ကီးမုန့်မျိုးဖြစ်ပါတယ်။

ထင်ရှားတဲ့အယ်လ်ဘေးနီးယားလူမျိုးတွေကတော့ ငြိမ်းချမ်းရေးနိုှဗယ်ဆုရှင်လည်းဖြစ် ကမ္ဘာကျော်ပရဟိတမိခင်ကြီး လည်းဖြစ်တဲ့ မာသာထရီဇာဖြစ်ပါတယ်။ မင်းသားချော Jim Belushi မင်းသမီး Eliza Dushku အဆိုတော် Dua Lipa နဲ့ Rita Ora တို့ဟာလည်း အယ်ဘေးနီးယားနိုင်ငံသား တွေဖြစ်ကြပါတယ်။

အယ်ဘေးနီးယားနိုင်ငံရဲ့တရားဝင်ရုံးသုံးစကားကတော့ အယ်ဘေးနီးယားဘာသာစကား ဖြစ်ပါတယ်။ စာရင်းတွေအရတော့ နိုင်ငံလူဦးရေရဲ့ (၆၀)ရာခိုင်နှုန်းလောက်ဟာအစ္စလာမ် ဘာသာဝင်တွေဖြစ်ကြပြီး ခရစ်ယာန် (၁၇)ရာခိုင်နှုန်း ၊ ဘာသာမဲ့ (၃)ရာခိုင်နှုန်း ၊ထုတ်ဖော်ခြင်းမရှိသူ (၁၄)ရာခိုင်နှုန်း နဲ့အခြားဘာသာကိုးကွယ်ယုံကြည်သူတွေလည်း ရှိနေပါတယ်။

အယ်ဘေးနီးယားနိုင်ငံနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတွေကတော့ အယ်ဘေးနီးယားနိုင်ငံဟာဥရောပရဲ့ ရာသီဥတုဒဏ်ကိုအတော်လေးခံရတဲ့နိုင်ငံအဖြစ်ရှိ နေပြီး (၂၀၁၀)ခုနှစ်ကရေကြီးမှုကြောင့် အိမ်ထောင်စု(၇၀၀၀)လောက်နေရပ်ကိုစွန့်ခွာခဲ့ရပါတယ်။

ကမ္ဘာနေရာတိုင်းမှာ ခေါင်းခါတယ်ဆိုတာ အလိုမရှိတဲ့သင်္ကေတ (NO)ဖြစ်ပြီး ခေါင်းညိတ်ရင်တော့ Yes ဖြစ်ပါတယ်။ အယ်ဘေးနီးယားနိုင်ငံမှာတော့ ခေါင်းခါတာဟာ Yes ဖြစ်ပြီး ခေါင်းညိတ်တာဟာ မလိုတဲ့သဘောထား No ဖြစ်ပါတယ်။

အယ်ဘေးနီးယားနိုင်ငံသားအများစုဟာ မိခင်နိုင်ငံမှာထက် ပြည်ပမှာရောက်နေသူက ပိုများနေပါတယ်။ အမှန်လည်းပြည်ပမှာနေထိုင်သူ အယ်ဘေးနီးယားလူမျိုးစုစုပေါင်း ဟာ (၁၀)သန်းနီးပါးခန့် ရှိနေတာဖြစ်ပါတယ်။

အယ်ဘေးနီးယားနိုင်ငံရဲ့နယ်မြေ(၇၀)ရာခိုင်နှုန်းဟာ တောင်တန်းဒေသတွေဖြစ်တယ်လို့သိရပြီး အယ်ဘေးနီးယားနိုင်ငံမှာပြေးဆွဲနေတဲ့ဘတ်စကားတွေမှာ တိကျတဲ့လမ်း ကြောင်းမရှိပါဘူး။ ကားလူပြည့်တာနဲ့ ခရီးသည်တွေအဆင်ပြေတဲ့လမ်းကြောင်းကိုထွက် ခွာလေ့ရှိကြပါတယ်။ လိုအပ်တာကတော့ ခရီးသည်အများစုရဲ့ဆန္ဒသဘောထားသာ ဖြစ်ပါတယ်။

Tags: countries
Next Post
ချက်ကျေးရွာက နာမည်ကျော် ကလေးများရုပ်တုရဲ့ နောက်ကြောင်း

ချက်ကျေးရွာက နာမည်ကျော် ကလေးများရုပ်တုရဲ့ နောက်ကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!