မင်ဖျက်ဆေးဆိုတာက မှားသွားတဲ့စားသားကိုဖျက်ကာ အသစ်ထပ်ရေးနိုင်အောင် လုပ်ပေးတဲ့အရာဆိုတာ သိကြပြီးဖြစ်မှာပါ။ ဒီဘက် ကွန်ပျူတာခေတ်မှာတော့ မှားသွားတဲ့နေရာကို ပြန်ပြင်ကာ အလွယ်တကူ ပရင့်ပြန်ထုတ်နိုင်သော်လည်း ဟိုးတချိန်ကတော့ လက်နှိပ်စက်ခေတ်ဖြစ်ရာ ပြန်ပြင်ဖို့မလွယ်ကူခဲ့ပါ။ လက်နှိပ်စက် ကာဘွန်ကြိုးကြောင့် ရှုပ်ပွပေကျံတတ်သလို အမှားဖျက်ရာတွေမှာလည်း မင်အကွက်တွေ စွန်းထင်း ကျန်နေခဲ့လေ့ ရှိပါတယ်။ မင်ဖျက်ဆေးတွေ ပေါ်လာပြီးနောက်မှာတော့ ဒီပြသနာဟာ အတော်လေး သက်သာသွားခဲ့ပါတယ်။
အင်္ဂလိပ်လို Correction fluid လို့ခေါ်တဲ့ မင်ဖျက်ဆေးကို ၁၉၅၆ ခုနှစ်တုန်းက အမေရိကန်သူ လက်နှိပ်စက်စာရေးမ တယောက်ဖြစ်တဲ့ ဂရေဟန် (Bette Nesmith Graham) က တီထွင်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ၂၀၀၀ ဝန်းကျင်လောက်မှ မင်ဖျက်ဆေး အသုံးပြုမှု တွင်ကျယ်ခဲ့တာပါ။ ပေါ်စက ဈေးကြီးတော့ တတ်နိုင်သူတွေလွဲလို့ အများစုက မသုံးနိုင်ကြပါဘူး။ မင်ဖျက်ဆေးကြောင့် အမှားကိုဖျက်ကာ အလွယ်တကူ အမှန်ပြန်ရေးနိုင်လို့ ကောင်းတယ်လို့ ဆိုရပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ ဒါနဲ့ပတ်သက်လို့ မကောင်းတဲ့ အလေ့အကျင့်တခုရှိပါတယ်။ အဲဒါကတော့ သမိုင်းဝင် အထိမ်းအမှတ်အဆောက်အဦး နေရာတွေပါမကျန် မြင်မြင်သမျှ မင်ဖျက်ဆေးနဲ့ ရေးတတ်ကြခြင်းပါ။
ဂရေဟန်ကို ၁၉၂၄ ခုနှစ်က အမေရိကန် တက်ဆက်ပြည်နယ် ဒဲလတ်စ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ငယ်ငယ်ကတော့ သူမဖြစ်ချင်ခဲ့တာ ပန်းချီဆရာပါ။ Alamo Heights ကျောင်းကနေ အထက်တန်းအောင်မြင်ခဲ့ပါတယ်။ အဲဒီနောက်တော့ ယောင်္ကျားရ ၊ ကလေးတယောက်ရ ၊ ၄နှစ်အကြာမှာ ယောင်္ကျားနဲ့ကွဲ ၊ မကြာခင်မှာပဲ ဖခင်ဖြစ်သူ သေဆုံးခဲ့ပါတယ်။ သားတယောက်မိခင်ဖြစ်လာတဲ့အတွက် ပန်းချီကိုပဲ ရူးသွပ်နေလို့ မရတော့တာကြောင့် အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ဘဏ်တခုမှာ လက်နှိပ်စက် စာရေးမ တယောက်အနေနဲ့ အလုပ်ရခဲ့ပါတယ်။
အဲဒီအချိန်က အမေရိကန်ဘဏ်တွေမှာ အီလက်ထရောနစ် လက်နှိပ်စက်တွေ နေရာယူလာခဲ့ပြီဖြစ်ပါတယ်။ဒါပေမယ့် စက်မှာတပ်ထားတဲ့ ကာဘွန်မင်ခံကြိုးကြောင့် စာရွက်မှာ ရှုပ်ပွပေကျံပြီး အမှားတခုတလေပါမိလို့ ဖျက်တဲ့အခါ မင်အကွက်တွေနဲ့ စွန်းကျန်နေတတ်ပါတယ်။ ဒီကိစ္စက သူမကို ဒုက္ခတော်တော်ပေးပါတယ်။ ဒါကိုဖြေရှင်းဖို့ အမျိုးမျိုး စဉ်းစားခဲ့ပေမယ့် အဖြေမရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဘဏ်အဆောက်အဦးကို ဆေးသုတ်သမားတယောက် ဆေးသုတ်နေတာကို ကြည့်ရင်းနဲ့ အိုင်ဒီယာတခုရခဲ့ပါတယ်။
ဆေးသုတ်သမားဟာ တနေရာရာမှာ မှားသုတ်မိတဲ့အခါ အရင်ဆုံး အဖြူဆေးကို သုတ်တယ် ။ ပြီးတော့မှ သူသုတ်လိုတဲ့ အရောင်ကို သုတ်ပါတယ်။ ဒါကိုကြည့်ပြီးတော့ စက္ကူပေါ်က မင်တွေကိုလည်း အဖြူရောင်ဆေးနဲ့ သုတ်ပြီး ပြန်ထပ်ရေးလို့ မရနိုင်ဘူးလား ဆိုတဲ့ အတွေး သူမတွေးမိခဲ့ပါတယ်။ သူမက ပန်းချီပညာနဲ့လည်း နီးစပ်သူဖြစ်တာကြောင့် အရောင်တွေရဲ့ သဘောကို နားလည်ပါတယ်။ ဒီတော့ အောက်ခံစက္ကူနဲ့ တူညီမယ့် အနီးစပ်ဆုံးဆေးအရောင်ကို စပ်ယူလာပြီး စုတ်တံအသေးနဲ့ အမှားတွေကို ဖျက်ပြီး ပြန်ရေးခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ သူမဆီကထွက်လာတဲ့ စာတွေမှာ အမှားအယွင်းတွေ မရှိတော့ပါဘူး။ သူမရဲ့ အရောင်စပ်မှု ကျွမ်းကျင်လွန်းတာကြောင့် မှားပြီးပြန်ပြင်ထားတဲ့နေရာကိုတောင် အထက်အရာရှိတွေ သတိမထားမိတော့ပါဘူး။ သူမစပ်ထားတဲ့ ဆေးကို သူမကိုယ်တိုင်ပဲ အမှားတွေကို ဖယ်ထုတ်တဲ့အရာ Mistake Out ဆိုပြီး အမည်ပေးခဲ့ပါတယ်။ သူမရဲ့ အလုပ်ကြိုးစားမှုကြောင့် ဘဏ်ဥက္ကဌရဲ့ အတွင်းရေးမှူးရာထူးအထိ ရရှိခဲ့ပါတယ်။
နှစ်အနည်းငယ်ကြာတဲ့အထိ သူမရဲ့ စပ်ဆေးအကြောင်းကို လှို့ဝှက်ထားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ စာတွေမှာ အမှားအယွင်းတွေကို ဆေးနဲ့ဖျက်ကာ ပြန်လည်ပြင်ဆင်ထားခဲ့တယ်ဆိုတာကို မိတ်ဆွေတချို့သိရှိသွားခဲ့ပြီးနောက်မှာတော့ သူတို့ကိုလည်း ဒီဆေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီလိုနဲ့ သူမရဲ့ ပထမဆုံးအနေနဲ့ မင်ဖျက်ဆေးဘူးကို ရောင်းပေးခဲ့ပါတယ်။ သူမရဲ့ မင်ဖျက်ဆေးမှာ လိုအပ်ချက်တခုရှိနေပါတယ်။ အဲဒါကတော့ မင်ခြောက်ဖို့ အချိန်ယူရတာပါ။ ဒါကို ဓာတုဗေပညာရှင် နဲ့ ဆေးဝါးကျွမ်းကျင်သူတွေ တော့ဖြေရှင်းနိုင်မှာပဲလို့ တွေးမိတယ်။
ဒါပေမယ့် ပညာရှင်တွေဆီအလုပ်အပ်ဖို့ကျတော့ ငွေကြေးမတတ်နိုင်။ နောက်ဆုံး မိတ်ဆွေ ဓာတုဗေဒ ဆရာတယောက် နဲ့ ဆေးဝါးကုမ္ပဏီက သူငယ်ချင်းတယောက်တို့ဆီကနေ သူသိချင်တာတွေ မေးမြန်း အကြိမ်ကြိမ်စမ်းသပ်ပြီးတဲ့နောက်မှာတော့ သူမရဲ့ မင်ဖျက်ဆေးဟာ တစတစ အရည်အသွေးပိုကောင်းလာပါတော့တယ်။ ၁၉၅၈ ခုနှစ်မှာတော့ သူမအိမ်က ကားဂိုဒေါင်ကို အလုပ်ရုံအဖြစ်ပြောင်းကာ Liquid Paper အမည်နဲ့ မင်ဖျက်ဆေးတွေထုတ်ပါတော့တယ်။ အိမ်တွင်းအသေးစား လုပ်ငန်းဖြစ်တာကြောင့် အနည်းငယ်ပဲ ရောင်းရပါတယ်။
တဖက်ကလည်း ရုံးအလုပ်ရှိနေသေးတဲ့အတွက် အလုပ်နှစ်ခုကြားမှာ ပျာယာခတ်ရင်း သူမ မှာ အားလပ်ချိန်ဆိုတာ မရှိခဲ့ပါဘူး။ ကံကောင်းချင်တော့ ရုံးစာတခုကို သူမရဲ့မင်ဖျက်ဆေးအရောင်းအဝယ်လုပ်ရာမှာ အမှတ်တမဲ့ ယူသုံးလိုက်ရာကနေ ရုံးအလုပ်ပြုတ်သွားခဲ့ပါတယ်။ ဒီတော့ တခုတည်းကျန်တော့တဲ့ မင်ဖျက်ဆေးရောင်းတဲ့အလုပ်အပေါ်မှာပဲ အားစိုက်ပြီးလုပ်ရပါတော့တယ်။ ကျောင်းသုံး ရုံးသုံး ပစ္စည်း တင်သွင်းဖြန့်ဝေသူတွေကို ဆက်သွယ်ပြီး သူမရဲ့ မင်ဖျက်ဆေးဘူးတွေကို ရောင်းချစေခဲ့ရာနေ အလွန်လူကြိုက်များခဲ့ပြီး ရောင်းအား တရိပ်ရိပ်တက်လာခဲ့ပါတယ်။
ဝယ်လိုအားတွေများလာတဲ့အတွက် ပစ္စည်းတွေပိုထုတ်လုပ်နိုင်ဖို့ အဆောက်အအုံသစ်ဆောက်လုပ်ခဲ့ရသလို ဝန်ထမ်းတွေလည်း ထပ်မံငှားခဲ့ရရပါတယ်။ ၁နှစ်အတွင်း ဒေါ်လာ ၁သန်းကျော်ဖိုးရောင်းရခဲ့ပြီးတဲ့နောက်မှာတော့ စက်ရုံကြီး တစ်ရုံတည်ဆောက်နိုင်ခဲ့ပါတယ်။ တဖက်ကလည်း မင်ဖျက်ဆေးအရည်အသွေးကို ပိုမိုကောင်းသထက်ကောင်းအောင် သုတေသနပြုမှုတွေ လုပ်ခဲ့ပါတယ်။ ဝန်ထမ်းတွေအတွက် စာကြည့်တိုက်တွေ ကလေးထိန်းကျောင်းတွေက အစ ဖွင့်ပေးတဲ့အထိ ဂရုစိုက်ခဲ့ပါတယ်။ ၁၅နှစ်အကြာမှာတော့ သူမရဲ့ကုမ္ပဏီဟာ ဒေါ်လာ ၅သန်းကျော်ဝင်ငွေရရှိလာတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
အောင်မြင်နေတဲ့အချိန်မှာပဲ သူမရဲ့စိတ်ပြောင်းသွားတယ်လို့ ဆိုရပါမယ်။ ကုမ္ပဏီလုပ်ငန်းကို အခြားယုံကြည်စိတ်ချသူတွေနဲ့ လွှဲခဲ့ပြီး ကိုယ်တိုင်ကတော့ ပရဟိတ နဲ့ ပန်းချီအနုပညာ လုပ်ငန်းတွေပဲ လုပ်ကိုင်ပါတော့တယ်။ ၁၉၇၉ ခုနှစ်မှာတော့ အမေရိကန်ရဲ့ နာမည်ကျော် ကု္ပဏီကြီးတခုဖြစ်တဲ့ Gillette ထံ သူမရဲ့ကုမ္ပဏီကို ဒေါ်လာ ၄၇.၅သန်း နဲ့ ရောင်းချခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူမရဲ့ကုမ္ပဏီကို Newell Brands က ပိုင်ဆိုင်ထားပါတယ်။ မင်ဖျက်ဆေး ကုမ္ပဏီတွေအများအပြားပေါ်လာပြီဖြစ်ပေမယ့် Liquid Paper ကတော့ နာမည်အကြီးဆုံးဖြစ်နေဆဲပါ။
၁၉၈၀ ခုနှစ်မှာတော့ ဂရေဟန်ကွယ်လွန်သွားခဲပါတယ်။ သူမရဲ့ပိုင်ဆိုင်မှုအားလုံးကို သားဖြစ်သူအားပေးခဲ့ပြီး သူမချစ်တဲ့ ပရဟိတ လုပ်ငန်းများအတွက်လည်း လှူဒါန်းသွားခဲ့ပါတယ်။ ဆေးသုတ်သမားတယောက် ဆေးသုတ်တာကိုတွေ့ရာကနေ ကမ္ဘာကျော်ထုတ်ကုန် တခုကို ထုတ်လုပ်ပေးခဲ့တဲ့ သူ့ကို အမျိုးသမီးတီထွင်သူ တဦးအဖြစ် အားလုံးက အမှတ်ရနေကြဦးမှာ ဖြစ်ပါတယ်။
——— —– ———-
(Zawgyi)
အမွားကို အမွန္ျပင္ႏုိင္ဖုိ႔ မင္ဖ်က္ေဆးကို တီထြင္သူ
မင္ဖ်က္ေဆးဆုိတာက မွားသြားတဲ့စားသားကိုဖ်က္ကာ အသစ္ထပ္ေရးႏုိင္ေအာင္ လုပ္ေပးတဲ့အရာဆုိတာ သိၾကၿပီးျဖစ္မွာပါ။ ဒီဘက္ ကြန္ပ်ဴတာေခတ္မွာေတာ့ မွားသြားတဲ့ေနရာကို ျပန္ျပင္ကာ အလြယ္တကူ ပရင့္ျပန္ထုတ္ႏုိင္ေသာ္လည္း ဟုိးတခ်ိန္ကေတာ့ လက္ႏွိပ္စက္ေခတ္ျဖစ္ရာ ျပန္ျပင္ဖုိ႔မလြယ္ကူခဲ့ပါ။ လက္ႏွိပ္စက္ ကာဘြန္ႀကဳိးေၾကာင့္ ရႈပ္ပြေပက်ံတတ္သလုိ အမွားဖ်က္ရာေတြမွာလည္း မင္အကြက္ေတြ စြန္းထင္း က်န္ေနခဲ့ေလ့ ရွိပါတယ္။ မင္ဖ်က္ေဆးေတြ ေပၚလာၿပီးေနာက္မွာေတာ့ ဒီျပသနာဟာ အေတာ္ေလး သက္သာသြားခဲ့ပါတယ္။
အဂၤလိပ္လုိ Correction fluid လို႔ေခၚတဲ့ မင္ဖ်က္ေဆးကို ၁၉၅၆ ခုႏွစ္တုန္းက အေမရိကန္သူ လက္ႏွိပ္စက္စာေရးမ တေယာက္ျဖစ္တဲ့ ဂေရဟန္ (Bette Nesmith Graham) က တီထြင္ခဲ့ပါတယ္။ ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံမွာေတာ့ ၂၀၀၀ ၀န္းက်င္ေလာက္မွ မင္ဖ်က္ေဆး အသုံးျပဳမႈ တြင္က်ယ္ခဲ့တာပါ။ ေပၚစက ေစ်းႀကီးေတာ့ တတ္ႏုိင္သူေတြလြဲလုိ႔ အမ်ားစုက မသုံးႏုိင္ၾကပါဘူး။ မင္ဖ်က္ေဆးေၾကာင့္ အမွားကုိဖ်က္ကာ အလြယ္တကူ အမွန္ျပန္ေရးႏိုင္လုိ႔ ေကာင္းတယ္လုိ႔ ဆုိရေပမယ့္ ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံအတြက္ေတာ့ ဒါနဲ႔ပတ္သက္လုိ႔ မေကာင္းတဲ့ အေလ့အက်င့္တခုရွိပါတယ္။ အဲဒါကေတာ့ သမုိင္း၀င္ အထိမ္းအမွတ္အေဆာက္အဦး ေနရာေတြပါမက်န္ ျမင္ျမင္သမွ် မင္ဖ်က္ေဆးနဲ႔ ေရးတတ္ၾကျခင္းပါ။
ဂေရဟန္ကို ၁၉၂၄ ခုႏွစ္က အေမရိကန္ တက္ဆက္ျပည္နယ္ ဒဲလတ္စ္ၿမဳိ႕မွာ ေမြးဖြားခဲ့ပါတယ္။ ငယ္ငယ္ကေတာ့ သူမျဖစ္ခ်င္ခဲ့တာ ပန္းခ်ီဆရာပါ။ Alamo Heights ေက်ာင္းကေန အထက္တန္းေအာင္ျမင္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ေယာက်ၤားရ ၊ ကေလးတေယာက္ရ ၊ ၄ႏွစ္အၾကာမွာ ေယာကၤ်ားနဲ႔ကြဲ ၊ မၾကာခင္မွာပဲ ဖခင္ျဖစ္သူ ေသဆုံးခဲ့ပါတယ္။ သားတေယာက္မိခင္ျဖစ္လာတဲ့အတြက္ ပန္းခ်ီကိုပဲ ရူးသြပ္ေနလုိ႔ မရေတာ့တာေၾကာင့္ အလုပ္၀င္လုပ္ခဲ့ပါတယ္။ ဘဏ္တခုမွာ လက္ႏွိပ္စက္ စာေရးမ တေယာက္အေနနဲ႔ အလုပ္ရခဲ့ပါတယ္။
အဲဒီအခ်ိန္က အေမရိကန္ဘဏ္ေတြမွာ အီလက္ထေရာနစ္ လက္ႏွိပ္စက္ေတြ ေနရာယူလာခဲ့ၿပီျဖစ္ပါတယ္။ဒါေပမယ့္ စက္မွာတပ္ထားတဲ့ ကာဘြန္မင္ခံႀကဳိးေၾကာင့္ စာရြက္မွာ ရႈပ္ပြေပက်ံၿပီး အမွားတခုတေလပါမိလုိ႔ ဖ်က္တဲ့အခါ မင္အကြက္ေတြနဲ႔ စြန္းက်န္ေနတတ္ပါတယ္။ ဒီကိစၥက သူမကို ဒုကၡေတာ္ေတာ္ေပးပါတယ္။ ဒါကုိေျဖရွင္းဖုိ႔ အမ်ဳိးမ်ဳိး စဥ္းစားခဲ့ေပမယ့္ အေျဖမရခဲ့ပါဘူး။ ေနာက္ဆုံးမွာေတာ့ ဘဏ္အေဆာက္အဦးကို ေဆးသုတ္သမားတေယာက္ ေဆးသုတ္ေနတာကို ၾကည့္ရင္းနဲ႔ အုိင္ဒီယာတခုရခဲ့ပါတယ္။
ေဆးသုတ္သမားဟာ တေနရာရာမွာ မွားသုတ္မိတဲ့အခါ အရင္ဆုံး အျဖဴေဆးကို သုတ္တယ္ ။ ၿပီးေတာ့မွ သူသုတ္လုိတဲ့ အေရာင္ကို သုတ္ပါတယ္။ ဒါကိုၾကည့္ၿပီးေတာ့ စကၠဴေပၚက မင္ေတြကုိလည္း အျဖဴေရာင္ေဆးနဲ႔ သုတ္ၿပီး ျပန္ထပ္ေရးလုိ႔ မရႏုိင္ဘူးလား ဆုိတဲ့ အေတြး သူမေတြးမိခဲ့ပါတယ္။ သူမက ပန္းခ်ီပညာနဲ႔လည္း နီးစပ္သူျဖစ္တာေၾကာင့္ အေရာင္ေတြရဲ႕ သေဘာကို နားလည္ပါတယ္။ ဒီေတာ့ ေအာက္ခံစကၠဴနဲ႔ တူညီမယ့္ အနီးစပ္ဆုံးေဆးအေရာင္ကို စပ္ယူလာၿပီး စုတ္တံအေသးနဲ႔ အမွားေတြကို ဖ်က္ၿပီး ျပန္ေရးခဲ့ပါတယ္။
အဲဒီအခ်ိန္ကစလုိ႔ သူမဆီကထြက္လာတဲ့ စာေတြမွာ အမွားအယြင္းေတြ မရွိေတာ့ပါဘူး။ သူမရဲ႕ အေရာင္စပ္မႈ ကြ်မ္းက်င္လြန္းတာေၾကာင့္ မွားၿပီးျပန္ျပင္ထားတဲ့ေနရာကိုေတာင္ အထက္အရာရွိေတြ သတိမထားမိေတာ့ပါဘူး။ သူမစပ္ထားတဲ့ ေဆးကို သူမကုိယ္တုိင္ပဲ အမွားေတြကို ဖယ္ထုတ္တဲ့အရာ Mistake Out ဆုိၿပီး အမည္ေပးခဲ့ပါတယ္။ သူမရဲ႕ အလုပ္ႀကဳိးစားမႈေၾကာင့္ ဘဏ္ဥကၠဌရဲ႕ အတြင္းေရးမွဴးရာထူးအထိ ရရွိခဲ့ပါတယ္။
ႏွစ္အနည္းငယ္ၾကာတဲ့အထိ သူမရဲ႕ စပ္ေဆးအေၾကာင္းကို လႈိ႔၀ွက္ထားခဲ့ပါတယ္။ ဒါေပမယ့္ သူမရဲ႕ စာေတြမွာ အမွားအယြင္းေတြကို ေဆးနဲ႔ဖ်က္ကာ ျပန္လည္ျပင္ဆင္ထားခဲ့တယ္ဆုိတာကို မိတ္ေဆြတခ်ုိ႕သိရွိသြားခဲ့ၿပီးေနာက္မွာေတာ့ သူတုိ႔ကိုလည္း ဒီေဆးေပးဖုိ႔ ေတာင္းဆုိခဲ့ၾကပါတယ္။ ဒီလုိနဲ႔ သူမရဲ႕ ပထမဆုံးအေနနဲ႔ မင္ဖ်က္ေဆးဘူးကို ေရာင္းေပးခဲ့ပါတယ္။ သူမရဲ႕ မင္ဖ်က္ေဆးမွာ လုိအပ္ခ်က္တခုရွိေနပါတယ္။ အဲဒါကေတာ့ မင္ေျခာက္ဖုိ႔ အခ်ိန္ယူရတာပါ။ ဒါကို ဓာတုေဗပညာရွင္ နဲ႔ ေဆး၀ါးကြ်မ္းက်င္သူေတြ ေတာ့ေျဖရွင္းႏုိင္မွာပဲလုိ႔ ေတြးမိတယ္။
ဒါေပမယ့္ ပညာရွင္ေတြဆီအလုပ္အပ္ဖုိ႔က်ေတာ့ ေငြေၾကးမတတ္ႏုိင္။ ေနာက္ဆုံး မိတ္ေဆြ ဓာတုေဗဒ ဆရာတေယာက္ နဲ႔ ေဆး၀ါးကုမၸဏီက သူငယ္ခ်င္းတေယာက္တုိ႔ဆီကေန သူသိခ်င္တာေတြ ေမးျမန္း အႀကိမ္ႀကိမ္စမ္းသပ္ၿပီးတဲ့ေနာက္မွာေတာ့ သူမရဲ႕ မင္ဖ်က္ေဆးဟာ တစတစ အရည္အေသြးပိုေကာင္းလာပါေတာ့တယ္။ ၁၉၅၈ ခုႏွစ္မွာေတာ့ သူမအိမ္က ကားဂုိေဒါင္ကို အလုပ္ရုံအျဖစ္ေျပာင္းကာ Liquid Paper အမည္နဲ႔ မင္ဖ်က္ေဆးေတြထုတ္ပါေတာ့တယ္။ အိမ္တြင္းအေသးစား လုပ္ငန္းျဖစ္တာေၾကာင့္ အနည္းငယ္ပဲ ေရာင္းရပါတယ္။
တဖက္ကလည္း ရုံးအလုပ္ရွိေနေသးတဲ့အတြက္ အလုပ္ႏွစ္ခုၾကားမွာ ပ်ာယာခတ္ရင္း သူမ မွာ အားလပ္ခ်ိန္ဆုိတာ မရွိခဲ့ပါဘူး။ ကံေကာင္းခ်င္ေတာ့ ရုံးစာတခုကို သူမရဲ႕မင္ဖ်က္ေဆးအေရာင္းအ၀ယ္လုပ္ရာမွာ အမွတ္တမဲ့ ယူသုံးလုိက္ရာကေန ရုံးအလုပ္ျပဳတ္သြားခဲ့ပါတယ္။ ဒီေတာ့ တခုတည္းက်န္ေတာ့တဲ့ မင္ဖ်က္ေဆးေရာင္းတဲ့အလုပ္အေပၚမွာပဲ အားစုိက္ၿပီးလုပ္ရပါေတာ့တယ္။ ေက်ာင္းသုံး ရုံးသုံး ပစၥည္း တင္သြင္းျဖန္႔ေ၀သူေတြကို ဆက္သြယ္ၿပီး သူမရဲ႕ မင္ဖ်က္ေဆးဘူးေတြကုိ ေရာင္းခ်ေစခဲ့ရာေန အလြန္လူႀကဳိက္မ်ားခဲ့ၿပီး ေရာင္းအား တရိပ္ရိပ္တက္လာခဲ့ပါတယ္။
၀ယ္လုိအားေတြမ်ားလာတဲ့အတြက္ ပစၥည္းေတြပုိထုတ္လုပ္ႏုိင္ဖုိ႔ အေဆာက္အအုံသစ္ေဆာက္လုပ္ခဲ့ရသလုိ ၀န္ထမ္းေတြလည္း ထပ္မံငွားခဲ့ရရပါတယ္။ ၁ႏွစ္အတြင္း ေဒၚလာ ၁သန္းေက်ာ္ဖုိးေရာင္းရခဲ့ၿပီးတဲ့ေနာက္မွာေတာ့ စက္ရုံႀကီး တစ္ရုံတည္ေဆာက္ႏုိင္ခဲ့ပါတယ္။ တဖက္ကလည္း မင္ဖ်က္ေဆးအရည္အေသြးကို ပုိမုိေကာင္းသထက္ေကာင္းေအာင္ သုေတသနျပဳမႈေတြ လုပ္ခဲ့ပါတယ္။ ၀န္ထမ္းေတြအတြက္ စာၾကည့္တုိက္ေတြ ကေလးထိန္းေက်ာင္းေတြက အစ ဖြင့္ေပးတဲ့အထိ ဂရုစုိက္ခဲ့ပါတယ္။ ၁၅ႏွစ္အၾကာမွာေတာ့ သူမရဲ႕ကုမၸဏီဟာ ေဒၚလာ ၅သန္းေက်ာ္၀င္ေငြရရွိလာတဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။
ေအာင္ျမင္ေနတဲ့အခ်ိန္မွာပဲ သူမရဲ႕စိတ္ေျပာင္းသြားတယ္လုိ႔ ဆုိရပါမယ္။ ကုမၸဏီလုပ္ငန္းကို အျခားယုံၾကည္စိတ္ခ်သူေတြနဲ႔ လႊဲခဲ့ၿပီး ကုိယ္တုိင္ကေတာ့ ပရဟိတ နဲ႔ ပန္းခ်ီအႏုပညာ လုပ္ငန္းေတြပဲ လုပ္ကုိင္ပါေတာ့တယ္။ ၁၉၇၉ ခုႏွစ္မွာေတာ့ အေမရိကန္ရဲ႕ နာမည္ေက်ာ္ ကုၸဏီႀကီးတခုျဖစ္တဲ့ Gillette ထံ သူမရဲ႔ကုမၸဏီကို ေဒၚလာ ၄၇.၅သန္း နဲ႔ ေရာင္းခ်ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ သူမရဲ႕ကုမၸဏီကုိ Newell Brands က ပုိင္ဆုိင္ထားပါတယ္။ မင္ဖ်က္ေဆး ကုမၸဏီေတြအမ်ားအျပားေပၚလာၿပီျဖစ္ေပမယ့္ Liquid Paper ကေတာ့ နာမည္အႀကီးဆုံးျဖစ္ေနဆဲပါ။
၁၉၈၀ ခုႏွစ္မွာေတာ့ ဂေရဟန္ကြယ္လြန္သြားခဲပါတယ္။ သူမရဲ႕ပုိင္ဆုိင္မႈအားလုံးကို သားျဖစ္သူအားေပးခဲ့ၿပီး သူမခ်စ္တဲ့ ပရဟိတ လုပ္ငန္းမ်ားအတြက္လည္း လွဴဒါန္းသြားခဲ့ပါတယ္။ ေဆးသုတ္သမားတေယာက္ ေဆးသုတ္တာကိုေတြ႔ရာကေန ကမာၻေက်ာ္ထုတ္ကုန္ တခုကို ထုတ္လုပ္ေပးခဲ့တဲ့ သူ႔ကို အမ်ဳိးသမီးတီထြင္သူ တဦးအျဖစ္ အားလုံးက အမွတ္ရေနၾကဦးမွာ ျဖစ္ပါတယ္။
Discussion about this post