• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Saturday, January 23, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အမြီးအရှည်ကြီးနဲ့ ကြက် အမျိုးအစားအကြောင်း

by Thutamm
January 7, 2021
Reading Time: 2min read
0
အမြီးအရှည်ကြီးနဲ့ ကြက် အမျိုးအစားအကြောင်း
Share on FacebookShare on Twitter

ပုံမှန်တွေ့နေကြ ကြက်တွေနဲ့မတူပဲ အမြီးအရှည်ကြီးနဲ့ ဒီကြက်တွေကို မြန်မာမှာတော့ ကြက်မင်း လို့ခေါ်ကြမလားပဲ။ ဒီကြက်တွေဟာ မူရင်း ဂျပန်နိုင်ငံမှ ကြက်မျိုးရင်းတမျိုးဖြစ်ပြီး အော်နာဂဒေါ်ရ် Onagadori လို့ခေါ်ကာ အဓိပ္ပါယ်ကတော့ အမြီးရှည်ကြက် ဖြစ်ပါတယ်။ နောက်တမျိုးအနေနဲ့ကတော့ Goshikidori လို့လည်းခေါ်ကြပါသေးတယ်။

၁၇ ရာစုလောက်ကတည်းက ဂျပန်နိုင်ငံအရှေ့တောင်ပိုင်း Shikoku ကျွန်းပေါ်မှာရှိတဲ့ တိုဆာပြည်နယ်(ယခု ခိုချီစီရင်စု) ာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ၁၉၅၂ ခုနှစ်မှာတော့ ဂျပန်နိုင်ငံရဲ့ အမျိုးသားရတနာ တခုအဖြစ် ထိမ်းသိမ်းသတ်မှတ်ခံခဲ့ရပါတယ်။ ဂျာမန်ဖီးနစ်ကြက်တွေဟာ Onagadori ကြက်တွေကနေ ဆင်းသက်လာခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ဒီကြက်ကောင်ရေ အလွန်နည်းပါးလာခဲ့ပြီး ကောင်ရေ ၂၅၀ ဝန်းကျင်ခန့်သာ ကျန်တော့တာကြောင့် မျိုးတုံးဖို့ အန္တရာယ်ရှိတဲ့ ကြက်အမျိုးအစားတခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Onagadori ဟာ အမြီးကလွဲလို့ ပုံမှန်ကြက်တွေနဲ့ ကွာခြားမှု မရှိပါဘူး။ သူတို့ရဲ့ ဝိသေသဖြစ်တဲ့ အမြီးတွေကတော့ ပုံမှန်အားဖြင့် ၅ပေ ဝန်းကျင်ခန့် ရှည်လျားလေ့ရှိပါတယ်။ ဒါပေမယ့် အရှည်ဆုံးအဖြစ် စံချိန်မှတ်တမ်းတင်ထားတဲ့ Onagadori ကြက်တကောင်ရဲ့ အမြီးကတော့ ၁၂မီတာ(၃၉ပေ) ခန့် ရှိပါသတဲ့။ ပျမ်းမျှအားဖြင့် Onagadori ကြက်အထီးတကောင်ဟာ ၄ပေါင်ခန့် အလေးချိန်ရှိတတ်ပြီး အမတွေကတော့ ၃ပေါင်ခန့် ရှိတတ်ပါတယ်။

ပုံမှန်အားဖြင့် ဒီအမြီးတွေမှာ အမွှေးအတောင်ပေါင်း ၁၆ ခုကနေ ၁၈ ခုခန့် ပါဝင်နေတတ်ပါတယ်။ အမြီးတွေဟာ တနှစ်ကို ၂ပေ ဝန်းကျင်အထိ ရှည်ထွက်လာလေ့ ရှိပါသတဲ့။ အရောင်အားဖြင့်တော့ အဖြူ ၊ အနီ နဲ့ အနက်ရောင်တွေ ရှိတတ်ပြီး မူရင်း Onagadori ကြက်အမျိုးအစားတွေရဲ့ အရောင်ကတော့ အဖြူ နဲ့ အနက် စပ်ထားတာဖြစ်နိုင်တယ်လို့ သိရပါတယ်။ ကြက် အမောက်ကတော့ single comb အမျိုးအစားဖြစ်ပြီး အနီရောင်သန်းနေတဲ့ အညိုရောင်မျက်လုံးတွေကို ပိုင်ဆိုင်ထားကြကာ နားပန် (ear-lobe) တွေကတော့ အဖြူရောင်ဖြစ်ပါတယ်။

၁၉၄၀ တဝိုက်မှာတော့ ဒီကြက်အမျိုးအစားတွေဟာ ဂျပန် Yokohama ဆိပ်ကမ်းက တဆင့် ဥရောပကို တင်ပို့ခဲ့ကြပါတယ်။ ဒါပေမယ့် Onagadori မူရင်းကြက်တွေဟာ ဥရောပရဲ့ ရာသီဥတုကို မခံနိုင်တာကြောင့် ဒီကြက်ကို Totenko, Game, နဲ့ Leghor စတဲ့ အခြားကြက်တွေနဲ့ မျိုးစပ်ရာကနေ ဂျာမန်ဖီးနစ်ငှက်တွေ ဖြစ်လာပါသတဲ့။

Onagadori ကြက်တွေကို အလှမွေးမြူတဲ့ ကြက်တွေအဖြစ်သာ ထားလေ့ရှိပါတယ်။ ဒီကြက်မျိုးရင်းတွေကို အများဆုံးတွေ့နိုင်တဲ့ နေရာကတော့ ဂျပန်နိုင်ငံ Nankoku မြို့က Tosa Onagadori Chicken ဆိုတဲ့ နေရာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီကြက်တွေကို အလှမွေးထားတဲ့သူတွေ ရှိတယ်လို့ သိရပါတယ်။

Tags: animals
Next Post
၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!