Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အမေရိကန်ရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကို ဆန့်ကျင်သူ

by Thutamm
January 9, 2020
Reading Time: 1min read
0
အမေရိကန်ရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကို ဆန့်ကျင်သူ
Share on FacebookShare on Twitter

(၂၀၁၈)ခုနှစ်၊ဖေဖော်ဝါရီလ(၁၄)ရက်နေ့ (ချစ်သူများနေ့)မှာတော့ AR-15 ရိုင်ဖယ် ကိုင်ဆောင်လာတဲ့သေနတ်သမားတစ်ဦးဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါမှာရှိတဲ့ Stoneman Douglas အထက်တန်းကျောင်းအတွင်း ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် လူ(၁၇)ယောက်သေဆုံးခဲ့ပါတယ် ။ သေဆုံးသူထဲကအများစုဟာ ကျောင်းသား/သူ တွေဖြစ်ကြပါတယ်။ ယင်းဖြစ်ရပ်ဟာ အမေရိကန်သမိုင်းမှာတော့ အဆိုးဆုံး ကျောင်းတွင်းပစ်ခတ်မှုလို့ သတ်မှတ်ထားတဲ့ (၁၉၉၉)ခုနှစ် ဧပြီလ(၂၀)ရက်နေ့ကဖြစ်ပွားခဲ့တဲ့ လူ(၁၅) ယောက်သေဆုံးတဲ့ Columbine အထက်တန်းကျောင်းလူသတ်မှုဖြစ်စဉ်ထက်တောင် ပိုလို့ဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။

ဒီလိုပစ်ခတ်မှုတွေဟာ ကမ္ဘာ့အခြားနေရာမှာ ဆိုရင် အံ့သြသင့်စရာ အရပ်သားချင်းတိုက်ခိုက်မှုလို့ဆိုရပေမဲ့ အမေရိကန်ပြည်ထောင် စုအတွက်တော့ ဒီလိုကိစ္စတွေဟာ အဆန်းတော့မဟုတ်တော့ပါဘူး။ တရားဝင်မှတ်ပုံ တင်ပြီး လူသတ်လက်နက်တွေ ကိုင်ဆောင်ခွင့်ရှိတဲ့ အမေရိကန်မှာ နှစ်စဉ် ဒီလိုပစ်ခတ်မှုပေါင်း (၄၅၀၀၀)လောက်ဖြစ်ပွားတယ်လို့သိရပြီး ယင်းနဲ့ဆက်စပ်ပြီးလူပေါင်း (၁၁၀၀၀)လောက်ဟာ နှစ်စဉ်သေဆုံးနေရတာဖြစ်ပါတယ်။

အထက်ဖော်ပြပါ Stoneman Douglas အထက်တန်းကျောင်းအတွင်း ပစ်ခတ်မှုကိုပြုလုပ်ခဲ့သူဟာ အသက်(၁၉)နှစ်သာရှိသေးတဲ့ ယင်းကျောင်းရဲ့ကျောင်းသားဟောင်းတစ်ယောက်ဖြစ် သူ Nikolas Cruz ဖြစ်တယ်လို့သိရပါတယ်။ ယင်းဖြစ်ရပ်အပြီးမှာတော့ အမေရိကန်တစ်နိုင်ငံလုံးနီးပါးမှာ သေနတ်ကိုင်ဆောင်ခွင့်ရုတ်သိမ်းရေး ဆန္ဒထုတ်ဖော်လှုပ်ရှားမှုများစွာဖြစ်ပေါ်လာခဲ့ပြီး တက်ကြွစွာလှုပ်ရှားကြတဲ့ ခေါင်းဆောင်တွေအနက်မှာဆိုရင် အသက်(၁၈)နှစ်သာရှိ သေးတဲ့ Emma Gonzalez ဟာအထင်အရှားဆုံးဖြစ်ပါတယ်။

သူမဟာအထက်ကဖော် ပြခဲ့ပြီးတဲ့ ဖလော်ရီဒါပြည်နယ်၊ Parland မြို့မှာရှိတဲ့ Stoneman Douglas အထက်တန်းကျောင်းတိုက်ခိုက်ခံရမှုမှာ ကံကောင်းထောက်မပြီးအသက်ရှင်နိုင်ခဲ့တဲ့ ကျောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။ Stoneman Douglas ဖြစ်စဉ်ပြီးတဲ့နောက်မှာတော့ သူမဟာလက်နက်ကိုင်ဆောင်မှုကို ဆန့်ကျင်သူတစ်ယောက်အဖြစ် မီဒီယာတွေအထက်မှာ အလျှင်အမြန်ကိုနာမည်ကြီးလာ ပါတော့တယ်။

အထူးသဖြင့် အွန်လိုင်းကနေဖြန့်ဝေခဲ့တဲ့သူမရဲ့ (၁၁)မိနစ်စာလက်နက် ကိုင်ဆောင်မှုကိုဆန့်ကျင်ထားတဲ့ ရုပ်သံဖိုင်ကြောင့် အမေရိကန်တစ်နိုင်ငံလုံးနီးပါး သူမရဲ့ လက်နက်ကိုင်ဆောင်မှုကိုဆန့်ကျင်တဲ့လှုပ်ရှားမှုကို အာရုံစိုက်လာကြပါတယ်။ ရုပ်သံဖိုင်အတွင်းက သူမရဲ့ဖွင့်ဟချက်မှာဆိုရင် သေဆုံးခဲ့ရတဲ့ သူမရဲ့ အတန်းဖော်သူချင်းတွေ ဟာ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ သေနတ် ကိုတရားဝင်ကိုင်ဆောင်ထားတဲ့ အကျိုးဆက်အရ သေဆုံးခဲ့ရတဲ့ နောက်ဆုံးလူသားတွေဖြစ်ဖို့မျှော်လင့်ကြောင်းနဲ့ သတင်းမီဒီယာတွေကိုယ်တိုင် သူမရဲ့လှုပ်ရှားမှုအတွက် အကူအညီပေးရန်လိုပါကြောင်း ထောက်ပြခဲ့ပါတယ်။

Emma Gonzalez ကိုတော့ဆိုက်ဘာလုံခြုံရေးပညာရှင်ဖခင်နဲ့ သင်္ချာဘာသာရပ်ဆိုင်ရာ ကျူတာတစ်ယောက်ဖြစ်တဲ့မိခင်တို့က (၁၉၉၉)ခုနှစ်၊နိုဝင်ဘာ(၁၁)ရက်နေ့မှာမွေးဖွားခဲ့ တာကြောင့် ယခုချိန်မှာဆိုရင်အသက်(၂၀)အရွယ်ရှိပါပြီ။ မွေးချင်း(၂)ယောက်ရှိပြီး ယနေ့တိုင် ဖလော်ရီဒါပြည်နယ် Parkland မှာနေထိုင်လျက်ရှိပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့ (၂၀၁၈)ခုနှစ်၊ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နေ့လည်မှာတော့ Emma Gonzalez နဲ့ ကျောင်းသား/သူ များစွာဟာကျောင်းရဲ့ ပြဇာတ်ရုံရဲ့ခုံတန်းတွေအတွင်းရှိနေတာဖြစ်ပြီး ကံကောင်းတယ်ပဲဆိုရမလား သူမကတော့ ကျောင်းသားအားလုံးရဲ့အလယ်ခေါင်မှာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ယင်းအချိန်မှာပဲ ကျောင်းသားဟောင်းဖြစ်တဲ့ Nikolas Cruz ဆိုသူဟာရောက်လာပြီး သူမှာပါလာတဲ့ AR-15 ရိုင်ဖယ်နဲ့တွေ့သမျှကိုပစ်ခတ်ပါ တော့တယ်။ သူရဲ့ပစ်ခတ်မှုကြောင့် ကျောင်းဝန်ထမ်းတွေအပြင် ကျောင်းသား/သူ (၁၇) ဦးသေဆုံးခဲ့ရသလို ၁၇ ဦး ဒါဏ်ရာရရှိခဲ့ပါတယ်။

Emma Gonzalez ကတော့ ကံကောင်းထောက်မစွာ အသက်နဲ့ကိုယ်မြဲခဲ့ပြီး ပစ်ခတ်ပြီး(၂)နာရီလောက်ကြာမှသာ ရဲတပ်ဖွဲ့နဲ့ပြန်လည်ဆက်သွယ်နိုင်ခဲ့ပါတယ်။ ယင်းဖြစ်စဉ်ပြီးချိန်မှာတော့ ဒေါသထွက်နေတဲ့ Parkland ကကျောင်းသား/သူတွေ၊မိဘတွေနဲ့နယ်မြေခံပြည်သူတွေဟာ အစိုရရဲ့လက်နက်ကိုင်ဆောင်မှု ဥပဒေကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကိုဆက်တိုက်ပြု လုပ်လာခဲ့ကြပါတယ်။


Emma Gonzalez ဟာ Fort Lauderdale မြို့မှာမိန့်ခွန်းပြောကြား စဉ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုရိုင်ဖယ်အသင်း(NRA)ရဲ့တာဝန်ရှိသူ အမျိုးသမီး Dana Loesch ကိုတိုက်ရိုက်မေးခွန်းမေးခွန်းထုတ်ခဲ့ပြီး သူမရဲ့ကလေးတွေ (Dana ရဲ့ ကလေး)တွေရဲ့ အတွက်ပါသူမတို့ဆီကရောင်းချနေတဲ့ သေနတ်တွေကြောင့် ဘေးဖြစ် နိုင်ပါကြောင်း ငွေကြေးအတွက်ပြည်တွင်းမှာသေနတ်ဖောဖောသီသီရောင်းချနေမှုဟာ အစိုးရရဲ့ ဥပဒေကြောင်းအရမှန်နေတယ်ဆိုပေမဲ့ ချင့်ချိန်ဖို့အမှန်လိုနေကြောင်း၊ Parkland ပြည်သူတွေကိုသာမက ပြည်ထောင်စုတစ်ခုလုံး လုံခြုံရေးအတွက် အစိုးရရဲ့ တရားဝင်လက်နက်ကိုင်ဆောင်မှုကို ဖျက်သိမ်းဖို့လိုကြောင်း ပြောကြားကာ ထောင်နဲ့ ချီတဲ့ထောက်ခံသူတွေရဲ့ လက်ခုပ်တီးဂုဏ်ပြုခြင်းကိုခံခဲ့ရပါတယ်။

ဒါအပြင် Emma Gonzalez တို့ရဲ့လှုပ်ရှားမှုဟာ အမေရိကန်အနှံ့အပြားမှာသာမက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အိမ်ဖြူတော်အပြင်ဘက်နေရာ အထိသွားရောက် ဆန္ဒပြဖို့ ပြင်ဆင်နေခဲ့ပါတယ်။ Washington သတင်းစာကတော့ Emma Gonzalez ဦးဆောင်တဲ့ လက်နက်ဖျက်သိမ်းရေးလှုပ်ရှားသူတွေဟာ လူ(၅)သိန်းလောက်ကိုရှိနေတယ်လို့သိရပြီး အခြားနာမည်ကျော်တွေဖြစ်တဲ့ Oprah Winfrey ၊ George နဲ့ Amal Clooney တို့ဟာလည်း သူမကို ထောက်ခံသူတွေဖြစ်ကြပါတယ်။ ဒါအပြင်အမေရိကန်ရဲ့ ကမ္ဘာကျော်လူအသုံးအဆောင်ပစ္စည်းတံဆိပ်ဖြစ်တဲ့ Gucci ကလည်း Emma Gonzalez ရဲ့ လက်နက်ဖျက်သိမ်းရေးလှုပ်ရှားမှုတွေအတွက် အမေရိကန်ဒေါ်လာ (၅၀၀၀၀၀)အထိ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
သမိုင်းတလျှောက် အကြီးဆုံး စစ်သင်္ဘောအမျိုးအစား ၅ စီး

သမိုင်းတလျှောက် အကြီးဆုံး စစ်သင်္ဘောအမျိုးအစား ၅ စီး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!