Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အမေရိကန်က အမည်မသိစစ်သား ဂူဗိမာန်

by Thutamm
October 9, 2020
Reading Time: 1min read
0
အမေရိကန်က အမည်မသိစစ်သား ဂူဗိမာန်
Share on FacebookShare on Twitter

အမေရိကန်ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ တည်ရှိရာနေရာကတော့ ဗာဂျီးနီးယားပြည်နယ်အတွင်း အာလင်တန်နယ်မြေအတွင်းက မှာဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီမြို့ကို အပေါ်ပိုင်းကနေမြင်ရတဲ့ တောင်ထိပ်ပေါ်မှာတည်ရှိနေတာဖြစ်ပြီး(၁၉၂၁)ခုနှစ်ကာလကတည်းက စစ်မှုထမ်းတွေအတွက် သတ်မှတ်ပေးထားတဲ့ သတိရအောက်မေ့ပွဲ အထိမ်းအမှတ်အဆောက်အအုံအသစ်မြေနေရာမှာ ပထမကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့တဲ့ အမည်မသိစစ်သားတစ်ယောက်ကို မြှပ်နှံသဂြိုလ်ခွင့်ပြုဖို့ အမေရိကန်လွှတ်တော်ကနေ တရားဝင်ခွင့်ပြုခဲ့တာကနေ ဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

အဖြူရောင်စကျင်ကျောက်နဲ့ ဂရိစတိုင်တည်ဆောက်ထားတဲ့ အုတ်ဂူပေါ်မှာတော့ ဂရိဒဏ္ဍာရီလာ ငြိမ်းချမ်းရေး၊ အောင်ပွဲနဲ့ ရဲစွမ်းသတ္တိကိုကိုယ်စားပြုတဲ့ နတ်ဘုရား(မ) တွေရဲ့ ရုပ်ပုံကိုထွင်းထုထားပါတယ်။ ပထမကမ္ဘာစစ်အတွင်းက အဓိကဖြစ်ပွားတဲ့စစ်ပွဲကြီး(၆)ခုကို ကိုယ်စားပြုတဲ့ အနေနဲ့ထွင်းထုထားတဲ့ အောင်ပန်းသရဖူ(၆)ခုကိုလည်း ဂူရဲ့တဖက်တချက်စီမှာတွေ့နိုင်ပါတယ်။ ဂူရဲ့နောက်ဖက်မှာတော့ ဘုရားသခင်နိုင်ငံတော်ဆီရောက်သွားတဲ့ ဂုဏ်ယူစရာအမေရိကန်စစ်သည်တွေလို့ ဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။

(၁၉၂၁)ခုနှစ်က ပြင်သစ်နိုင်ငံတွင်းက အမေရိကန် စစ်သင်္ချိုင်းကနေ အမည်၊နေရပ်မဖော်ပြနိုင်တဲ့ ပထမကမ္ဘာစစ်အတွင်းက ကျဆုံးပြီးဖြစ်တဲ့ အမေရိကန် စစ်သည်(၄) ယောက်ရဲ့အလောင်းကို အမေရိကန်စစ်တပ်ကပြန်လည်တူးယူပြီး အမေရိကန်ကိုပြန်လည်ပေးပို့ခဲ့ပါတယ်။ ယင်းအလောင်းတွေအနက်ကမှ တပ်ကြပ်ကြီး က ယခု မှာမြှပ်နှံမယ့် အမည်မသိစစ်သည် တော်အလောင်းကိုရွေးချယ်ကာ ယင်းနေရာပဲထားရှိသဂြိုလ်ခဲ့ရာကနေ ယင်းဂူရဲ့သမိုင်း ဟာစတင်ခဲ့တာဖြစ်ပါတယ်။

နေရာမှာပဲ (၁၉၂၁)ခုနှစ် ၊ နိုဝင်ဘာ (၁၁)ရက်နေ့ကပြုလုပ်ခဲ့တဲ့ သတိရအောက်မေ့ဖွယ်ရာ အခမ်းအနားမှာဆိုရင် ယင်းကာလက အမေရိကန်သမ္မတဖြစ်တဲ့ ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ (၁၉၅၆)ခုနှစ်မှာတော့ အမေရိကန်သမ္မတဖြစ်လာတဲ့ လက်ထက်မှာတော့ ဒုတိယကမ္ဘာစစ်နဲ့ကိုရီးယားစစ်ပွဲကာလအတွင်း ကျဆုံးသွားခဲ့တဲ့ အမည်မသိ၊အထောက်အထားမရှိတဲ့ အမေရိကန်စစ်သည်နောက်ထပ်(၂) ဦးကို အဲဒီ အတွင်းမှာပဲ ထည့်သွင်းသဂြိုလ်ဖို့ခွင့်ပြုပေး ခဲ့ပါတယ်။ (၁၉၅၈)ခုနှစ်ကနေစတင်ပြီး ယင်းကျဆုံးအမေရိကန်အမည်မသိစစ်သည် တော်တွေအတွက် အောင်းမေ့ဖွယ်အခမ်းအနားတွေကိုစတင်ကျင်းပလာခဲ့တာကိုလည်းတွေ့ရပါတယ်။

(၁၉၈၄)ခုနှစ်ကဆိုရင် ဗီယက်နမ်စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ အမည်၊အချက်အလက်မသိရတဲ့ စစ်သည်တစ်ယောက်ကိုအတွင်းမှာ လာရောက်မြှပ်နှံခဲ့ဖူးပါတယ်။ (၁၉၈၈)ခုနှစ်ရောက်ချိန်မှာတော့ ယင်းအလောင်းကိုပြန်လည်တူးဖော်ခဲ့ပြီး DNA နည်းပညာကျေးဇူးကြောင့် ကျဆုံးစစ်သည်ဟာ အမေရိကန်လေတပ်မှ ပထမဗိုလ် ဖြစ်တယ်ဆိုတာကို အမေရိကန်ကာကွယ်ရေးဌာနမှသိပ္ပံပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ယင်းနောက်ပိုင်းမှာလည်းတာဝန်ရှိသူတွေက ဗီယက်နမ်စစ်မြေပြင်မှာ ကျန်ရှိတဲ့အမည် ၊အချက်အလက် မသိရသေးတဲ့စစ်သည်တွေ ကို တွင်းကမြေအောက်ခန်းအတွင်းမှာပဲ ထပ်မံသဂြိုလ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ယင်းမြေတိုက်ခန်းရဲ့အပြင်မှာဆိုရင်လည်း (၁၉၅၈) ကနေ (၁၉၇၅) ခုနှစ် အမေရိကန်ဆင်နွှဲတဲ့ကမ္ဘာတဝှမ်းက စစ်ပွဲများမှာ ကျဆုံးခဲ့ကြတဲ့ အမေရိကန်စစ်မှုထမ်းတွေရဲ့နေရာအဖြစ် ကမ္ပည်းရေးထိုးထားပါတယ်။

နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာတစ်ခုကတော့ ယင်းနေရာမှာစောင့်ကြပ်နေတဲ့ အစောင့်တွေဖြစ်ပါတယ်။ သူတို့ဟာဆိုရင်တစ်ရက်ကို (၂၄)နာရီအပြည့်နဲ့ (၃၆၅)ရက်ကာလလုံးမရပ်မနားစောင့်ကြပ်ကင်းလှည့်တဲ့အလုပ်ကို လုပ်ကြပါတယ်။ ဘယ်လိုအခြေအနေတွေမျိုးဖြစ်ပါစေ စောင့်ကြည့်ခြင်းလုပ်ငန်းကို အနားယူခြင်းမျိုးမရှိကြပါဘူး။ တွေ ဟာစေတနာဝန်ထမ်းတွေဖြစ်ပြီး အမေရိကန်ကြည်းတပ်ရဲ့ အကြီးဆုံးမြေပြင်တိုက်ခိုက်ရေး တပ်ရင်းဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုအမှတ်(၃) ခြေလျင်တပ်ရင်း ရဲ့လက်အောက်မှာရှိနေပါတယ်။

သူတို့ကိုတော့ လို့ခေါ်ဆိုကြပါတယ်။ အကြောင်းကတော့ သူတို့ဟာ (၁၇၈၄) ခုနှစ်ကနေစတင်ပြီး ယနေ့အထိအသင့်အနေအထားနဲ့ (၂၄)နာရီပတ်လုံးရှိနေရ လို့ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်စစ်တပ်ရဲ့ အချိန်ပြည့်အသင့်အနေအထားနဲ့တာဝန် ထမ်းဆောင်ရတဲ့စစ်သည်အဖွဲ့အစည်းတွေအနက်မှာတော့ ကာလအရှည်ဆုံးသောတပ်ခွဲတစ်ခုအနေနဲ့ ရှိနေတာလည်းဖြစ်ပါတယ်။ မှာတာဝန် ထမ်းဆောင်ခွင့်ရဖို့ဆိုရင်တော့ စစ်ဘက်ဆိုင်ရာမှတ်တမ်းကောင်းတွေသာမက သူရသတ္တိနဲ့ပတ်သက်ပြီးထူးချွန်ဆုတစ်ခုခုရရှိထားဖို့တော့လိုပါတယ်။ ဆုရရှိတဲ့လက်ရွေးစင်စစ်သည်တွေကိုပဲ ရွေးချယ်ကာ အစောင့်တပ်ဖွဲ့အဖြစ်ထားရှိတာဖြစ်ပြီး စစ်သည်တစ်ယောက်ရဲ့တစ်နေ့တာ တာဝန်ကတော့ (၈)နာရီဖြစ်ပါတယ်။

တွေဟာ အောက်တိုဘာ(၁)ရက်နေ့ကနေ မတ်လ ၃၁ရက်နေ့ အတွင်းမှာတော့ ၁နာရီခြား ၁ခါ နေရာပြောင်းလွှဲမှုအခမ်းအနားကို ပြုလုပ်ပြီး ဧပြီလ ၁ရက်နေ့ကနေ စက်တင်ဘာ ၃၀ အတွင်းမှာတော့ နာရီဝက်တခါ အစောင့်ပြောင်းလဲခြင်း အခမ်းအနားတွေကို ပြုလုပ်လေ့ရှိပါတယ်။ ဒါကိုလာရော်ကကြည့်ရှုတဲ့ဧည့်သည်တွေအနေနဲ့ မတ်တပ်ရပ်၊ငြိမ်သက်နေဖို့လို အပ်ပါတယ်။ သင်္ချိုင်းကို အများပြည်သူဝင်ရောက်ခွင့် ပိတ်လိုက်ချိန် ည ၇ နာရီကနေ မနက် ၈နာရီအတွင်းမှာတော့ ၂နာရီခြားတခါ အစောင့်လဲလှယ်ပါတယ်။

ဒီလိုနေရာလွှဲပြောင်းခြင်းအခမ်းအနားမှာတော့ အမိန့်ပေးခေါင်းဆောင်တစ်ဦးနဲ့ သေနတ်ကိုင်အစောင့်တပ်ဖွဲ့ဝင်(၂)ဦးတို့ပါဝင်လေ့ရှိပြီး စစ်ဘက်ဆိုင်ရာဂုဏ်ပြုပွဲတွေမှာ ပါဝင်တဲ့ သေနတ်ကိုင်ဆောင်ပုံစံမျိုးစုံနဲ့ ကျဆုံးစစ်သည်တွေကိုဂုဏ်ပြုလေ့ရှိပါတယ်။ အခမ်းအနားတက်ရောက်လူသူတွေနဲ့ ဂုဏ်ပြုတပ်ဖွဲ့ဝင်တွေအကြား အတော်လေးနီးကပ်တဲ့ ပုံမျိုးနဲ့ အခမ်းအနားတွေကိုကျင်းပလေ့ရှိပြီး ယင်းအခမ်းအနားမှာပါဝင်တဲ့စစ်သည်တွေရဲ့ အလေးပြုပုံဟာ အမေရိကန်စစ်တပ်ရဲ့အမြင့်ဆုံးသောအောက်မေ့ဖွယ်အခမ်းအနား အလေးပြုစဉ် နည်းလည်းဖြစ်ပါတယ်။

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Next Post
ကမ္ဘာ့မှတ်တမ်းတွေထဲက အစောဆုံးတိုက်ပွဲ (သို့) မက်ဂီဒိုတိုက်ပွဲ

ကမ္ဘာ့မှတ်တမ်းတွေထဲက အစောဆုံးတိုက်ပွဲ (သို့) မက်ဂီဒိုတိုက်ပွဲ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!