Unicode မရွိတဲ့ မိတ္ေဆြမ်ား ေအာက္မွာ Zawgyi နဲ႔ ပါျပန္တင္ထားေပးပါတယ္
(Unicode)
လက်ရှိကမ္ဘာပေါ်မှာ လူပေါင်း ၁၈၀၀၀၀ ခန့်ကို ကူးစက်ပြီးဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို နိုင်ငံပေါင်းများစွာက သိပ္ပံပညာရှင်တွေ ဆေးသုတေသနပညာရှင် တွေ အပြိုင်အဆိုင် ရှာဖွေစမ်းသပ်လျက်ရှိနေပါတယ်။ နိုင်ငံအနည်းငယ်က ကာကွယ်ဆေးကိုတွေ့ရှိထားပြီလို့ကြေငြာခဲ့ကြပေမယ့် လူတွေမှာ စမ်းသပ်တဲ့ အဆင့်ထိတော့ မရောက်ကြသေးပါဘူး။အခုတော့ အမေရိကန် ကနေ ပထမဆုံးအကြိမ်အဖြစ် လူတွေနဲ့ စမ်းသပ်လိုက်ပြီဖြစ်ပါတယ်။
NIH ခေါ် အမေရိကန်အမျိုးသားကျန်းမာရေး သိပ္ပံအဖွဲ့ နဲ့ ဇီဝနည်းပညာကုမ္ပဏီ Moderna တို့က ပူးပေါင်းအကောင်အထည်ဖော်ခဲ့ကြတဲ့ ဒီကာကွယ်ဆေးကို mRNA-1273 လို့ အမည်ပေးထားပါတယ်။ Seattle မြို့မှာရှိတဲ့ Kaiser Permanente သုတေသနအဖွဲ့က ကျန်းမာသန်စွမ်းတဲ့ လူအနည်းငယ်ကို မတ်လ ၁၆ ရက်နေ့ တနင်္လာနေ့က စတင်ထိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။
ဒီလို ကာကွယ်ဆေးကို စမ်းသပ်ဖို့ စမ်းသပ်ခံဖို့ အသက် ၁၈ ကနေ ၅၅ နှစ်ကြားရှိ ကျန်းမာသန်စွမ်းတဲံလူပေါင်း ၄၅ ယောက် လျှောက်လွှာတင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလူတွေကို အခုကနေ စလို့ ၆ပတ်အတွင်း ဆေးထိုးစမ်းသပ်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဒီလူတွေဟာ သူတို့ဆန္ဒအလျောက်စမ်းသပ်မှုကို ခံယူခဲ့ကြတာဖြစ်ပါတယ်။
ထိုးသွင်းစမ်းသပ်ခံတဲ့သူတွေဟာ ၂၈ရက်ခြားကာ နှစ်ကြိမ်စမ်းသပ်ခံရမှာဖြစ်ပြီး လက်မောင်းကြွက်သားထဲကို ဆေးထိုးသွင်းခံရတာဖြစ်ပါတယ်။ စမ်းသပ်ခံသူတွေထဲက တယောက်ဖြစ်တဲ့ Jennifer Haller ဆိုသူကတော့ လူတွေအကျိုးအတွက် ဒီလိုစမ်းသပ်ခံခွင့်ရတာဟာထူးခြားတဲ့ အခွင့်အလမ်း တရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ စမ်းသပ်မှုမှာ တခုခု side effect ဖြစ်တဲ့အခါ စမ်းသပ်သူတွေဟာ ဒီဒဏ်ကို ခံကြရမှာဖြစ်ပါတယ်။
ကာကွယ်ဆေးဖော်ထုတ်နိုင်ဖို့ ရန်ပုံငွေအတွက် နော်၀ေ အော်စလိုမြို့အခြေစိုက် Coalition for Epidemic Preparedness Innovations (CEPI) အဖွဲ့ကလည်းပါဝင်ထားတယ်လို့ သိရပါတယ်။ လောလောဆယ်အထိတော့ ဖြစ်ပွားလျက်ရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကုသဖို့ နဲ့ ကာကွယ်ဖို့ တရားဝင် သတ်မှတ်ထားတဲ့ ဆေးတွေ မရှိသေးပါဘူး။
လူတွေပေါ်မှာ စမ်းသပ်တဲ့ ဒီအဆင့် အောင်မြင်ခဲ့ပြီးရင်တောင် ကာကွယ်ဆေးထုတ်ကာ လူတွေဆီဖြန့်ဝေနိုင်ဖို့အတွက်တော့ ၁နှစ်ခွဲလောက် ကြာဦးမယ်လို့ သိရပါတယ်။ ဗြိတိန် ၊ သြစတြေးလျက သိပ္ပံ နဲ့ ဆေးသုတေသနပညာရှင်တွေကလည်း ကာကွယ်ဆေးတွေကို စမ်းသပ်လျက်ရှိပြီး အမေရိကန်နိုင်ငံက အခြား ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း Inovio ကလည်း DNA ကို အခြေခံတဲ့ ကာကွယ်ဆေးကို ဖော်စပ်နေပြီး လာမယ့်လမှာ စစမ်းမယ်လို့ သိရပါတယ်။
အမေရိကန် Gilead Sciences ကလာည်း remdesivir ဆိုတဲ့ ဗိုင်းရပ်စ်ကုသရေးနည်းနဲ့ တရုတ်ကလူတွေကိုစမ်းသပ်တာ နောက်ဆုံးအဆင့်ရောက်ပြီး တရုတ်နိုင်ငံကလူတွေကို စမ်းသပ်ရာမှာ ထိရောက်မှုရှိတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဒီကုသနည်းကြောင့်ပဲ သက်သာတာလား ၊ သူတို့ဟာသူတို့ပဲ ပြန်လည်ကျန်းမာလာသလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
WHO ရဲ့ အဆိုအရတော့ ကိုရိုနာဗိုင်းရပ် ကူးစက်မှု ၈၀% ဟာ အသေးစား ရောဂါတွေဖြစ်ပြီး ၁၄% ကတော့ အပြင်းစားရောဂါ အမျိုးအစားဖြစ်ကာ ၅% ကတော့ ဆိုးဝါးလွန်းတဲ့ ကိုရိုနာဗိုင်းရပ်စ်အမျိုးဖြစ်တယ်လို့ သိရပါတယ်။ ပြင်းထန်ဆိုးဝါးလှတဲ့ ဗိုင်းရပ်စ်အမျိုးအစား ကူးစက်ခံရတဲ့အခါ အဆုတ်မှာ ရေတွေဖြည့်လို့ အောက်ဆီဂျင် ဝင်ရောက်ဖို့ ခက်ခဲစေတာမျိုး ဖြစ်စေတတ်တယ် လို့ ဆိုပါတယ်။
အသေးစား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရရင်တော့ ၁ပတ် ၂ပတ်အတွင်း ပြန်လည်ကျန်းမာလာနိုင်ပေမယ့် ဆိုးဝါးတဲ့ ဗိုင်းရပ်စ်အမျိုးအစား ကူးစက်ခံရတဲ့အခါ အနည်းဆုံး ၆ပတ်နဲ့ အထက်ကြာနိုင်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူပေါင်း ၁၈၀၀၀၀ကျော်ကို ကူးစက်ထားပြီး ၇၁၀၀ ခန့် ဟာ သေဆုံးခဲ့ရပြီဖြစ်တာကြောင့် ဒီဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးအမြန်ဆုံးထွက်ရှိလာနိုင်ဖို့ တကမ္ဘာလုံးက လူတွေဟာ မျှော်လင့်လျက်ရှိကြပါတယ်။
Ref:
BBC : Coronavirus: US volunteers to test first vaccine
AFP : US begins first human trial of coronavirus vaccine
———- ——— ——–
(Zawgyi)
အေမရိကန္မွာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ပထမဆုံးအႀကိမ္ လူေတြနဲ႔ စမ္းသပ္ၿပီ
လက္ရွိကမာၻေပၚမွာ လူေပါင္း ၁၈၀၀၀၀ ခန႔္ကို ကူးစက္ၿပီးျဖစ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို ႏိုင္ငံေပါင္းမ်ားစြာက သိပၸံပညာရွင္ေတြ ေဆးသုေတသနပညာရွင္ ေတြ အၿပိဳင္အဆိုင္ ရွာေဖြစမ္းသပ္လ်က္ရွိေနပါတယ္။ ႏိုင္ငံအနည္းငယ္က ကာကြယ္ေဆးကိုေတြ႕ရွိထားၿပီလို႔ေၾကျငာခဲ့ၾကေပမယ့္ လူေတြမွာ စမ္းသပ္တဲ့ အဆင့္ထိေတာ့ မေရာက္ၾကေသးပါဘူး။အခုေတာ့ အေမရိကန္ ကေန ပထမဆုံးအႀကိမ္အျဖစ္ လူေတြနဲ႔ စမ္းသပ္လိုက္ၿပီျဖစ္ပါတယ္။
NIH ေခၚ အေမရိကန္အမ်ိဳးသားက်န္းမာေရး သိပၸံအဖြဲ႕ နဲ႔ ဇီဝနည္းပညာကုမၸဏီ Moderna တို႔က ပူးေပါင္းအေကာင္အထည္ေဖာ္ခဲ့ၾကတဲ့ ဒီကာကြယ္ေဆးကို mRNA-1273 လို႔ အမည္ေပးထားပါတယ္။ Seattle ၿမိဳ႕မွာရွိတဲ့ Kaiser Permanente သုေတသနအဖြဲ႕က က်န္းမာသန္စြမ္းတဲ့ လူအနည္းငယ္ကို မတ္လ ၁၆ ရက္ေန႔ တနလၤာေန႔က စတင္ထိုးသြင္းေပးခဲ့တာျဖစ္ပါတယ္။
ဒီလို ကာကြယ္ေဆးကို စမ္းသပ္ဖို႔ စမ္းသပ္ခံဖို႔ အသက္ ၁၈ ကေန ၅၅ ႏွစ္ၾကားရွိ က်န္းမာသန္စြမ္းတဲံလူေပါင္း ၄၅ ေယာက္ ေလွ်ာက္လႊာတင္ခဲ့ၾကတာျဖစ္ပါတယ္။ ဒီလူေတြကို အခုကေန စလို႔ ၆ပတ္အတြင္း ေဆးထိုးစမ္းသပ္မႈေတြ ျပဳလုပ္သြားမွာျဖစ္ၿပီး ဒီလူေတြဟာ သူတို႔ဆႏၵအေလ်ာက္စမ္းသပ္မႈကို ခံယူခဲ့ၾကတာျဖစ္ပါတယ္။
ထိုးသြင္းစမ္းသပ္ခံတဲ့သူေတြဟာ ၂၈ရက္ျခားကာ ႏွစ္ႀကိမ္စမ္းသပ္ခံရမွာျဖစ္ၿပီး လက္ေမာင္းႂကြက္သားထဲကို ေဆးထိုးသြင္းခံရတာျဖစ္ပါတယ္။ စမ္းသပ္ခံသူေတြထဲက တေယာက္ျဖစ္တဲ့ Jennifer Haller ဆိုသူကေတာ့ လူေတြအက်ိဳးအတြက္ ဒီလိုစမ္းသပ္ခံခြင့္ရတာဟာထူးျခားတဲ့ အခြင့္အလမ္း တရပ္ျဖစ္တယ္လို႔ ဆိုပါတယ္။ စမ္းသပ္မႈမွာ တခုခု side effect ျဖစ္တဲ့အခါ စမ္းသပ္သူေတြဟာ ဒီဒဏ္ကို ခံၾကရမွာျဖစ္ပါတယ္။
ကာကြယ္ေဆးေဖာ္ထုတ္ႏိုင္ဖို႔ ရန္ပုံေငြအတြက္ ေနာ္၀ေ ေအာ္စလိုၿမိဳ႕အေျခစိုက္ Coalition for Epidemic Preparedness Innovations (CEPI) အဖြဲ႕ကလည္းပါဝင္ထားတယ္လို႔ သိရပါတယ္။ ေလာေလာဆယ္အထိေတာ့ ျဖစ္ပြားလ်က္ရွိေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကို ကုသဖို႔ နဲ႔ ကာကြယ္ဖို႔ တရားဝင္ သတ္မွတ္ထားတဲ့ ေဆးေတြ မရွိေသးပါဘူး။
လူေတြေပၚမွာ စမ္းသပ္တဲ့ ဒီအဆင့္ ေအာင္ျမင္ခဲ့ၿပီးရင္ေတာင္ ကာကြယ္ေဆးထုတ္ကာ လူေတြဆီျဖန႔္ေဝႏိုင္ဖို႔အတြက္ေတာ့ ၁ႏွစ္ခြဲေလာက္ ၾကာဦးမယ္လို႔ သိရပါတယ္။ ၿဗိတိန္ ၊ ၾသစေၾတးလ်က သိပၸံ နဲ႔ ေဆးသုေတသနပညာရွင္ေတြကလည္း ကာကြယ္ေဆးေတြကို စမ္းသပ္လ်က္ရွိၿပီး အေမရိကန္ႏိုင္ငံက အျခား ေဆးဝါးထုတ္လုပ္ေရးလုပ္ငန္း Inovio ကလည္း DNA ကို အေျခခံတဲ့ ကာကြယ္ေဆးကို ေဖာ္စပ္ေနၿပီး လာမယ့္လမွာ စစမ္းမယ္လို႔ သိရပါတယ္။
အေမရိကန္ Gilead Sciences ကလာည္း remdesivir ဆိုတဲ့ ဗိုင္းရပ္စ္ကုသေရးနည္းနဲ႔ တ႐ုတ္ကလူေတြကိုစမ္းသပ္တာ ေနာက္ဆုံးအဆင့္ေရာက္ၿပီး တ႐ုတ္ႏိုင္ငံကလူေတြကို စမ္းသပ္ရာမွာ ထိေရာက္မႈရွိတယ္လို႔ ဆိုထားပါတယ္။ ဒါေပမယ့္ ဒီကုသနည္းေၾကာင့္ပဲ သက္သာတာလား ၊ သူတို႔ဟာသူတို႔ပဲ ျပန္လည္က်န္းမာလာသလားဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။
WHO ရဲ႕ အဆိုအရေတာ့ ကို႐ိုနာဗိုင္းရပ္ ကူးစက္မႈ ၈၀% ဟာ အေသးစား ေရာဂါေတြျဖစ္ၿပီး ၁၄% ကေတာ့ အျပင္းစားေရာဂါ အမ်ိဳးအစားျဖစ္ကာ ၅% ကေတာ့ ဆိုးဝါးလြန္းတဲ့ ကို႐ိုနာဗိုင္းရပ္စ္အမ်ိဳးျဖစ္တယ္လို႔ သိရပါတယ္။ ျပင္းထန္ဆိုးဝါးလွတဲ့ ဗိုင္းရပ္စ္အမ်ိဳးအစား ကူးစက္ခံရတဲ့အခါ အဆုတ္မွာ ေရေတြျဖည့္လို႔ ေအာက္ဆီဂ်င္ ဝင္ေရာက္ဖို႔ ခက္ခဲေစတာမ်ိဳး ျဖစ္ေစတတ္တယ္ လို႔ ဆိုပါတယ္။
အေသးစား ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံရရင္ေတာ့ ၁ပတ္ ၂ပတ္အတြင္း ျပန္လည္က်န္းမာလာႏိုင္ေပမယ့္ ဆိုးဝါးတဲ့ ဗိုင္းရပ္စ္အမ်ိဳးအစား ကူးစက္ခံရတဲ့အခါ အနည္းဆုံး ၆ပတ္နဲ႔ အထက္ၾကာႏိုင္တယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ လူေပါင္း ၁၈၀၀၀၀ေက်ာ္ကို ကူးစက္ထားၿပီး ၇၁၀၀ ခန႔္ ဟာ ေသဆုံးခဲ့ရၿပီျဖစ္တာေၾကာင့္ ဒီဗိုင္းရပ္စ္အတြက္ ကာကြယ္ေဆးအျမန္ဆုံးထြက္ရွိလာႏိုင္ဖို႔ တကမာၻလုံးက လူေတြဟာ ေမွ်ာ္လင့္လ်က္ရွိၾကပါတယ္။
Ref:
BBC : Coronavirus: US volunteers to test first vaccine
AFP : US begins first human trial of coronavirus vaccine
Discussion about this post