အမေရိကန်ပြည်ထောင်စုဟာ (၁၉၂၀) ကနေ (၁၉၃၃)ကာလအတွင်းက တစ်နိုင်ငံလုံး နီးပါးအရက်ကို ဥပဒေမဲ့ပစ္စည်းအဖြစ်သတ်မှတ်ပြီး ဖျက်သိမ်းဖို့ကြိုးစားခဲ့ကြဖူးပါတယ်။ (၁၉)ရာစု အစောပိုင်းကနေ စတင်ခဲ့တဲ့ ဘာသာရေးဆိုင်ရာ ဆည်းကပ်မှုတစ်ခုအဖြစ်လှုပ် ရှားခဲ့ကြတဲ့ အမေရိကားရဲ့သေရည်သေရက် အလုံးစုံဖျက်သိမ်းရေးကိုတော့ (၁၈၄၆) ခုနှစ်မှာ နိုင်ငံအရှေမြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ Maine ပြည်နယ်ကနေ အရက်ဖျက်သိမ်းရေး ဥပဒေတစ်ရပ်ပြျဌန်းပြီး စတင်ခဲ့ပါ တယ်။
(၁၈၆၉)ရောက်ချိန်မှာ တော့ မိန်းပြည်နယ်ရဲ့အရက်သေစာဖျက်သိမ်းရေးအဖွဲ့ကို တည်ထောင်ခဲ့ကြပါတယ်။ အမှန်တော့ အရက်ဆန့်ကျင်ရေးလှုပ်ရှားမှုဟာ (၁၈၈၀) ကနေ (၁၈၉၀)ကာလတွေအတွင်းမှာ ကတည်းက အမေရိကားတစ်ခွင်မှာ လူထုထောက်ခံမှုများပြားလာခဲ့တာဖြစ်ပြီး အထူးသဖြင့်အိမ်ရှင်မတွေရဲ့ထောက်ခံမှုနှုန်းထားဟာ တစ်နိုင်ငံလုံးရာနှုန်းပြည့်နီးပါးဖြစ် ခဲ့ပါတယ်။ အရက်ကြောင့်ဖြစ်ပွားတဲ့မှုခင်းတွေ၊လူမှုရေးပြစ်ချက်တွေ ကိုထောက်ပြပြော ဆိုခဲ့ကြပြီး ဆေးဘက်ဆိုင်ရာပညာရှင်တွေကိုယ်တိုင်ကလည်း အရက်ကြောင့်ကျန်းမာ ရေးထိခိုက်သူဦးရေနှစ်စဉ်များပြားလျက်ရှိကြောင်းနဲ့ အမေရိကားရဲ့လူစွမ်းအားအရင်း အမြစ်တွေအစဉ်ဆုံးရှုံးနေရကြောင်းကို တရားဝင်အချက်အလက်တွေနဲ့ ဖော်ပြခဲ့ပါတယ်။
(၁၉၁၇)ခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စုဟာ ပထမကမ္ဘာစစ်ကြီးအတွင်းပါဝင် တိုက်ခိုက်ခဲ့ပေမဲ့ အရက်သေစာတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကတော့ ဆက်လက် အသက်ဝင်နေခဲ့ပါတယ်။ ယင်းကာလကအမေရိကန်နိုင်ငံသား ဂျာမန်နွယ်ဝင်တွေအကြားမှာ သူတို့ရဲ့ဓလေ့အရဘီယာသောက်သုံးမှုများပြားခဲ့ပြီးနောက်ပိုင်းမှာ အလွန်အကျွံ တွေကိုဖြစ်လာခဲ့တာကြောင့် နယ်မြေတာဝန်ရှိသူတွေဘက်က ထိန်းသိမ်းခဲ့တဲ့ဖြစ်စဉ် တွေလည်းပေါ်ပေါက်ခဲ့ပါတယ်။
(၁၉၁၈)မှာတော့ အမေရိကန်ဟာသူတို့ရဲ့အရက်ထုတ်လုပ်မှု ပမာဏကိုသိသိသာသာလျော့ချထုတ်လုပ်ခဲ့ပြီး (၁၉၁၉)ခုနှစ်မှာတော့ အရက်ကို ဥပဒေမဲ့ပစ္စည်းအဖြစ်သတ်မှတ်တဲ့ (၁၈)ကြိမ်မြောက်ပြန်လည်ပြင်ဆင်ပြီးဖြစ်တဲ့ ဥပဒေ ကိုထုတ်ပြန်ခဲ့ပါတယ်။ ကန့်ကွက်မှုတွေရှိနေခဲ့ပေမယ့် (၁၉၂၀)၊ဇန်နဝါရီမှာလည်း ယင်း ဥပဒေအတိုင်းသာဆက်လက်သွားခဲ့ပြီး အမေရိကားတစ်ခွင်ကပမာဏအလွန်များတဲ့ အရက်၊ဘီယာတွေကိုဖျက်ဆီးခဲ့ကြပါတယ်။
(၁၉၂၉)ကနေ (၁၉၃၃) ကာလအထိ အမေရိကန်သမ္မတဖြစ်ခဲ့သူ Herbert Hoover ကတော့ ဒီလုပ်ဆောင်မှုတွေဟာ အမေရိကန်စီးပွားရေးနဲ့လူမှုရေးကဏ္ဍကို အပြောင်းလဲကြီးပြောင်းလဲသွားမဲ့စမ်းသပ်ချက်ဖြစ် တယ်လို့မှတ်ချက်ပေးခဲ့ပြီး သူရဲ့သက်တမ်းကုန်ချိန်ဖြစ်တဲ့ (၁၉၃၃)မှာတော့ ယင်းအရက်သေစာဖျက်သိမ်းရေးဥပဒေကို သူကိုယ်တိုင်လက်မှတ်ထိုး ဖျက်သိမ်းခဲ့ပါတယ်။
(၁၉၁၉)ခုနှစ်က (၁၈)ကြိမ်မြောက်ပြန်လည်ပြင်ဆင်ထားတဲ့ အရက်သေစာတိုက်ဖျက် ရေးဥပဒေမှာဆိုရင် အရက်သေစာထုတ်လုပ်ခွင့်သာမက ရောင်းဝယ်မှု၊သယ်ဆောင်မှု တွေအထိ ပိတ်ပင်ထားပြီး (၁၉၂၀) ဇန်နဝါရီ (၁၇)ရက်နေ့ကစပြီး အစိုးရကယင်းဥပဒေအတိုင်း အရက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်အတော်များများကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ယင်းဥပဒေအရတော့ ဆေးဘက်ဆိုင်ရာလုပ်ငန်းတွေ စက်မှုလုပ်ငန်းနဲ့ မှုခင်းဆိုင်ရာကိစ္စရပ်တွေအတွက်တော့ Alcohol သယ်ဆောင်အသုံးပြုခွင့်ကိုခွင့်ပြုပေး ထားပါတယ်။
ယင်းဥပဒေတည်ချိန်ကာလမှာတော့ အမေရိကန်တစ်ခွင်ကတစ်ဦးတည်းပိုင်အရက်၊ ဘီယာတွေကစလို့ တွေ့သမျှဝိုင်၊ချက်အရက်ပါမကျန်လိုက်လံဖျက်ဆီးတဲ့အလေ့ပေါ် ပေါက်လာခဲ့ပါတယ်။ အရက်ဘား၊စားသောက်ဆိုင်၊အပန်းဖြေရိပ်သာတွေ၊ပျော်ပွဲစားရုံ တွေအထိ အရက်၊ဘီယာတွေကိုတာဝန်ရှိသူတွေက လိုက်လံပိတ်ပင်ခဲ့ပြီး ဆက်လက် သုံးစွဲနေသူတွေကိုတော့ အရက်ပုန်းဆိုင်၊မျက်မမြင်ဝက်များစတဲ့အသုံးအနှုန်းတွေနဲ့ ခေါင်းစဉ်တပ်ကာ လူပေါင်း (၂၀၀၀၀၀) လောက်ကို စွဲချက်တင်ခဲ့ကြပါတယ်။
အမှန်တော့ အရက်၊ဘီယာတိုက်ဖျက်ရေးဥပဒေဟာ အတင်းအကျပ်ပြုလုပ်ထားတဲ့ ဥပဒေတစ်ခုသာဖြစ်ပြီး အရက်၊ဘီယာရဲ့ပျံ့နှံ့မှုဟာ အမေရိကန်ပြည်သူတွေအကြား စွဲစွဲ လန်းလန်းဖြစ်နေပြီဖြစ်တာကြောင့် ထုံးစံအတိုင်းဥပဒေကိုလက်တွေ့အကောင်အထည် ဖော်ရတဲ့ ရဲ့တပ်ဖွဲ့နဲ့နိုင်ငံသားတွေအကြားမှာ ပြသာနာများစွာဖြစ်လို့လာပါတယ်။ အမေရိကန်ရဲဌာန (၃၀၀၀)လောက်က အထူးရဲတပ်ဖွဲ့ဝင်များစွာဟာ အရက်၊ဘီယာ တိုက်ဖျက်ရေးစစ်ပွဲတွေကို ပြည်တွင်းမှာသာမက နယ်နိမိတ်မှတ်တိုင်တွေမှာပါ ဖမ်းဆီး ထိန်းသိမ်းခဲ့ရပါတယ်။
အမေရိကန်ပြည်တွင်းမှာအရက်၊ဘီယာထုတ်လုပ်မှုအတော်များ များရပ်ဆိုင်းလိုက်ချိန်မှာတော့ အမေရိကန်-ကနေဒါ နယ်စပ်နဲ့ အမေရိကန်-မက္ကဆီကို နယ်စပ်တွေမှာ တရားမဝင်အရက်၊ဘီယာခိုးသွင်းမှုလုပ်ငန်းတွေဟာလည်း အရှိန်အဟုန် နဲ့ကြီးထွားလာခဲ့ပြီး အမေရိကန်ပြည်တွင်းအခြေစိုက် ဒုစရိုက်အဖွဲ့တွေအတွက်လည်း အစိုးရရဲ့ အရက်၊ဘီယာတိုက်ဖျက်ရေးစီမံကိန်းကနေ ငွေဝင်ပေါက်ကြီးကြီးမားမားရရှိတဲ့ အနေအထားဖြစ်သွားခဲ့ရပါတယ်။
ယင်းစီမံကိန်းကာလကဆိုရင် အမေရိကန်တစ်နိုင် ငံလုံးရဲ့ အရက်၊ဘီယာ သုံးပုံတစ်ပုံအထိကိုအစိုးရက သိမ်းဆည်းဖျက်ဆီးနိုင်ခဲ့သလို အရက်ပျံသုံးစွဲမှုကလည်း (၅၀)ရာခိုင်နှုန်းလောက်ကို ကျဆင်းသွားခဲ့တယ်လို့သိရပါ တယ်။ အကျိုးကျေးဇူးအနေနဲ့ကတော့ အမေရိကန်တစ်ခွင်မှာ အရက်အလွန်အကျွံ သောက်သုံးရာမှဖြစ်ပွားတတ်တဲ့ အသည်းရွတ်ရောဂါသည်ပမာဏကျဆင်းသွားခြင်း နဲ့ ရဲအရေးပိုင်ပြစ်မှုတော်တော်များများ ကျဆင်းသွားခြင်းဖြစ်ပါတယ်။
(၁၉၂၉)ခုနှစ်မှာတော့ အမေရိကန်တရားရုံးချုပ်ရဲ့လက်ထောက်ရှေနေချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ Mable Walker Willebrandt ဆိုသူကခေါင်းဆောင်ပြီး နိုင်ငံမှာတည်နေတဲ့ သေရည်သေရက်ဥပဒေကိုစတင်ကန့်ကွက်ခဲ့ပါတယ်။ ယင်းအချိန်မှာ အမေရိကန်ပြည် ထောင်စုရဲ့ ဘီယာစက်ရုံတော်တော်များများဟာ ပိတ်သိမ်းနေခဲ့ပြီဖြစ်လို့ အလုပ်လက်မဲ့ဦးရေ သောင်းနဲ့ချီဖြစ်ပေါ်ခဲ့ပါတယ်။ ဒါအပြင်အရက်ဘီယာကနေရရှိမဲ့ နိုင်ငံတော် အခွန်ငွေကလည်း အမေရိကန်ဒေါ်လာ (၁၁)ဘီလျံလောက်မရခဲ့ပဲဖြစ်ရသလို ပြည်တွင်း အရက်၊ဘီယာလုပ်ငန်းရှင်တွေရဲ့ ဆုံးရှုံးမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာသန်း(၃၀၀)လောက်ကိုရှိနေခဲ့ပြီဖြစ်ပါတယ်။
ယင်းကာလက အဲဒီငွေပမာဏဟာ ယခုလိုထိပ်တန်းအင်အားကြီးမဖြစ်သေးတဲ့ အမေရိကန်ပြည်ထောင်စု အဖို့တော့ အတော်ကိုအလဟာသဖြစ်ခဲ့တဲ့ ငွေကြေးတွေဖြစ်ခဲ့ပြီး အတိုက်အခံပါတီတွေကလည်း အစိုးရရဲ့ ယစ်မျိုးဆိုင်ရာစီမံခန့်ခွဲမှုစွမ်းရည်ကို ဟာသလုပ်ပြောဆိုမှုများစွာဖြစ် ခဲ့တဲ့အထိဖြစ်ပါတယ်။ အမှန်လည်း ယင်းကာလက အမေရိကန်ပြည်ထောင်စုနဲ့အပြိုင် လိုဖြစ်နေတဲ့ ဥရောပနိုင်ငံတွေဟာ ယစ်မျိုးမူဝါဒကို ပိုင်ပိုင်နိုင်နိင်အကောင်အထည် ဖော်ထားနိုင်ပြီး တစ်ဖက်လမ်းကနေနိုင်ငံအတွက် ဝင်ငွေများစွာရရှိနေတဲ့အဖြစ်ကြောင့် အမေရိကန်တာဝန်ရှိသူတွေအတွက် သူတို့ရဲ့ယစ်မျိုးဥပဒေကို ပြန်လည်သုံးသပ်ဖို့လိုလာ ပါတော့တယ်။
(၁၉၃၃)ခုနှစ် ဒီဇင်ဘာ(၅)ရက်နေ့မှာတော့ အမေရိကန်အစိုးရဟာတင်းကျပ်တဲ့ (၁၈) ကြိမ်မြောက်ပြင်ဆင်ထားတဲ့ သူတို့ရဲ့ယစ်မျိုးဥပဒေနေရာမှာ (၂၁)ရာစုယစ်မျိုး ဥပဒေ တစ်ရပ်နဲ့ပြန်လည်အစားထိုးရပါတော့တယ်။အသစ်ပြန်လည်ပြင်ဆင်ထားတဲ့ယစ်မျိုး ဥပဒေမှာတော့ မူးယစ်မူဝါဒတွေဟာ အတင်းအကျပ်ကြီးမဟုတ်တော့ပဲ အရွယ်မရောက် သူတွေ၊သာသနာနွယ်ဝင်တွေကိုအရက်ရောင်းချမှုမပြုဖို့၊ အရက်သယ်ဆောင်ချိန်မှာ သက်ဆိုင်ရာ နယ်မြေယစ်မျိုးအရာရှိတွေရဲ့ခွင့်ပြုမိန့်ယူဖို့ နဲ့ အရက်အမျိုးအစား၊ဘီယာ အနွယ်အလိုက် ကွဲပြားတဲ့လိုင်စင်ရယူရန်၊ အရက်ဆိုင်တည်နေရာနဲ့ပတ်သက်ပြီး လိုအပ်တဲ့တည်နေရာပုံစံ စတဲ့အခြေခံယစ်မျိုးမူဝါဒတွေသာပါဝင်လာတာကြောင့် အမေရိကန်တစ်ခွင်မှာ အရက်၊ဘီယာယဉ်ကျေးမှုဟာ ယခင်ကထက်ကိုပိုမိုစည်ပင်လာ ပြန်ပါတော့တယ်။
ဒါပေမယ့် တစ်ချို့သောပြည်နယ်တွေမှာတော့ နှစ်တော်တော်ကြာတဲ့ အထိ အရက်၊ဘီယာသောက်သုံးမှုသအတော်လေးနည်းပါးခဲ့ပေမဲ့ လေ့လာချက်တွေ အရတော့ မစ္စစ်စပီ ပြည်နယ်တစ်ခုပဲ အရက်၊ဘီယာသောက်သုံးရောင်းဝယ်မှုအနည်းဆုံးပြည်နယ်အဖြစ် (၁၉၆၆)ခုနှစ်အထိ တောင့်ခံနိုင်ခဲ့သေးတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ပျော်ပွဲရွှင်ပွဲ၊အခမ်းအနား၊အထိမ်းအမှတ်ပွဲတော်တွေမှာ မပါမဖြစ် ပါနေရတဲ့အရက်၊ဘီယာတွေရဲ့ အလေ့စရိုက်ရယ် အရက်၊ဘီယာလုပ်ငန်းရှင်တွေရဲ့ နည်းမျိုးစုံနဲ့ ဈေးကွက်ချဲ့ထွင်မှုတွေကြောင့် မစ္စစ်စပီ ဟာလည်း အရက်နွံထဲကို ပြန်လည်ကျရောက်ခဲ့ပြန်ပါတယ်။
Discussion about this post