Monday, March 1, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အဘူဒါဘီက ဖာရာရီ ကမ္ဘာ

by Thutamm
October 27, 2020
Reading Time: 3min read
0
အဘူဒါဘီက ဖာရာရီ ကမ္ဘာ
Share on FacebookShare on Twitter

Ferrari World Abu Dhabi လို့ ကျော်ကြားတဲ့ ဒီနေရာကတော့ ယူအေအီးနိုင်ငံ အဘူဒါဘီနယ်နိမိတ်ထဲက Yas ကျွန်းပေါ်မှာ တည်ရှိနေပါတယ်။ အဘူဒါဘီလေဆိပ်ကနေ ကားနဲ့လာလျှင် ၁၀မိခန့်လာရတဲ့ အကွာအဝေးမှာ ရှိပါတယ်။ ကမ္ဘာကျော် တန်ဖိုးကြီးဇိမ်ခံကား ဖရာရီတံဆိပ် နဲ့ ပထမဆုံး ခေတ်မီအပန်းဖြေဥယျာဉ်လည်း ဖြစ်ပါတယ်။ Space frame ဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာပေါ်က အပန်းဖြေဥယျာဉ်တွေထဲမှာ အကြီးဆုံးလည်းဖြစ်ပါတယ်။ ကမ္ဘာ့အမြန်ဆုံး ရိုလာကိုစတာလို့ နာမည်ကြီးတဲ့ Formula Rossa ဟာလည်း ဒီနေရာမှာပဲ ရှိနေပါတယ်။

ဖရာရီချစ်သူများအတွက် ဖွင့်လှစ်ထားတဲ့ ဒီအပန်းဖြေဥယျာဉ် ကစားကွင်းကို ၂၀၀၇ ခုနှစ်က စတင်ခဲ့ပြီး တည်ဆောက်ချိန် ၃နှစ်ယူခဲ့ရကာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာတော့ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၈၆,၀၀၀ ကျော် ကျယ်ဝန်းပြီး ဘောလုံးကွင်း ၇ ကွင်းပေါင်းစာလောက် ကျယ်ပါတယ်။ ဒီနေရာဟာ ၂၀၁၅ ခုနှစ်ကနေစတင်လို့ အရှေ့အလယ်ပိုင်းဒေသရဲ့ ကမ္ဘာလှည့်ခရီးသွားအလာဆုံး နေရာတခု ဖြစ်ခဲ့ပါတယ်။ Ferrari World ရဲ့ပိုင်ရှင်ကတော့ ယူအေအီးက နာမည်ကျော် ခေတ်အီအပန်းဖြေဥယျာဉ်ကြီးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ Miral Asset Management အိမ်ခြံမြေလုပ်ငန်းစုကြီးဖြစ်ပါတယ်။

အဆောက်အဦးဒီဇိုင်းကိုတော့ နာမည်ကျော် Ferrari GT ကိုယ်ထည်ပုံစံကို အကွေးအကောက်တွေနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ သုံးထောင့်ကြယ်ပုံစံဖြစ်ပြီး ထောင့်ချွန်းတခုစီကတော့ ကဏန်းလက်မ ပုံစံရှိနေပါတယ်။ နာမည်ကျော် ဗိသုကာ ကုမ္ပဏီဖြစ်တဲ့ Benoy က တည်ဆောက်ပေးခဲ့တာဖြစ်ပြီး ထူးခြားဆန်းသစ်တဲ့ ခေတ်သစ်ဒီဇိုင်းအဖြစ် ချီးကျူးခြင်းကို ခံထားရသလို ဗိသုကာဆိုင်ရာ ဆုတံဆိပ်ပေါင်းများစွာကို ရရှိထားတဲ့ အဆောက်အဦးလည်း ဖြစ်ပါတယ်။

အဆောက်အဦးကြီးဟာ အလွန်ပဲ ကြီးမားလွန်းလှပါတယ်။ အီဖယ်မျှော်စင်တခုလုံးအတွက် စတီးတန်ချိန် ၇၃၀၀ ပဲ သုံးရပေမယ့် ဒီအဆောက်အဦးမှာတော့ စတီးတန်ချိန်ပေါင်း ၁၂၀၀၀ ကျော်ကို သုံးစွဲထားသလို ကွန်ကရစ် ကုဗမီတာပေါင်း ၁၀၀၀၀၀ ခန့်ကို သုံးစွဲတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အနီရောင် အလူမီနီယံ အမိုးကတော့ စတုရန်းမီတာ ၂သိန်းနီးပါး ဧရိယာရှိပြီး ဒီအကျယ်အဝန်းဟာ ဖရာရီကားစီးရေ ၂သောင်းခန့်ကို ထားနိုင်တယ်လို့ ဆိုပါတယ်။ အမိုးရဲ့အလယ်မှာတော့ ဖရာရီ တံဆိပ်ကို ရေးဆွဲထားပြီး ဒီတံဆိပ်ရဲ့ အလျားကတင် ၆၅မီတာလောက် ရှည်ပါတယ်။

ဖရာရီကမ္ဘာလို့ အမည်ပေးထားတာကြောင့် နာမည်ကျော် ဖရာရီကား မော်ဒယ်အမျိုးမျိုးကို ဒီနေရာမှာ မြင်တွေ့နိုင်ပြီး ဖရာရီပြခန်းကိုလည်း ထားရှိပေးထားပါတယ်။ ဖာရာရီကားတွေ အဆင့်ဆင့်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနဲ့အတူ ဖရာရီပြိုင်ကားတွေကို ဘယ်လိုဘယ်နည်း ထုတ်လုပ်သလဲဆိုတာကိုပါ ဒီနေရာမှာ ရှင်းလင်းပြသထားပါတယ်။

စိတ်လှုပ်ရှားစရာ စီးနင်းနိုင်တဲ့ အမျိုးအစားပေါင်း ၃၇ မျိုး ရှိနေပြီး အခြား စိတ်ဝင်စားစရာတွေလည်း ဒီနေရာမှာ ရှိနေပါတယ်။ ရိုလာကိုစတာ ၆ ခု ရှိတဲ့ အနက် နာမည်အကြီးဆုံးကတော့ Formula Rossa ရိုလာကိုစတာဖြစ်ပါတယ်။ ဒီရိုလာကိုစတာလမ်းကြောင်းကတော့ ၁.၄မိုင်ခန့်ရှိပြီး အမြန်ဆုံးနှုန်းအနေနဲ့ ၁နာရီ ၁၅၀ မိုင်နှုန်းအထိ ရောက်ရှိနိုင်တာကြောင့် ကမ္ဘာ့အမြန်ဆုံး ရိုလာကိုစတာ အဖြစ် သတ်မှတ်ခံထားရပါတယ်။ အလွန်မြန်လွန်းတဲ့ အရှိန်ကြောင့် စီးနင်းသူတွေဟာ ကာကွယ်ရေးမျက်မှန်တွေကို တပ်ထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

လူကြိုက်များတဲ့ နောက်တခုကတော့ G-force ride ဖြစ်ပါတယ်။ စီးနင်းသူတွေဟာ စတုရန်းပုံစံ တိုင်ပတ်လည်မှာ ခုံတွေနဲ့ထိုင်ရမှာဖြစ်ပြီး စတင်ချိန်မှာတော့ လူတွေဟာ အောက်ခြေကနေ ပေ ၂၀၀ လောက်မြင့်တဲ့ တိုင်ထိပ်အထိ လေထဲကို တက်သွားစေမှာ ဖြစ်ပါတယ်။ လေထဲမှာ ထိုင်ခုံမှာ ထိုင်ရတာဟာ စိတ်လှုပ်ရှားစရာ အလွန်ကောင်းပြီး အထက်အောက်ကို တက်လိုက်ဆင်းလိုက် လုပ်စေမှာ ဖြစ်ပါတယ်။


ကားမောင်းရတာကို နှစ်သက်တဲ့ ကလေးတွေအတွက်လည်း ဖရာရီ ကားမောင်းသင်တန်းကျောင်းကို ဖွင့်လှစ်ပေးထားပါတယ်။ ကားမောင်းနည်းအပြင် ယာဉ်လမ်း နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို သင်ကြားပေးပြီး ကလေးတဦးချင်းစီဟာ 430 GT Spider ကားအသေးစားလေးတွေကို တကယ့်ကားမောင်းသမားကြီးတွေလို မောင်းနှင်ရမှာ ဖြစ်ပါတယ်။ ဒါအပြင် သစ်တော ၊ တောင်ကုန်း ၊ သမုဒ္ဒရာကြမ်းပြင် ၊ ရေခဲဂူ စတဲ့ နေရာတွေကို တကယ်ရောက်သွားသယောင် ခံစားစေနိုင်တဲ့ 4D simulator တွေလည်း ရှိနေပြန်ပါတယ်။

ကားမောင်းရတာကို နှစ်သက်သူတွေအတွက်လည်း အသက် ၂၁နှစ်ပြည့်ပြီး ကားမောင်းလိုင်စင်ရှိလျှင် တကယ့် ဖရာရီ ကားအစစ်တွေကို မောင်းနှင်နိုင်သလို ပါစင်ဂျာအဖြစ်လည်း လိုက်ပါစီးနင်းနိုင်အောင် အခွင့်အရေး ဖန်တီးပေးထားပါတယ်။ kart လို့ခေါ်တဲ့ တယောက်စီးယာဉ်လေးတွေနဲ့အတူ Karting Academy ဆိုတဲ့နေရာမှာ တကယ့် ကားပြိုင်ပွဲဝင်နေသလို ကားပြိုင်ကွင်းငယ်မှာ မောင်းနှင်ယှဉ်ပြိုင်နိုင်ပါတယ်။ Scuderia Challenge နဲ့ အတူ တကယ့်ကားပြိုင်ပွဲဝင်မောင်းရင် ဘယ်လိုမျိုးလက်တွေ့ခံစားရမလဲဆိုတာကို အထူးပြုလုပ်ချက်တွေ simulator တွေနဲ့ ဖန်တီးပေးထားပါတယ်။

ဖရာရီကားတစီးရဲ့ အင်ဂျင်အထဲကို ဝင်ရောက်ကြည့်ရှု့နိုင်တဲ့ အစီအစဉ်တခုကတော့ V12 Enter The Engine လို့ ခေါ်ပါတယ်။ အင်ဂျင်ရဲ့ ပစ်စတင်တွေ ၊ အင်ဂျင်ခန်းတွေ ၊ ဆလင်ဒါတွေကို ဖြတ်ပြီး နောက်ဆုံးမှာတော့ အိတ်ဇောပိုက်ထဲက ပြန်ထွက်လာမယ့် အစီအစဉ်ဖြစ်ပါတယ်။ ဖရာရီကိုတည်ထောင်သူ Enzo Ferrari ရဲ့ ဘဝဇာတ်လမ်းကို ပြသပေးတဲ့ Cinema Maranello ၊ အထူးကျွမ်းကျင် မက္ကင်းနစ်နှစ်ယောက်က ပြသတဲ့ Tyre Change Show နဲ့ အင်နီးမေးရှင်းနဲ့ အကဖျော်ဖြေမှုတွေကို ပေါင်းစပ်ထားတဲ့ Viva Ferrari Show တွေဟာလည်း ထင်ရှားပါတယ်။

ဖရာရီအမှတ်တံဆိပ် ထုတ်ကုန်တွေကို ဝယ်ယူချင်တဲ့သူတွေအတွက် ဖရာရီစတိုးဆိုင်နှစ်ခုလည်း ရှိနေပြီး Ferrari’s Past and Present Store နဲ့ Ferrari Store တို့ဖြစ်ပါတယ်။ ဖရာရီတံဆိပ် ဖက်ရှင် နဲ့ လူ့အသုံးအဆောင်ပစ္စည်းအမျိုးမျိုး ၊ နာရီ ၊ လက်ဝတ်ရတနာများ ၊ ဖရာရီမော်တော်ကားပုံစံငယ်များအပြင် ဖရာရီအမှတ်တရပစ္စည်းတွေကို ရရှိနိုင်ပါတယ်။ အီတလီ နဲ့ နိုင်ငံတကာ အစားအသောက်တွေကို ရရှိနိုင်တဲ့ စားသောက်ဆိုင် ၆ ဆိုင်လည်း ဒီနေရာမှာ ရှိနေပါတယ်။ ဒီနေရာကို နေ့စဉ် လူပေါင်း ၂သောင်းနီးပါး လာရောက်လည်ပတ်လေ့ရှိသလို ဝန်ထမ်းပေါင်း ၉၀၀ ကျော်ကိုလည်း ခန့်ထားရပါတယ်။

Tags: world places
Next Post
ကုန်းတွင်းပိတ် နိုင်ငံတွေ အကြောင်း

ကုန်းတွင်းပိတ် နိုင်ငံတွေ အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!