ဒီနေရာကို အန္တာတိကတိုက်မှာရှိတဲ့နေရာအဖြစ် ဝဘ်ဆိုဒ်တွေမှာဖော်ပြလေ့ရှိပေမယ့် တကယ်က အန္တာတိကတိုက်မကြီးပေါ်မှာရှိတာမဟုတ်ပဲ အန္တာတိကတိုက်ကမ်းရိုးတန်းနဲ့ ၇၅မိုင်ကွာဝေးတဲ့ King George ကျွန်းပေါ်မှာတည်ရှိနေတာပါ။ ဒီနေရာကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဗြိတိသျှနယ်မြေသစ်ရှာဖွေသူတွေက တတိယမြောက်ဂျော့ဂျ်ဘုရင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကျွန်းအမည်ကို King George ကျွန်းဆိုပြီး ပေးခဲ့ကြတာဖြစ်ပါတယ်။
ဒီကျွန်းပေါ်မှာ ချီလီနိုင်ငံကပိုင်ဆိုင်တဲ့ Villa Las Estrellas မြို့ငယ်လေးရှိနေပါတယ်။ နာမည်က စပိန်ဘာသာနဲ့ ခေါ်တာဖြစ်ပြီး အဓိပ္ပါယ်က ကြယ်တွေရဲ့မြို့ Stars Town ဖြစ်ပါတယ်။ မြို့ငယ်လေးကို ကျေးရွာလို့ခေါင်းစဉ်တပ်ထားရတာကတော့ ဒီနေရာမှာ နေထိုင်သူဦးရေဟာ ၁၀၀ ဝန်းကျင်ခန့်သာရှိလို့ ဖြစ်ပါတယ်။ ချီလီအစိုးရဟာ ဒီနေရာကို အန္တာတိကချီလီနာ နယ်မြေအောက်မှာ ထည့်သွင်းသတ်မှတ်ထားပါတယ်။ ဒီနေရာဟာ သမ္မတ Eduardo Frei Montalva စစ်ဘက်ဆိုင်ရာအခြေစိုက်စခန်းတတခုလည်းဖြစ်ပြီး ဒီနေရာမှာနေထိုင်တဲ့လူဦးရေဟာ နွေအခါမှာ ၁၅၀ ခန့်ရှိတတ်ပြီး ရာသီဥတုလွန်ကဲပြင်းထန်တဲ့ ဆောင်းရာသီမှာတော့ ၈၀ ခန့်ပဲ ရှိတတ်ပါတယ်။ အဓိကအားဖြင့်တော့ လေတပ် နဲ့ သုတေသနဝန်ထမ်းတွေရဲ့ မိသားစုတွေနေထိုင်ကြတာဖြစ်ပါတယ်။
ဒီနေရာမှာ စာတိုက်တခုလည်းရှိနေပြီး စာတိုက်ဝန်ထမ်း ၁ယောက်သာ ရှိပါတယ်။ ချီလီတောင်ပိုင်းမြို့ Punta Arenas က စာတွေကို လက်ခံပြီး ဒီကနေတဆင့် အန္တာတိကတိုက်ပေါ်မှာရှိနေတဲ့ အခြားချီလီဌာနတွေ နဲ့ တခြားနိုင်ငံဌာနတွေကို စာတွေပေးပို့လေ့ရှိပါတယ်။ ဒီလိုပေးပို့ရာမှာတော့ လေယာဉ် (သို့) ရဟတ်ယာဉ်တွေနဲ့ သွားပို့ခြင်း ဖြစ်ပါတယ်။ စာတိုက်ဟာ ဒီနေရာကို အလည်လာတဲ့ ခရီးသွားတွေ မကြာခဏလာရောက်လေ့ရှိတဲ့နေရာဖြစ်ပြီး အန္တာတိက အမှတ်အသား ပိုစ့်စကတ်တွေကို ဒီကနေတဆင့် ပေးပို့နိုင်ပါတယ်။
ဒီရွာကလေးမှာ လူနေထိုင်တဲ့ အိမ်တွေအနေနဲ့ စုစုပေါင်း ၁၄ လုံးသာရှိပြီး တအိမ်ကို ၉၇၀ စတုရန်းပေခန့် ကျယ်ဝန်းပါတယ်။ ဒီနေရာမှာ နေထိုင်သူ မိသားစုဝင် ကလေးငယ်တွေအတွက်တည်း ၁တန်းကနေ ၈တန်းအထိ စာသင်ကျောင်းတကျောင်းရှိနေပြီ စာသင်မယ့်ဆရာကတော့ ၂ယောက်ရှိပါတယ်။ တက်ရောက်တဲ့ ကလေးငယ်အရေအတွက်က ၁၅ယောက်ခန့်ရှိပြီး စာကြည့်တိုက် ၁တိုက်လည်း ထားရှိပေးထားပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုအတွက်တော့ ချီလီလေတပ်ဆေးရုံ တခုရှိနေပါတယ်။ ဆေးရုံလို့နာမည်တပ်ထားပေမယ့် ဆေးရုံသုံးကုတင် ၂ခု ၊ ဆရာဝန် ၁ယောက် နဲ့ သူနာပြု ၂ယောက်သာရှိတဲ့အတွက် ဆေးခန်းလို့ခေါ်မယ်ဆိုလည်း ခေါ်နိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တာတွေဆောင်ရွက်နိုင်ဖို့အတွက် အိတ်စ်ရေး ၊ ဓာတ်ခွဲခန်း ၊ ခွဲစိတ်ခန်း ၊ ဆေးဝါးတွေအပြင် အခြားလိုအပ်တဲ့ စက်တွေကို အပြည့်အစုံထားရှိပေးထားပါတယ်။
ဆရာဝန်တယောက် နဲ့ သူနာပြု ၂ယောက်သာရှိတဲ့ ဆေးရုံလေး
၂၀၁၈ မှာတော့ ဒီနေရာမှာ လာရောက်နေထိုင်မယ့်လူအားလုံး (ကလေးငယ်များအပါအဝင် ) ဒီနေရာကို မလာခင်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အူအတက်တွေကို ဖယ်ရှားခဲ့ရပါတယ်။ ကြီးမားတဲ့ခွဲစိတ်မှုတွေပြုလုပ်နိုင်ဖို့ အခြားအနီးဆုံးဆေးရုံဟာ ဒီနေရာကနေ အနည်းဆုံး မိုင် ၆၀၀ကျော် အကွာအဝေးမှာပဲ ရှိနေလို့ ဖြစ်ပါတယ်။
ဒီနေရာမှာ ဘဏ်ဝန်ထမ်းတယောက်သာရှိတဲ့ Credit နဲ့ Investment ဘဏ်ခွဲတခုလည်း ရှိနေပြီး ခရစ်ယာန်ဘုရားကျောင်းတခုလည်း ရှိနေပါသေးတယ်။ Santa María Reina de la Paz လို့ခေါ်တဲ့ ဒီဘုရားကျောင်းဟာ ကတ်သလစ်ဘုရားကျောင်းဖြစ်ပြီး ဒီကိုအလည်လာတဲ့သူတိုင်း မရောက်မဖြစ်လာကြတဲ့ နေရာလည်းဖြစ်ပါတယ်။
ဘုရားကျောင်း အတွင်းဘက်မြင်ကွင်း
ဒီရွာလေးမှာ ဧည့်သည် ၂၀ အထိ တည်းခိုနိုင်တဲ့ တည်းခိုခန်းတခုလည်း ရှိနြေ့ပီး အမှတ်တရလက်ဆောင်ပစ္စည်းဆိုင် တဆိုင်လည်း ရှိနေပါသေးတယ်။ ဒီနေရာမှာ အားကစားရုံတခုလည်းရှိနေပြီး တင်းနစ် ၊ ကလေးဘောလုံးကွင်း ၊ ဘတ်စကတ်ဘော နဲ့ ဘောလီဘော ကစားနည်းတွေကို ကစားနိုင်သလို လေ့ကျင့်ခန်းစက်တွေ နဲ့ ချွေးထုတ်ခန်းတွေလည်း ရှိနေပြန်ပါတယ်။ ဒီနေရာမှာ ကစားနည်းတွေပြုလုပ်ကြသလို သိပ္ပံဆွေးနွေးပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။
ဆက်သွယ်ရေးအနေနဲ့ကတော့ ဂြိုဟ်တုဖုန်းတွေရှိနေပြီး အကြွေစေ့ (သို့) ကြိုသုံးကဒ်တွေနဲ့ အသုံးပြုရမှာဖြစ်ပါတယ်။ ဂြိုဟ်တုဖုန်းတွေအပြင် ချီလီကုမ္ပဏီ Entel PCS က တပ်ဆင်ပေးထားတဲ့ မိုဘိုင်းဖုန်းတွေလည်းရှိနေပါတယ်။ စာသင်ကျောင်းမှာတော့ အင်တာနက်ရတဲ့ ကွန်ပျူတာ ၃လုံး ရှိနေပါတယ်။ ဒါအပြင် ရေဒီယို နဲ့ ရုပ်မြင်သံကြားလိုင်းအချို့ကို ဒီနေရာမှာ စလောင်းတွေကတဆင့် ဖမ်းယူကာ နားထောင်ကြည့်ရှုနိုင်ပါတယ်။
အနီးဆုံးလေဆိပ်ကတော့ အန္တာတိကရဲ့တခုတည်းသောလေဆိပ်ဖြစ်တဲ့ Teniente R. Marsh လေဆိပ်ဖြစ်ပါတယ်။ ပုံမှန်ခရီးသွားလေကြောင်းလိုင်းတွေတော့မရှိပဲ တခါတရံ ချီလီလေကြောင်းလိုင်း Aerovías DAP က စီစဉ်တဲ့ လေယာဉ်စင်းလုံးငှား ခရီးစဉ်တွေပဲ ရှိနေပြီး တောင်အမေရိကန်တောင်ဘက်စွန်းပိုင်းမှာရှိတဲ့ Punta Arenas မြို့ကို ပျံသန်းမှုတွေပြုလုပ်လေ့ရှိပါတယ်။ တပတ်ကို ၆ကြိမ်လောက်ပျံသန်းလေ့ရှိပြီး ဒီ၂နေရာရဲ့ အကွာအဝေးက မိုင်ပေါင်း ၇၀၀ကျော်တောင် ကွာဝေးပါတယ်။
အာန္တာတိကတိုက်အနီးမှာရှိတာကြောင့် ဒီရွာကလေးဟာ အမြဲတစေအေးခဲနေလေ့ရှိပြီး ရေခဲရွာကလေးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ နှစ်စဉ် ပျမ်းမျှအပူချိန်အနေနဲ့ အနှုတ် ၂.၃ဒီဂရီဆဲစီးယပ်စ်ရှိတတ်ပြီး အအေးဆုံးစံချိန်တင်အနေနဲ့ အနှုတ် ၂၈.၇ ဒီဂရီအထိတောင် ရှိခဲ့ဖူးပါတယ်။ ဒီလောက်အေးခဲလွန်းတာကြောင့် ဒီနေရာမှာ လူများများစားစား မနေနိုင်တဲ့အပြင် နေရောင်ကိုလည်း ကောင်းစွာမြင်ရလေ့မရှိပါဘူး။
ရေခဲပြင်သဘာဝကို နှစ်သက်တဲ့ ခရီးသည်တွေကတော့ နွေရာသီကာလမှာ ဒီကျွန်းပေါ်ကို လာရောက်လည်ပတ်လေ့ရှိပါတယ်။ ရေခဲပြင်တွေအပြင် ကောင်းကင်ပြင်က အလွန်လှပတဲ့ ဥတ္တရအလင်းတန်းတွေကိုကြည့်ရှုနိုင်တဲ့အပြင် ပင်ဂွင်းအုပ်တွေ ၊ Killer ဝေလငါးတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။ ဒါအပြင် ဒီကျွန်းပေါ်မှာပဲ ရေခဲပြင်ကားမောင်းတာတွေ ၊ ရေခဲပြင်စကိတ်စီးတာတွေကို ပြုလုပ်နိုင်ပါတယ်။ ဧည့်သည်တွေ မလာတဲ့ ဆောင်းအခါမှာတော့ ဒီနေရာဟာ အေးခဲပြီး တိတ်ဆိတ်လွန်းတဲ့ အထီးကျန်နေရာ တခု ဖြစ်နေပါတော့တယ်။
——- —- ——–
(Zawgyi)
အႏၱာတိကတုိက္အနီးက ေရခဲေက်းရြာ
ဒီေနရာကို အႏၱာတိကတုိက္မွာရွိတဲ့ေနရာအျဖစ္ ၀ဘ္ဆုိဒ္ေတြမွာေဖာ္ျပေလ့ရွိေပမယ့္ တကယ္က အႏၱာတိကတုိက္မႀကီးေပၚမွာရွိတာမဟုတ္ပဲ အႏၱာတိကတုိက္ကမ္းရုိးတန္းနဲ႔ ၇၅မုိင္ကြာေ၀းတဲ့ King George ကြ်န္းေပၚမွာတည္ရွိေနတာပါ။ ဒီေနရာကို ရွာေဖြေတြ႔ရွိခဲ့တဲ့ ၿဗိတိသွ်နယ္ေျမသစ္ရွာေဖြသူေတြက တတိယေျမာက္ေဂ်ာ့ဂ်္ဘုရင္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဒီကြ်န္းအမည္ကို King George ကြ်န္းဆုိၿပီး ေပးခဲ့ၾကတာျဖစ္ပါတယ္။
ဒီကြ်န္းေပၚမွာ ခ်ီလီႏုိင္ငံကပုိင္ဆုိင္တဲ့ Villa Las Estrellas ၿမဳိ႕ငယ္ေလးရွိေနပါတယ္။ နာမည္က စပိန္ဘာသာနဲ႔ ေခၚတာျဖစ္ၿပီး အဓိပၸါယ္က ၾကယ္ေတြရဲ႕ၿမဳိ႕ Stars Town ျဖစ္ပါတယ္။ ၿမဳိ႕ငယ္ေလးကို ေက်းရြာလို႔ေခါင္းစဥ္တပ္ထားရတာကေတာ့ ဒီေနရာမွာ ေနထုိင္သူဦးေရဟာ ၁၀၀ ၀န္းက်င္ခန္႔သာရွိလုိ႔ ျဖစ္ပါတယ္။ ခ်ီလီအစုိးရဟာ ဒီေနရာကို အႏၱာတိကခ်ီလီနာ နယ္ေျမေအာက္မွာ ထည့္သြင္းသတ္မွတ္ထားပါတယ္။ ဒီေနရာဟာ သမၼတ Eduardo Frei Montalva စစ္ဘက္ဆုိင္ရာအေျခစုိက္စခန္းတတခုလည္းျဖစ္ၿပီး ဒီေနရာမွာေနထုိင္တဲ့လူဦးေရဟာ ေႏြအခါမွာ ၁၅၀ ခန္႔ရွိတတ္ၿပီး ရာသီဥတုလြန္ကဲျပင္းထန္တဲ့ ေဆာင္းရာသီမွာေတာ့ ၈၀ ခန္႔ပဲ ရွိတတ္ပါတယ္။ အဓိကအားျဖင့္ေတာ့ ေလတပ္ နဲ႔ သုေတသန၀န္ထမ္းေတြရဲ႕ မိသားစုေတြေနထုိင္ၾကတာျဖစ္ပါတယ္။
ဒီေနရာမွာ စာတုိက္တခုလည္းရွိေနၿပီး စာတုိက္၀န္ထမ္း ၁ေယာက္သာ ရွိပါတယ္။ ခ်ီလီေတာင္ပုိင္းၿမဳိ႕ Punta Arenas က စာေတြကို လက္ခံၿပီး ဒီကေနတဆင့္ အႏၱာတိကတုိက္ေပၚမွာရွိေနတဲ့ အျခားခ်ီလီဌာနေတြ နဲ႔ တျခားႏုိင္ငံဌာနေတြကို စာေတြေပးပို႔ေလ့ရွိပါတယ္။ ဒီလုိေပးပို႔ရာမွာေတာ့ ေလယာဥ္ (သုိ႔) ရဟတ္ယာဥ္ေတြနဲ႔ သြားပို႔ျခင္း ျဖစ္ပါတယ္။ စာတုိက္ဟာ ဒီေနရာကို အလည္လာတဲ့ ခရီးသြားေတြ မၾကာခဏလာေရာက္ေလ့ရွိတဲ့ေနရာျဖစ္ၿပီး အႏၱာတိက အမွတ္အသား ပုိစ့္စကတ္ေတြကို ဒီကေနတဆင့္ ေပးပို႔ႏုိင္ပါတယ္။
ဒီရြာကေလးမွာ လူေနထုိင္တဲ့ အိမ္ေတြအေနနဲ႔ စုစုေပါင္း ၁၄ လုံးသာရွိၿပီး တအိမ္ကို ၉၇၀ စတုရန္းေပခန္႔ က်ယ္၀န္းပါတယ္။ ဒီေနရာမွာ ေနထုိင္သူ မိသားစု၀င္ ကေလးငယ္ေတြအတြက္တည္း ၁တန္းကေန ၈တန္းအထိ စာသင္ေက်ာင္းတေက်ာင္းရွိေနၿပီ စာသင္မယ့္ဆရာကေတာ့ ၂ေယာက္ရွိပါတယ္။ တက္ေရာက္တဲ့ ကေလးငယ္အေရအတြက္က ၁၅ေယာက္ခန္႔ရွိၿပီး စာၾကည့္တုိက္ ၁တုိက္လည္း ထားရွိေပးထားပါတယ္။
က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ေတာ့ ခ်ီလီေလတပ္ေဆးရုံ တခုရွိေနပါတယ္။ ေဆးရုံလုိ႔နာမည္တပ္ထားေပမယ့္ ေဆးရုံသုံးကုတင္ ၂ခု ၊ ဆရာ၀န္ ၁ေယာက္ နဲ႔ သူနာျပဳ ၂ေယာက္သာရွိတဲ့အတြက္ ေဆးခန္းလုိ႔ေခၚမယ္ဆုိလည္း ေခၚႏုိင္ပါတယ္။ ဒါေပမယ့္ လိုအပ္တာေတြေဆာင္ရြက္ႏုိင္ဖုိ႔အတြက္ အိတ္စ္ေရး ၊ ဓာတ္ခြဲခန္း ၊ ခြဲစိတ္ခန္း ၊ ေဆး၀ါးေတြအျပင္ အျခားလုိအပ္တဲ့ စက္ေတြကို အျပည့္အစုံထားရွိေပးထားပါတယ္။
၂၀၁၈ မွာေတာ့ ဒီေနရာမွာ လာေရာက္ေနထုိင္မယ့္လူအားလုံး (ကေလးငယ္မ်ားအပါအ၀င္ ) ဒီေနရာကို မလာခင္မွာ ႀကဳိတင္ကာကြယ္တဲ့အေနနဲ႔ အူအတက္ေတြကို ဖယ္ရွားခဲ့ရပါတယ္။ ႀကီးမားတဲ့ခြဲစိတ္မႈေတြျပဳလုပ္ႏုိင္ဖုိ႔ အျခားအနီးဆုံးေဆးရုံဟာ ဒီေနရာကေန အနည္းဆုံး မုိင္ ၆၀၀ေက်ာ္ အကြာအေ၀းမွာပဲ ရွိေနလုိ႔ ျဖစ္ပါတယ္။
ဒီေနရာမွာ ဘဏ္၀န္ထမ္းတေယာက္သာရွိတဲ့ Credit နဲ႔ Investment ဘဏ္ခြဲတခုလည္း ရွိေနၿပီး ခရစ္ယာန္ဘုရားေက်ာင္းတခုလည္း ရွိေနပါေသးတယ္။ Santa María Reina de la Paz လုိ႔ေခၚတဲ့ ဒီဘုရားေက်ာင္းဟာ ကတ္သလစ္ဘုရားေက်ာင္းျဖစ္ၿပီး ဒီကိုအလည္လာတဲ့သူတုိင္း မေရာက္မျဖစ္လာၾကတဲ့ ေနရာလည္းျဖစ္ပါတယ္။
ဒီရြာေလးမွာ ဧည့္သည္ ၂၀ အထိ တည္းခုိႏုိင္တဲ့ တည္းခုိခန္းတခုလည္း ရွိိေနၿ႔ပီး အမွတ္တရလက္ေဆာင္ပစၥည္းဆုိင္ တဆုိင္လည္း ရွိေနပါေသးတယ္။ ဒီေနရာမွာ အားကစားရုံတခုလည္းရွိေနၿပီး တင္းနစ္ ၊ ကေလးေဘာလုံးကြင္း ၊ ဘတ္စကတ္ေဘာ နဲ႔ ေဘာလီေဘာ ကစားနည္းေတြကို ကစားႏုိင္သလုိ ေလ့က်င့္ခန္းစက္ေတြ နဲ႔ ေခြ်းထုတ္ခန္းေတြလည္း ရွိေနျပန္ပါတယ္။ ဒီေနရာမွာ ကစားနည္းေတြျပဳလုပ္ၾကသလုိ သိပၸံေဆြးေႏြးပြဲေတြကိုလည္း က်င္းပေလ့ရွိပါတယ္။
ဆက္သြယ္ေရးအေနနဲ႔ကေတာ့ ၿဂဳိဟ္တုဖုန္းေတြရွိေနၿပီး အေၾကြေစ့ (သုိ႔) ႀကဳိသုံးကဒ္ေတြနဲ႔ အသုံးျပဳရမွာျဖစ္ပါတယ္။ ၿဂဳိဟ္တုဖုန္းေတြအျပင္ ခ်ီလီကုမၸဏီ Entel PCS က တပ္ဆင္ေပးထားတဲ့ မုိဘုိင္းဖုန္းေတြလည္းရွိေနပါတယ္။ စာသင္ေက်ာင္းမွာေတာ့ အင္တာနက္ရတဲ့ ကြန္ပ်ဴတာ ၃လုံး ရွိေနပါတယ္။ ဒါအျပင္ ေရဒီယို နဲ႔ ရုပ္ျမင္သံၾကားလုိင္းအခ်ဳိ႕ကို ဒီေနရာမွာ စေလာင္းေတြကတဆင့္ ဖမ္းယူကာ နားေထာင္ၾကည့္ရႈႏုိင္ပါတယ္။
အနီးဆုံးေလဆိပ္ကေတာ့ အႏၱာတိကရဲ႕တခုတည္းေသာေလဆိပ္ျဖစ္တဲ့ Teniente R. Marsh ေလဆိပ္ျဖစ္ပါတယ္။ ပုံမွန္ခရီးသြားေလေၾကာင္းလုိင္းေတြေတာ့မရွိပဲ တခါတရံ ခ်ီလီေလေၾကာင္းလုိင္း Aerovías DAP က စီစဥ္တဲ့ ေလယာဥ္စင္းလုံးငွား ခရီးစဥ္ေတြပဲ ရွိေနၿပီး ေတာင္အေမရိကန္ေတာင္ဘက္စြန္းပုိင္းမွာရွိတဲ့ Punta Arenas ၿမဳိ႕ကို ပ်ံသန္းမႈေတြျပဳလုပ္ေလ့ရွိပါတယ္။ တပတ္ကို ၆ႀကိမ္ေလာက္ပ်ံသန္းေလ့ရွိၿပီး ဒီ၂ေနရာရဲ႕ အကြာအေ၀းက မုိင္ေပါင္း ၇၀၀ေက်ာ္ေတာင္ ကြာေ၀းပါတယ္။
အာႏၱာတိကတုိက္အနီးမွာရွိတာေၾကာင့္ ဒီရြာကေလးဟာ အၿမဲတေစေအးခဲေနေလ့ရွိၿပီး ေရခဲရြာကေလးလုိ႔ တင္စားေခၚေ၀ၚၾကပါတယ္။ ႏွစ္စဥ္ ပ်မ္းမွ်အပူခ်ိန္အေနနဲ႔ အႏႈတ္ ၂.၃ဒီဂရီဆဲစီးယပ္စ္ရွိတတ္ၿပီး အေအးဆုံးစံခ်ိန္တင္အေနနဲ႔ အႏႈတ္ ၂၈.၇ ဒီဂရီအထိေတာင္ ရွိခဲ့ဖူးပါတယ္။ ဒီေလာက္ေအးခဲလြန္းတာေၾကာင့္ ဒီေနရာမွာ လူမ်ားမ်ားစားစား မေနႏုိင္တဲ့အျပင္ ေနေရာင္ကုိလည္း ေကာင္းစြာျမင္ရေလ့မရွိပါဘူး။
ေရခဲျပင္သဘာ၀ကို ႏွစ္သက္တဲ့ ခရီးသည္ေတြကေတာ့ ေႏြရာသီကာလမွာ ဒီကြ်န္းေပၚကို လာေရာက္လည္ပတ္ေလ့ရွိပါတယ္။ ေရခဲျပင္ေတြအျပင္ ေကာင္းကင္ျပင္က အလြန္လွပတဲ့ ဥတၱရအလင္းတန္းေတြကိုၾကည့္ရႈႏုိင္တဲ့အျပင္ ပင္ဂြင္းအုပ္ေတြ ၊ Killer ေ၀လငါးေတြကိုလည္း ၾကည့္ရႈႏုိင္ပါတယ္။ ဒါအျပင္ ဒီကြ်န္းေပၚမွာပဲ ေရခဲျပင္ကားေမာင္းတာေတြ ၊ ေရခဲျပင္စကိတ္စီးတာေတြကို ျပဳလုပ္ႏုိင္ပါတယ္။ ဧည့္သည္ေတြ မလာတဲ့ ေဆာင္းအခါမွာေတာ့ ဒီေနရာဟာ ေအးခဲၿပီး တိတ္ဆိတ္လြန္းတဲ့ အထီးက်န္ေနရာ တခု ျဖစ္ေနပါေတာ့တယ္။
Discussion about this post