Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အန္တရာယ်အများဆုံး အလုပ်အကိုင် (၁၀)ခု

by Thutamm
May 30, 2020
Reading Time: 3min read
0
အန္တရာယ်အများဆုံး အလုပ်အကိုင် (၁၀)ခု
Share on FacebookShare on Twitter

(Unicode)

ဘဝနေထိုင်မှုပုံစံ အမျိုးမျိုးနဲ့ တာဝန်ယူလုပ်ကိုင်ရတဲ့အလုပ်တွေမှာ ထရပ်ကားမောင်းတဲ့အလုပ်လို၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်အလုပ်စတဲ့ အမြဲမိမိအသက်အန္တရာယ်ကို သတိထားနေရတဲ့အလုပ်တွေလည်းပါဝင်နေပါတယ်။ လုပ်ငန်းခွင်အတွင်းလူသားတွေအတွက် ထိခိုက်မှုဖြစ်ဖို့ နောက်ဆုံံး အသက်ဆုံးရှုံးတဲ့အထိဖြစ်ဖို့ အခြေအနေအများဆုံးရှိနေတဲ့ လုပ်ငန်းခွင်တွေ ကမ္ဘာတလွှားများစွာရှိနေပေမဲ့ သက်ဆိုင်ရာအလုပ်သမားတွေကတော့ မိမိဘဝရပ်တည်နိုင်ဖို့အတွက် ယခုချိန်ထိ အဲဒီအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေရဆဲဖြစ်ပါတယ်။

ဒီတခါ သုတဇုန်မိတ်ဆွေတွေကို မျှဝေပေးချင်တာကတော့ ကမ္ဘာ့အန္တရာယ်အများဆုံးသော အလုပ်အကိုင် (၁၀)မျိုးရဲ့ အကြောင်းအရာ အချို့ဖြစ်ပြီး အချက်အလက်တွေကိုတော့ Bureau of Labor Statistics ရဲ့ ကမ္ဘာတဝှမ်းက အချိန်ပြည့်အလုပ်ဝင်နေတဲ့ အလုပ်သမား (၁၀၀၀၀၀)မှာသေဆုံးတဲ့ပမာဏကိုလိုက်ပြီး အခြေခံတွက်ချက်ထားတာဖြစ်ပါတယ်။ လုပ်ငန်းခွင်အကြီးအသေးနဲ့ မသက်ဆိုင်ပဲလုပ်ငန်းအနေအထားကိုလိုက်ပြီး ကောက်ခံထားတဲ့စစ်တမ်းဖြစ်ပါတယ်။

(၁၀) Grounds Maintenance Workers

ချွန်ထက်နေတဲ့စိုက်ပျိုးရေးကိရိယာတွေနဲ့ သစ်တော၊ ခြုံတွေအကြား အမြဲလိုလို အလုပ်လုပ်ကိုင်နေရတဲ့ ဥယျာဉ်မှူးတွေဟာ အသက်အန ္တရာယ် ကြုံတွေ့နိုင်ပြီး (၂၀၁၉)စာရင်းတွေအရတော့ လုပ်သား (၁၀၀၀၀၀)မှာ ဥယျာဉ်လုပ်ငန်းမတော်တဆမှုကြောင့်သေဆုံးသူဟာ (၁၇.၄)နှုန်းထားအထိရှိနေပါတယ်။ ဒီစာရင်းမှာ နောက်ဆုံးက ပါနေတဲ့ ဒီအလုပ်တောင်မှ သာမန်အလုပ်တွေထက် သေဆုံးနိုင်ခြေ ၅ဆလောက် ပိုမိုမြင့်မားတယ်လို့ သိရပါတယ်။

(၉) Supervisors of Construction Workers ( ဆောက်လုပ်ရေးကြီးကြပ်သူဝန်ထမ်းများ)

အံ့သြစရာကောင်းလောက်အောင်ပဲ အခြေခံဆောက်လုပ်ရေးအလုပ်သမားတွေဟာ ဒီစာရင်းမှာ ပါဝင်လာတာမျိုးမရှိပဲ (၂၀၁၉)ခုနှစ်မှတ်တမ်းတွေမှာတော့ လုပ်ငန်းခွင်ကြီးကြပ်တွေဟာဒီစာရင်း မှာပါဝင်လာခဲ့ပါတယ်။ အဆောက်အအုံအရည်အသွေးပိုင်းဆိုင်ရာသတ်မှတ်ညွှန်းထားအတိုင်းမီနိုင်ဖို့ အတွက် Supervisors တွေမှာအပြည့်အဝတာဝန်ရှိနေတာကြောင့်လည်း အယောက် (၁၀၀၀၀၀) မှာဆိုရင် ပျှမ်းမျှကြီးကြပ်သူ (၁၃၄) ယောက်လောက်ဟာ လုပ်ငန်းခွင်မတော်တဆမှုဖြစ်ခဲ့ပြီး (၁၈) ယောက်အထိသေဆုံးခဲ့ရပါတယ်။ အဓိကအကြောင်းအရာကတော့ အရာဝထ္ထုတခုခုနဲ့ ထိခိုက် ရိုက်မိတာဖြစ်ပါတယ်။

(၈) Framers , Ranchers and Agricultural Managers (လယ်ယာလုပ်သားများ)

လွန်ခဲ့တဲ့ဆယ်စုနှစ်တာကာလတွေအတွင်း နည်းပညာပိုင်းတိုးတက်လာမှုနဲ့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာလုပ်ငန်းခွင်ကိုကူးပြောင်းလာတာကြောင့် လယ်သမားတွေဟာ စက်ပစ္စည်းကိရိယာများစွာကိုအသုံးပြုလာခဲ့ကြပါတယ်။ စက်မှုပစ္စည်းတွေကြောင့် သီးနှံထွက်နှုန်းမြင့်မားလာပေမဲ့ ဆိုးကျိုးအနေနဲ့ကတော့ မြတ်ရိတ်စက်လို၊လယ်ထွန်စက်လိုအရာတွေကြောင့် မတော်တဆမှုတွေဟာ လည်းအလွန်ကို များပြားလာခဲ့တာကိုတွေ့ရပါတယ်။ (၂၀၁၉)ခုနှစ်ကစာရင်းတွေအရဆိုရင်ကမ္ဘာပေါ်က လယ်သမား(၁၀၀၀၀၀)မှာဆိုရင် (၂၃.၁) ယောက်လောက်အထိ သေကြေဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။

(၇) TRUCK DRIVERS AND OTHER DRIVERS (ယာဉ်မောင်းများ)

(၂၀၁၉)ခုနှစ်အတွက် ကမ္ဘာ့အန္တရာယ်အများဆုံးအလုပ်အကိုင်စာရင်းမှာ နံပါတ်(၇) နေရာကနေပါဝင်လာတာကတော့ ထရပ်ကားမောင်းနှင်သူနဲ့ယာဉ်မောင်းတွေပဲဖြစ်ကြပါတယ်။ ယာဉ်မတော်တဆ မှုတွေကြောင့်ပဲ ထရပ်ကားမောင်းနှင်သူ အယောက် (၁၀၀၀၀၀)မှာ (၂၄.၇) ယောက်လောက်အထိ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့ပြီး တနှစ်မှာ စုစုပေါင်း သေဆုံးသူ (၉၁၁) ယောက်အထိရှိခဲ့တယ်လို့သိရပါတယ်။ ယင်းပမာဏ ဟာ ယခုစာရင်းမှာပါဝင်တဲ့ အန ္တရာယ်ရှိတဲ့အလုပ်များအားလုံးအနက်မှာတော့ သေဆုံးသူအများဆုံးအရေအတွက်ဖြစ်ခဲ့ပါတယ်။

(၆) Structural Iron and Steel Workers (သံနဲ့ သံမဏိဆိုင်ရာတည်ဆောက်ရေး အလုပ်သမားများ)

သံနဲ့သံမဏိဘောင်တန်းတွေ၊ ကရိန်းတွေနဲ့အမြဲအလုပ်လုပ်နေရတဲ့ လုပ်သားတွေအဖို့ လုပ်ငန်းခွင် မတော်တဆဖြစ်ဖို့ အင်မတန်နီးစပ်နေပါတယ်။ အလွန်လေးလံတဲ့သံ၊သံမဏိပစ္စည်းတွေကြောင့် ကမ္ဘာတစ်ဝှမ်းက သံနဲ့သံမဏိအသုံးပြုတည်ဆောက်ရေးအလုပ်သမား (၁၀၀၀၀၀)မှာဆိုရင် မတော် တဆမှုကြောင့် (၂၅.၁) ဦးအထိ ပြုတ်ကျတာတွေ၊ချော်ကျတာတွေကြောင့်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

(၅) Refuse And Recyclable Material Collectors

စွန့်ပစ်ပစ္စည်းနဲ့ အမှိုက်သရိုက်တွေကိုသိမ်းဆည်းတဲ့လုပ်ငန်းဟာ လူအဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်တဲ့ လုပ်ငန်းဖြစ်သလို တာဝန်ယူဆောင်ရွက်သူတွေအတွက်လည်း အန္တရာယ်ရှိတဲ့အလုပ်တစ်ခုအဖြစ် ရှိနေပါတယ်။ အမှိုက်သိမ်းသန့်ရှင်းရေးလုပ်သားအယောက် (၁၀၀၀၀၀)မှာဆိုရင် (၃၄.၁)ဦး အထိသေကြေဒဏ်ရာရရှိမှုရှိနေခဲ့ပြီး အဓိကအချက်ကတော့ အမှိုက်ကားမတော်တဆမှုဖြစ်စဉ်နဲ့ ယာဉ်တိုက်ခံရမှုဖြစ်စဉ်တွေကြောင့်ဖြစ်ပါတယ်။

(၄) Roofers (အဆောက်အအုံ အမိုး မိုးသူများ)

Roofer တွေဟာ နာရီပေါင်းများစွာမြေပြင်အထက် အဆောက်အဦးထိပ်ဖျားတွေမှာ အလုပ်လုပ်ကိုင်နေရတာကြောင့် အန ္တရာယ်အများဆုံးအလုပ်အကိုင်စာရင်းမှာ နံပါတ် (၄) နေရာကနေပါဝင်လာတာဟာ မဆန်းပါဘူး။ (၂၀၁၉)ခုနှစ်အတွင်းကောက်ခံတဲ့စာရင်းအရ Roofers အလုပ်သမား(၁)သိန်းမှာဆိုရင် ထိခိုက်ဒဏ်ရာရသူအရေအတွက်က (၁၀၀) ကျော် ဖြစ်ပြီးယင်းထဲ ကသေဆုံးသူ (သို့) သေဆုံးလုနီးပါးဒဏ်ရာပြင်းထန်သူ က (၄၈.၆) နှုန်းအထိရှိနေခဲ့တာလို့သိရပါတယ်။ အဓိကဖြစ်ရတဲ့အကြောင်းအရင်းကတော့ မတော်တဆ အမြင့်ကနေပြုတ်ကျတာဖြစ်ပါတယ်။

(၃) Aircraft Pilots and Flight Engineers ( လေယာဉ်မှူးနဲ့ ပျံသန်းမှုဆိုင်ရာအင်ဂျင်နီယာများ)

ကုန်းပေါ်ကယာဉ်တွေကိုမောင်းနှင်ရတာက ပျံသန်းရတဲ့ယာဉ်တွေကိုမောင်းနှင်တာထက် ပိုအန္တရာယ်များတယ်လို့ထင်ကြပေမဲ့ ရာခိုင်နှုန်းနဲ့တွက်ချက်တဲ့ လုပ်ငန်းခွင်အတွင်းသေဆုံးမှုတွေမှာတော့ လေယာဉ်မှူးတွေက ပိုများနေတာဖြစ်ပါတယ်။ လေယာဉ်မှူးတွေကတော့ အယောက် ၁၀၀၀၀၀ မှာ ၅၅.၅ယောက်ခန့် သေဆုံးလောက်တဲ့အထိ ပြင်းထန်တဲ့ဒါဏ်ရရ (သို့) အသက်ဆုံးရှုံးခဲ့ရပါတယ်။ လေယာဉ်မှူးတွေ သေဆုံးဒဏ်ရာရရှိမှု အဓိကဖြစ်ရတဲ့အကြောင်းအရင်းကတော့ လေယာဉ်ပျက်ကျမှုဖြစ်စဉ်တွေကြောင့်ပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ လေယာဉ် ပျက်ကျမှုအပါအဝင် မတော်တဆမှုပေါင်း ၈၆ ခုခန့် ဖြစ်ပွားခဲ့ပါတယ်။

(၂) Fishing Workers ( ငါးဖမ်းလုပ်သားတွေ)

ငါးဖမ်းတယ်ဆိုတဲ့ အပန်းဖြေခြင်းတစ်မျိုးလို့ဆိုပေမဲ့ ကန်ထဲမှာငါးဖမ်းတာနဲ့ စီးပွားဖြစ်ပင်လယ်ပြင်မှာ ငါးဖမ်းတာမျိုးတွေကတော့မတူပါဘူး။ (၂၀၁၉)နှစ်ရဲ့စာရင်းတွေအရ ကမ္ဘာပေါ်မှာ ဒုတိယမြောက်အန္တရာယ်အများဆုံးအလုပ်ကတော့ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေဖြစ်တယ်လို့သိရပြီး ငါးဖမ်းလုပ်သား (၁၀၀၀၀၀)မှာ (၈၆) ယောက်အထိသေဆုံးခဲ့ရပါတယ်။ သေဆုံးရတဲ့အဓိကအကြောင်းအရင်းတွေ ကတော့ ရာသီဥတုဘေး၊ ရေယာဉ်စက်ပိုင်းဆိုင်ရာချိုယွင်းမှုတွေနဲ့ ငါးဖမ်းလုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်ရပ်တွေကြောင့်လို့သိရပါတယ်။

(၁) Logging Workers (သစ်ခုတ်သမားများ)

(၂၀၁၉)ခုနှစ်က လေ့လာမှုမှတ်တမ်းတွေအနက်မှာ အန္တရာယ်အရှိဆုံးသောအလုပ်အကိုင်အဖြစ် နံပါတ် (၁) နေရာကနေပါဝင်လာတာကတော့ သစ်ထုတ်လုပ်ငန်းအလုပ်သမားတွေဖြစ်ပါတယ်။ ယင်းနှစ်တစ်နှစ်အတွင်းမှာတင် ကမ္ဘာပေါ်ကသစ်ခုတ်သမား (၁၀၀၀၀၀)မှာ ပြင်းထန်တဲ့ ဒဏ်ရာရရှိသူအရေအတွက်ဟာ (၁၃၅.၉) ယောက်ဖြစ်ပြီး သေဆုံးသူကတော့ (၉၁) ယောက်ဖြစ်ပါတယ်။

ယင်းအချက်ကြောင့်ပဲ သစ်ထုတ်လုပ်ငန်းဟာ ကမ္ဘာအန္တရာယ်အများဆုံးသောအလုပ်အကိုင်ဖြစ်လာခဲ့ပြီး ကာယပိုင်းဆိုင်ရာအသုံးပြုလုပ်ကိုင်ရတာတွေကြောင့်လည်း တာဝန်ယူလုပ်ဆောင်ရသူတွေအတွက် အာရုံစူးစိုက်မှုအပြည့်ရှိဖို့လိုပါတယ်။ သံကြိုးလွှတွေကို အသုံးပြုသစ်ပင်ကြီးတွေခုတ်လှဲရတဲ့အလုပ်ဖြစ်တာကြောင့် မြေပြင်အခြေအနေအရဖြစ်စေ ရာသီဥတုအခြေအနေကြောင့်ဖြစ်စေ အချိန်မရွေးလူကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

Ref: The Marlin Compnay : 10 Most Dangerous & Hazardous Jobs in 2019

——- ——- ——

(Zawgyi)

အႏၲရာယ္အမ်ားဆုံး အလုပ္အကိုင္ (၁၀)ခု

ဘဝေနထိုင္မႈပုံစံ အမ်ိဳးမ်ိဳးနဲ႔ တာဝန္ယူလုပ္ကိုင္ရတဲ့အလုပ္ေတြမွာ ထရပ္ကားေမာင္းတဲ့အလုပ္လို၊ ေဆာက္လုပ္ေရးလုပ္ငန္းခြင္အလုပ္စတဲ့ အၿမဲမိမိအသက္အႏၲရာယ္ကို သတိထားေနရတဲ့အလုပ္ေတြလည္းပါဝင္ေနပါတယ္။ လုပ္ငန္းခြင္အတြင္းလူသားေတြအတြက္ ထိခိုက္မႈျဖစ္ဖို႔ ေနာက္ဆုံံး အသက္ဆုံးရႈံးတဲ့အထိျဖစ္ဖို႔ အေျခအေနအမ်ားဆုံးရွိေနတဲ့ လုပ္ငန္းခြင္ေတြ ကမာၻတလႊားမ်ားစြာရွိေနေပမဲ့ သက္ဆိုင္ရာအလုပ္သမားေတြကေတာ့ မိမိဘဝရပ္တည္ႏိုင္ဖို႔အတြက္ ယခုခ်ိန္ထိ အဲဒီအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနရဆဲျဖစ္ပါတယ္။

ဒီတခါ သုတဇုန္မိတ္ေဆြေတြကို မွ်ေဝေပးခ်င္တာကေတာ့ ကမာၻ႔အႏၲရာယ္အမ်ားဆုံးေသာ အလုပ္အကိုင္ (၁၀)မ်ိဳးရဲ႕ အေၾကာင္းအရာ အခ်ိဳ႕ျဖစ္ၿပီး အခ်က္အလက္ေတြကိုေတာ့ Bureau of Labor Statistics ရဲ႕ ကမာၻတဝွမ္းက အခ်ိန္ျပည့္အလုပ္ဝင္ေနတဲ့ အလုပ္သမား (၁၀၀၀၀၀)မွာေသဆုံးတဲ့ပမာဏကိုလိုက္ၿပီး အေျခခံတြက္ခ်က္ထားတာျဖစ္ပါတယ္။ လုပ္ငန္းခြင္အႀကီးအေသးနဲ႔ မသက္ဆိုင္ပဲလုပ္ငန္းအေနအထားကိုလိုက္ၿပီး ေကာက္ခံထားတဲ့စစ္တမ္းျဖစ္ပါတယ္။

(၁၀) Grounds Maintenance Workers

ခြၽန္ထက္ေနတဲ့စိုက္ပ်ိဳးေရးကိရိယာေတြနဲ႔ သစ္ေတာ၊ ၿခဳံေတြအၾကား အၿမဲလိုလို အလုပ္လုပ္ကိုင္ေနရတဲ့ ဥယ်ာဥ္မႉးေတြဟာ အသက္အန ၱရာယ္ ႀကဳံေတြ႕ႏိုင္ၿပီး (၂၀၁၉)စာရင္းေတြအရေတာ့ လုပ္သား (၁၀၀၀၀၀)မွာ ဥယ်ာဥ္လုပ္ငန္းမေတာ္တဆမႈေၾကာင့္ေသဆုံးသူဟာ (၁၇.၄)ႏႈန္းထားအထိရွိေနပါတယ္။ ဒီစာရင္းမွာ ေနာက္ဆုံးက ပါေနတဲ့ ဒီအလုပ္ေတာင္မွ သာမန္အလုပ္ေတြထက္ ေသဆုံးႏိုင္ေျခ ၅ဆေလာက္ ပိုမိုျမင့္မားတယ္လို႔ သိရပါတယ္။

(၉) Supervisors of Construction Workers ( ေဆာက္လုပ္ေရးႀကီးၾကပ္သူဝန္ထမ္းမ်ား)

အံ့ၾသစရာေကာင္းေလာက္ေအာင္ပဲ အေျခခံေဆာက္လုပ္ေရးအလုပ္သမားေတြဟာ ဒီစာရင္း မွာ ပါဝင္လာတာမ်ိဳးမရွိပဲ (၂၀၁၉)ခုႏွစ္မွတ္တမ္းေတြမွာေတာ့ လုပ္ငန္းခြင္ႀကီးၾကပ္ေတြဟာဒီစာရင္း မွာပါဝင္လာခဲ့ပါတယ္။ အေဆာက္အအုံအရည္အေသြးပိုင္းဆိုင္ရာသတ္မွတ္ၫႊန္းထားအတိုင္းမီႏိုင္ဖို႔ အတြက္ Supervisors ေတြမွာအျပည့္အဝတာဝန္ရွိေနတာေၾကာင့္လည္း အေယာက္ (၁၀၀၀၀၀) မွာဆိုရင္ ပွ်မ္းမွ်ႀကီးၾကပ္သူ (၁၃၄) ေယာက္ေလာက္ဟာ လုပ္ငန္းခြင္မေတာ္တဆမႈျဖစ္ခဲ့ၿပီး (၁၈) ေယာက္အထိေသဆုံးခဲ့ရပါတယ္။ အဓိကအေၾကာင္းအရာကေတာ့ အရာဝထၳဳတခုခုနဲ႔ ထိခိုက္ ႐ိုက္မိတာျဖစ္ပါတယ္။

(၈) Framers , Ranchers and Agricultural Managers (လယ္ယာလုပ္သားမ်ား)

လြန္ခဲ့တဲ့ဆယ္စုႏွစ္တာကာလေတြအတြင္း နည္းပညာပိုင္းတိုးတက္လာမႈနဲ႔ လက္မႈလယ္ယာကေန စက္မႈလယ္ယာလုပ္ငန္းခြင္ကိုကူးေျပာင္းလာတာေၾကာင့္ လယ္သမားေတြဟာ စက္ပစၥည္းကိရိယာမ်ားစြာကိုအသုံးျပဳလာခဲ့ၾကပါတယ္။ စက္မႈပစၥည္းေတြေၾကာင့္ သီးႏွံထြက္ႏႈန္းျမင့္မားလာေပမဲ့ ဆိုးက်ိဳးအေနနဲ႔ကေတာ့ ျမတ္ရိတ္စက္လို၊လယ္ထြန္စက္လိုအရာေတြေၾကာင့္ မေတာ္တဆမႈေတြဟာ လည္းအလြန္ကို မ်ားျပားလာခဲ့တာကိုေတြ႕ရပါတယ္။ (၂၀၁၉)ခုႏွစ္ကစာရင္းေတြအရဆိုရင္ကမာၻေပၚက လယ္သမား(၁၀၀၀၀၀)မွာဆိုရင္ (၂၃.၁) ေယာက္ေလာက္အထိ ေသေၾကဒဏ္ရာရခဲ့ၾကတယ္လို႔ သိရပါတယ္။

(၇) TRUCK DRIVERS AND OTHER DRIVERS (ယာဥ္ေမာင္းမ်ား)

(၂၀၁၉)ခုႏွစ္အတြက္ ကမာၻ႔အႏၲရာယ္အမ်ားဆုံးအလုပ္အကိုင္စာရင္းမွာ နံပါတ္(၇) ေနရာကေနပါဝင္လာတာကေတာ့ ထရပ္ကားေမာင္းႏွင္သူနဲ႔ယာဥ္ေမာင္းေတြပဲျဖစ္ၾကပါတယ္။ ယာဥ္မေတာ္တဆ မႈေတြေၾကာင့္ပဲ ထရပ္ကားေမာင္းႏွင္သူ အေယာက္ (၁၀၀၀၀၀)မွာ (၂၄.၇) ေယာက္ေလာက္အထိ ထိခိုက္ဒဏ္ရာရရွိမႈေတြရွိခဲ့ၿပီး တႏွစ္မွာ စုစုေပါင္း ေသဆုံးသူ (၉၁၁) ေယာက္အထိရွိခဲ့တယ္လို႔သိရပါတယ္။ ယင္းပမာဏ ဟာ ယခုစာရင္းမွာပါဝင္တဲ့ အန ၱရာယ္ရွိတဲ့အလုပ္မ်ားအားလုံးအနက္မွာေတာ့ ေသဆုံးသူအမ်ားဆုံးအေရအတြက္ျဖစ္ခဲ့ပါတယ္။

(၆) Structural Iron and Steel Workers (သံနဲ႔ သံမဏိဆိုင္ရာတည္ေဆာက္ေရး အလုပ္သမားမ်ား)

သံနဲ႔သံမဏိေဘာင္တန္းေတြ၊ ကရိန္းေတြနဲ႔အၿမဲအလုပ္လုပ္ေနရတဲ့ လုပ္သားေတြအဖို႔ လုပ္ငန္းခြင္ မေတာ္တဆျဖစ္ဖို႔ အင္မတန္နီးစပ္ေနပါတယ္။ အလြန္ေလးလံတဲ့သံ၊သံမဏိပစၥည္းေတြေၾကာင့္ ကမာၻတစ္ဝွမ္းက သံနဲ႔သံမဏိအသုံးျပဳတည္ေဆာက္ေရးအလုပ္သမား (၁၀၀၀၀၀)မွာဆိုရင္ မေတာ္ တဆမႈေၾကာင့္ (၂၅.၁) ဦးအထိ ျပဳတ္က်တာေတြ၊ေခ်ာ္က်တာေတြေၾကာင့္ေသဆုံးခဲ့ရတယ္လို႔သိရပါတယ္။

(၅) Refuse And Recyclable Material Collectors

စြန႔္ပစ္ပစၥည္းနဲ႔ အမႈိက္သ႐ိုက္ေတြကိုသိမ္းဆည္းတဲ့လုပ္ငန္းဟာ လူအဖြဲ႕အစည္းအတြက္ မရွိမျဖစ္ လိုအပ္တဲ့ လုပ္ငန္းျဖစ္သလို တာဝန္ယူေဆာင္႐ြက္သူေတြအတြက္လည္း အႏၲရာယ္ရွိတဲ့အလုပ္တစ္ခုအျဖစ္ ရွိေနပါတယ္။ အမႈိက္သိမ္းသန႔္ရွင္းေရးလုပ္သားအေယာက္ (၁၀၀၀၀၀)မွာဆိုရင္ (၃၄.၁)ဦး အထိေသေၾကဒဏ္ရာရရွိမႈရွိေနခဲ့ၿပီး အဓိကအခ်က္ကေတာ့ အမႈိက္ကားမေတာ္တဆမႈျဖစ္စဥ္နဲ႔ ယာဥ္တိုက္ခံရမႈျဖစ္စဥ္ေတြေၾကာင့္ျဖစ္ပါတယ္။

(၄) Roofers (အေဆာက္အအုံ အမိုး မိုးသူမ်ား)

Roofer ေတြဟာ နာရီေပါင္းမ်ားစြာေျမျပင္အထက္ အေဆာက္အဦးထိပ္ဖ်ားေတြမွာ အလုပ္လုပ္ကိုင္ေနရတာေၾကာင့္ အန ၱရာယ္အမ်ားဆုံးအလုပ္အကိုင္စာရင္းမွာ နံပါတ္ (၄) ေနရာကေနပါဝင္လာတာဟာ မဆန္းပါဘူး။ (၂၀၁၉)ခုႏွစ္အတြင္းေကာက္ခံတဲ့စာရင္းအရ Roofers အလုပ္သမား(၁)သိန္းမွာဆိုရင္ ထိခိုက္ဒဏ္ရာရသူအေရအတြက္က (၁၀၀) ေက်ာ္ ျဖစ္ၿပီးယင္းထဲ ကေသဆုံးသူ (သို႔) ေသဆုံးလုနီးပါးဒဏ္ရာျပင္းထန္သူ က (၄၈.၆) ႏႈန္းအထိရွိေနခဲ့တာလို႔သိရပါတယ္။ အဓိကျဖစ္ရတဲ့အေၾကာင္းအရင္းကေတာ့ မေတာ္တဆ အျမင့္ကေနျပဳတ္က်တာျဖစ္ပါတယ္။

(၃) Aircraft Pilots and Flight Engineers ( ေလယာဥ္မႉးနဲ႔ပ်ံသန္းမႈဆုိင္ရာအင္ဂ်င္နီယာမ်ား)

ကုန္းေပၚကယာဥ္ေတြကိုေမာင္းႏွင္ရတာက ပ်ံသန္းရတဲ့ယာဥ္ေတြကိုေမာင္းႏွင္တာထက္ ပိုအႏၲရာယ္မ်ားတယ္လို႔ထင္ၾကေပမဲ့ ရာခိုင္ႏႈန္းနဲ႔တြက္ခ်က္တဲ့ လုပ္ငန္းခြင္အတြင္းေသဆုံးမႈေတြမွာေတာ့ ေလယာဥ္မႉးေတြက ပိုမ်ားေနတာျဖစ္ပါတယ္။ ေလယာဥ္မႉးေတြကေတာ့ အေယာက္ ၁၀၀၀၀၀ မွာ ၅၅.၅ေယာက္ခန႔္ ေသဆုံးေလာက္တဲ့အထိ ျပင္းထန္တဲ့ဒါဏ္ရရ (သို႔) အသက္ဆုံးရႈံးခဲ့ရပါတယ္။ ေလယာဥ္မႉးေတြ ေသဆုံးဒဏ္ရာရရွိမႈ အဓိကျဖစ္ရတဲ့အေၾကာင္းအရင္းကေတာ့ ေလယာဥ္ပ်က္က်မႈျဖစ္စဥ္ေတြေၾကာင့္ပဲျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ ေလယာဥ္ ပ်က္က်မႈအပါအဝင္ မေတာ္တဆမႈေပါင္း ၈၆ ခုခန႔္ ျဖစ္ပြားခဲ့ပါတယ္။

(၂) Fishing Workers ( ငါးဖမ္းလုပ္သားေတြ)

ငါးဖမ္းတယ္ဆိုတဲ့ အပန္းေျဖျခင္းတစ္မ်ိဳးလို႔ဆိုေပမဲ့ ကန္ထဲမွာငါးဖမ္းတာနဲ႔ စီးပြားျဖစ္ပင္လယ္ျပင္မွာ ငါးဖမ္းတာမ်ိဳးေတြကေတာ့မတူပါဘူး။ (၂၀၁၉)ႏွစ္ရဲ႕စာရင္းေတြအရ ကမာၻေပၚမွာ ဒုတိယေျမာက္အႏၲရာယ္အမ်ားဆုံးအလုပ္ကေတာ့ ပင္လယ္ျပင္ငါးဖမ္းလုပ္ငန္းေတြျဖစ္တယ္လို႔သိရၿပီး ငါးဖမ္းလုပ္သား (၁၀၀၀၀၀)မွာ (၈၆) ေယာက္အထိေသဆုံးခဲ့ရပါတယ္။ ေသဆုံးရတဲ့အဓိကအေၾကာင္းအရင္းေတြ ကေတာ့ ရာသီဥတုေဘး၊ ေရယာဥ္စက္ပိုင္းဆိုင္ရာခ်ိဳယြင္းမႈေတြနဲ႔ ငါးဖမ္းလုပ္ငန္းခြင္အတြင္း မေတာ္တဆျဖစ္ရပ္ေတြေၾကာင့္လို႔သိရပါတယ္။

(၁) Logging Workers (သစ္ခုတ္သမားမ်ား)

(၂၀၁၉)ခုႏွစ္က ေလ့လာမႈမွတ္တမ္းေတြအနက္မွာ အႏၲရာယ္အရွိဆုံးေသာအလုပ္အကိုင္အျဖစ္ နံပါတ္ (၁) ေနရာကေနပါဝင္လာတာကေတာ့ သစ္ထုတ္လုပ္ငန္းအလုပ္သမားေတြျဖစ္ပါတယ္။ ယင္းႏွစ္တစ္ႏွစ္အတြင္းမွာတင္ ကမာၻေပၚကသစ္ခုတ္သမား (၁၀၀၀၀၀)မွာ ျပင္းထန္တဲ့ ဒဏ္ရာရရွိသူအေရအတြက္ဟာ (၁၃၅.၉) ေယာက္ျဖစ္ၿပီး ေသဆုံးသူကေတာ့ (၉၁) ေယာက္ျဖစ္ပါတယ္။

ယင္းအခ်က္ေၾကာင့္ပဲ သစ္ထုတ္လုပ္ငန္းဟာ ကမာၻအႏၲရာယ္အမ်ားဆုံးေသာအလုပ္အကိုင္ျဖစ္လာခဲ့ၿပီး ကာယပိုင္းဆိုင္ရာအသုံးျပဳလုပ္ကိုင္ရတာေတြေၾကာင့္လည္း တာဝန္ယူလုပ္ေဆာင္ရသူေတြအတြက္ အာ႐ုံစူးစိုက္မႈအျပည့္ရွိဖို႔လိုပါတယ္။ သံႀကိဳးလႊေတြကို အသုံးျပဳသစ္ပင္ႀကီးေတြခုတ္လွဲရတဲ့အလုပ္ျဖစ္တာေၾကာင့္ ေျမျပင္အေျခအေနအရျဖစ္ေစ ရာသီဥတုအေျခအေနေၾကာင့္ျဖစ္ေစ အခ်ိန္မေ႐ြးလူကို အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္။

Ref: The Marlin Compnay : 10 Most Dangerous & Hazardous Jobs in 2019

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ကမ္ဘာ့အကြီးဆုံး ကိုယ်ပိုင်ဂျက်လေယာဉ်ရဲ့ အတွင်းပိုင်းပြင်ဆင်မှု

ကမ္ဘာ့အကြီးဆုံး ကိုယ်ပိုင်ဂျက်လေယာဉ်ရဲ့ အတွင်းပိုင်းပြင်ဆင်မှု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!