• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အနီရောင်ဆံပင် နှင့် ချစ်စရာ ကောင်းတဲ့ စပိုင်မလေး (သို့) အန်နာ ချပ်မန်း

by Thutamm
July 27, 2019
Reading Time: 1min read
0
အနီရောင်ဆံပင် နှင့် ချစ်စရာ ကောင်းတဲ့ စပိုင်မလေး (သို့) အန်နာ ချပ်မန်း
Share on FacebookShare on Twitter

Written By Eaint Myat Chel

သတင်း အချက်အလက်များ တရားမဝင် သူလျှို လုပ်မှု့မှာ တစ်စိတ်တစ်ပိုင်း ပါဝင် ပက်သက်မှု့ဖြင့် အမေရိကန် ပြည်ထောင်စု ၌ အဖမ်းခံခဲ့ရပြီး နောက် ယခု အခါ အန်နာ ချပ်မန်း ဟာ ကမ္ဘာ့ မီဒီယာများ ၌ မော်ဒယ်တစ်ဦး အဖြစ် တစ်ဖန် ပြန်လည်း ကျော်ကြားမှု ရရှိလာခဲ့ ပါတယ်။ ယခင် က သူမ ဟာ ရုရှား ထောက်လှမ်းရေး အေးဂျင့် တစ်ဦးလဲ ဖြစ်ခဲ့ ပါတယ်။

သူမ ကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ ထိုအချိန် က သူမ ဟာ ရုရှား ဖက်ဒရေးရှင်း ရဲ့ ပြည်ပ ထောက်လှမ်းရေး အေဂျင်စီ SVR – Sluzhba Vneshney Razvedki ၏ စပိုင် အေးဂျင့် Spy Agent အဖြစ် စွပ်စွဲခံခဲ့ရ ပါတယ်။

အန်နာ ချပ်မန်း < အန်နာ ဗာဆေးရဗ်နာ ခွပ်ရှ်ချီယန်ကို – Anna Vasil’yevna Kushchyenko > ကို ၁၉၈၂ ခုနှစ် ဖေဖော်ဝါရီ လ ၂၃ ရက် နေ့ တွင် ရုရှား နိုင်ငံ ဗော်ဂါရဒ် – Volgograd ၌ မွေးဖွားခဲ့ ပြီး သူမရဲ့ ဖခင် ဗက်ဆေးလီ ခွပ်ရှ်ချီယန်ကို – Vasily Kushchenko ကတော့ ကင်ညာ နိုင်ငံ နိုင်ရိုဘီမြို့ က ဆိုဗီယက်သံရုံး တွင် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။

အန်နာ ရဲ့ ခင်ပွန်းဟောင်း ဗြိတိန် နိုင်ငံသား ဖြစ်သူ အဲလက်စ် ချပ်မန်း – Alex Chapman ၏ အဆိုအရ တော့သူမ ရဲ့ ဖခင် ဟာ အကြီးတန်း KGB အရာရှိ တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ မိသားစု နေအိမ် ဟာ ရာမန်ကိ – Ramenki ခရိုင် အနောက်တောင်ဘက် ကေဂျီဘီ အရာရှိများ၊ အလယ်တန်းအဆင့် သံတမန်များ နှင့် စစ်ဖက် အရာရှိများ တစ်ချိန်က နေခိုင်ခဲတဲ့ အထက်တန်းလွှာ ရပ်ကွက်တွင် တည်ရှိပါတယ်။

အန်နာ ချပ်မန်း ရဲ့ခင်ပွန်းဟောင်း အဆိုအရ တော့ အန်နာ ဟာ မော်စကို တက္ကသိုလ် ကနေ စီးပွားရေး မာစတာဘွဲ့ ကို ထိပ်တန်း အဆင့် ဂုဏ်ထူး နှင့် အောင်မြင်ခဲ့တယ် လို့ဆိုပါတယ်။ တစ်ချို့ကတော့ အန်နာ ဟာ ရုရှားနိုင်ငံ Peoples ‘Friendship University မှ ဘွဲ့ဒီဂရီ ရခဲ့တယ် လို့ဆိုတယ်။

၂၀၀၁ ခုနှစ် အားလပ်ရက် လန်ဒန် ခရီးစဉ် တစ်ခု အတွင်း မှာတော့ အန်နာ နှင့် သူ့ ခင်ပွန်း ဖြစ်လာမဲ့ အဲလက်စ် ချပ်မန်း တို့ဟာ Docklands Rave ပါတီ တစ်ခု မှာ တွေ့ဆုံခဲ့ ကြပါတယ်။ အဲ့ဒီနောက် မကြာမီ ၂၀၀၂ ခုနှစ် မှာ အန်နာ ရဲ့ ဇာတိမြေ ဖြစ်တဲ့ ရုရှားနိုင်ငံ မှာ လက်ထပ်ခဲ့ ကြတယ် ။

ထို့အတွက်ကြောင့် အန်နာ ဟာ ဗြိတိန်နိုင်ငံကူး လက်မှတ် အပြင် ဗြိတိန်နိုင်ငံသား အဖြစ်ပါ ရရှိခဲ့ ပါတယ်။ ထို့နောက် သူတို့စုံတွဲ ဟာ ရုရှား နှင့် အင်္ဂလန်နိုင်ငံတို့တွင် တစ်လှည့်စီ နေထိုင်ခဲ့ ကြတယ်။

အဲ့ဒီနောက် ၂၀၀၃ သို့မဟုတ် ၂၀၀၄ ခုနှစ် အချိန်လောက် မှာ အန်နာ ဟာ သူ အလုပ် လုပ်တဲ့ အင်္ဂလန် က ဘားကလေ ဘဏ် – Barclays နဲ့ နီးတဲ့ နက်ဂျက် – NetJets သို့ ပြောင်းရွှေ့ နေထိုင်ခဲ့တယ်။ အင်္ဂလန် မှာ နေထိုင်စဉ်, အန်နာ ဟာ ဘားကလေ ဘဏ် အပါအဝင် ကုမ္ပဏီ အတော်များများ အတွက် အလုပ် လုပ်ခဲ့ ပါတယ်။ ၂၀၀၆ ခုနှစ် အရောက် မှာတော့ အန်နာ နဲ့ အဲလက်စ် တို့ဟာ ကွာရှင်းပြတ်စဲ ခဲ့ကြတယ်။

အဲ့ဒီနောက်တော့ အန်နာဟာ အမေရိကန်ပြည်ထောင်စု သို့ မပြောင်းရွှေ့ခင် ရုရှား သို့ ခေတ္တာ ပြန်သွားခဲ့ ပြီး ၂၀၀၉ ခုနှစ် တွင်တော့ အန်နာ ဟာ အမေရိကန် ပြည်ထောင်စု နယူယော့မြို့ မင်ဟက်တန် ရပ်ကွက် ရှိ Wall Street ကနေ တစ်ဘလာက့် အကွာ မှာ ရှိတဲ့ 20 Exchange Palace ရီဆိုက်ဒင့် မှာ ပြောင်းရွှေ့ နေထိုင်ခဲ့ ပါတယ်။

မကြာမီ အန်နာ ဟာ မန်ဟက်တန် တွင် သူမ ၏ ကိုယ်ပိုင် အိမ်ခြံမြေ ကုမ္ပဏီ – Property Finder, Ltd. ကို တည်ထောင် လုပ်ကိုင်ခဲ့ ပြီး နယူးယောက်မြို့ရဲ့ စီးပွားရေး နှင့် နိုက်ကလပ် ရပ်ဝန်း သို့ မိမိကိုယ် ကို ဝင်ဆန့်အောင် လုပ်ဆောင်ခဲ့တော့တယ် ။

အန်နာ အမေရိကား မှာ စီးပွားရေးလုပ်ငန်းများ စတင်လုပ်ဆောင် ခဲ့တဲ့ အစောပိုင်း နှစ် နှစ်မှာတော့ ချေးငွေများ အကြွေးများ ဖြင့် လုပ်ငန်းကို စတင် လည်ပတ်ခဲ့ရ ပြီး ၂၀၀၉ ခုနှစ် အရောက်မှာတော့ သူမ ကုမ္ပဏီ ဟာ ရုတ်တရက် ဝန်ထမ်း အင်အား ငါးဆယ် ဖြင့် အောင်မြင်သော စီးပွားရေးလုပ်ငန်း တစ်ခု ဖြစ်လာခဲ့ ပါတယ်။

ထိုအချိန် တွင် အန်နာ ဟာ မကြာခဏ ဆိုသလို ညနေပိုင်း အချိန်များတွင် နယူးယော့ခ် ရဲ့ နာမည်ကြီး စားသောက်ဆိုင်များ ၊ ကလပ် များသို့ သွားရောက်လေ့ ရှိပြီး ထိုသို့ သွားရောက်စဉ် ထင်ရှားတဲ့ နယူးယော့ခ် စားသောက်ဆိုင် ပိုင်ရှင် တစ်ဦးဖြစ်တဲ့ မိုက်ကယ် ဘစ်တန် နှင့် ချိန်းတွေ့ သတင်း အပေးအယူများ လုပ်ခဲ့ ပါတယ်။

ဤသို့ ဖြင့် အန်နာ နှင့်အတူ အခြားသော ရုရှား စပိုင်ကွန်ရက်များ ဟာ အတိမ်း အစောင်းမခံ တဲ့ သတင်း အချက်အလက်များ ရှာဖွေ စုဆောင်းခြင်း လုပ်ငန်းများ ကို အချင်းချင်း ချိတ်ဆက် လုပ်ဆောင် ကြပါတယ်။

ထိုသို့ စားသောက်ဆိုင် ၊ ကလပ်များ ကို သွားလာ လှုပ်ရှားမှု့များ ဟာ သူမ ၏ သတင်းပေးမှု့ လျှိုဝှက် မစ်ရှင်များ အပေါ် ဖုံးကွယ်ထားဖို့ ထိုနေရာ များတွင် ချိန်းဆို လုပ်ကိုင်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းတွင် အန်နာ ဟာ အမေရိကား မှာ သူမ၏ လုပ်ဆောင်ခဲ့ရမှု့များ ကို ချားလ်စ်ဒစ်ကင်း ရဲ့ အဆိုအမိန့် အတိုင်း သူမ အတွက် ” ထို အချိန်များ ဟာ အကောင်းဆုံး အချိန် ဖြစ်ခဲ့သလို ….. အဆိုးရွားဆုံး အချိန်လဲ ဖြစ်ခဲ့တယ် ” ….. လို့ ပြောကြားခဲ့ ပါတယ်။

ဇွန် လ ၂၀၁၀ ခုနှစ် မှာတော့ အန်နာ ဟာ ရုရှားစပိုင် အရာရှိ အဖြစ် ဟန်ဆောင်ထားသူ FBI အေးဂျင့် တစ်ဦး နှင့် တွေ့ဆုံ ဆွေးနွေးမိရာ မှာ့ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ ရ ပါတယ်။

ထိုအချိန် က တရားရုံး စာရွက်စာတမ်းများ အရ သိရသည် မှာ “ မူဝါဒ ချမှတ်မှု့ စက်ဝိုင်း ထဲမှာ ဆက်ဆံမှု ” – Ties In Policymaking Circle ဟူသော အစီရင်ခံစာများ ကို ရုရှား သို့ ပြန်၍ ပေးပို့ဖို့ ရည်ရွယ်ခဲ့သည် လို့ဆိုပါတယ်။ ဒီ လျှို့ဝှက် မှတ်တမ်းများ ကို အန်နာ တစ်ဦးထဲ ကနေ သူလျှို လုပ် ဖော်ထုတ်ခဲ့သလား ဆိုတာတော့ ရှင်းရှင်း လင်းလင်း မဖော်ပြခဲ့ပါဘူ။

ထို သူလျှိုလုပ်သော သတင်းသည် မီဒီယာများ တွင် “ ဆံပင်နီလေး နှင့် ချစ်စရာ ကောင်းတဲ့ စပိုင် ” – The Red Haired Spy Sweet ဆိုတဲ့ ခေါင်းစဉ်ဖြင့် ပါလာတဲ့ အခါ အန်နာ ချပ်မန်း ရဲ့ မိတ်ဆွေများ ဟာ အံ့အားသင့် ခဲ့ကြရတယ်လို့ ဆိုပါတယ် ။ တစ်ချို့ ကတော့ အန်နာ့ကို စီဒါ့ထရပ် “ Seductress “ ဖျားယောင်း သွေးဆောင် သူလေး ” လို့လည်း ခေါ်ခဲ့ကြပါတယ်။

အန်နာ ဟာ “ အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ်ကို အသိပေးခြင်းမရှိဘဲ နိုင်ငံခြား အစိုးရ တစ်ခု၏ အေးဂျင့် အဖြစ် ဆောင်ရွက်ရန် ပူးပေါင်းကြံစည်မှု့မှာ အပြစ်ရှိကြောင်း တွေ့ရှိသည် ” ဟူသော ဆွဲချက်ဖြင့် အန်နာ ကို သူလျှို စပိုင် အဖြစ် ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သည်။

သို့သော် ဇူလိုင် လ ၈ ရက် ၂၀၁၀ ခုနှစ် တွင်တော့ အန်နာ နှင့် အခြား အေးဂျင့်များ ကို အမေရိကန် ပြည်ထောင်စု နှင့် ရုရှားနိုင်ငံ အကြား တစ်ဖက် နဲ့ တစ်ဖက် ဖမ်းဆီးခံ သူလျှို လဲလှယ်ရေး သဘောတူညီချက် အရ ရုရှား သို့ ပြန်လည် စေလွှတ်ခဲ့ ပါတယ်။

ထိုစဉ်က အန်နာချပ်မန်း ဟာ ယူနိုက်တက်ကင်းဒမ်း မှာ ပြန်လည် နေထိုင်ဖို့ ဆန္ဒာ့ ရှိခဲ့ ပါတယ် ဒါပေမဲ့ အန်နာ့ရဲ့ လျှောက်ထားချက် ကို ဗြိတိန်အစိုးရ က ပယ်ချခဲ့ပြီး သူမ ၏ ဗြိတိန်နိုင်ငံသား ဖြစ်မှု့ကို ပြန်လည် ရုတ်သိမ်းကာ တိုင်းပြည် ကနေ ဖယ်ထုတ်ခဲ့ ပါတယ်။

၂၀၁၀ ခုနှစ် ဇူလိုင် လ ၈ ရက် နေ့ နံနက်ပိုင်း တွင်တော့ အန်နာ အပါအဝင် ရုရှား အေးဂျင့် ၁၀ ဦး ဟာ သြစတြီးယား နိုင်ငံ ဗီယင်နာ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တစ်ဆင့် စင်းလုံးငှား လေယျာဉ် ဖြင့် ရုရှားနိုင်ငံ သို့ ပြန်လည် ရောက်ရှိခဲ့ ပါတယ်။

ရုရှား နိုင်ငံ ဒမားဒီဒိုဗို – Domodedovo လေဆိပ် အရောက်မှာတော့ ရုရှား အစိုးရ က အန်နာ တို့ အဖွဲ့ကို နိုင်ငံတကာသတင်း မီဒီယာများ အပြင် ဒေသခံ မီဒီယာ နှင့်ပါ တွေ့ခွင့် မပေးခဲ့ ပါဘူး။

ထို့နောက်တော့ အန်နာ ကို ရုရှား မှ ပြန်လည် ကြိုဆိုလက်ခံ ခဲ့ပြီး အစိုးရ အနေဖြင့် လည်း သူမ ၏ လုပ်ဆောင်ချက်များ အတွက် ဆု တံဆိပ် အပ်နှင်းခဲ့ ပါတယ်။ နောက်ပိုင်း တွင် ယူနိုက်တက် ရုရှား ပါတီ ၏ Young Gard အစာင့် တပ်ဖွဲ့အတွင်းရာထူး တစ်ခု ကို ခန့်အပ်ခဲ့ ပါတယ်။ ထို့ ခန့်အပ်ပွဲ ကို ပါတီ ခေါင်းဆောင်များ နှင့် အတူ နိုင်ငံတော် ဝန်ကြီးချုပ် ဗလာဒီမာ ပူတင် ပါ တက်ရောက်ခဲ့ ပါတယ်။

အဲ့ဒီနောက် အခြားသော စပိုင်များ မှာ အများစု ကို ဘဝသစ်စဖို့ ထောက်ခံချက် အသစ်များ ထုတ်ပေး ခွင့်ပြုစဉ် အချိန်မှာတော့ အန်နာ ဟာ နိုင်ငံတကာ တွင် ကျော်ကြားလာတဲ့ သူမ ၏ ပုံရိပ် ကို ဆက်လက် တည်ဆောက်ခဲ့ ပါတယ်။

အောက်တိုဘာ လ ထုတ် ရုရှား မဂ္ဂဇင်း မက်ဇင် – Maxim Magazine ၏ မျက်နှာဖုံး ကာဗာ တွင် အေးဂျင့် ပရိုဗာကတ်ထရော – Agent Provocateur အမှတ်တံဆိပ် အမျိုးသမီးဝတ် အတွင်းခံ ကြော်ငြာ မော်ဒယ် တစ်ဦး အဖြစ် ကိုယ်ဟန် ပြခဲ့ပါတယ်။ အဆိုပါ မဂ္ဂဇင်း တွင် အန်နာ ဟာ ရုရှား ရဲ့ စွဲဆောင်မှု အရှိဆုံး အမျိုးသမီး အယောက် ၁၀၀ စာရင်းဝင် အဖြစ် သတ်မှတ်ခြင်းခံခဲ့ ရပါတယ်။

ထို့နောက်တော့ အန်နာ ဟာ မော်စကို ဘဏ္ဍာရေး အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ ဖန်းဆားဗစ် ဘဏ် – Fundservice Bank ၏ အကြံပေးအဖွဲ့ဝင် ခေါင်းဆောင်ပိုင်း တစ်ယောက် အဖြစ်လည်း ဖြစ်လာ ခဲ့တယ်။

၂၀၁၁ ခုနှစ် “ ရှီယန် အင် ရဒ်ကောဗ်စကိုင်းရား ” – Shiyan & Rudkovskaya ရဲ့
မော်စကို ဖက်ရှင်ရှိုး – Moscow Fashion Week မှာ မော်ဒယ် တစ်ဦး အဖြစ် ပေါ်ထွက် လာခဲ့ပြီး ၂၀၁၂ ခုနှစ် “ အန်ထလိရာ့” – Antalya …. “ ဒေါ့ဆို ဒေါ့စီ ”- Dosso Dossi စတဲ့ ဖက်ရှင်ရှိုးများ တွင်လည်း ပါဝင်ခဲ့ ပါသေးတယ်။

အန်နာ ရဲ့ ရုပ်ရှင် အခန်းကဏ္ဍ နယ်ပယ် ဝင်ရောက်ခွင့်ခြေလှမ်းများ ကိုတော့ ကန့်သတ် ထားခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီ အချိန်မှာ အန်နာ ဟာ သူမ ၏ ကိုယ်ပိုင် အစီအစဉ် ဖြင့်“ လျှို့ဝှက်ဆန်းကျယ်သော ကမ္ဘာ နှင့်အတူ အန်နာ ချပ်မန်း ” – Mysteries of the World with Anna Chapman ဟူသော အပတ်စဉ် ရုပ်သံ အစီအစဉ် ကို ရိုက်ကူးခဲ့ ပါတယ်။

ဒါအပြင် အန်နာ ဟာ ရုရှားနိုင်ငံ ရဲ့နည်းပညာ ကဏ္ဍ အတွက် ရန်ပုံငွေရဖို့ ကြိုးစား နေတဲ့ နိုင်ငံ၏ အကျိုးတူ မြို့တော် စက်မှုလုပ်ငန်းများ တွင်လည်း ပါဝင်ခဲ့ ပြီး သူမ ရဲ့ အခန်း ကဏ္ဍသစ် တစ်ခု အဖြစ် အန်နာ ဟာ Venture စီးပွားရေးသတင်း မဂ္ဂဇင်း အယ်ဒီတာ လည်း ဖြစ်လာခဲ့ ပါတယ်။

တစ်ချိန်က စီးပွားရေးလုပ်ငန်းရှင် အသွင်ဆောင်ပြီး အမေရိကန်နိုင်ငံ ရဲ့ သတင်း အချက်အလက်တွေ ကို မိခင်မြေ ရုရှား သို့ လွှဲပြောင်း ပေးခဲ့တဲ့ အတွက် ပြည်နှင်ဒဏ် ပေးခံရတဲ့ ရုရှား စပိုင်မယ်ဟောင်းလေး အန်နာ ချပ်မန်း ဟာ ၂၀၁၃ ခုနှစ် ဇူလိုင် လ ၃ ရက် နေ့ တွင် စီအိုင်အေ အေးဂျင့်ဟောင်း စနိုဒင် ကိုလည်း သူမ ကို လက်ထပ်နိုင် မလား လို့သူ့မ ရဲ့ တွစ်တာ ကနေ တဆင့်ကမ်းလှမ်း လိုက်ပါသေးတယ် ………… ။

Ref: Ex Spy Anna From Russian Unloved – The Daily Best
Wikipedia
EΛIɴт MYΛт CнEʟ

Tags: world people
Next Post
ဝိုင်သေတ္တာတစ်လုံးရဲ့ ကြောက်လန့်စရာ ရာဇဝင် (သို့) Dibbuk Box

ဝိုင်သေတ္တာတစ်လုံးရဲ့ ကြောက်လန့်စရာ ရာဇဝင် (သို့) Dibbuk Box

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!