Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အနာဂတ်တွင် သေဆုံးသူတွေရဲ့ခန္ဓာကိုယ်တွေကို ရေနဲ့သာသြင်္ဂိုဟ်တော့မည်

by Thutamm
July 27, 2019
Reading Time: 1min read
0
အနာဂတ်တွင် သေဆုံးသူတွေရဲ့ခန္ဓာကိုယ်တွေကို ရေနဲ့သာသြင်္ဂိုဟ်တော့မည်
Share on FacebookShare on Twitter

ခေတ်အဆက်ဆက်မှာ သေဆုံးသွားတဲ့သူတွေကို နည်းမျိုးစုံနဲ့ သြင်္ဂိုဟ်ခဲ့ကြပါတယ်။ အစတုန်းကတော့ ကျောက်ဖျာတွေ တောင်တွေမှာ ဒီအတိုင်းချိတ်ဆွဲထားကြပြီး နောက်တော့မြေမြုပ်သြင်္ဂိုဟ်ကြပါတယ်။ နောက်တော့ ဂူသွင်းသြင်္ဂိုဟ်ခြင်း မီးနဲ့သြင်္ဂိုဟ်ခြင်းတွေကိုပါ ပြုလုပ်လာကြပါတယ်။

ယခုအခါမှာတော့ နည်းပညာမြင့်မားလာသည်နဲ့ အညီ ရေနဲ့ သြင်္ဂိုဟ်တော့ပါမယ်။ water cremation လို့ခေါ်တဲ့ဒီနည်းလမ်းမှာ ရေသြင်္ဂိုဟ်စက်ကို အသုံးပြုမှာဖြစ်ပါတယ်။

ရေသြင်္ဂိုဟ်စက်ကို Resomator လို့ခေါ်ပြီး ဒီနည်းလမ်းကိုအသုံးပြုတဲ့ဖြစ်စဉ်ကို green cremation (သို့) ဇီဝသြင်္ဂိုဟ်ခြင်း လို့ခေါ်နိုင်ပါတယ်။ မြောက်အမေရိက သြင်္ဂိုဟ်ခြင်းဆိုင်ရာအဖွဲ့အစည်းက ၂၀၀၆ခုနှစ်တည်းက စလို့ဒီနည်းလမ်းကို စမ်းသပ်ခဲ့တာဖြစ်ပြီး အခုတော့အောင်မြင်သွားတာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ သေဆုံးသူရဲ့ခန္ဓာကိုယ်ကို ဒီစက်ထဲကို ထည့်လိုက်မှာဖြစ်ပါတယ်။ စက်ထဲက စတီးကန်ထဲမှာ ပိုတက်ဆီယမ်ဟိုက်ဒြောက်ဆိုဒ် ၊ အညိုရောင်အယ်ကာလိုင်း(Alkaline Hydrolysis) နဲ့ ရေတွေကိုဖြည့်ထားမှာဖြစ်ပါတယ်။ ဒီအထဲမှာအလောင်းကိုစိမ်လိုက်ပြီး စတီးကန်ကို ဖိအားပေးကာ ၁၆၀ဒီဂရီဆဲစီးယပ်(၃၂၀ဒီဂရီဖာရင်ဟိုက်) နဲ့အပူပေးထားမှာဖြစ်ပါတယ်။

၄နာရီခန့်ကြာပြီးတဲ့နောက်မှာတော့ အသားတွေဟာအရည်ထဲမှာ ပျော်ဝင်ကာပျောက်ပျက်သွားမှာဖြစ်ပါတယ်။ အညစ်အကြေးအရေတွေကို စွန့်ပစ်လိုက်မှာဖြစ်ပြီး ကျန်ရစ်ခဲ့တဲ့အရိုးပြာတွေကိုတော့ မိသားစုဝင်တွေကို ပြန်ပေးလိုက်မှာဖြစ်ပါတယ်။

အပူပေးတာခြင်း အတူတူ ဒီနည်းလမ်းဟာ ပုံမှန် မီးသြင်္ဂိုဟ်တဲ့နည်းလမ်းထက် ပိုပြီးကောင်းမွန်ပါတယ်။ အကြောင်းကတော့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့အပြင် ၊ ကာဘွန်ဒိုင်အောက်ဆိုဒ်လောင်ကျွမ်းမှုကလည်း ၈၀ရာခိုင်နှုန်းအထိသက်သာစေလို့ဖြစ်ပါတယ်။

ဒီလိုသက်သာရခြင်းကတော့ အရည်ထဲမှာ အပူပေးပြီး သဘာဝဓာတ်ငွေ့တွေနဲ့လောင်ကျွမ်းစေတာကြောင့်ဖြစ်ပါတယ်။ အားနည်းချက်ကတော့ အချိန်ကြာမြင့်တာဖြစ်ပြီး ကြာချိန်ကိုအနည်းဆုံးလျှော့ချနိုင်ဖို့ ကြိုးစားလျှက်ရှိပါတယ်။
ဒါ့အပြင် အသုံးပြုလိုက်ပြီးထွက်လာတဲ့ ရေတွေကို ဘယ်လိုစွန့်ထုတ်မလဲ ဆိုတာနဲ့ ကုန်ကျစရိတ်အနည်းအများ စတာတွေကတော့ စဉ်းစားစရာပါ။

ဒီရေသြင်္ဂိုဟ်စက် Resomator တွေဟာ အမေရိကန်နိုင်ငံက ပြည်နယ်တွေဖြစ်တဲ့ ကယ်လီဖိုးနီးယား ၊ ချီကာဂို ၊ မင်နီဆိုးတာ နဲ့ ဖလော်ရီဒါတို့က မြို့တွေမှာ ရောက်ရှိနေပြီဖြစ်ပြီး ၂၀၂၀ခုနှစ်မှာ စတင်အသုံးပြုမယ်လို့သိရပါတယ်။ မီးသြင်္ဂိုဟ်ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပြီး ဆိုးကျိုးတွေရှိနေတာဖြစ်တဲ့အတွက် ဒီနည်းလမ်းထက်ကောင်းမွန်တဲ့နည်းလမ်းနဲ့ သြင်္ဂိုဟ်နိုင်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုးစားလျှက်ရှိပါတယ်။

Tags: tech
Next Post
လာဘ်လာဘများ ပေါများစေသည်ဟူသော ရှင်သီဝလိ အကြောင်းသိကောင်းစရာ

လာဘ်လာဘများ ပေါများစေသည်ဟူသော ရှင်သီဝလိ အကြောင်းသိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!