• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အထူးခြားဆုံး ကမ္ဘာကျော်ပန်းချီကား ၁၀ ကား

by Thutamm
August 12, 2019
Reading Time: 1min read
0
အထူးခြားဆုံး ကမ္ဘာကျော်ပန်းချီကား ၁၀ ကား
Share on FacebookShare on Twitter

ရေးသားသူ – အေဘယ်လ်(Irrawaddy Burmese)

အနုပညာလက်ရာ စုဆောင်းသူတွေဟာ နှစ်စဉ် နှစ်တိုင်း ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲပြီး ကမ္ဘာ့အကောင်းဆုံးနဲ့ အကျော်ကြားဆုံး ပန်းချီကားတွေ ဝယ်ယူဖို့ ကြိုးပမ်းလေ့ ရှိပါတယ်။ သို့ပေမယ့် ဈေးအကြီးဆုံး ပန်းချီကားလို့ ဆိုတိုင်းလည်း လူသိများ ထင်ရှားတဲ့ ပန်းချီကား မဟုတ်ပါ။ အများအားဖြင့်တော့ လူသိများ ထင်ရှားကျော်ကြားတဲ့ ပန်းချီကားတွေကို ပြတိုက်တွေကပဲ ပိုင်ဆိုင်တာ များပြီး ပြန်လည် ရောင်းချတာမျိုး အလွန်နည်းပါးပါတယ်။ ကမ္ဘာတဝှမ်းက အကျော်ကြားဆုံး အထူးခြားဆုံး ပန်းချီကား ၁၀ ချပ်အကြောင်း လေ့လာတင်ပြပါမယ်။

အကျော်ကြားဆုံး အထူးခြားဆုံး ပန်းချီကားကို သတ်မှတ်ရာမှာတော့ သက်ဆိုင်ရာ ပြတိုက်နဲ့ ပြခန်းတွေရဲ့ သတ်မှတ်ချက် အမျိုးမျိုး ရှိနေနိုင်ပါတယ်။ အခုပြောမှာက touropia.com မှာ ဖော်ပြထားတဲ့ ဆောင်းပါး အရ တင်ပြပေးတာပါ။

၁၀။ ဗီးနပ်စ်ကို မွေးဖွားခြင်း (Birth of Venus)

ဗီးနပ်စ် မွေးဖွားခြင်း ပန်းချီကားကို ၁၄၈၅-၈၇ ဝန်းကျင်ကာလမှာ ဆန်ဒရိုဘော့တစ်စလီက ရေးဆွဲဖန်တီးတာပါ။ ဂရိတို့ရဲ့ ရာဇဝင် မှာတော့ ဗီးနပ်စ်ကို ချစ်ခြင်းမေတ္တာ၊ အလှအပ၊ ကျေနပ်ပျော်ရွှင်မှုနဲ့ မျိုးဆက်ပေါက်ဖွားမှုရဲ့ သင်္ကေတ အဖြစ် ရည်ညွှန်းကြပါတယ်။ အခုပန်းချီကားမှာ ပင်လယ်ကနုကမာ ခွံကနေ မွေးဖွားလာပုံကို ရေးဆွဲထားပါ။ ဘယ်နေရာ ဆိုတာတော့ တိတိကျကျ ညွှန်းဆို မထားပါ။ ဒီပန်းချီကားကို အီတလီနိုင်ငံ ဖလောရင့် ဒေသက ထင်ရှားတဲ့ ယူဖစ်ဇီ (Uffizi) ပြတိုက်က ပိုင်ဆိုင်ထားပါတယ်။

၉။ ကြာပန်းများ (Water Lilies)

ပြင်သစ် အင်ပရက်ရှင်းနစ် ပန်းချီဆရာတဦးဖြစ်တဲ့ ကလော့ဒ်မိုနေး (Claude Monet) ရေးဆွဲခဲ့တဲ့ ကြာပန်းပန်းချီကားကြီး က ပန်းချီကားငယ်ပေါင်း ၂၅၀ နီးပါး ပေါင်းစုထားတာပါ။ မိုနေးဟာ ဒီပန်းချီကားတွေကို သူ့ရဲ့ ကိုယ်ပိုင်ပန်းခြံထဲက မြင်ကွင်းတွေကို ကြည့်ရှုရေးဆွဲတာ ဖြစ်ပါတယ်။ အင်ပရက်ရှင်း ပန်းချီကားဆိုတာ ကားအကြီးကြီး မရှိဘဲ အချိန်တိုအတွင်း၊ အလင်းနဲ့ အရောင် ပြောင်းလဲကြီးကြီးမားမား မဖြစ်ခင် ပြီးအောင်ရေးဆွဲရတာကြောင့် ပန်းချီကား အရွယ်ငယ်ငယ်သာ ဆွဲပါတယ်။ အခုဖော်ပြထားတဲ့ ပန်းချီကားကတော့ အမေရိကန်နိုင်ငံ နယူးယောက်ရှိ မက်ထရိုပိုလီတန် ပြတိုက်က ပိုင်ဆိုင်ပါတယ်။

၈။ ညပိုင်းစစ်ဆေးကြည့်ရှုခြင်း (Night Watch)

ဒတ်ခ်ျတို့ အထွတ်အထိပ်ရောက်ချိန် ၁၆၄၂ လောက်က ကာလကို ညွှန်းပြီး ဒတ်ခ်ျပန်းချီဆရာ ရမ်းဘရန့်ထ် (Rembrandt van Rijn) က ရေးဆွဲထားတာပါ။ မြို့စောင့်တပ် ဗိုလ်ကြီး ဖရန် (Frans Banning Cocq) နဲ့ လက်ထောက်ဗိုလ်ကြီး ဝီလျံ (Willem van Ruytenburch) တို့ ညပိုင်းမှာ အပြင်ထွက် ကြည့်ရှုစစ်ဆေးနေပုံကို ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒီပန်းချီကားကို နယ်သာလန် နိုင်ငံ အမ်စတာဒမ် မြို့ရှိ Rijksmuseum ပြတိုက်မှာ ပြသထားပါတယ်။

၇။ စူးစူးဝါးဝါးအော်ခေါ်သံ (The Scream)

စူးစူးပါးဝါးအော်ခေါ်သံ ပန်းချီကားက နော်ဝေး Expressionist ပန်းချီအကျော်အမော် အက်ဒဝပ်မန့်ခ်ျ (Edvard Munch) ရဲ့ လက်ရာပါ။ မန့်ခ်ျက သွေးနီရောင် ကောင်းကင် နောက်ခံ ရှေ့မှာ နာကျင်ခံစားနေရလို့ စူးစူးဝါးဝါးအော်ခေါ်နေတဲ့ ရုပ်ပုံ တခုကို ရေးဆွဲထားပါတယ်။ မန့်ခ်ျဟာ ဒီစူးစူးဝါးဝါးအော်ခေါ်သံ ပန်းချီကားကို ပုံသဏ္ဌာန်အမျိုးမျိုး၊ မီဒီယမ် အမျိုးမျိုးနဲ့ အများအပြား ရေးဆွဲခဲ့တာ တွေ့ရပါတယ်။ အခု ပြထားတဲ့ ပုံက ၁၈၉၃ မှာရေးဆွဲထားတဲ့ လက်ရာဖြစ်ပြီး နော်ဝေအမျိုးသား ပြတိုက်မှာ ပြသထားပါတယ်။ သို့ပေမယ့် ၁၉၉၄ မှာ အဲဒီပန်းချီကား အခိုးခံရတာကြောင့် လအတော်ကြာ အစားထိုး ချိတ်ဆွဲမှု မပြုနိုင်ခဲ့ပါဘူး။ အဲဒီနောက် ၂၀၀၄ မှာလည်း မန့်ခ်ျပြတိုက် (Munch Museum) မှာ ချိတ်ဆွဲထားတဲ့ စူးစူးဝါးဝါးအော်ခေါ်သံ ပန်းချီကား ထပ်မံ အခိုးခံရတာကြောင့် အဲဒီမှာလည်း ၂၀၀၆ ကျမှ အစားထိုး ပြသနိုင်ခဲ့တာ လို့ ဆိုပါတယ်။

၆။ ပုလဲနားဆွဲလေးနဲ့ မိန်းကလေး (Girl with a Pearl Earring)

ပုလဲနားဆွဲလေးနဲ့ မိန်းကလေးကို ဒတ်ခ်ျမိုနာလီဇာ လို့ ရည်ညွှန်းကြပါတယ်။ ရေးဆွဲသူက ပန်းချီဆရာ ဂျိုဟန်နက်ဇ် ဗားမီးယား (Johannes Vermeer) ဖြစ်ပါတယ်။ ၄၄ ဒသမ ၅ စင်တီမီတာ × ၃၉ စင်တီမီတာ (၁၇ ဒသမ ၅ လက်မ × ၁၅ လက်မ) အရွယ်ရှိတဲ့ ဒီပန်းချီကားလေးက ဗားမီးယားကို ကျော်ကြားစေခဲ့သလို ချွင်းချက်မရှိ ပြည့်စုံတဲ့ ပန်းချီကားလို့ သတ်မှတ်ကြပါတယ်။ ပန်းချီကားမှာ ရက်စွဲရေးထိုးထားခြင်း မရှိတဲ့ အပြင် သူ့ကို အပ်လို့ ဆွဲတာလား၊ ဘယ်သူ့ အတွက် ဆွဲတာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါ။

သမိုင်းဝင် ပန်းချီဆိုင်ရာ ဖန်တီးမှုတွေကို ဝတ္ထုအသွင်ရေးသားသူ စာရေးဆရာမ ထရေစီချီဗာလိုင်ယား (Tracy Chevalier) ရဲ့ ဝတ္ထုထဲမှာတော့ ပုလဲနားဆွဲလေးနဲ့ မိန်းကလေးက ဂျိုဟန်နက်ဇ် ဗာမီးယားရဲ့ လက်ထောက်မိန်းကလေး လို့ ပုံဖော်ထားပါတယ်။ အဲဒီ ဝတ္ထုကို ၂၀၀၃ ခုနှစ်မှာ ရုပ်ရှင်အဖြစ် ရိုက်ကူးရာမှာတော့ စကားလက်ဂျိုဟန်ဆင်က မိန်းကလေးနေရာမှာ သရုပ်ဆောင်ပါတယ်။

၅။ ဂွာရာနီကာ (Guernica)

ကမ္ဘာကျော် ဂွာရာနီကာ ပန်းချီကားကို ရေးဆွဲသူက ပန်းချီပါရမီရှင် ပက်ပလိုပီကာဆိုပါ။ ပန်းချီကားက စစ်ရဲ့ အနိဋ္ဌာရုံနဲ့ စစ်ကြောင့် အပြစ်မဲ့ပြည်သူတွေသာ ဒုက္ခရောက် သေကြေရတယ် ဆိုတာ နိမိတ်ပုံပြ ရေးဆွဲထားတာပါ။ စပိန်ပြည်တွင်း စစ်ကာလအတွင်း ဂျာမန်ဗုံးကြဲလေယာဉ်တွေက ဗိုလ်ချုပ်ကြီး ဖရန်ကို၏ အမျိုးသားရေးတပ်များကို ထောက်ခံတဲ့ Basque လူမျိုးတို့ရဲ့ မြို့ဖြစ်တဲ့ ဂွာရာနီကာကို ဗုံးကြဲတိုက်ခိုက်မှုကို ကမ္ဘာက အာရုံစိုက်မိစေဖို့ ရည်ရွယ် ရေးဆွဲတာလို့ သိရပါတယ်။ ပီကာဆိုဟာ အလျား ၃၀၅ ဒသမ ၅ လက်မ၊ အနံ ၁၃၇ ဒသမ ၄ လက်မ အရွယ်ရှိ ဂွာရာနီကာ ပန်းချီကားကြီးကို ၁၉၇၃ ခုနှစ် ဇွန်လလယ်မှာ အပြီးသတ်ခဲ့တာ ဖြစ်ပြီး စပိန်နိုင်ငံ ရီးရဲမက်ဒရစ် မြို့ရှိ ရေနားဆိုဖီယာ (Reina Sofía) ပြတိုက်မှာ ပြသထားပါတယ်။

၄။ အာဒံကို ဖန်ဆင်းခြင်း (The Creation of Adam)

အာဒံကို ဖန်ဆင်းခြင်း ဆိုတဲ့ ပန်းချီကားကြီးကို Sistine ဘုရားကျောင်း မျက်နှာကျက်မှာ ရေးဆွဲထားတာပါ။ ရေးဆွဲသူက ရီနေဆွန်းခေတ်က အထူးထင်ရှားခဲ့တဲ့ ပန်းချီအကျော် မိုက်ကယ်အိန်ဂျယ်လိုက ၁၅၀၈ နဲ့ ၁၅၁၂ ခုနှစ် အကြား ပုပ်ရဟန်းမင်းကြီး ဂျူလီးယပ် ၂ လက်ထက်မှာ ရေးဆွဲတာ လို့ ဆိုပါတယ်။ ရေးဆွဲထားတဲ့ အကြောင်းအရာက စတင်ရာ ကျမ်းမှ အဖြစ်အပျက်များကို အခြေခံပြီး အပိုင်း ၉ ပိုင်း ရေးဆွဲထားတာ ဖြစ်ပြီး ထာဝရဘုရားသခင်က လောကရဲ့ ပထမဆုံး လူသား အာဒံကို အသက်ရှူသွင်းတဲ့ အကြောင်း ရေးဆွဲတာ ဖြစ်ပါတယ်။

၃။ နောက်ဆုံး ညစာ (The Last Supper)

၁၅ ရာစု နံရံဆေးရေး ပန်းချီကား ဖြစ်တဲ့ နောက်ဆုံး ညစာ ပန်းချီကားကြီးကို ပန်းချီအကျော်အမော် လီယိုနာဒို ဒါဗင်ချီက မီလန်မြို့ရှိ Santa Maria delle Grazie ဘုန်းကြီးကျောင်း ထမင်းစားဆောင် နောက်ကျောဘက် နံရံမှာ ရေးဆွဲတာလို့ သိရပါတယ်။ ပန်းချီကားမှာ ဖော်ပြထားတာက ယေရှုခရစ်တော်ဟာ သူနဲ့ သူ့ရဲ့ နောက်လိုက်တပည့် ၁၂ ယောက်နဲ့ အတူ ညစာ စားသောက်နေစဉ် အတွင်း ယင်း ၁၂ ယောက်လုံးက သူ့အပေါ် သစ္စာဖောက်ကြလိမ့်မယ် လို့ မြွက်ဟထုတ်ဖော် ပြောကြားဟန်ကို ရေးဆွဲထားခြင်း ဖြစ်သည်။ လီယိုနာဒို ဒါဗင်စီသည် ယင်း ပန်းချီကားကို ၁၄၉၅ တွင် စတင်ရေးဆွဲပြီး ၁၄၉၈ တွင် ပြီးဆုံးတယ်လို့ သိရပါတယ်။

၂။ ကြယ်တွေ စုံတဲ့ ည (Starry Night)

ကြယ်တွေ စုံတဲ့ ည ပန်းချီကားကို နာမည်ကျော် ဒတ်ခ်ျပန်းချီဆရာ ဗင်းဆင့်ဗင်ဂိုး ရေးဆွဲပါတယ်။ ဒီပန်းချီကားဟာ ခေတ်သစ် မော်ဒန်ပန်းချီလောကရဲ့ အထင်ကရ အဖြစ်ဆုံးနဲ့ လူသိများ အကြိုက်များတဲ့ ပန်းချီကားပါ။ ပန်းချီကားထဲမှာ တော့ အပြာရောင်ကောင်းကင်နောက်ခံထဲက လေပွေဝှေ့ရာ ဝဲလည်လိုက်ပါလာတဲ့ တိမ်ဖြူတွေ၊ တိမ်ဖြူတွေ အောက်က ဆိန့်ရေးမီ ရွာကလေးနဲ့ ဆိုက်ပရပ်ပင်လေးနဲ့ ယှဉ်တွဲ ရေးဆွဲထားပါတယ်။ နယူးယောက်ရှိ မော်ဒန်အတ် ပြတိုက်က ဒီပန်းချီကားကို ၁၉၄၁ ခုနှစ် ကတည်းက စုဆောင်းထားတာလို့ သိရပါတယ်။

၁။ မိုနာလီဇာ (Mona Lisa)

ခေတ်အဆက်ဆက် အကျော်ကြားဆုံးဖြစ်တဲ့ မိုနာလီဇာ ပန်းချီကားကို လီယိုနာဒို ဒါဗင်ချီက ပြန်လည်ဆန်းသစ်ရေး ရီနေဆွန်းခေတ် (Renaissance ခေတ်) အတွင်းမှာ Florence မှာ ရေးဆွဲပါတယ်။ ၁၅ သို့မဟုတ် ၁၅၀၄ ခုနှစ်မှာ စတင် ရေးဆွဲပြီး သူ မကွယ်လွန်မီ ၁၅၁၉ ခုနှစ်မှာ ပြီးစီးတယ်လို့ ခန့်မှန်းရပါတယ်။ ထိုပန်းချီကားကို Florence မှာ ချမ်းသာ ကြွယ်ဝတဲ့ မိသားစုဝင်တဦးဖြစ်တဲ့ Lisa del Giocondo ကို အစွဲပြု အမည်ပေးထားတာ ဖြစ်ပါတယ်။

၁၉၁၁ ခုနှစ်မှာတော့ မိုနာလီဇာ ပန်းချီကားကို ကမ္ဘာကျော် လုဗ် (Louvre) ပြတိုက် မှာ ဝန်ထမ်းတဦးဖြစ်သူ ဗင်စင်ဇိုပါရပ်ဂီယာ (Vincenzo Peruggia) က ခိုးယူသွားခဲ့ပါတယ်။ သူဟာ အီတလီမျိုးချစ်တဦး ဖြစ်တာကြောင့် မိုနာလီဇာကို အီတလီသို့ ပြန်ပေးသင့်တယ် လို့ ယုံကြည်သူပါ။ ထိုပန်းချီကားကို သူရဲ့ တိုက်ခန်းမှာ ၂ နှစ်ခန့် သိမ်းဆည်းထားပြီးနောက် Florence ရှိ Uffizi ပြတိုက် ဒါရိုက်တာများသို့ ရောင်းချရန်ကြိုးစားတဲ့ အခါမှာ အဖမ်းခံခဲ့ရပါတယ်။ ယနေ့ခေတ်မှာတော့ မိုနာလီဇာကို ပါရီရှိ လုဗ် ချိတ်ဆွဲ ပြသထားပြီး နှစ်စဉ် ဦးရေ ၆ သန်း လာရောက်ကြည့်ရှုတယ် လို့ သိရပါတယ်။

Ref: www.touropia.com

အေဘယ်လ်
Irrawaddy Burmese

Tags: world knowledge
Next Post
 ခေတ်သစ်ဂျပန်အား ပညာရေးဖြင့် တည်ဆောက်ခဲ့သူ

 ခေတ်သစ်ဂျပန်အား ပညာရေးဖြင့် တည်ဆောက်ခဲ့သူ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!