ဒီအဆောက်အအုံကတော့ ဂျပန်နိုင်ငံက ဆန်းဆန်းပြားပြား ဒီဇိုင်း နဲ့ အဆောက်အအုံတစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံ Fukushima-ku စီရင်စုထဲမှာ တည်ရှိတဲ့ ဂိတ်တံခါးပေါက်တာဝါ(Gate Tower) ဆိုတဲ့အဆောက်အအုံပါ။ Gate Tower လို့ခေါ်ရခြင်းအကြောင်းကတော့ ကားတွေအတွက် တံခါးပေါက်တစ်ပေါက်သဖွယ် ဖြစ်နေလို့ပါ။
ဒီအဆောက်အအုံ ဒီဇိုင်းကတော့ အစကတည်းက တမင်သက်သက်ဆောက်လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ၁၉ရာစု အလယ်လောက်က ဒီနေရာဟာ သစ်သား နဲ့ မီးသွေး ရောင်းဝင်ရေးလုပ်ငန်း တစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၉၈၃ခုနှစ်မှာတော့ မြေပိုင်ရှင်ဟာ သူ့ရဲ့မြေဟာ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ဖို့ စတင်ခဲ့ပါတယ်။ ဒါပေမယ့် ဆောက်လုပ်ခွင့်ကို အစိုးရက ချမပေးခဲ့ပါဘူး။ အကြောင်းကတော့ ဒီနေရာကို ဖြတ်ပြီး အဝေးပြေးလမ်း ဆောက်လုပ်ဖို့ အစီအစဉ်ချပြီးသား ဖြစ်လို့ပါ။
မြေပိုင်ရှင်ကလည်း လက်မခံပါဘူး။ အစိုးရကလည်း ဆောက်ခွင့်မပြုပါဘူး။ ဒီလို နဲ့ အကြိမ်ကြိမ်ညှိနှိုင်းရင်း မြေပိုင်ရှင် နဲ့ အစိုးရကြား တိုက်ပွဲဟာ ၅နှစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ ငါးနှစ်ကြာ အကြိမ်ကြိမ် ညှိနှိုင်းအဖြေရှာပြီးတဲ့နောက်မှာတော့ အဆင်ပြေမယ့် အဖြေတစ်ခုကို သွားတွေ့ပါတယ်။ အဲဒါကတော့ အခုမြင်ရတဲ့အတိုင်း အဆောက်အအုံ အလယ်ကို ဖြတ်ဖောက်ပြီး အဝေးပြေးလမ်းကို သွားစေဖို့ပါ။ ဒီဇိုင်းကို ရေးဆွဲခဲ့သူတွေကတော့ ဂျပန်ဗိသုကာ ပညာရှင်တွေဖြစ်တဲ့ Azusa Sekkei နဲ့ Yamamoto-Nishihara တို့ ဖြစ်ပါတယ်။
အဲဒီနောက်တော့ ၂၃၈ပေ အမြင့်ရှိတဲ့ အထပ် ၁၆ထပ် အဆောက်အဦးကို စတင်ဆောက်လုပ်ပါတော့တယ်။ အထပ် ၅ ၊ အထပ် ၆ နဲ့ အထပ် ၇ နေရာတွေကိုတော့ ဟောင်းလောင်းထားခဲ့ပြီး အဝေးပြေးလမ်းကို သွားစေပါတယ်။ ကြည့်လိုက်ရင် အဆောက်အဦး နဲ့ အဝေးပြေးလမ်းဟာ တစ်ဆက်တည်းလို့ ထင်ရပေမယ့် တကယ်ကတော့ အဝေးပြေးလမ်းဟာ အဆောက်အဦးရဲ့အပေါက်ထဲကနေ ဖြတ်သန်းပြီး ထိစပ်မနေအောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။
ရထားဖြတ်သန်းတဲ့အခါ အဆောက်အအုံမှာ နေထိုင်သူတွေ ဆူညံမှု နဲ့ တုန်ခါမှု မဖြစ်စေဖို့အတွက် လမ်း နဲ့ အဆောက်အအုံကြားမှာ Casing တစ်ခုကို ခံပြီးတည်ဆောက်ထားပါတယ်။ ဒါအပြင် အဆောက်အအုံ ဒီဇိုင်းပညာရှင်တွေဟာ အဲဒီနေရာမှာရှိတဲ့ နံရံကို အသံကာစနစ် နဲ့တည်ဆောက်ထားတာကြောင့် ရထားဖြတ်သန်းတဲ့အခါမျိုးမှာ အဆောက်အအုံမှာ နေသူတွေက သိတောင်သိလိုက်မှာ မဟုတ်ပါဘူး။
ဒီလို နဲ့ အဆောက်အအုံဟာ ၁၉၉၂ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။ အစိုးရ အနေနဲ့လည်း နောက်တစ်ခါ အခုဆောက်လုပ်ရေးလို မြေရှင်တွေနဲ့ အငြင်းပွားမှု မျိုး မဖြစ်စေဖို့အတွက် “အစိုးရလုပ်ငန်းခွင်တွေအတွက် လိုအပ်လာရင် မည်သူ မဆို ညှိနှိုင်းမှုအတိုင်း ဖယ်ရှားပေးရမယ်” ဆိုတဲ့ ဥပဒေကို ၁၈၈၉ ခုနှစ်ကတည်းက ထုတ်ပြန်ခဲ့ပါတယ်။
ဒီလို အဆောက်အအုံကို ဖြတ်ဖောက်ထားတဲ့ အဝေးပြေးလမ်းကြောင့် ဒီအဆောက်အအုံက ဓာတ်လှေကားကို စီးမယ်ဆိုရင် ၅၊၆၊၇ အလွှာတွေကို ကျော်ပြီး ၄လွှာကနေ ၈လွှာကို တန်းရောက်သွားမှာ ဖြစ်ပါတယ်။ အစိုးရ နဲ့ မြေပိုင်ရှင် တို့ အခြေအတင် ဖြစ်ခဲ့ရပေမယ့် ဒီတိုက်ပွဲကြောင့် ဖြစ်လာခဲ့တဲ့ ဒီအဆောက်အဦးဟာ ဂျပန်ရဲ့ ထူးခြားဆန်းပြား အဆောက်အဦး အဖြစ် မှတ်တမ်း ထင်ကျန်နေပါတော့တယ်။
VIDEO
Discussion about this post