Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အတ္တလန္တိတ် သမုဒ္ဒရာကိုလှေနဲ့(၃)ကြိမ်တိုင် ဖြတ်ကျော်ခဲ့တဲ့ အသက်(၇၀)အရွယ်အဘိုးအို

by Thutamm
December 30, 2019
Reading Time: 1min read
0
အတ္တလန္တိတ် သမုဒ္ဒရာကိုလှေနဲ့(၃)ကြိမ်တိုင် ဖြတ်ကျော်ခဲ့တဲ့ အသက်(၇၀)အရွယ်အဘိုးအို
Share on FacebookShare on Twitter

လူသားတွေအတွက်တော့ သမုဒ္ဒရာရေပြင်ဆိုတာဟာ ခက်ခဲကြမ်းတမ်းပြီး အမြဲတစေ ဖြတ်သန်းသွားလာဖို့အဆင်ပြေတဲ့နေရာတော့မဟုတ်ပါဘူး။ ကမ္ဘာကျော်တိုက်တန်းနစ်လို ဇိမ်ခံသင်္ဘောကြီးတွေ သာမက ကမ္ဘာစစ်ကာလတွေ မျက်မှောက်ခေတ်ကာလတွေတိုင်အောင် စစ်ရေယာဉ်များစွာ ၊ ကုန်တင်သင်္ဘောများစွာဟာ ယင်းရေပြင်အောက်မှာ အများအပြားနစ်မြုပ်ပျောက်ကွယ်ခဲ့ရပြီး လူထောင်သောင်းချီပြီး သေကြေပျက်စီးခဲ့ရပြီးလည်းဖြစ်ပါတယ်။

ပိုလန်နိုင်ငံသား Aleksander Doba ဆိုသူကတော့ ဒီလိုကန့်သတ်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ အတ္တလန္တိတ်သမုဒ္ဒရာကို ကယပ်လှေလို့သိကြတဲ့ အလုံပိတ် အပေါ့စားလှေငယ်လေးတစ်စင်းနဲ့ဖြတ်သန်းခဲ့ပါတယ်။ ပိုပြီးအံ့သြသင့်စရာကောင်းတာ ကတော့ Doba ဟာလူငယ်၊လူလတ်ပိုင်းတစ်ယောက်မဟုတ်ပဲ အသက်(၇၀)ကျော် အဘိုးအိုတစ်ယောက်ဖြစ်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။

သူဟာ အတ္တလန္တိတ်သမုဒ္ဒရာ ကိုတစ်ကြိမ်တည်းသာမက (၃)ကြိမ်တိုင်အောင်ဖြတ်ကူးခဲ့တာဖြစ်ပြီး (၂၀၁၀)ခုနှစ်နဲ့ (၂၀၁၃)ခုနှစ်တွေကတော့ အတ္တလန္တိတ်သမုဒ္ဒရာရဲ့အနောက်ဘက်ကို ဦးတည်ဖြတ်ကူးခဲ့ တာဖြစ်ပါတယ်။ ယင်းခရီးစဉ်တွေမှာ Aleksander Doba ဟာသူရဲ့(၇)မီတာသာအရှည် ရှိတဲ့ ကယပ်လှေကို ရွတ်လွှင့်တာမျိုးမပြုပဲ လှော်တက်ကို အသုံးပြုလှော်ခတ်ခဲ့တာဖြစ်ပြီး ယင်းခရီးစဉ်တွေဟာ ကလပ်လှေတစ်စင်းကိုအသုံးပြုပြီးသမုဒ္ဒရာဖြတ်ခရီးလမ်းကြောင်း အတွက် အရှည်ကြာဆုံးသောခရီးစဉ်တွေအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

သူရဲ့သူမတူတဲ့ စွန့်စားမှုတွေကြောင့် Aleksander Doba ဟာ (၂၀၁၄)ခုနှစ်မှာတော့ အမေရိကန်ပြည် ထောင်စု၊ဝါရှင်တန်မှာအခြေစိုက်တဲ့ National Geographic Society ရဲ့ယင်းနှစ်အတွက်ဂုဏ်ထူးဆောင်လူစွန့်စားအဖြစ်သတ်မှတ်ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ Aleksander Doba ဟာ(၂၀၁၇)ခုနှစ်သူအသက်(၇၁)နှစ်အရွယ်မှာတော့ အတ္တလန္တိတ်သမုဒ္ဒရာရဲ့ အရှေဘက်ခြမ်းကို ကယပ်လှေကိုအသုံးပြုပြီးထပ်မံကျော်ဖြတ်ပြခဲ့ပြန်ပါတယ်။

လူစွန့်စား ပိုလန်သားအတွက်တော့ ဝေးကွာလှတဲ့ ရေလမ်းကြောင်းဖြတ်ကျော်ခရီးစဉ်တွေဟာ ပထမဆုံးစွန့်စားခန်းတော့မဟုတ်ပါဘူး။ သူဟာ (၁၉၉၉)ခုနှစ်က ဘော်လ်တစ်ပင်လယ်ကို ရက်ပေါင်း (၈၀)၊ (၂၀၀၀)ပြည့်နှစ်က ပိုလန်နိုင်ငံ Police ကနေ နော်ဝေနိုင်ငံတွင်းက Narvil မြို့ကိုရေကြောင်းခရီးနဲ့ (၁၀၁)ရက်ကြာအောင် ပင်လယ်ဖြတ်ကျော်ခရီးစဉ်တွေ ကိုပြုလုပ်ခဲ့သူဖြစ်ပါတယ်။ ဒါအပြင် (၂၀၀၉)ခုနှစ်အတွင်းက ရုရှားနိုင်ငံ ဆိုက်ဘေးရီး ယားမှာတည်ရှိတဲ့ နာမည်ကျော် Lake Baikal ကို(၄၁)ရက်ကြာအောင်ကျော်ဖြတ်ပြပြီး မှတ်တမ်းဝင်နိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာလေထီး(၁၄)ကြိမ်အထိခုန်ဆင်းခဲ့သလို လေယာဉ်မောင်းသူအဖြစ် ကောင်းကင်အထက်နာရီပေါင်း (၂၅၀)လောက်နေခဲ့တဲ့မှတ်တမ်း ကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဒါအပြင် ရေယာဉ်မှူးလက်မှတ်နဲ့ ရေကြောင်းကျွမ်းကျင်သူ အဖြစ်လည်း အဆင့်ဆင့်သောအထောက်အထား အောင်လက်မှတ်တွေကိုပိုင်ဆိုင် ထားသူတစ်ဦးလည်းဖြစ်ပါတယ်။

Aleksander Doba ကို(၁၉၄၆)ခုနှစ်၊ စက်တင်ဘာ(၉)ရက်နေ့ကပိုလန်နိုင်ငံအလယ်ပိုင်း မှာရှိတဲ့ Swarzedz မှာမွေးဖွားခဲ့တာကြောင့် ယခုဆိုရင်တစ်ကိုယ်တော်လူစွန့်စားကြီး ဟာ အသက်(၇၃)နှစ်အရွယ်ရှိနေပါပြီ။ Doba အတွက်ပထမဆုံး အတ္တလန္တိတ် ဖြတ်ကျော်ခရီးစဉ်ကိုတော့ (၂၀၁၀)ပြည့်နှစ်က စတင်ခဲ့ပြီး (၇)မီတာအရှည်ရှိတဲ့ ကယပ်လှေကိုလှော်ခတ်ကာ အာဖရိကတိုက် ဆီနီဂေါ ကနေ တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံကိုကူးဖြတ်ခဲ့ပါတယ်။ ယင်းကာလကအ သက် (၆၅)နှစ်အရွယ်ရှိတဲ့ Doba ဟာရေပြင်အထက် ကီလိုမီတာ (၅၃၉၄)အကွာအဝေး လောက်ကို (၉၉)ရက်ကြာအောင်အချိန်ပေးလှော်ခတ်ခဲ့တာဖြစ်ပါတယ်။

ယင်းခရီးစဉ် အတွင်းမှာပဲ Doba ဟာ(၁)နာရီကို (၂.၂၆)ကီလိုမီတာအထိခရီးရောက်အောက်လှော် ခတ်ခဲ့တာဖြစ်ပြီး (၁)ရက်တာကာလအတွင်းသူအမြန်ဆုံးသွားတဲ့နှုန်းကတော့ (၁၂၆.၅) ကီလိုမီတာဖြစ်တယ်လို့သိရပါတယ်။ အစားဆင်းရဲ အနေဆင်းရဲ့နဲ့ လူသားတွေရဲ့ လုပ်နိုင်စွမ်းကို သက်သေပြခဲ့သူ Doba ဟာမူလကကိုယ်အလေးချိန်(၇၈)ကီလိုဂရမ် ရှိရာကနေ ခရီးစဉ်ပြီးဆုံးတဲ့ဘရာဇီးနိုင်ငံ Acarau မြို့ဆိပ်ကမ်းကိုရောက်ရှိချိန်မှာတော့ (၆၄)ပေါင်အလေးချိန်သာရှိပါတော့တယ်။

ယင်းနောက်မှာတော့ Aleksander Doba ဟာအမေရိကကမ်းခြေတစ်လျှောက်ကနေ ဝါရှင်တန်ဒီစီအထိ မိုင်(၆၀၀)လောက်ကွာဝေးတဲ့ခရီးစဉ်ကို ကယပ်လှေနဲ့လှော်ခပ်ဖို့ ခဲ့ပြန်ပါတယ်။ ကံဆိုးစွာနဲ့ပဲ ပီရူးကနေ ဘရာဇီးကိုသွားရောက်တဲ့ခရီးစဉ်မှာတော့ အမေဇုံမြစ်အပေါ်မှာပဲ Aleksander Doba ရဲ့လှေဟာ ဓါးပြတိုက်ခံခဲ့ရပါတယ်။ သူအတိုက်ခံရတဲ့နေရာဟာ ဘရာဇီးနိုင်ငံ Coari ကနေ (၂၀)ကီလိုမီတာသာဝေးကွာပါ တယ်။ ဒီလိုအခက်အခဲတွေဖြစ်ခဲ့ပေမယ့်လည်း Aleksander Doba ကတော့ သူရဲ့စွန့်စားမှုခရီးတွေကိုလက်လျော့ဖို့ မစဉ်းစားပဲ နောက်ထပ်ခရီးတွေကိုသာ ထပ်မံစီစဉ်ခဲ့ပါတယ်။

သူအသက် (၆၇)နှစ်အရွယ် (၂၀၁၃)ခုနှစ်အောက်တိုဘာ(၅)ရက်နေ့မှာတော့ Aleksander Doba ဟာသူရဲ့ဒုတိယအကြိမ်မြောက် တစ်ကိုယ်တော်အတ္တလန္တိတ်ဖြတ် ကျော်ခရီးစဉ်ကို စတင်ခဲ့ပြန်ပါတယ်။ သူဟာအတ္တလန္တိတ်သမုဒ္ဒရာရဲ့အကျယ်ဆုံးအပိုင်း ကိုဖြတ်သန်းဖို့ရွေးချယ်ခဲ့ပြီး (၂၀၁၄)၊ဧပြီ(၁၉)ရက်နေ့မှာတော့ ခရီးစဉ်ရဲပန်းတိုင်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု ၊ဖလော်ရီဒါပြည်နယ်က New Smyrna ကမ်းခြေကို ဆိုက်ကပ်ခဲ့ပါတယ်။ ခရီးစဉ်တစ်ခုလုံးအတွင်း Aleksander Doba ဟာ(၁၉၆)ရက်ကြာ မြင့်ခဲ့ပြီးသမုဒ္ဒရာရေပြင် မိုင်ပေါင်း(၆၃၀၀)လောက်ကို ကလပ်လှေငယ်နဲ့ကျော်ဖြတ်နိုင် ခဲ့တာဖြစ်ပါတယ်။

(၂၀၁၇)ခုနှစ် မေလမှာတော့ Aleksander Doba ဟာသူရဲ့တတိယမြောက် အတ္တလန္တိတ် သမုဒ္ဒရာဖြတ်ကျော်ခရီးစဉ်ကိုစတင်ခဲ့ပြန်ပါတယ်။ သူရဲ့ခရီးစဉ်ကိုပြင်သစ်နိုင်ငံ le Conquet ကနေစတင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်အတွင်းက Barnegat Bay မှာအဆုံးသတ်ခဲ့ပါတယ်။ ယင်းခရီးစဉ်မှာတော့ Aleksander Doba ဟာ ရက်ပေါင်း (၁၀၀)ကျော်လောက်ပင်လယ်ထဲမှာနေခဲ့ရပြီး ယင်းနှစ်စက်တင်ဘာလအတွင်းမှာပဲ သူရဲ့ခရီးစဉ်ဟာပြီးဆုံးခဲ့ပါတယ်။ ယင်းတတိမြောက်ခရီးစဉ်အတွက်တော့ Aleksander Doba ဟာ (၂၃)ပေအရှည်ရှိပြီးပေါင်(၁၅၀၀)လောက်တင်ဆောင်နိုင်တဲ့ ကယပ်လှေကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း Aleksander Doba ဟာ ပြင်းထန်တဲ့မုန်တိုင်းတွေကိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရတာကြောင့် သူရဲ့ရေဒါဟာပျက်စီးသွားခဲ့ရပါတယ်။ ကုန်သင်္ဘောတစ်စင်းနဲ့တွေ့ဆုံခဲ့ရတာကြောင့်သာ အသက်မသေခဲ့ပဲ သူရဲ့ခရီးလမ်းဟာချောမွေ့ခဲ့တာဖြစ်ပါတယ်။ ယင်းခရီးစဉ်ပြီးဆုံးချိန်နောက်မှာတော့ သူရဲ့စွန့်စားခန်းတွေကို ဆက်လက်ပြသခြင်း မရှိတော့ပဲ အနားယူနေခဲ့ပြီ။

Aleksander Doba ဟာသူရဲ့ စွန့်စားမှုတွေအတွက် နိုင်ငံတကာရဲ့အသိအမှတ်ပြုဂုဏ်ပြုဆုတံဆိပ်များစွာပိုင်ဆိုင်ခဲ့သလို နာမည်ကျော်ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်လာခဲ့ပါတယ်။ ယခုချိန်အထိတော့ Aleksander Doba ဟာ ပိုလန်နိုင်ငံ Szczecin အနီးမှာရှိတဲ့ Police မြို့မှာနေထိုင်လျက်ရှိပြီး (၂၀၁၉)ခုနှစ်အတွင်းမှာတော့ The Mole လို့သိကြတဲ့ TV Series အစီစဉ်မှာ Aleksander Doba ဟာ အေဂျင့် Gwiazdy အဖြစ်ပါဝင်လာခဲ့ တာကိုတွေ့ရပါတယ်။

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!