Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အဆိပ်အတောက်ဖြစ်စေတာကြောင့် ပြန်နွှေးမစားသင့်တဲ့ အစားအစာ ၇ မျိုး

by Thutamm
August 11, 2019
Reading Time: 1min read
0
အဆိပ်အတောက်ဖြစ်စေတာကြောင့် ပြန်နွှေးမစားသင့်တဲ့ အစားအစာ ၇ မျိုး
Share on FacebookShare on Twitter

ကျွန်တော်တို့မှာ စားကြွင်းစားကျန်များကျန်ရှိလျှင် အထူးသဖြင့် ကျွန်တော်တို့အကြိုက်ဆုံးအစားအစာဆိုရင် ၂ကြိမ်၃ကြိမ်နွေးပြီး ပြန်စားတတ်ကြပါတယ်။  သို့သော်လည်းပဲ တစ်ချို့ အစားအသောက်များဟာ ပြန်နွေးပြီးနောက် စားဖို့ဘေးကင်းသော်လည်း တစ်ခြားအစာများဟာ ဘေးမကင်းဘဲ ကျွန်တော်တို့ကို ထိခိုက်စေပါတယ်။ ကျန်းမာသောအစားအစာတချို့ကို ပြန်နွေးတဲ့အခါ ကျွန်တော်တို့ကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာ ယုံဖို့ခက်ပါတယ်။ ဒါပေမဲ့ အဆိုပါကျန်းမာသောအစားအစာများဟာ နွေးပြီးတဲ့နောက်ပိုင်း သူတို့ရဲ့အာဟာရများ ဆုံးရှုံးသွားတတ်ပါတယ်။ အောက်ပါအစားအစာ ၇မျိုးကို နွေးပြီးပြန်မစားသင့်ပါ။

၁။ ဟင်းနုနွယ်

ဟင်းနုနွယ်ကိုပြန်နွေးစားခြင်းဟာ အမှန်တကယ်ဘေးမကင်းပြီး ဘယ်တော့မှ မလုပ်သင့်ပါ။ ချက်ပြီးနောက် လတ်ဆတ်တုန်း ချက်ချင်းကုန်အောင်စားပေးပါ။ အကြောင်းမှာ ဟင်းနုနွယ်မှာတွေ့ရတဲ့ နိုက်ထရိတ်(Nitrates)ဓါတ်ကြောင့် ဖြစ်တယ်။ ကျွန်တော်တို့ ပြန်နွေးလိုက်တဲ့အခါ နိုက်ထရိတ်က နိုက်ထရိုက်(Nitrites)အသွင်ပြောင်းသွားကာ ဟင်းနုနွယ်က ကျွန်တော်တို့ခန္ဓာကိုယ်အတွက် ကင်ဆာဖြစ်စေနိုင်ပါတယ်။

၂။ တရုတ်နံနံ

တရုတ်နံနံကို အမြဲလိုလိုဟင်းရည်ချက်တဲ့အခါမှာ ထည့်သုံးကြပါတယ်။ ဟင်းနုနွယ်ကဲ့သို့ တရုတ်နံနံမှာလည်း  ပြန်နွေးလိုက်တဲ့အခါ နိုက်ထရိတ်က နိုက်ထရိုက်အသွင်ပြောင်းသွားပါတယ်။ အကယ်၍ တရုတ်နံနံထည့်မဲ့ဟင်းရည်ချက်မယ်ဆိုရင် ဟင်းရည်ကို တစ်ခါတည်းချက်ချင်းကုန်အောင် စားသင့်ပါတယ် (သို့) ဟင်းရည်ကိုမနွေးခင် တရုတ်နံနံကို အရင်ဖယ်လိုက်ပါ။ မုန်လာဥနီလည်း အလားတူစွာပါပဲ။

၃။ မုန်လာဥနီ

မုန်လာဥနီမှာ နိုက်ထရိတ်ဓါတ်ပါတဲ့ အခြားသောအစားအစာဖြစ်ပြီး ပြန်နွေးလိုက်တဲ့အခါ ခန္ဓာကိုယ်အတွက် အလွန်အန္တရာယ်ရှိပြီး ပျက်စီးဆုတ်ယုတ်စေပါတယ်။အကျိုးကျေးဇူးအများဆုံးရဖို့ အသုတ်(သို့)ဖျော်ရည်လုပ်စားသင့်ပါတယ်။

၄။ အာလူး

အာလူးမှာ ကျန်းမာစေသောအကျိုးကျေးဇူးများစွာရှိတဲ့အတွက် အလွန်အသုံးဝင်လှပါတယ်။ သို့သော် ချက်ပြီးတစ်ရက်တည်းမှာ မစားရင် အဆိုပါအကျိုးကျေးဇူးများနဲ့ အစာအာဟာရအရည်အသွေးပြည့်ဝမှု ဆုံးရှုံးတတ်ပါတယ်။ နောက်တစ်နေ့မှာစားမယ်၊ ပြန်နွေးစားမယ်ဆိုရင် ကျွန်တော်တို့ခန္ဓာကိုယ်အတွက် အကျိုးပြုမဲ့အစား အန္တရာယ်ပြုစေပါတယ်။အာလူးအကြွင်းအကျန်များကိုအကောင်းဆုံးလုပ်နိုင်တာကတော့ အာလူးပူရီ(သို့) အသုတ်အအေးလုပ်စားပါ။

၅။ ကြက်ဥ

ကြော်ထား၊ပြုတ်ထားတဲ့ကြက်ဥများကို ပြန်နွေးခြင်းဟာ ကျွန်တော်တို့ကို အလွန်အန္တရာယ်ရှိစေတာကြောင့် ပြုတ်နွေးစားခြင်း မလုပ်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့ရဲ့အနံ့၊ အရသာပြောင်းလဲသွားပြီး သူတို့မှာပါဝင်တဲ့ဲဒြပ်ပေါင်းများဟာ အပူချိန်မြင့်မားတဲ့အခါ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ (ဒါကြောင့် မတတ်သာလို့နွှေးမယ်ဆိုရင် နွေးရုံလောက်သာနွေးပါ)

၆။ ကြက်သား

ကြက်သားက ချက်ပြီးနောက်တစ်နေ့စားတဲ့အခါ အတော်လေးအန္တရာယ်ရှိပါတယ်။ အစာချေဖျက်မှုဆိုင်ရာပြသနာတစ်ချို့ ဖြစ်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပရိုတိန်းတည်ဆောက်ပုံမှာ နောက်တစ်နေ့မှာ ပြောင်းလဲသွားပါတယ်။ ကြက်သားမှာ နီရဲသောအသားမှာထက် ပရိုတိန်းဓါတ်ပိုမိုပါဝင်သောကြောင့် စိုးရိမ်ရတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ကြက်သားကို အအေးစားသင့်ပါတယ်။ အကယ်၍ သင်က ကြက်သားကို လုံးဝနွေးစားဖို့လိုအပ်ရင်တော့ အချိန်ကြာကြာ အပူချိန်နဲနဲနဲ့ သေချာနွေးပါ။

၇။ မှို

ပြန်နွေးထားတဲ့မှိုတွေမှာ ကျန်းမာရေးအန္တရာယ်အမြင့်မားဆုံး ပါရှိပါတယ်။ သူတို့ကို ချက်ပြီးတာနဲ့ ချက်ချင်းကုန်အောင် စားသင့်ပါတယ်။သို့မဟုတ် နောက်တစ်နေ့မှာ အအေးခံပြီးစားပါ။ ပြန်နွေးထားတဲ့မှိုကိုစားတဲ့အခါ သင့်ကိုယ်ကို အစာချေဖျက်မှုနဲ့ နှလုံးရောဂါပြသနာတောင်မှ ဖြစ်လာစေဖို့ အကဲစမ်းလိုက်သလို ဖြစ်သွားပါတယ်။

စားကြွင်းစားကျန်အမျိုးအစားများကို မီးဖို (သို့) မိုက်ခရိုဝေ့နဲ့နွေးတဲ့အခါ ဂရုစိုက်ပါ။ အဆိပ်အတောက်၊ မူးဝေခြင်းနဲ့ ပျို့အန်ခြင်းကဲ့သို့ ဖြစ်နိုင်ဖွယ်ကျန်းမာရေးပြသနာများကင်းဝေးဖို့ အထက်ပါအစားအစာ(၇)မျိုးအား ပြန်နွေးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

အစားအသောက်များကို ဘေးကင်းစိတ်ချစွာပြန်နွေးဖို့ အောက်ပါအကြံပေးချက်များကို သေချာစွာမှတ်သားထားပါ။

အစာရဲ့အလယ်တည့်တည့်ကို အပူချိန် ၁၅၀ဒီဂရီဖာရင်ဟိုက်ရောက်သည်အထိလျင်မြန်စွာ ပြန်နွေးပါ။

သင်စားမယ့်ပမာဏလောက်ပဲ ပြန်နွေးပါ။

ချက်ပြီးသားအစားအသောက်များနဲ့ မချက်ရသေးတဲ့အစာများကို အပြန်အလှန်ညစ်ညမ်းမှု(cross contamination)မဖြစ်အောင် အတူတွဲမထားသင့်ပါ။

ပါဝင်မှုပစ္စည်းတွေအားလုံးမတူညီတာကို သတိရှိပြီး တူညီစွာမပူနိုင်ကြပါဘူး။ အစာ(၁)မျိုးထက်ပို၍အပူပြန်ပေးတဲ့အခါ အားလုံးညီညီမျှမျှနွေးသွားအောင် အဖုံးအုပ်ထားပါ။

အကယ်၍၄ရက်အတွင်း သင်ကုန်အောင်စားနိုင်မယ်မထင်ရင် အကောင်းဆုံးက (freeze)ခဲအောင်လုပ်ထားပါ။

ပျားပန်းခတ်မျှအလုပ်ရှုပ်တဲ့ယနေ့ခေတ်မှာ လူတိုင်းခဏခဏချက်ပြုတ်ချိန်မရဘဲ အများကြီးချက်ကာ ရေခဲသေတ္တာထဲထည့်ပြီး ပြန်နွေးစားတတ်ကြပါတယ်။ ဒါကြောင့်  လူတိုင်းရောဂါဘယကင်းဝေးစေရန် ရည်သန်၍ ဒီပို့စ်လေးရေးပြီး အားလုံးပဲ ကျန်းမာရေးဗဟုသုတရှိကာ အစားအသောက်များကို ချင့်ချိန်စားသုံးနိုင်ကြပါစေ။

Reference- Never Reheat These 7 Foods (http://steptohealth.com/never-reheat-7-foods/)

Mon Pharmacy

Tags: healthknowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ရေနံ့သာခင်ခင်ကြီး (သို့) ဆွတ်ပျံ့သော အချစ်ဇာတ်လမ်း တစ်ပုဒ်

ရေနံ့သာခင်ခင်ကြီး (သို့) ဆွတ်ပျံ့သော အချစ်ဇာတ်လမ်း တစ်ပုဒ်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!