ခေါင်းစဉ်ကြည့်ပြီး အနည်းငယ်တော့ အံသြသွားမယ်ထင်ပါတယ်။ ကျွန်တော်တို့ အများစုသိထားကြတာက ငှက်အများစုဟာ လှပပြီး တချို့ကြမ်းတမ်းတဲ့ သားရဲငှက်တွေဆိုရင် အလွန်ဆုံး နှုတ်သီးနဲ့ ထိုးမယ် ဆိတ်မယ် ၊ ကုတ်မယ် ဖဲ့မယ် ၊ အတောင်ပံနဲ့ တိုက်ခိုက်မယ် ဒီလောက်ပါပဲ။ ဒါပေမယ့် လူသိနည်းတာကတော့ အနည်းငယ်သော ငှက်တွေမှာလည်း အဆိပ်ရှိနေတယ် ဆိုတာပါ။
ဒါပေမယ့် သူတို့အဆိပ်ဟာ မြွေ နဲ့ အခြားအဆိပ်ရှိသတ္တဝါတွေလို ကိုက်တဲ့အဆိပ်မဟုတ်ပဲ သူတို့ရဲ့ခန္ဓာကိုယ်ကို ထိတွေ့ကိုင်တွယ်တာ နဲ့ သူတို့ကိုစားသုံးခြင်းတွေ ပြုလုပ်မှသာ မိတဲ့အဆိပ်ဖြစ်ပါတယ်။ ဒီတခါတော့ အဆိပ်ရှိတဲ့ ငှက် ၄ မျိုး အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ ဝေမျှသွားပါမယ်။
၁။ The Little Shrikethrush
ဒီငှက်တွေကိုတော့ သြစတြေးလျ ၊ အင်ဒိုနီးရှား နဲ့ နယူးဂီနီ နိုင်ငံတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ သိပ္ပံအမည် Colluricincla megarhyncha ဖြစ်တဲ့ ဒီငှက်တွေဟာ အပူးပိုင်းဒေသ သစ်တောတွေ နဲ့ မြေနိမ့်ဒေသတွေမှာ အများဆုံးနေထိုင်ကြပါတယ်။ ကျောဘက်က အညိုရောင်ရှိပြီး ရင်ဘတ်ကတော့ ဝါကျင့်ကျင့်အရောင်ရှိပါတယ်။ ခန္ဓာကိုယ်အလျားကတော့ ၇လက်မဝန်းကျင်ရှိပြီး အလေးချိန်ကတော့ ၄၀ ဂရမ်ခန့် ရှိတတ်ပါတယ်။
အထီး နဲ့ အမကိုတော့ မျက်စိကွင်းပါမပါ နဲ့ ခွဲခြားနိုင်ပါတယ်။ မျက်စိကွင်းပါရင် အမဖြစ်ပြီး မပါရင်တော့ အထီးဖြစ်ပါတယ်။ သူတို့ရဲ့အကျင်ကတော့ အစာရှာရင်ရှာ မရှာရင် သီချင်းဆိုနေတတ်လေ့ရှိပါတယ်။ အဆိပ်ကတော့ခန္ဓာကိုယ်အရေပြား နဲ့ အမွှေးအတောင်တွေမှာ ရှိနေပါတယ်။ အဓိကကတော့ အဆိပ်ရှိတဲ့ အင်းဆက်တွေကို စားသုံးမှုကြောင့်ဖြစ်ပါတယ်။
၂။ The Spur-Winged Goose
ငှက်ကြီးအမျိုးအစားဖြစ်ပြီး သူ့ရဲ့သိပ္ပံအမည်က Plectopterus gambiensis ဖြစ်ပါတယ်။ အာဖရိကတိုက် ဆာဟာရတောင်ပိုင်းက စွတ်စိုတဲ့ဒေသတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ခန္ဓာကိုယ်အလျား ၃ပေခွဲခန့် ရှိတတ်ပြီး အလေးချိန်ကတော့ ၁၅ပေါင်ခန့် ရှိတတ်ပါတယ်။ သူတို့ဟာ အုပ်စုလိုက်နေတတ်လေ့ရှိပြီး တခါတရံ အကောင် ၅၀ လောက်အထိ စုနေတတ်ကြပါတယ်။
ဒီငှက်ကတော့ အကောင်တိုင်း အဆိပ်ရှိနေတာမဟုတ်ပဲ အနည်းငယ်သော အကောင်တွေဟာမှာသာ အဆိပ်ရှိနေတတ်ပါတယ်။ အဓိကကတော့ စားသုံးတဲ့ အစားအစာပေါ်မှာ ကွာခြားသွားတာဖြစ်ပြီး အဆိပ်ရှိတဲ့အင်းဆက်တွေကို စားလေ့ရှိတဲ့ အကောင်တွေမှာသာ အဆိပ်ရှိနေတာပါ။ သူတို့ကို မဆင်မခြင်အမဲလိုက်ဖို့ တားမြစ်ထားပြီး နိုင်ဂျီးရီးယားရိုးရာဆေးပညာမှာ အထူးတန်ဖိုးထားခြင်းခံရတဲ့ အမျိုးအစားလည်းဖြစ်ပါတယ်။
၃။ The Common Quail
ငုံးငှက်အမျိုးအစားထဲမှာ ပါဝင်ပြီး သိပ္ပံနာမည်ကတော့ Coturnix coturnix ဖြစ်ပါတယ်။ မြေပြင်ပေါ်မှာ အသိုက်ဆောက်လုပ်နေထိုင်လေ့ရှိပြီး Phasianidae ငှက်မျိုးစိတ်ထဲမှာပါဝင်ပါတယ်။ ဥရောပ နဲ့ အာဖရိကမြောက်ပိုင်းဒေသတွေမှာ အများဆုံး တွေ့ရလေ့ရှိပါတယ်။ ခန္ဓာကိုယ်အရွယ်အစား ၈လက်မဝန်းကျင်ခန့်ရှိပြီး အလေးချိန် ၁၃၀ ဂရမ်ခန့်သာ ရှိတတ်ပါတယ်။
သေးငယ်ကာ လုံးဝန်းတဲ့သဏ္ဍာန်ရှိပြီး အရောင်အားဖြင့် အညိုရောင်ပေါ်မှာ အဖြူစင်းတွေရှိနေပါတယ်။ အထီးတွေရဲ့ မေးကတော့ အဖြူရောင်ဖြစ်ပါတယ်။ မြေပြင်ပေါ်မှာပဲ သွားလာနေထိုင်လေ့ရှိပြီး သူတို့ရဲ့အစာက အပင်ငယ် ၊ အစေ့အဆန်တွေ နဲ့ အင်းဆက်တွေဖြစ်ပါတယ်။ သူတို့အစာတွေထဲမှာ အဆိပ်ရှိတဲ့အပင်ငယ်တွေလည်း ပါဝင်လေ့ရှိပါတယ်။ ဒီလိုငုံးမျိုးကို စားမိရင်တော့ လူလေးယောက်မှာ ၁ယောက်ခန့်ဟာ ကြွက်သားနာကျင်ကိုက်ခဲပြီး နေမကောင်းဖြစ်လေ့ရှိပါတယ်။
၄။ Hooded Pitohui
အလွန်လှပတဲ့ ငှက်တမျိုးဖြစ်ပြီး သူတို့ရဲ့ မူရင်းဒေသကတော့ နယူးဂီနီနိုင်ငံဖြစ်ပါတယ်။ သူ့ရဲ့သိပ္ပံအမည်ကတော့ Pitohui dichrous ဖြစ်ပါတယ်။ ဒီငှက်တွေရဲ့ ခန္ဓာကိုယ်အလျားဟာ ဦးခေါင်းကနေ အမြီးအထိ ၉လက်မဝန်းကျင်ခန့်ရှိပြီး အလေးချိန်အားဖြင့် ၇၀ ဂရမ်လောက်ရှိတတ်ပါတယ်။ ဦးခေါင်းပိုင်းကတော့ အနက်ရောင်ဖြစ်ပြီး ဝမ်းဗိုက်ပိုင်းကတော့ လိမ္မော်ရောင်ဖြစ်ပါတယ်။
ဒီငှက်တွေဟာ Raven ၊ Crow တို့နဲ့ မျိုးနွယ်တူဖြစ်တာကြောင့် ကျီးကန်းနဲ့ ခပ်ဆင်ဆင်တူသလို အသံသာတဲ့ တေးသီငှက်တမျိုးလည်းဖြစ်ပါတယ်။ လှတယ် ၊ အသံသာပေမယ့် ကြောက်ဖို့ကောင်းတာကတော့ အဆိပ်ရှိနေတာပါ။ ၁၉၉၀ ခုနှစ်လောက်က သုတေသနပညာရှင်တယောက်ဟာ ဒီငှက်ရဲ့ အရေပြားကို ကိုင်မိပြီးတဲ့နောက် လက်အပူလောင်သွားခဲ့ပါတယ်။ လေ့လာကြည့်ကြတဲ့အခါမှာတော့ ဒီငှက်မှာ neurotoxin ဆိုတဲ့ အဆိပ်တမျိုးပါဝင်နေတာကို သိခဲ့ရပါတယ်။
သူတို့ရဲ့ အဆိပ်ဟာ ကိုလံဘီယာ အဆိပ်ဖားတွေရဲ့ အဆိပ်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒီဖြစ်ရပ်ကို စတင်သိရှိတဲ့ သုတေသနပညာရှင်ဟာ လက်အပူလောင်တဲ့အပြင် ပါးစပ်ပါထုံသွားတဲ့အတွက် ဒေသခံတွေကိုမေးကြည့်တဲ့အခါမှာတော့ ဒီငှက်အမျိုးအစားတွေနဲ့ ဝေးဝေးနေဖို့ပြောကြပါတယ်။ သုတေသနပညာရှင်ဟာ ဒီငှက်ရဲ့ အဆိပ်အနည်းငယ်ကို ရယူပြီး ကြွက်တကောင်ကို ထိုးသွင်းစမ်းသပ်တဲ့အခါ အကြောတချို့သေသွားခဲ့ပြီး အဆိပ်များများထိုးသွင်းတဲ့အခါမှာတော့ အထိုးခံရတဲ့ကြွက်ဟာ တက်ပြီး သေသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီငှက်တွေဟာ နယူးဂီနီပိုးတောင်မာ (အဆိပ်ရှိ) တွေကို အဓိကစားသောက်ရာကနေ ဒီလိုအဆိပ်ဗီဇ ရရှိခဲ့တယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။
——– —– ———
(Zawgyi)
အဆိပ္ရွိေသာ ငွက္ ၄ မ်ိဳး
ေခါင္းစဥ္ၾကည့္ၿပီး အနည္းငယ္ေတာ့ အံၾသသြားမယ္ထင္ပါတယ္။ ကြၽန္ေတာ္တို႔ အမ်ားစုသိထားၾကတာက ငွက္အမ်ားစုဟာ လွပၿပီး တခ်ိဳ႕ၾကမ္းတမ္းတဲ့ သားရဲငွက္ေတြဆိုရင္ အလြန္ဆုံး ႏႈတ္သီးနဲ႔ ထိုးမယ္ ဆိတ္မယ္ ၊ ကုတ္မယ္ ဖဲ့မယ္ ၊ အေတာင္ပံနဲ႔ တိုက္ခိုက္မယ္ ဒီေလာက္ပါပဲ။ ဒါေပမယ့္ လူသိနည္းတာကေတာ့ အနည္းငယ္ေသာ ငွက္ေတြမွာလည္း အဆိပ္ရွိေနတယ္ ဆိုတာပါ။
ဒါေပမယ့္ သူတို႔အဆိပ္ဟာ ေႁမြ နဲ႔ အျခားအဆိပ္ရွိသတၱဝါေတြလို ကိုက္တဲ့အဆိပ္မဟုတ္ပဲ သူတို႔ရဲ႕ခႏၶာကိုယ္ကို ထိေတြ႕ကိုင္တြယ္တာ နဲ႔ သူတို႔ကိုစားသုံးျခင္းေတြ ျပဳလုပ္မွသာ မိတဲ့အဆိပ္ျဖစ္ပါတယ္။ ဒီတခါေတာ့ အဆိပ္ရွိတဲ့ ငွက္ ၄ မ်ိဳး အေၾကာင္းကို သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဗဟုသုတ အေနနဲ႔ ေဝမွ်သြားပါမယ္။
၁။ The Little Shrikethrush
ဒီငွက္ေတြကိုေတာ့ ၾသစေၾတးလ် ၊ အင္ဒိုနီးရွား နဲ႔ နယူးဂီနီ ႏိုင္ငံေတြမွာ အမ်ားဆုံးေတြ႕ရေလ့ရွိပါတယ္။ သိပၸံအမည္ Colluricincla megarhyncha ျဖစ္တဲ့ ဒီငွက္ေတြဟာ အပူးပိုင္းေဒသ သစ္ေတာေတြ နဲ႔ ေျမနိမ့္ေဒသေတြမွာ အမ်ားဆုံးေနထိုင္ၾကပါတယ္။ ေက်ာဘက္က အညိဳေရာင္ရွိၿပီး ရင္ဘတ္ကေတာ့ ဝါက်င့္က်င့္အေရာင္ရွိပါတယ္။ ခႏၶာကိုယ္အလ်ားကေတာ့ ၇လက္မဝန္းက်င္ရွိၿပီး အေလးခ်ိန္ကေတာ့ ၄၀ ဂရမ္ခန႔္ ရွိတတ္ပါတယ္။
အထီး နဲ႔ အမကိုေတာ့ မ်က္စိကြင္းပါမပါ နဲ႔ ခြဲျခားႏိုင္ပါတယ္။ မ်က္စိကြင္းပါရင္ အမျဖစ္ၿပီး မပါရင္ေတာ့ အထီးျဖစ္ပါတယ္။ သူတို႔ရဲ႕အက်င္ကေတာ့ အစာရွာရင္ရွာ မရွာရင္ သီခ်င္းဆိုေနတတ္ေလ့ရွိပါတယ္။ အဆိပ္ကေတာ့ခႏၶာကိုယ္အေရျပား နဲ႔ အေမႊးအေတာင္ေတြမွာ ရွိေနပါတယ္။ အဓိကကေတာ့ အဆိပ္ရွိတဲ့ အင္းဆက္ေတြကို စားသုံးမႈေၾကာင့္ျဖစ္ပါတယ္။
၂။ The Spur-Winged Goose
ငွက္ႀကီးအမ်ိဳးအစားျဖစ္ၿပီး သူ႔ရဲ႕သိပၸံအမည္က Plectopterus gambiensis ျဖစ္ပါတယ္။ အာဖရိကတိုက္ ဆာဟာရေတာင္ပိုင္းက စြတ္စိုတဲ့ေဒသေတြမွာ အမ်ားဆုံးေတြ႕ရတတ္ပါတယ္။ ခႏၶာကိုယ္အလ်ား ၃ေပခြဲခန႔္ ရွိတတ္ၿပီး အေလးခ်ိန္ကေတာ့ ၁၅ေပါင္ခန႔္ ရွိတတ္ပါတယ္။ သူတို႔ဟာ အုပ္စုလိုက္ေနတတ္ေလ့ရွိၿပီး တခါတရံ အေကာင္ ၅၀ ေလာက္အထိ စုေနတတ္ၾကပါတယ္။
ဒီငွက္ကေတာ့ အေကာင္တိုင္း အဆိပ္ရွိေနတာမဟုတ္ပဲ အနည္းငယ္ေသာ အေကာင္ေတြဟာမွာသာ အဆိပ္ရွိေနတတ္ပါတယ္။ အဓိကကေတာ့ စားသုံးတဲ့ အစားအစာေပၚမွာ ကြာျခားသြားတာျဖစ္ၿပီး အဆိပ္ရွိတဲ့အင္းဆက္ေတြကို စားေလ့ရွိတဲ့ အေကာင္ေတြမွာသာ အဆိပ္ရွိေနတာပါ။ သူတို႔ကို မဆင္မျခင္အမဲလိုက္ဖို႔ တားျမစ္ထားၿပီး ႏိုင္ဂ်ီးရီးယား႐ိုးရာေဆးပညာမွာ အထူးတန္ဖိုးထားျခင္းခံရတဲ့ အမ်ိဳးအစားလည္းျဖစ္ပါတယ္။
၃။ The Common Quail
ငုံးငွက္အမ်ိဳးအစားထဲမွာ ပါဝင္ၿပီး သိပၸံနာမည္ကေတာ့ Coturnix coturnix ျဖစ္ပါတယ္။ ေျမျပင္ေပၚမွာ အသိုက္ေဆာက္လုပ္ေနထိုင္ေလ့ရွိၿပီး Phasianidae ငွက္မ်ိဳးစိတ္ထဲမွာပါဝင္ပါတယ္။ ဥေရာပ နဲ႔ အာဖရိကေျမာက္ပိုင္းေဒသေတြမွာ အမ်ားဆုံး ေတြ႕ရေလ့ရွိပါတယ္။ ခႏၶာကိုယ္အ႐ြယ္အစား ၈လက္မဝန္းက်င္ခန႔္ရွိၿပီး အေလးခ်ိန္ ၁၃၀ ဂရမ္ခန႔္သာ ရွိတတ္ပါတယ္။
ေသးငယ္ကာ လုံးဝန္းတဲ့သ႑ာန္ရွိၿပီး အေရာင္အားျဖင့္ အညိဳေရာင္ေပၚမွာ အျဖဴစင္းေတြရွိေနပါတယ္။ အထီးေတြရဲ႕ ေမးကေတာ့ အျဖဴေရာင္ျဖစ္ပါတယ္။ ေျမျပင္ေပၚမွာပဲ သြားလာေနထိုင္ေလ့ရွိၿပီး သူတို႔ရဲ႕အစာက အပင္ငယ္ ၊ အေစ့အဆန္ေတြ နဲ႔ အင္းဆက္ေတြျဖစ္ပါတယ္။ သူတို႔အစာေတြထဲမွာ အဆိပ္ရွိတဲ့အပင္ငယ္ေတြလည္း ပါဝင္ေလ့ရွိပါတယ္။ ဒီလိုငုံးမ်ိဳးကို စားမိရင္ေတာ့ လူေလးေယာက္မွာ ၁ေယာက္ခန႔္ဟာ ႂကြက္သားနာက်င္ကိုက္ခဲၿပီး ေနမေကာင္းျဖစ္ေလ့ရွိပါတယ္။
၄။ Hooded Pitohui
အလြန္လွပတဲ့ ငွက္တမ်ိဳးျဖစ္ၿပီး သူတို႔ရဲ႕ မူရင္းေဒသကေတာ့ နယူးဂီနီႏိုင္ငံျဖစ္ပါတယ္။ သူ႔ရဲ႕သိပၸံအမည္ကေတာ့ Pitohui dichrous ျဖစ္ပါတယ္။ ဒီငွက္ေတြရဲ႕ ခႏၶာကိုယ္အလ်ားဟာ ဦးေခါင္းကေန အၿမီးအထိ ၉လက္မဝန္းက်င္ခန႔္ရွိၿပီး အေလးခ်ိန္အားျဖင့္ ၇၀ ဂရမ္ေလာက္ရွိတတ္ပါတယ္။ ဦးေခါင္းပိုင္းကေတာ့ အနက္ေရာင္ျဖစ္ၿပီး ဝမ္းဗိုက္ပိုင္းကေတာ့ လိေမၼာ္ေရာင္ျဖစ္ပါတယ္။
ဒီငွက္ေတြဟာ Raven ၊ Crow တို႔နဲ႔ မ်ိဳးႏြယ္တူျဖစ္တာေၾကာင့္ က်ီးကန္းနဲ႔ ခပ္ဆင္ဆင္တူသလို အသံသာတဲ့ ေတးသီငွက္တမ်ိဳးလည္းျဖစ္ပါတယ္။ လွတယ္ ၊ အသံသာေပမယ့္ ေၾကာက္ဖို႔ေကာင္းတာကေတာ့ အဆိပ္ရွိေနတာပါ။ ၁၉၉၀ ခုႏွစ္ေလာက္က သုေတသနပညာရွင္တေယာက္ဟာ ဒီငွက္ရဲ႕ အေရျပားကို ကိုင္မိၿပီးတဲ့ေနာက္ လက္အပူေလာင္သြားခဲ့ပါတယ္။ ေလ့လာၾကည့္ၾကတဲ့အခါမွာေတာ့ ဒီငွက္မွာ neurotoxin ဆိုတဲ့ အဆိပ္တမ်ိဳးပါဝင္ေနတာကို သိခဲ့ရပါတယ္။
သူတို႔ရဲ႕ အဆိပ္ဟာ ကိုလံဘီယာ အဆိပ္ဖားေတြရဲ႕ အဆိပ္နဲ႔ ခပ္ဆင္ဆင္တူပါတယ္။ ဒီျဖစ္ရပ္ကို စတင္သိရွိတဲ့ သုေတသနပညာရွင္ဟာ လက္အပူေလာင္တဲ့အျပင္ ပါးစပ္ပါထုံသြားတဲ့အတြက္ ေဒသခံေတြကိုေမးၾကည့္တဲ့အခါမွာေတာ့ ဒီငွက္အမ်ိဳးအစားေတြနဲ႔ ေဝးေဝးေနဖို႔ေျပာၾကပါတယ္။ သုေတသနပညာရွင္ဟာ ဒီငွက္ရဲ႕ အဆိပ္အနည္းငယ္ကို ရယူၿပီး ႂကြက္တေကာင္ကို ထိုးသြင္းစမ္းသပ္တဲ့အခါ အေၾကာတခ်ိဳ႕ေသသြားခဲ့ၿပီး အဆိပ္မ်ားမ်ားထိုးသြင္းတဲ့အခါမွာေတာ့ အထိုးခံရတဲ့ႂကြက္ဟာ တက္ၿပီး ေသသြားခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဒီငွက္ေတြဟာ နယူးဂီနီပိုးေတာင္မာ (အဆိပ္ရွိ) ေတြကို အဓိကစားေသာက္ရာကေန ဒီလိုအဆိပ္ဗီဇ ရရွိခဲ့တယ္ဆိုတာ စစ္ေဆးေတြ႕ရွိခဲ့ၾကပါတယ္။
Discussion about this post