• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အဆင်းရဲဆုံးအိမ်ထောင်စုတွေ အများဆုံးရှိတဲ့နိုင်ငံများ

by Thutamm
September 22, 2020
Reading Time: 2min read
0
အဆင်းရဲဆုံးအိမ်ထောင်စုတွေ အများဆုံးရှိတဲ့နိုင်ငံများ
Share on FacebookShare on Twitter

ရေးသားသူ – Aung kaung htet (GAD)

အိန္ဒိယနိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ ကွန်ဂို နဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေဟာ ကမ္ဘာ့အဆင်းရဲဆုံးသောအိမ်ထောင်စုဝင်တွေတည်ရှိရာနေရာဖြစ်ပါတယ်။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ဆင်းရဲမှုနှုန်းထားကတော့ တနေ့ဝင်ငွေအမေရိကန်ဒေါ်လာ (၁.၉၀) ထက်အောက်ရရှိသူတွေကို သတ်မှတ်ပါတယ်။ ကမ္ဘာပေါ်ကလူသန်းပေါင်း (၇၃၀) လောက်ရဲ့တနေ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ (၁.၉၀)ထက်ကိုနိမ့်ကျနေတယ်လို့လည်းလေ့လာမှုတွေအရသိရပါတယ်။ ကုလသမဂ္ဂ ရဲ့စာရင်းတွေမှာတော့ ဘင်္ဂလားဒေ့ရှ်ဟာဆို ရင် အဆင်းရဲဆုံးသောနိုင်ငံစာရင်းကနေ အလယ်အလတ်တန်းစားဝင်ငွေ ရရှိတဲ့နိုင်ငံနေရာမှာရပ်တည်နေတယ်လို ကုလသမဂ္ဂ ရဲ့ဖော်ပြချက်တွေမှာပါရှိတာကြောင့် ကမ္ဘာအဆင်းရဲဆုံးသောအောက်ခြေနိုင်ငံ တွေအနက်မှာတော့ အတော်ကိုဖွံဖြိုးလာတယ်လို့သတ်မှတ်ရမှာဖြစ်ပါတယ်။

ကမ္ဘာပေါ်က သက်ဆိုင်ရာနယ်ပယ်အလိုက် အလုပ်လုပ်ကိုင်နေရတဲ့လူဦးရေရဲ့ထက်ဝက်လောက်ရဲ့နေ့စဉ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ (၅.၅၀)ထက် နည်းပါးပြီ းရရှိနေကြတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်တာဝန်ရှိသူတွေရဲ့အဆိုအရတော့ ကမ္ဘာတလွှား အလွန်ဆိုးရွားတဲ့ ဆင်းရဲမှုဖြစ်စဉ်တွေ(တနေ့ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၉၀ ထက်လျော့ပါးစွာ) ရရှိသူတွေကို (၂၀၃၀)ခုနှစ်အတွင်းအနည်းဆုံးပမာဏဖြစ်အောင်ပြုလုပ်နိုင်မယ်လို့ ခန့်မှန်းထားပြီး အလွန်ခက်ခဲတဲ့ပန်းတိုင်တခုလည်းဖြစ်တဲ့အကြောင်း တဆက်တည်းဝန်ခံမှုတွေကိုပြုလုပ်ထားတာလည်းရှိနေပါတယ်။

ဆင်းရဲမှုရဲ့နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ သောက်သုံးရေ အလုံအလောက်မရရှိတဲ့ဖြစ်စဉ်တွေ၊ ပညာရေး/ကျန်းမာရေးဆိုင်ရာပြဿနာရပ်တွေဟာလည်းလူသားတွေရဲ့နေထိုင်ရာလူနေမှုဘဝကို ကြီးစွာဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ တရားဝင်မှတ်တမ်းတွေမှာဆိုရင် အလွန်တိုးတက်နေတဲ့ ယနေ့ ၂၁ရာစုနည်းပညာခေတ်ကြီးမှာတောင် ကမ္ဘာလူဦးရေရဲ့ (၁၃)ရာခိုင်နှုန်းဖြစ်တဲ့ လူသန်းပေါင်း(၉၄၀)လောက်ဟာ ယနေ့တိုင်လျှပ်စစ်မီးမမရှိပဲ ညအခါ အမှောင်ထဲမှာသာ နေထိုင်နေရဆဲ၊ ရေဒီယိုလိုပစ္စည်းတွေ၊လက်နှိပ်ဓာက်မီးလိုပစ္စည်းတွေကလွဲရင် မည်သည့်လျှပ်စစ် အီလက်ထရောနစ်ပစ္စည်းကိုမှ သုံးစွဲနိုင်ခြင်းမရှိတဲ့ အခြေအနေမှာရှိနေပါတယ်။ ဒါအပြင် ၄၀ ရာခိုင်နှုန်းသော ကမ္ဘာလူဦးရေ ဟာဆိုရင်လည်းနေ့စဉ်ချက်ပြုတ်နေတဲ့ထင်း၊မီးသွေး၊လောင်စာတောင့်တို့လိုပစ္စည်းတွေကြောင့် ကင်ဆာအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများစွာကို ခံစားခဲ့ရပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

(၁) အိန္ဒိယနိုင်ငံ

အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း အင်အားကြီး နိုင်ငံစာရင်းမှာ ပါဝင်နေခဲ့ပေမယ့် နိုင်ငံသားအများစုကတော့ အလွန်အမင်းဆင်းရဲတဲ့မိသားစုဝင်တွေဖြစ်နေကြတုန်းပါပဲ။အိန္ဒိယအစိုးရရဲ့စီမံကိန်းတွေကြောင့် (၂၀၀၀)ပြည့်နှစ်နောက်ပိုင်းကာလကနေစပြီး အလွန်ဆင်းရဲတဲ့အခြေအနေကနေမိသားစုဝင်အတော်များများ ရုန်းထွက်လာနိုင်ခဲ့ကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့အထိတော့နိုင်ငံသားအများစုဟာ အနိမ့်ကျဆုံးသော လူနေမှုဘဝတွေကိုပိုင်ဆိုင်နေကြဆဲအခြေအနေမှာရှိနေကာအရေအတွက်အားဖြင့်ဆိုရင်တော့ လူဦးရေ သန်းပေါင်း(၂၇၀)၊အိန္ဒိယနိုင်ငံလူဦးရေစုစုပေါင်းရဲ့ (၂၀)ရာခိုင်နှုန်းအထိကို ရှိနေပါတယ်။ ကျန်လူဦးရေရဲ့ (၆၀)ရာခိုင်နှုန်းရဲ့တနေ့တာဝင်ငွေကလည်း ပျှမ်းမျှအား ဖြင့်အမေရိကန်ဒေါ်လာ (၃.၁၀)ထက် လျော့နည်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။

Oxfam ရဲ့စစ်တမ်းတွေအရဆိုရင်လည်း အိန္ဒိယနိုင်ငံရဲ့ငွေကြေးထုထည်ကိုအနည်းငယ်မျှသောသူတွေလောက်ကသာ ထိန်းချုပ်ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ (၂၀၁၇)ခုနှစ်ကာလကဆိုရင်အိန္ဒိယရဲ့ အချမ်းသာဆုံးလုပ်ငန်းရှင် ၁၀%လောက်ကနိုင်ငံတော်ကြွယ်ဝမှုရဲ့(၈၀) ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားခဲ့တယ်လို့ သိရပါတယ်။ ဒါအပြင်နိုင်ငံတွင်းစီးပွားရေးဆိုင်ရာပိုင်ဆိုင်မှုအားလုံးရဲ့ (၅၈)ရာခိုင်နှုန်းလောက်ကိုလည်း ထိပ်တန်းသူဌေး (၁)ရာခိုင်နှုန်းလောက်ကသာ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

နိုင်ငံရဲ့ကျေးလက်ဒေသနေ လူဦးရေရဲ့ (၁၁)ရာခိုင်နှုန်းလောက်ကသာ ရေခဲသေတ္တာလို လျှပ်စစ်ပစ္စည်းတွေဝယ်ယူသုံးစွဲနိုင်တာဖြစ်ပြီး အရွယ်ရောက်ပြီး (၃၅)ရာခိုင်နှုန်းသော လူဦးရေဟာ စာမတတ်ကြပါဘူး။ နာမည်ကျော်ဂျာနယ်လစ် Moni Basu ရဲ့ စီအန်အန်သတင်းဌာနနဲ့ပြုလုပ်တဲ့မှတ်ချက်တခုမှာဆိုရင် အိန္ဒိယရဲ့ဆင်းရဲနွံနစ်နေတဲ့လုပ်သားတယောက်ရဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ(၁၀၀၀)တန်တဲ့ နာမည်ကြီးတံဆိပ်လွယ်အိတ်ကို ဝယ်ယူနိုင်ဖို့ (၂၅)နှစ် လောက်အလုပ်လုပ်မယ်ဆိုရင်တောင်ဝယ်နိုင်မှာမဟုတ်တဲ့အကြောင်းဖောက်သည်ချခဲ့ ဖူးပါတယ်။

အများစုကတော့ မျိုးရိုးနဲ့ကို ဆင်းရဲကြတာဖြစ်ပြီး တချို့မြို့ကြီးတွေမှာက ဈေးဝယ်စင်တာတွေဆိုရင် ဆင်းရဲသားတွေကိုဝင်ခွင့်မပေးတာမျိုးကိုတောင်ပြုလုပ်လေ့ ရှိတာကြောင့် လူသက်တမ်းတလျှောက်လုံး Shopping Mall တွေကိုမရောက်ဖူးတဲ့သူ သန်းပေါင်းများစွာဟာ အိန္ဒိယမှာရှိနေပါတယ်။ ပညာရှင်အချို့ကတော့ အိန္ဒိယအစိုးရအတွင်း အကျင့်ပျက်ချစားမှုတွေ၊တရားမဝင်လောင်းကစားတွေနဲ့ ပညာရေးစနစ်နိမ့်ပါးခြင်းတွေကပဲ အိန္ဒိယကို ကမ္ဘာ့ အဆင်းရဲဆုံးသော အိမ်ထောင်စုအများဆုံးနေထိုင်ရာ နိုင်ငံအဖြစ်ကို ရောက်ရှိစေခဲ့ခြင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

(၂) နိုင်ဂျီးရီးယား

အာဖရိကတိုက် ဆာဟာရကန္တာရဒေသနဲ့ တောင်အာရှဒေသနှစ်ခုပေါင်းဟာဆိုရင် ကမ္ဘာ့အဆင်းရဲဆုံးသောလူဦးရေရာခိုင်နှုန်းရဲ့ (၈၅)ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ (၆၂၉)သန်းခန့် နေထိုင်ကြပါတယ်။ ယင်းဒေသတွင်းပါဝင်နေတဲ့ နိုင်ဂျီးရီးယားနိုင်ငံဟာဆိုရင်လည်း အာဖရိကရဲ့ ထိပ်တန်းနိုင်ငံဖြစ်ပေမယ့် အဆင်းရဲဆုံး အိမ်ထောင်စုဝင်တွေ အများဆုံးနေထိုင်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဆာဟာရ ကန္တာရဒေသအခြေခံလူဦးရေရဲ့ (၄၀)ရာခိုင်နှုန်းဟာ ဆိုရင် ဝင်ငွေနည်းပါး ကျဆင်းတဲ့ဖြစ်စဉ်တွေနဲ့ အမြဲလိုလိုကြုံတွေ့နေရတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ယင်းဒေသတွေရဲ့လူဦးရေတိုးပွားနှုန်းကတော့ အတော်ကိုများပြားနေခဲ့တာကို တွေ့ရမှာဖြစ်ပြီး (၁၉၉၀)ကနေ(၂၀၁၅)ခုနှစ်အကြားမှာတင်မူလလူဦးရေ ရဲ့နှစ်ဆအထိကို တိုးပွားလာခဲ့တာဖြစ်ပါတယ်။

အလုပ်အလုပ်ကိုင်ရှားပါးခြင်းတွေအပြင် ယင်းဒေသရဲ့လူတယောက်ချင်းဝင်ငွေဟာဆိုရင်လည်း တနေ့ကို အမေရိကန်ဒေါ်လာ (၃.၂၀)ထက် လျော့နည်းပိုင်ဆိုင်ကြရတာလည်းဖြစ်ပါတယ်။ ဆင်းရဲမှုရဲ့နောက် ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့သောက်သုံးရေရှားပါးတဲ့ပြသာနာတွေ၊ကျန်းမာရေးနဲ့ပညာရေးကဏ္ဍတွေမှာဆိုရင်လည်း နိမ့်ကျတဲ့ဖြစ်စဉ်တွေကြောင့် နိုင်ဂျီးရီးယားအစိုးရအနေနဲ့ နိုင်ငံတကာရဲ့အကူအညီကို တောင်းခံဆောင်ရွက်ရတဲ့ဖြစ်စဉ်များစွာရှိနေဆဲလည်းဖြစ်ပါ တယ်။

(၃) အီသီယိုးပီးယား

ဒီဘက်နှစ်တွေရဲ့ အတိုးတက်ဆုံးနိုင်ငံစာရင်းမှာ အီသီယိုးပီးယားနိုင်ငံလည်းပါဝင်နေပေမယ့် ဒေသတွင်းနိုင်ငံတွေနည်းတူ ဆင်းရဲလွန်းတဲ့ အိမ်ထောင်စုအရေအတွက်များစွာကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ ကမ္ဘာဘဏ်ရဲ့ထုတ်ပြန်ချက်တွေအရတော့ နိုင်ငံရဲ့ဆင်းရဲမှုတိုက်ဖျက်ရေးစီမံကိန်းတွေဟာ အားရဖွယ်ကောင်းတယ်ဆိုပေမယ့် နိုင်ငံတွင်းဆင်းရဲချမ်းသာနှုန်းထားတွေကတော့ ကြီးစွာ ကွာဟနေဆဲလည်းဖြစ်ပါတယ်။

အခြေခံလူတန်းစားတွေအတွက်ပညာရေး၊ကျန်းမာရေး ဖွံဖြိုးတိုးတက်မှုလုပ်ငန်းတွေကို အစိုးရကအကောင်အထည်ဖော်ဆောင်ရွက်နေပေမယ့် အလယ်အလတ်တန်းစားတွေနဲ့ နှိုင်းယှဉ်ရင်ပဲ ကွာခြားမှုနှုန်းထား ဆက်လက်များပြားနေဆဲပဲဖြစ်ပါတယ်။ အီသီယိုးပီးယား ရဲ့အဆင်းရဲဆုံးသောလူဦးရေရဲ့ (၁၀)ရာခိုင်နှုန်းဟာဆိုရင် (၂၀၀၅)ခုနှစ်ကနေ(၂၀၁၅)ခုနှစ်ကာလအတွင်း စီးပွားရေး/ဝင်ငွေတိုးတက်နှုန်းမြင့်တက်ခဲ့တာမျိုးလုံးဝမရှိခဲ့တဲ့ အခြေ အနေကို ရင်ဆိုင်ခဲ့ရပါတယ်။ သူဆင်းရဲအများစုဟာဆိုရင်စိုက်ပျိုးရေးဧရိယာအတွင်းမှာ သာအချိန်ကုန်နေကြရပြီး ပညာသင်ကြားသူမရှိသလောက်ကိုများပြားနေခဲ့တာလည်း ဖြစ်ပါတယ်။

အီသီယိုးပီးယားရဲ့လူဦးရေဟာ (၂၀၁၅)ကနေ (၂၀၂၅)ခုနှစ်အကြားမှာတော့ (၂)ဆနီးပါးတိုးများလာဖွယ်ရှိနေတယ်လို့ ခန့်မှန်းမှုတွေရှိနေခဲ့ပြီး မြို့ကြီးတွေနဲ့ မြို့ငယ်အချို့မှာတော့ ငွေကြေးဆိုင်ရာ တိုးတက်မှုများစွာရှိနေခဲ့ပါတယ်။ အီသီယိုးပီးယားဟာဆိုရင် ဖွံဖြိုးမှုအားကောင်းကောင်းနဲ့တိုးတက်နေခဲ့တာကိုတွေ့ရပြီး အခြေခံလူတန်းစားတွေအတွက် ကဏ္ဍပေါင်းစုံရဲ့အခြေခံအဆောက်အအုံသစ်တွေတည် ဆောက်ဖို့ငွေကြေးများစွာသုံးစွဲသွားရမယ့် အခြေအနေမှာလည်းရှိနေပါတယ်။ နိုင်ငံတွင်း ဆင်းရဲချမ်းသာမှုကွာခြားချက်ကြီးကြီးအနေအထားကိုကျော်ဖြတ်နိုင်ခဲ့ရင်တော့ အီသီယိုးပီးယားဟာကမ္ဘာအဆင်းရဲဆုံးဆိုတဲ့ နိုင်ငံစာရင်းကနေ ရုန်းထွက်နိုင်မှာဖြစ်ပါတယ်။

(၄) ကွန်ဂို

နိုင်ငံတွင်း ချမ်းသာတဲ့အသိုင်းအဝိုင်းနဲ့ ဆင်းရဲတဲ့လူတန်းစားတွေအကြား ကွာခြားချက်ကြီးမားလွန်းလှတဲ့ကွန်ဂိုနိုင်ငံဟာဆိုရင် (၂၀၁၈)ခုနှစ်ကစာရင်းတွေအရ နိုင်ငံတော်လူဦးရေရဲ့(၇၂)ရာခိုင်နှုန်းဟာ တနေ့ဝင်ငွေအမေရိကန်ဒေါ်လာ (၁.၉၀)အောက်ကိုရရှိနေတာ ဖြစ်ပါတယ်။ (၁၉၉၀)ခုနှစ်ကတည်းကစတင်ဖြစ်ပွားလာခဲ့တဲ့ နိုင်ငံရေးအရှုပ်အထွေးတွေအပြင် အီဘိုလာလိုရောဂါဆန်းတွေ၊ ယခုကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုဒဏ်ကိုလည်း ခံစားနေရပါတယ်။

လေ့လာမှုတွေအရ အခြေခံလူတန်းစားတွေမှာဆိုရင် သမီးမိန်းကလေး(၆)နှစ်သမီးအရွယ်အထိ မိဘတွေရဲ့ချို့တဲ့မှုကြောင့် အဝတ်အစားလုံလောက်အောင်ဝတ်ပေးမှုမရှိသလောက်ကို ဖြစ်နေရတယ်လို့ဆိုပါတယ်။ ကလေးတွေဟာဆိုရင်အသက်(၉)နှစ်လောက်မှ စာစသင်ကြားရပြီး (၄၃)ရာခိုင်နှုန်းလောက်ဟာ အာဟာရဓာတ် ချို့တဲ့ကြသူတွေဖြစ်ကြပါတယ်။ကွန်ဂိုအစိုးရအနေနဲ့ တိုင်းပြည်ကိုဆင်းရဲတွင်းထဲကနေ ကယ်တင်ဖို့ အလုပ်များစွာ ပြုလုပ်ဖို့လိုအပ်နေပါသေးတယ်။

(၅) ဘင်္ဂလားဒေ့ရှ်

မြန်မာအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာဆိုရင်လည်းဆင်းရဲမှု တိုက်ဖျက်ရေး စီမံကိန်းများစွာနဲ့ တဖြည်းဖြည်းချင်းတိုးတက်နေတဲ့ နိုင်ငံတခုဖြစ်ပြီး (၁၉၉၁)ခုနှစ် မှတ်တမ်းတွေအရ အလွန်ဆင်းရဲတဲ့လူဦးရေအရေနှုန်းထားကို (၂၀၁၆/၂၀၁၇)မှာတော့ ၁၃.၈ရာခိုင်နှုန်းလောက်အထိကို လျော့ကျသွားအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။ ကုလသမဂ္ဂ ရဲ့မှတ်တမ်းတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာဖွံဖြိုးမှုအနည်းဆုံးသော နိုင်ငံစာရင်းကနေ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတခုအဖြစ်ကိုရောက်ရှိနေပြီလို့သိရပေမယ့် အဆင်းရဲဆုံးအိမ်ထောင်စုတွေကို အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေတုန်းပါပဲ။

သူတို့ဟာ LDC (Least Development Country) ဖွံဖြိုးမှုအနည်းဆုံးသော နိုင်ငံစာရင်းကနေ (၂၀၂၄)ခုနှစ်အတွင်းမှာပဲ ရုန်းထွက်နိုင်ဖို့မျှော်လင့်ထားကြတာကိုလည်းတွေ့ရမှာဖြစ်ပါ တယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ဖွံဖြိုးမှုအဟုန်ကိုဆက်လက်ထိန်းထားနိုင်ဖို့အတွက်တော့ အမျိုး သမီးတွေရဲ့အခန်းကဏ္ဍကိုပိုမိုမြှင့်တင်ဖို့၊စီးပွားရေးဆိုင်ရာအခြေခံအဆောက်အအုံတွေ ကိုတည်ဆောက်ရာမှာငွေကြေးသုံးစွဲဖို့၊နိုင်ငံတကာအတိုင်းအတာတခုအထိပိုမိုကောင်း မွန်တဲ့စီးပွားရေးဆိုင်ရာစီမံကိန်းမြှပ်နှံမှုတွေကိုအလေးထားမြှင့်တင်ဆောင်ရွက်ဖို့လို တယ်လို့ ကမ္ဘာဘဏ်က အကြံပြုထားပါတယ်။

Ref:
World Atlas : Where Are The Poorest Places In The World? by Victoria Simpson

——– —— ———

(Zawgyi)

အဆင္းရဲဆုံးအိမ္ေထာင္စုေတြ အမ်ားဆုံးရွိတဲ့ႏုိင္ငံမ်ား

ေရးသားသူ – Aung kaung htet (GAD)

အိႏၵိယနိုင္ငံ၊ အီသီယိုးပီးယားနိုင္ငံ၊ ဘဂၤလားေဒ့ရွ္၊ ကြန္ဂို နဲ႔ နိုင္ဂ်ီးရီးယားနိုင္ငံေတြဟာ ကမာၻ႔အဆင္းရဲဆံုးေသာအိမ္ေထာင္စုဝင္ေတြတည္ရွိရာေနရာျဖစ္ပါတယ္။ နိုင္ငံတကာက သတ္မွတ္ထားတဲ့ဆင္းရဲမႈႏႈန္းထားကေတာ့ တေန႔ဝင္ေငြအေမရိကန္ေဒၚလာ (၁.၉၀) ထက္ေအာက္ရရွိသူေတြကို သတ္မွတ္ပါတယ္။ ကမာၻေပၚကလူသန္းေပါင္း (၇၃၀) ေလာက္ရဲ့တေန႔ဝင္ေငြဟာ အေမရိကန္ေဒၚလာ (၁.၉၀)ထက္ကိုနိမ့္က်ေနတယ္လို႕လည္းေလ့လာမႈေတြအရသိရပါတယ္။ ကုလသမဂၢ ရဲ့စာရင္းေတြမွာေတာ့ ဘဂၤလားေဒ့ရွ္ဟာဆို ရင္ အဆင္းရဲဆံုးေသာနိုင္ငံစာရင္းကေန အလယ္အလတ္တန္းစားဝင္ေငြ ရရွိတဲ့နိုင္ငံေနရာမွာရပ္တည္ေနတယ္လို ကုလသမဂၢ ရဲ့ေဖာ္ျပခ်က္ေတြမွာပါရွိတာေၾကာင့္ ကမာၻအဆင္းရဲဆံုးေသာေအာက္ေျခနို္င္ငံ ေတြအနက္မွာေတာ့ အေတာ္ကိုဖြံျဖိဳးလာတယ္လို႕သတ္မွတ္ရမွာျဖစ္ပါတယ္။

ကမာၻေပၚက သက္ဆိုင္ရာနယ္ပယ္အလိုက္ အလုပ္လုပ္ကိုင္ေနရတဲ့လူဦးေရရဲ့ထက္၀က္ေလာက္ရဲ့ေန႔စဥ္ဝင္ေငြဟာ အေမရိကန္ေဒၚလာ (၅.၅၀)ထက္ နည္းပါးျပီ းရရွိေနၾကတာ ျဖစ္ပါတယ္။ ကမာၻ႔ဘဏ္တာဝန္ရွိသူေတြရဲ့အဆိုအရေတာ့ ကမာၻတလႊား အလြန္ဆိုးရြားတဲ့ ဆင္းရဲမႈျဖစ္စဥ္ေတြ(တေန႔ဝင္ေငြအေမရိကန္ေဒၚလာ ၁.၉၀ ထက္ေလ်ာ့ပါးစြာ) ရရွိသူေတြကို (၂၀၃၀)ခုနွစ္အတြင္းအနည္းဆံုးပမာဏျဖစ္ေအာင္ျပဳလုပ္နိုင္မယ္လို႔ ခန္႔မွန္းထားျပီး အလြန္ခက္ခဲတဲ့ပန္းတိုင္တခုလည္းျဖစ္တဲ့အေၾကာင္း တဆက္တည္းဝန္ခံမႈေတြကိုျပဳလုပ္ထားတာလည္းရွိေနပါတယ္။

ဆင္းရဲမႈရဲ့ေနာက္ဆက္တြဲ ေဘးထြက္ဆိုးက်ိဳးေတြျဖစ္တဲ့ ေသာက္သံုးေရ အလံုအေလာက္မရရွိတဲ့ျဖစ္စဥ္ေတြ၊ ပညာေရး/က်န္းမာေရးဆိုင္ရာျပႆနာရပ္ေတြဟာလည္းလူသားေတြရဲ့ေနထိုင္ရာလူေနမႈဘဝကို ၾကီးစြာဆံုးရံႈးမႈေတြျဖစ္ေပၚေစခဲ့ပါတယ္။ တရားဝင္မွတ္တမ္းေတြမွာဆိုရင္ အလြန္တုိးတက္ေနတဲ့ ယေန႔ ၂၁ရာစုနည္းပညာေခတ္ႀကီးမွာေတာင္ ကမာၻလူဦးေရရဲ့ (၁၃)ရာခို္င္ႏႈန္းျဖစ္တဲ့ လူသန္းေပါင္း(၉၄၀)ေလာက္ဟာ ယေန႔တိုင္လ်ွပ္စစ္မီးမမရွိပဲ ညအခါ အေမွာင္ထဲမွာသာ ေနထိုင္ေနရဆဲ၊ ေရဒီယိုလိုပစၥည္းေတြ၊လက္နွိပ္ဓာက္မီးလိုပစၥည္းေတြကလြဲရင္ မည္သည့္လ်ွပ္စစ္ အီလက္ထေရာနစ္ပစၥည္းကိုမွ သံုးစြဲနိုင္ျခင္းမရွိတဲ့ အေျခအေနမွာရွိေနပါတယ္။ ဒါအျပင္ ၄၀ ရာခိုင္နႈန္းေသာ ကမာၻလူဦးေရ ဟာဆိုရင္လည္းေန႔စဥ္ခ်က္ျပဳတ္ေနတဲ့ထင္း၊မီးေသြး၊ေလာင္စာေတာင့္တို႔လိုပစၥည္းေတြေၾကာင့္ ကင္ဆာအပါအဝင္ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ားစြာကို ခံစားခဲ့ရၿပီးျဖစ္တယ္လုိ႔လည္း သိရပါတယ္။

(၁) အိႏၵိယနိုင္ငံ

အိႏၵိယနိုင္ငံဟာ ကမာၻ႔ထိပ္တန္း အင္အားၾကီး နိုင္ငံစာရင္းမွာ ပါဝင္ေနခဲ့ေပမယ့္ နိုင္ငံသားအမ်ားစုကေတာ့ အလြန္အမင္းဆင္းရဲတဲ့မိသားစုဝင္ေတြျဖစ္ေနၾကတုန္းပါပဲ။အိႏၵိယအစိုးရရဲ့စီမံကိန္းေတြေၾကာင့္ (၂၀၀၀)ျပည့္နွစ္ေနာက္ပိုင္းကာလကေနစျပီး အလြန္ဆင္းရဲတဲ့အေျခအေနကေနမိသားစုဝင္အေတာ္မ်ားမ်ား ရုန္းထြက္လာနို္င္ခဲ့ၾကတာကို ေတြ႔ျမင္ရမွာျဖစ္ပါတယ္။ ဒါေပမယ့္ ယေန႔အထိေတာ့နုိင္ငံသားအမ်ားစုဟာ အနိမ့္က်ဆံုးေသာ လူေနမႈဘဝေတြကိုပိုင္ဆိုင္ေနၾကဆဲအေျခအေနမွာရွိေနကာအေရအတြက္အားျဖင့္ဆိုရင္ေတာ့ လူဦးေရ သန္းေပါင္း(၂၇၀)၊အိႏၵိယနိုင္ငံလူဦးေရစုစုေပါင္းရဲ့ (၂၀)ရာခိုင္ႏႈန္းအထိကို ရွိေနပါတယ္။ က်န္လူဦးေရရဲ့ (၆၀)ရာခိုင္နႈန္းရဲ့တေန႔တာဝင္ေငြကလည္း ပ်ွမ္းမ်ွအား ျဖင့္အေမရိကန္ေဒၚလာ (၃.၁၀)ထက္ ေလ်ာ့နည္းေနတာကို ေတြ႔ရမွာျဖစ္ပါတယ္။

Oxfam ရဲ့စစ္တမ္းေတြအရဆိုရင္လည္း အိႏၵိယနိုင္ငံရဲ့ေငြေၾကးထုထည္ကိုအနည္းငယ္မ်ွေသာသူေတြေလာက္ကသာ ထိန္းခ်ဳပ္ပုိင္ဆုိင္ထားတယ္လို႔ သိရပါတယ္။ (၂၀၁၇)ခုနွစ္ကာလကဆိုရင္အိႏၵိယရဲ့ အခ်မ္းသာဆုံးလုပ္ငန္းရွင္ ၁၀%ေလာက္ကနိုင္ငံေတာ္ၾကြယ္ဝမႈရဲ့(၈၀) ရာခိုင္ႏႈန္းေလာက္ကို ထိန္းခ်ဳပ္ထားခဲ့တယ္လို႔ သိရပါတယ္။ ဒါအျပင္နိုင္ငံတြင္းစီးပြားေရးဆိုင္ရာပို္င္ဆိုင္မႈအားလံုးရဲ့ (၅၈)ရာခိုင္နႈန္းေလာက္ကိုလည္း ထိပ္တန္းသူေဌး (၁)ရာခိုင္ႏႈန္းေလာက္ကသာ ပုိင္ဆုိင္ထားတာျဖစ္ပါတယ္။

နိုင္ငံရဲ့ေက်းလက္ေဒသေန လူဦးေရရဲ့ (၁၁)ရာခိုင္နႈန္းေလာက္ကသာ ေရခဲေသတၱာလို လ်ွပ္စစ္ပစၥည္းေတြဝယ္ယူသံုးစြဲနိုင္တာျဖစ္ျပီး အရြယ္ေရာက္ၿပီး (၃၅)ရာခိုင္နႈန္းေသာ လူဦးေရဟာ စာမတတ္ၾကပါဘူး။ နာမည္ေက်ာ္ဂ်ာနယ္လစ္ Moni Basu ရဲ့ စီအန္အန္သတင္းဌာနနဲ႔ျပဳလုပ္တဲ့မွတ္ခ်က္တခုမွာဆိုရင္ အိႏၵိယရဲ့ဆင္းရဲႏြံနစ္ေနတဲ့လုပ္သားတေယာက္ရဲ့ဝင္ေငြဟာ အေမရိကန္ေဒၚလာ(၁၀၀၀)တန္တဲ့ နာမည္ႀကီးတံဆိပ္လြယ္အိတ္ကို ဝယ္ယူနိုင္ဖို႔ (၂၅)နွစ္ ေလာက္အလုပ္လုပ္မယ္ဆိုရင္ေတာင္ဝယ္နိုင္မွာမဟုတ္တဲ့အေၾကာင္းေဖာက္သည္ခ်ခဲ့ ဖူးပါတယ္။

အမ်ားစုကေတာ့ မ်ိဳးရိုးနဲ႔ကို ဆင္းရဲၾကတာျဖစ္ျပီး တခ်ိဳ႕ျမိဳ႕ၾကီးေတြမွာက ေစ်းဝယ္စင္တာေတြဆိုရင္ ဆင္းရဲသားေတြကိုဝင္ခြင့္မေပးတာမ်ိဳးကိုေတာင္ျပဳလုပ္ေလ့ ရွိတာေၾကာင့္ လူသက္တမ္းတေလ်ွာက္လံုး Shopping Mall ေတြကိုမေရာက္ဖူးတဲ့သူ သန္းေပါင္းမ်ားစြာဟာ အိႏၵိယမွာရွိေနပါတယ္။ ပညာရွင္အခ်ိဳ႕ကေတာ့ အိႏၵိယအစိုးရအတြင္း အက်င့္ပ်က္ခ်စားမႈေတြ၊တရားမဝင္ေလာင္းကစားေတြနဲ႔ ပညာေရးစနစ္နိမ့္ပါးျခင္းေတြကပဲ အိႏၵိယကို ကမာၻ႔ အဆင္းရဲဆံုးေသာ အိမ္ေထာင္စုအမ်ားဆုံးေနထုိင္ရာ ႏုိင္ငံအျဖစ္ကို ေရာက္ရွိေစခဲ့ျခင္း ျဖစ္တယ္လုိ႔ ဆုိထားပါတယ္။

(၂) နိုင္ဂ်ီးရီးယား

အာဖရိကတိုက္ ဆာဟာရကႏၱာရေဒသနဲ႔ ေတာင္အာရွေဒသနွစ္ခုေပါင္းဟာဆိုရင္ ကမာၻ႔အဆင္းရဲဆံုးေသာလူဦးေရရာခိုင္နႈန္းရဲ့ (၈၅)ရာခိုင္နႈန္းျဖစ္တဲ့ လူဦးေရ (၆၂၉)သန္းခန္႔ ေနထိုင္ၾကပါတယ္။ ယင္းေဒသတြင္းပါဝင္ေနတဲ့ နုိင္ဂ်ီးရီးယားနိုင္ငံဟာဆိုရင္လည္း အာဖရိကရဲ႕ ထိပ္တန္းႏုိင္ငံျဖစ္ေပမယ့္ အဆင္းရဲဆုံး အိမ္ေထာင္စု၀င္ေတြ အမ်ားဆုံးေနထုိင္တဲ့ ႏုိင္ငံလည္းျဖစ္ပါတယ္။ ဆာဟာရ ကႏၱာရေဒသအေျခခံလူဦးေရရဲ့ (၄၀)ရာခိုင္ႏႈန္းဟာ ဆိုရင္ ဝင္ေငြနည္းပါး က်ဆင္းတဲ့ျဖစ္စဥ္ေတြနဲ႔ အျမဲလိုလိုၾကံဳေတြ႔ေနရတာကိုလည္း ေတြ႔ျမင္ရမွာျဖစ္ပါတယ္။ ဒါေပမယ့္ ယင္းေဒသေတြရဲ့လူဦးေရတိုးပြားနႈန္းကေတာ့ အေတာ္ကိုမ်ားျပားေနခဲ့တာကို ေတြ႔ရမွာျဖစ္ျပီး (၁၉၉၀)ကေန(၂၀၁၅)ခုနွစ္အၾကားမွာတင္မူလလူဦးေရ ရဲ့နွစ္ဆအထိကို တိုးပြားလာခဲ့တာျဖစ္ပါတယ္။

အလုပ္အလုပ္ကိုင္ရွားပါးျခင္းေတြအျပင္ ယင္းေဒသရဲ့လူတေယာက္ခ်င္းဝင္ေငြဟာဆိုရင္လည္း တေန႔ကို အေမရိကန္ေဒၚလာ (၃.၂၀)ထက္ ေလ်ာ့နည္းပိုင္ဆိုင္ၾကရတာလည္းျဖစ္ပါတယ္။ ဆင္းရဲမႈရဲ့ေနာက္ ဆက္တြဲဆိုးက်ိဳးေတြျဖစ္တဲ့ေသာက္သံုးေရရွားပါးတဲ့ျပသာနာေတြ၊က်န္းမာေရးနဲ႔ပညာေရးက႑ေတြမွာဆိုရင္လည္း နိမ့္က်တဲ့ျဖစ္စဥ္ေတြေၾကာင့္ နိုင္ဂ်ီးရီးယားအစိုးရအေနနဲ ႔ နို္င္ငံတကာရဲ့အကူအညီကို ေတာင္းခံေဆာင္ရြက္ရတဲ့ျဖစ္စဥ္မ်ားစြာရွိေနဆဲလည္းျဖစ္ပါ တယ္။

(၃) အီသီယိုးပီးယား

ဒီဘက္ႏွစ္ေတြရဲ႕ အတုိးတက္ဆုံးႏုိင္ငံစာရင္းမွာ အီသီယိုးပီးယားႏုိင္ငံလည္းပါ၀င္ေနေပမယ့္ ေဒသတြင္းႏုိင္ငံေတြနည္းတူ ဆင္းရဲလြန္းတဲ့ အိမ္ေထာင္စုအေရအတြက္မ်ားစြာကို ပိုင္ဆုိင္ထားဆဲျဖစ္ပါတယ္။ ကမာၻဘဏ္ရဲ့ထုတ္ျပန္ခ်က္ေတြအရေတာ့ နိုင္ငံရဲ့ဆင္းရဲမႈတိုက္ဖ်က္ေရးစီမံကိန္းေတြဟာ အားရဖြယ္ေကာင္းတယ္ဆိုေပမယ့္ နိုင္ငံတြင္းဆင္းရဲခ်မ္းသာနႈန္းထားေတြကေတာ့ ၾကီးစြာ ကြာဟေနဆဲလည္းျဖစ္ပါတယ္။

အေျခခံလူတန္းစားေတြအတြက္ပညာေရး၊က်န္းမာေရး ဖြံျဖိဳးတိုးတက္မႈလုပ္ငန္းေတြကို အစိုးရကအေကာင္အထည္ေဖာ္ေဆာင္ရြက္ေနေပမယ့္ အလယ္အလတ္တန္းစားေတြနဲ႔ နိႈင္းယွဥ္ရင္ပဲ ကြာျခားမႈနႈန္းထား ဆက္လက္မ်ားျပားေနဆဲပဲျဖစ္ပါတယ္။ အီသီယိုးပီးယား ရဲ့အဆင္းရဲဆံုးေသာလူဦးေရရဲ့ (၁၀)ရာခိုင္နႈန္းဟာဆိုရင္ (၂၀၀၅)ခုနွစ္ကေန(၂၀၁၅)ခုနွစ္ကာလအတြင္း စီးပြားေရး/ဝင္ေငြတိုးတက္နႈန္းျမင့္တက္ခဲ့တာမ်ိဳးလံုးဝမရွိခဲ့တဲ့ အေျခ အေနကို ရင္ဆိုင္ခဲ့ရပါတယ္။ သူဆင္းရဲအမ်ားစုဟာဆိုရင္စိုက္ပ်ိဳးေရးဧရိယာအတြင္းမွာ သာအခ်ိန္ကုန္ေနၾကရျပီး ပညာသင္ၾကားသူမရွိသေလာက္ကိုမ်ားျပားေနခဲ့တာလည္း ျဖစ္ပါတယ္။

အီသီယိုးပီးယားရဲ့လူဦးေရဟာ (၂၀၁၅)ကေန (၂၀၂၅)ခုနွစ္အၾကားမွာေတာ့ (၂)ဆနီးပါးတိုးမ်ားလာဖြယ္ရွိေနတယ္လို႔ ခန္႔မွန္းမႈေတြရွိေနခဲ့ျပီး ျမိဳ႕ၾကီးေတြနဲ႔ ျမိဳ႕ငယ္အခ်ိဳ႕မွာေတာ့ ေငြေၾကးဆိုင္ရာ တိုးတက္မႈမ်ားစြာရွိေနခဲ့ပါတယ္။ အီသီယိုးပီးယားဟာဆိုရင္ ဖြံျဖိဳးမႈအားေကာင္းေကာင္းနဲ႔တိုးတက္ေနခဲ့တာကိုေတြ႔ရျပီး အေျခခံလူတန္းစားေတြအတြက္ က႑ေပါင္းစံုရဲ့အေျခခံအေဆာက္အအံုသစ္ေတြတည္ ေဆာက္ဖို႕ေငြေၾကးမ်ားစြာသံုးစြဲသြားရမယ့္ အေျခအေနမွာလည္းရွိေနပါတယ္။ နိုင္ငံတြင္း ဆင္းရဲခ်မ္းသာမႈကြာျခားခ်က္ၾကီးၾကီးအေနအထားကိုေက်ာ္ျဖတ္နိုင္ခဲ့ရင္ေတာ့ အီသီယိုးပီးယားဟာကမာၻအဆင္းရဲဆံုးဆိုတဲ့ နိုင္ငံစာရင္းကေန ရုန္းထြက္နိုင္မွာျဖစ္ပါတယ္။

(၄) ကြန္ဂို

နိုင္ငံတြင္း ခ်မ္းသာတဲ့အသိုင္းအဝိုင္းနဲ႔ ဆင္းရဲတဲ့လူတန္းစားေတြအၾကား ကြာျခားခ်က္ၾကီးမားလြန္းလွတဲ့ကြန္ဂိုနိုင္ငံဟာဆိုရင္ (၂၀၁၈)ခုနွစ္ကစာရင္းေတြအရ နိ္ုင္ငံေတာ္လူဦးေရရဲ့(၇၂)ရာခို္င္ႏႈန္းဟာ တေန႔ဝင္ေငြအေမရိကန္ေဒၚလာ (၁.၉၀)ေအာက္ကိုရရွိေနတာ ျဖစ္ပါတယ္။ (၁၉၉၀)ခုနွစ္ကတည္းကစတင္ျဖစ္ပြားလာခဲ့တဲ့ နိုင္ငံေရးအရႈပ္အေထြးေတြအျပင္ အီဘိုလာလိုေရာဂါဆန္းေတြ၊ ယခုကိုရိုနာဗိုင္းရပ္စ္ရဲ႕ ရုိက္ခတ္မႈဒဏ္ကိုလည္း ခံစားေနရပါတယ္။

ေလ့လာမႈေတြအရ အေျခခံလူတန္းစားေတြမွာဆိုရင္ သမီးမိန္းကေလး(၆)နွစ္သမီးအရြယ္အထိ မိဘေတြရဲ့ခ်ိဳ႕တဲ့မႈေၾကာင့္ အဝတ္အစားလုံေလာက္ေအာင္၀တ္ေပးမႈမရွိသေလာက္ကို ျဖစ္ေနရတယ္လို ႔ဆိုပါတယ္။ ကေလးေတြဟာဆိုရင္အသက္(၉)နွစ္ေလာက္မွ စာစသင္ၾကားရျပီး (၄၃)ရာခို္င္နႈန္းေလာက္ဟာ အာဟာရဓာတ္ ခ်ိဳ႕တဲ့ၾကသူေတြျဖစ္ၾကပါတယ္။ကြန္ဂိုအစိုးရအေနနဲ႔ တိုင္းျပည္ကိုဆင္းရဲတြင္းထဲကေန ကယ္တင္ဖို႔ အလုပ္မ်ားစြာ ျပဳလုပ္ဖို႕လိုအပ္ေနပါေသးတယ္။

(၅) ဘဂၤလားေဒ့ရွ္

ျမန္မာအိမ္နီးခ်င္းနိုင္ငံျဖစ္တဲ့ ဘဂၤလားေဒ့ရွ္နိုင္ငံဟာဆိုရင္လည္းဆင္းရဲမႈ တိုက္ဖ်က္ေရး စီမံကိန္းမ်ားစြာနဲ႔ တျဖည္းျဖည္းခ်င္းတိုးတက္ေနတဲ့ နိုင္ငံတခုျဖစ္ျပီး (၁၉၉၁)ခုနွစ္ မွတ္တမ္းေတြအရ အလြန္ဆင္းရဲတဲ့လူဦးေရအေရႏႈန္းထားကို (၂၀၁၆/၂၀၁၇)မွာေတာ့ ၁၃.၈ရာခိုင္နႈန္းေလာက္အထိကို ေလ်ာ့က်သြားေအာင္ျပဳလုပ္နိုင္ခဲ့ပါတယ္။ ကုလသမဂၢ ရဲ့မွတ္တမ္းေတြအရ ဘဂၤလားေဒ့ရွ္နိုင္ငံဟာဖြံျဖိဳးမႈအနည္းဆံုးေသာ နိုင္ငံစာရင္းကေန ဝင္ေငြအလယ္အလတ္ရွိတဲ့ နိုင္ငံတခုအျဖစ္ကိုေရာက္ရွိေနျပီလို႔သိရေပမယ့္ အဆင္းရဲဆုံးအိမ္ေထာင္စုေတြကို အမ်ားဆုံးပုိင္ဆုိင္ထားတဲ့ ႏုိင္ငံစာရင္းမွာ ပါ၀င္ေနတုန္းပါပဲ။

သူတို႔ဟာ LDC (Least Development Country) ဖြံျဖိဳးမႈအနည္းဆံုးေသာ နို္င္ငံစာရင္းကေန (၂၀၂၄)ခုနွစ္အတြင္းမွာပဲ ရုန္းထြက္နိုင္ဖို႔ေမ်ွာ္လင့္ထားၾကတာကိုလည္းေတြ႔ရမွာျဖစ္ပါ တယ္။ ဘဂၤလားေဒ့ရွ္ရဲ့ဖြံျဖိဳးမႈအဟုန္ကိုဆက္လက္ထိန္းထားနိုင္ဖို႕အတြက္ေတာ့ အမ်ိဳး သမီးေတြရဲ့အခန္းက႑ကိုပိုမိုျမွင့္တင္ဖို႔၊စီးပြားေရးဆိုင္ရာအေျခခံအေဆာက္အအံုေတြ ကိုတည္ေဆာက္ရာမွာေငြေၾကးသံုးစြဲဖို႔၊နိုင္ငံတကာအတိုင္းအတာတခုအထိပိုမိုေကာင္း မြန္တဲ့စီးပြားေရးဆိုင္ရာစီမံကိန္းျမွပ္နွံမႈေတြကိုအေလးထားျမွင့္တင္ေဆာင္ရြက္ဖုိ႔လို တယ္လို႔ ကမာၻဘဏ္က အၾကံျပဳထားပါတယ္။

Ref:
World Atlas : Where Are The Poorest Places In The World? by Victoria Simpson

Tags: countries
Next Post
ယူဂိုဆလားဗီးယား နိုင်ငံအကြောင်း သိကောင်းစရာ

ယူဂိုဆလားဗီးယား နိုင်ငံအကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!