(Unicode)
VOA Burmese သိပ္ပံနှင့်နည်းပညာကဏ္ဍ (ဒေါ်ခင်မျိုးသက်)
ကမ္ဘာပေါ်မှာ မြေအောက်ကျွံကျနေတဲ့ (sinking) မြို့တွေထဲက ကျွံကျနှုန်း အမြန်ဆုံးမြို့တမြို့အဖြစ် World Economic Forum က သတ်မှတ်ထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာကို တည်ငြိမ်တဲ့မြေပြင်ရှိရာ အရှေ့ပိုင်းက ဘော်နီယိုကျွန်းဘက်ကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ အခုလို မြိုု့တော် ပြောင်းရွှေ့ဖို့ စီစဉ်ရတာနဲ့ ပတ်သက်ပြီး ဂျပန် အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူရဲ့ အမြင်ကို ဒီတပတ် ပြောပြပေးပါရစေ။
ဒေါက်တာမိုးကျော်သူ။ ။“ပထမဆုံး တချက်ကတော့ နိုင်ငံရဲ့ လူဦးရေ ၆၀ % ရှိနေတဲ့ ဂျာဗားကျွန်းမှာ ကျွန်းက သေးပေမယ့် နိုင်ငံ့ရဲ့ အချက်အခြာလိုမျိုးပေါ့။ အင်ဒိုနီးရှား နိုင်ငံ တခုလုံးရဲ့ အာဏာတွေ အားလုံး စုနေတဲ့ နေရာဆိုပြီး ပြောကြတာရယ်၊ နိုင်ငံရဲ့ ၆၀ % စီးပွါးရေးက အဲဒီနေရာမှာပဲ ရှိနေတာ။ အဲဒီလိုရှိနေတဲ့ မြို့ကြီးမှာ ဘာဖြစ်နေသလဲ ဆိုတော့ အရမ်းကို လူဦးရေက များလွန်းနေတယ်။ ပြီးတော့တခါ လမ်းတွေ၊ စံနစ်တွေကလည်း သေချာမကောင်းတော့ traffic က ကားအရမ်း ကြပ်တာက တနှစ်တနှစ်ဆိုရင် ဒေါ်လာ ၇ ဘီလျံလောက် ဆုံးရှုံးတယ်လို့ ဆိုတယ်။ ဘာလို့လည်း ဆိုတော့ လူတွေက လမ်းပေါ်မှာတင် အချိန်ကုန် လို့ပေါ့နော်။ ပြီးတော့ ဒီ့ထက်ပိုပြီး အရေးကြီးတာက geo- hazard ပေါ့နော်။ သဘာဝ ဘေးအန္တရာယ် အရမ်းများတယ်။
ဘယ်လို သဘာဝ ဘေးအန္တရာယ်တွေ ရှိနေတာပါလဲ။
ဒေါက်တာမိုးကျော်သူ။ ။“ငလျင်။ အရမ်းကြီးတယ်။ ဘာလို့လည်း ဆိုတော့ ငလျင်ကြောရှိနေတဲ့ ဟို ဂျာဗားရဲ့ တောင်ဘက်က ဆွန်ဒါ arc amd trench ဆိုတဲ့ ဥစ္စာကနေပြီးတော့ အောက်က တိုက်ကြီးတွေ အောက်ကို တိုးဝင်နေတဲ့ ကိစ္စက ငလျင်တွေ ဖြစ်တာက ပြောရရင် မြန်မာပြည်မှာ တခါတလေမှ ဖြစ်တယ်ဆိုတဲ့ မက်ဂနီကျူ့ ပြင်းအား ၅ ဆိုတာမျိုးက သူတို့ဆီမှာ နေ့တိုင်းနီးပါး ဖြစ်နေတယ်။ မက်ဂနီကျူ့ ၆ ကျော်သွားပြီ ဆိုရင် အပျက်အစီးက ရှိလာတယ်။ ဆူနာမီလည်းရှိတယ်။
ငလျင်နဲ့ ယာဉ်ပါးနေပြီဖြစ်တဲ့ အင်ဒိုနီးရှားမှာ ဆူနာမိ ငလျင်လှိုင်းသတိပေးချက်တွေလည်း ထုတ်ပြန်ရလေ့ရှိပါတယ်။ ဒီနှစ် သြဂုတ်လမှာတင် ဂျာဗားကျွန်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ ငလျင်ကြောင့် ၄ ဦးထက်မနဲ သေဆုံးခဲ့ရတာပါ။ ၂၀၁၈ ဒီဇင်လာလတုန်းကလည်း ဒီအရပ်မှာပဲ မီးတောင်လှုပ်ရှားမှုကြောင့် ညအချိန်မှာ ဆူနာမီရေလှိုင်းတွေရုတ်တရက် ဖြစ်ပေါ်ခဲ့တဲ့အတွက် လူ ၄၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ လူဦးရေ သန်း ၂၆၀ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ring of fire လို့ခေါ်တဲ့ ပစိဖိတ်ရပ်ဝန်းဒေသက ငလျင်ရပ်ဝန်းပေါ်မှာ တည်ရှိတဲ့အတွက် မကြာခဏဆိုသလို ငလျင်ဒဏ်ကို ရင်ဆိုင်ခံစားနေရတာလည်းဖြစ်ပါတယ်။
ဒေါက်တာမိုးကျော်သူ။ ။“မီးတောင်လည်း ရှိတယ်ခင်ဗျ။ အင်ဒိုနီးရှားမှာက မီးတောင် အလုံးပေါင်း ၁၂၀ ကျော်လားမသိဘူး ရှိတာဆိုတော့ မီးတောင်ပေါက်တာ ဆိုရင် အထူးသဖြင့် ဂျာဗားက ဂျကာတာ နဲ့ဆိုရင် ကျနော်တို့ ငယ်ငယ်တုန်းက ရုပ်ရှင်ကြားဖူးမှာပါ ကာရာခါတိုးဝါး ဆိုတဲ့ ကျွန်းကြီး တခုလုံးက မီးတောင်ပေါက်ပြီး ကျွန်းတခုလုံး ပျောက်ထွက်သွားတယ် ဆိုတဲ့ ရုပ်ရှင်ပါ။ အဲဒီ ကျွန်းရဲ့ တကယ့်အဖြစ်အပျက်က ဒီဂျာဗားကျွန်းနဲ့ ကပ်ရက်နေရာမှာ ရှိနေတာပါ။ တလောကတောင်မှ ပေါက်တဲ့ သတင်းမျိုးလေး ကျနော်တို့ ကြားလိုက်ပါသေးတယ်။”
ဂျကာတာမြို့တော်မှာတော့ လူဦးရေ ဆယ်သန်းရှိပြီး မြေအောက်ရေထုတ်ယူသုံးစွဲမှု များလာတာနဲ့အတူ ကမ္ဘာ့ဥတုရာသီပြောင်းလဲမှုကြောင့် ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာတဲ့အတွက် မြို့တော်ဟာ ဂျာဗားပင်လယ်ထဲကို တနှစ်မှာ ၆လက်မခွဲ (၁၇ စင်တီမီတာ) ကျော် ကျွံကျနိမ့်ဝင်နေတာ တွေ့ရပါတယ်။ ဂျကာတာ မြောက်ပိုင်းဟာ အခြေနေပိုဆိုးပြီး တနှစ်ကို ဆယ်လက်မလောက် နိမ့်ဝင်နေတာ ဖြစ်ပြီး ဒီလိုနှုန်းနဲ့သာ ကျွံကျနေရင် ဂျကာတာ တမြို့လုံးလိုလိုဟာ ၂၀၅၀ မှာ ရေလွှမ်းသွားနိုင်တယ်လို့ တွက်ချက်ထားတာပါ။ အခုလို မြေကျွံနိမ့်ကျတာအပြင် တခြားမြေပြိုကျမှု အန္တရာယ်ပါ ရှိနေတယ် လို့လည်း ပြောပါတယ်။
ဒေါက်တာမိုးကျော်သူ။ ။“မြေကြီးက လူတွေများပြီး ရေအသုံးများတော့ ဘန်ကောက်မြို့ကြီးလို နိမ့်တာ အပြင် သူကဆိုးတာက မိုးများတဲ့ ရပ်ဝန်းမှာ ရှိပြီးတော့ အခုနောက်ပိုင်း ရာသီဥတု ဖေါက်ပြန်တဲ့ အတွက်ကြောင့် ဒီ ပစိဖိတ်တို့ ဘာတို့မှာ အရမ်း ခြောက်သွေ့ပြီး အေးတဲ့အချိန်မှာ ဒီအင်ဒိုနီးရှားနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ကျတော့ မိုးတွေ အရမ်းများတယ်။ မိုးများတာက အချိန် အကြာကြီး သူက မိုးတောက်လျှောက် စွေနေတာ
အင်ဒိုနီးရှားမြို့တော်ဟာ ငလျင်ကြောပေါ်မှာ တည်ထားတဲ့ မြို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မြို့ထဲက အဆောက်အဦးအားလုံးဟာ ငလျင်ဒဏ်ခံနိုင်အောင် တွက်ချက် ဆောက်ထားထာမဟုတ်တဲ့အတွက် ငလျင်ရပ်ဝန်းထဲက မတည်ငြိမ်တဲ့အနေထားမှာ စိုးရိမ်စရာဖြစ်နေတာပါ။
ဒေါက်တာမိုးကျော်သူ။ ။“ငလျင်က ဒီဂျာဗားရယ် ဆူမားတြားရယ် အောက်ဖက်မှာ ဒီအိန္ဒိယနဲ့ Australia ကနေပြီးတော့ ရွေ့လာပြီးတော့မှ ဂျာဗားနဲ့ စုမားတြားရှိနေတဲ့ ကျွန်းကြီးတွေရဲ့ အောက်ကိုငုံ့ဝင်ပြီး တိုးတဲ့ဥစ္စာ၊ ဒါ အားလုံးက ပြောရရင်တော့ ငလျင်ဖြစ်တဲ့ ရပ်ဝန်းကြီး တခုလုံး၊ ငလျင်ကြောကြီး ဖြစ်နေတာပါ။ ဆိုတော့ အဲဒီက ဖြစ်တဲ့ ငလျင်က ကျနော်တို့ နေပြည်တော် ရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြီး အပေါ်မှာ ရှိနေသလိုမျိုး အန္တရာယ်တော့ မဟုတ်ဖူး၊ အဲဒါတော့ အင်ဒိုနီးရှား ငလျင်ပညာရှင်တွေလည်း ပြောတယ်။ ငလျင်ကြောရဲ့ အပေါ်မှာ မြို့က တည်ထားတာ မဟုတ်တဲ့ အတွက်ကြောင့် အရမ်းပြင်းတဲ့ ငလျင်ကြီးတခု ကြောင့်မို့ မြို့ကြီး တခုလုံး ပျက်စီးသွားတဲ့ အခြေနေက မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီအဝေးမှာ ရှိတဲ့ အဝေးမှာ ဆိုတာက ကီလိုမီတာ တရာလောက်မှာ ရှိနေတဲ့ ငလျင်ကြော အကြီးတွေ ကနေပြီးတော့ အရမ်းကို ကြီးတဲ့ နှစ် ၅၀၀ မှာ တခါလောက် နှစ် ၁၀၀ မှာ တခါလောက် ဖြစ်တဲ့ ငလျင်အကြီး မျိုး ဖြစ်လာခဲ့တယ် ဆိုရင်ကတော့ ငလျင်ကြောင့် ထိခိုက်တဲ့အပျက်စီးတွေက ခံနိုင်ရည်အားမရှိတဲ့ အင်ဂျင်နီယာပိုင်း ဆိုင်ရာအရ အားနဲတဲ့ သေချာစစ်ဆေးမထားတဲ့ စံမဝင်တဲ့ အိမ်တွေ ဆိုရင် ပျက်စီးဖို့ အများကြီး ရှိတယ်။ အဲဒီလို အိမ်တွေက ဂျကာတာမြိုု့တော်ရဲ့ တမြို့လုံးမှာ ပြန့်နှံ့ နေတာမို့လို့ အဲဒီ အန္တရာယ်က အများကြီး ရှိပါတယ်။
ဆူနာမီကလည်း သူက ပင်လယ်ကမ်းခြေမှာ ရှိနေပေမယ့် ဒီဆူနာမီ ငလျင်ဗဟိုပြုပြီး လာမယ့် ရပ်ဝန်းဘက်ကို မျက်နှာမူနေတာ မဟုတ်တဲ့ အတွက်ကြောင့်မို့ ဆူနာမီက တဲ့တဲ့ကြီးကို အပြင်းကြီး ရောက်လာဖို့ အခြေနေကတော့ မမြင်ပါဘူး။”
“ကမ္ဘာပေါ်မှာ ပင်လယ်ရေမျက်နှာပြင် အောက်ကို နိမ့်ပြီးတော့ ကျွံကျနေတဲ့ မြို့တွေထဲမှာ ဂျကာတာက အဆိုးဆုံးလို့ ပြောပါတယ်။ အဲဒီ အခြေနေလေးနဲနဲ ပြောပြပေးပါ။”
ဒေါက်တာမိုးကျော်သူ။ ။“ဟုတ်ကဲ့ ခင်ဗျ။ အဲဒီအပိုင်းကလေ Geo-Technical ပိုင်းဆိုတော့ ကျနော် စိတ်ဝင်စားတဲ့ အပိုင်းလည်းဖြစ်တယ်။ ဒီ ဂျကာတာမြို့ ရေတွေ သုံးတာများတဲ့အတွက် ကျွံကျလာတဲ့ဥစ္စာက ကမ္ဘာပေါ်မှာ နံပါတ်(၁)ဖြစ်သလိုမျိုး၊ မြို့ကိုယ်၌ အနေအထားကလည်း ပင်လယ်ရေမျက်နှာပြင် အထက်ကို အရမ်းကြီးမြင့်နေပုံ မရပါဘူး။ အဲဒါအပြင်ကို အခုနောက်ပိုင်း ကမ္ဘာကြီးပူနွေးလာပြီးတော့ ရာသီဥတုတွေ ဖေါက်ပြန်တယ်၊ ရာသီဥတုတွေ ပြောင်းတဲ့အတွက်ကြောင့်မို့လို့ ခုနပြောသလို မိုးတွေသည်းသည်းမဲမဲ အချိန်တိုအတွင်း ရွာလိုက်တယ် .. ရွာပြီးတဲ့နောက်မှာ မြို့ကြီးတခုလုံး ရေလွှမ်းသွားတယ်။ အဲဒီဟာကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေက အဆောက်အဦတွေတင်မကပဲ ရောဂါတွေ တိုးလာမယ်၊ လူတွေ ဒုက္ခရောက်တယ်။ သွားတဲ့လာတဲ့ လမ်းတွေအဆင်မပြေဘူးဆိုတဲ့ ပြဿနာက အရမ်းကိုကြီးလာပြီးတော့ ရှေ့ကိုလည်း ဆက်ပြီးကြီးမှာပါ။”
“အခုရွှေ့မယ့်နေရာရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်တဲ့ အနေအထားလည်း နည်းနည်းပြောပြပေးပါဦး။”
ဒေါက်တာမိုးကျော်သူ။ ။ “ဟုတ်ကဲ့ခင်ဗျ၊ အဲဒါ အများစုကလည်း ပြောကြပါတယ် ပတ်ဝန်းကျင်နဲ့ပတ်သက်လို့။ ဘာလို့လည်းဆိုတော့ အခုရွှေ့မယ့်နေရာက အရှေ့ကာလီမန်တန် (Kalimantan) မှာရှိတဲ့ Rain Forest ပေါ့နော်။ ဒီ မုတ်သုန်သစ်တောတွေရဲ့ အရလှပတဲ့နေရာမျိုး၊ ကမ္ဘာပေါ်မှာ ဒီ orangutan ဆိုတဲ့ ဒီ မျောက်တွေ အများဆုံးနေတဲ့ နေရာတနေရာလည်း ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အဲဒီနေရာမှာ သွားပြီးတော့ ဆောက်လိုက်ရင် ပတ်ဝန်းကျင် ပျက်စီးမှု အများကြီးဖြစ်မလားလို့လည်း စိုးရိမ်နေကြတာ ရှိပါတယ်။ ဒါပေမဲ့ အခုပြောင်းမယ့် ကိစ္စမှာ အင်ဒိုနီးရှားအစိုးရက အခုလိုပေါ့နော် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်ကို အရမ်းကို တကမ္ဘာလုံးက ဂရုစိုက်နေတဲ့အချိန်မှာ ရွှေ့တဲ့အချိန်မှာ သူတို့ဟာ ဒါတွေကို ပစ်ပယ်ပြီး လုပ်လိမ့်မယ်လို့တော့ ဘယ်လိုမှ မထင်ပါဘူး။ နောက်တခု ကောင်းတာက ဟိုမှာက အရမ်းကြီးစည်ကား မနေတဲ့အတွက်ကြောင့်မို့လို့ မြို့ကြီးတွေနဲ့ မဝေးပေးမဲ့ အစိုးရပိုင် သစ်တော ရှိနေတဲ့နေရာမှာ ဆောက်မှာ၊ ပတ်ဝန်းကျင်ကိုလည်း မပျက်စီးအောင် လုပ်မယ်ဆိုတဲ့ အချက်ကတော့ တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းတဲ့အချက်လို့ မြင်ပါတယ်ခင်ဗျာ။”
“ဘူမိဗေဒ အနေအထားအရရော မြေရဲ့တည်နေမှုနဲ့ သဘာဝ ဘေးအန္တရာယ် အရဆိုရင်ကော။”
ဒေါက်တာမိုးကျော်သူ။ ။ “ဟုတ်ကဲ့ခင်ဗျ။ အဲဒီဟာ ပြောရရင်တော့ ပထမအချက်က မီးတောင်တွေနဲ့ ဝေးတယ်ခင်ဗျ။ နောက်ပြီးတော့ ငလျင်နဲ့ ဆူနာမီအန္တရာယ်က ဘယ်လိုမှ မရှိနိုင်လောက်အောင် .. ရှိရင်တောင်မှ အဖျားခတ်လေးလောက်ပဲ ဖြစ်နိုင်တဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့်မို့ ပြောရရင်တော့ အင်ဒိုနီးရှားနိုင်ငံထဲမှာကတော့ ဘူမိဗေဒအရ ဒီဘူမိအန္တရာယ်တွေ အရကတော့ အနည်းဆုံးနေရာလို့ ပြောချင်ပါတယ်။”
ဂျပန် အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန ဒေါက်တာမိုးကျော်သူပါ။
VOA Burmese သိပ္ပံနှင့်နည်းပညာကဏ္ဍ (ဒေါ်ခင်မျိုးသက်)
(Zawgyi)
အင္ဒိုနီးရွားၿမိဳ႕ေတာ္ကို ေရႊ႕ရတဲ့အေၾကာင္းအရင္း
VOA Burmese သိပၸံႏွင့္နည္းပညာက႑ (ေဒၚခင္မ်ဳိးသက္)
ကမာၻေပၚမွာ ေျမေအာက္ကၽြံက်ေနတဲ့ (sinking) ၿမိဳ႕ေတြထဲက ကၽြံက်ႏႈန္း အျမန္ဆံုးၿမိဳ႕တၿမိဳ႕အျဖစ္ World Economic Forum က သတ္မွတ္ထားတဲ့ အင္ဒိုနီးရွားႏုိင္ငံရဲ့ ၿမိဳ႕ေတာ္ ဂ်ကာတာကို တည္ၿငိမ္တဲ့ေျမျပင္ရွိရာ အေရွ႕ပိုင္းက ေဘာ္နီိယိုကၽြန္းဘက္ကို ေျပာင္းေရႊ႕ေတာ့မွာ ျဖစ္ပါတယ္။ အခုလို ၿမိဳဳ႕ေတာ္ ေျပာင္းေရႊ႕ဖို႔ စီစဥ္ရတာနဲ႔ ပတ္သက္ၿပီး ဂ်ပန္ အဏၰဝါဘူမိသိပၸံနဲ႔ နည္းပညာဌာန (JAMSTEC) က ေဒါက္တာမိုးေက်ာ္သူရဲ့ အျမင္ကို ဒီတပတ္ ေျပာျပေပးပါရေစ။
ေဒါက္တာမိုးေက်ာ္သူ။ ။“ပထမဆံုး တခ်က္ကေတာ့ ႏိုင္ငံရဲ့ လူဦးေရ ၆၀ % ရွိေနတဲ့ ဂ်ာဗားကၽြန္းမွာ ကၽြန္းက ေသးေပမယ့္ ႏုိင္ငံ့ရဲ့ အခ်က္အျခာလိုမ်ိဳးေပါ့။ အင္ဒိုနီးရွား ႏုိင္ငံ တခုလံုးရဲ့ အာဏာေတြ အားလံုး စုေနတဲ့ ေနရာဆိုၿပီး ေျပာၾကတာရယ္၊ ႏိုင္ငံရဲ့ ၆၀ % စီးပြါးေရးက အဲဒီေနရာမွာပဲ ရွိေနတာ။ အဲဒီလိုရွိေနတဲ့ ၿမိဳ႕ႀကီးမွာ ဘာျဖစ္ေနသလဲ ဆိုေတာ့ အရမ္းကို လူဦးေရက မ်ားလြန္းေနတယ္။ ၿပီးေတာ့တခါ လမ္းေတြ၊ စံနစ္ေတြကလည္း ေသခ်ာမေကာင္းေတာ့ traffic က ကားအရမ္း ၾကပ္တာက တႏွစ္တႏွစ္ဆိုရင္ ေဒၚလာ ၇ ဘီလ်ံေလာက္ ဆံုးရံႈးတယ္လို႔ ဆိုတယ္။ ဘာလို႔လည္း ဆိုေတာ့ လူေတြက လမ္းေပၚမွာတင္ အခ်ိန္ကုန္ လို႔ေပါ့ေနာ္။ ၿပီးေတာ့ ဒီ့ထက္ပိုၿပီး အေရးႀကီးတာက geo- hazard ေပါ့ေနာ္။ သဘာဝ ေဘးအႏၱရာယ္ အရမ္းမ်ားတယ္။
ဘယ္လို သဘာဝ ေဘးအႏၱရာယ္ေတြ ရွိေနတာပါလဲ။
ေဒါက္တာမိုးေက်ာ္သူ။ ။“ငလ်င္။ အရမ္းႀကီးတယ္။ ဘာလို႔လည္း ဆိုေတာ့ ငလ်င္ေၾကာရွိေနတဲ့ ဟို ဂ်ာဗားရဲ့ ေတာင္ဘက္က ဆြန္ဒါ arc amd trench ဆိုတဲ့ ဥစၥာကေနၿပီးေတာ့ ေအာက္က တိုက္ႀကီးေတြ ေအာက္ကို တိုးဝင္ေနတဲ့ ကိစၥက ငလ်င္ေတြ ျဖစ္တာက ေျပာရရင္ ျမန္မာျပည္မွာ တခါတေလမွ ျဖစ္တယ္ဆိုတဲ့ မက္ဂနီက်ဴ႕ ျပင္းအား ၅ ဆိုတာမ်ိဳးက သူတို႔ဆီမွာ ေန႔တိုင္းနီးပါး ျဖစ္ေနတယ္။ မက္ဂနီက်ဴ႕ ၆ ေက်ာ္သြားၿပီ ဆိုရင္ အပ်က္အစီးက ရွိလာတယ္။ ဆူနာမီလည္းရွိတယ္။
ငလ်င္နဲ႔ ယာဥ္ပါးေနၿပီျဖစ္တဲ့ အင္ဒိုနီးရွားမွာ ဆူနာမိ ငလ်င္လႈိင္းသတိေပးခ်က္ေတြလည္း ထုတ္ျပန္ရေလ့ရွိပါတယ္။ ဒီႏွစ္ ၾသဂုတ္လမွာတင္ ဂ်ာဗားကၽြန္းမွာ လႈပ္ခတ္ခဲ့တဲ့ ျပင္းအား ၆.၈ ငလ်င္ေၾကာင့္ ၄ ဦးထက္မနဲ ေသဆံုးခဲ့ရတာပါ။ ၂၀၁၈ ဒီဇင္လာလတုန္းကလည္း ဒီအရပ္မွာပဲ မီးေတာင္လႈပ္ရွားမႈေၾကာင့္ ညအခိ်န္မွာ ဆူနာမီေရလႈိင္းေတြ႐ုတ္တရက္ ျဖစ္ေပၚခဲ့တဲ့အတြက္ လူ ၄၀၀ ေက်ာ္ ေသဆုံးခဲ့ရပါတယ္။ လူဦးေရ သန္း ၂၆၀ ရွိတဲ့ အင္ဒိုနီးရွားႏုိင္ငံဟာ ring of fire လို႔ေခၚတဲ ့ ပစိဖိတ္ရပ္၀န္းေဒသက ငလ်င္ရပ္၀န္းေပၚမွာ တည္ရွိတဲ့အတြက္ မၾကာခဏဆိုသလို ငလ်င္ဒဏ္ကို ရင္ဆုိင္ခံစားေနရတာလည္းျဖစ္ပါတယ္။
ေဒါက္တာမိုးေက်ာ္သူ။ ။“မီးေတာင္လည္း ရွိတယ္ခင္ဗ်။ အင္ဒိုနီးရွားမွာက မီးေတာင္ အလံုးေပါင္း ၁၂၀ ေက်ာ္လားမသိဘူး ရွိတာဆိုေတာ့ မီးေတာင္ေပါက္တာ ဆိုရင္ အထူးသျဖင့္ ဂ်ာဗားက ဂ်ကာတာ နဲ႔ဆိုရင္ က်ေနာ္တို႔ ငယ္ငယ္တုန္းက ရုပ္ရွင္ၾကားဖူးမွာပါ ကာရာခါတိုးဝါး ဆိုတဲ့ ကၽြန္းႀကီး တခုလံုးက မီးေတာင္ေပါက္ၿပီး ကၽြန္းတခုလံုး ေပ်ာက္ထြက္သြားတယ္ ဆိုတဲ့ ရုပ္ရွင္ပါ။ အဲဒီ ကၽြန္းရဲ့ တကယ့္အျဖစ္အပ်က္က ဒီဂ်ာဗားကၽြန္းနဲ႔ ကပ္ရက္ေနရာမွာ ရွိေနတာပါ။ တေလာကေတာင္မွ ေပါက္တဲ့ သတင္းမ်ိဳးေလး က်ေနာ္တို႔ ၾကားလိုက္ပါေသးတယ္။”
ဂ်ကာတာၿမိဳ႕ေတာ္မွာေတာ့ လူဦးေရ ဆယ္သန္းရွိၿပီး ေျမေအာက္ေရထုတ္ယူသံုးစြဲမႈ မ်ားလာတာနဲ႔အတူ ကမာၻ႔ဥတုရာသီေျပာင္းလဲမႈေၾကာင့္ ပင္လယ္ေရ မ်က္ႏွာျပင္ျမင့္တက္လာတဲ့အတြက္ ၿမိဳ႕ေတာ္ဟာ ဂ်ာဗားပင္လယ္ထဲကို တႏွစ္မွာ ၆လက္မခဲြ (၁၇ စင္တီမီတာ) ေက်ာ္ ကၽြံက်နိမ့္ဝင္ေနတာ ေတြ႔ရပါတယ္။ ဂ်ကာတာ ေျမာက္ပိုင္းဟာ အေျခေနပိုဆိုးၿပီး တႏွစ္ကို ဆယ္လက္မေလာက္ နိမ့္ဝင္ေနတာ ျဖစ္ၿပီး ဒီလိုႏႈန္းနဲ႔သာ ကၽြံက်ေနရင္ ဂ်ကာတာ တၿမိဳ႕လံုးလိုလိုဟာ ၂၀၅၀ မွာ ေရလႊမ္းသြားႏိုင္တယ္လို႔ တြက္ခ်က္ထားတာပါ။ အခုလို ေျမကၽြံနိမ့္က်တာအျပင္ တျခားေျမၿပိဳက်မႈ အႏၱရာယ္ပါ ရွိေနတယ္ လို႔လည္း ေျပာပါတယ္။
ေဒါက္တာမိုးေက်ာ္သူ။ ။“ေျမႀကီးက လူေတြမ်ားၿပီး ေရအသံုးမ်ားေတာ့ ဘန္ေကာက္ၿမိဳ႕ႀကီးလို နိမ့္တာ အျပင္ သူကဆိုးတာက မိုးမ်ားတဲ့ ရပ္ဝန္းမွာ ရွိၿပီးေတာ့ အခုေနာက္ပိုင္း ရာသီဥတု ေဖါက္ျပန္တဲ့ အတြက္ေၾကာင့္ ဒီ ပစိဖိတ္တို႔ ဘာတို႔မွာ အရမ္း ေျခာက္ေသြ႔ၿပီး ေအးတဲ့အခ်ိန္မွာ ဒီအင္ဒိုနီးရွားနဲ႔ အေရွ႕ေတာင္အာရွ ႏုိင္ငံေတြမွာ က်ေတာ့ မိုးေတြ အရမ္းမ်ားတယ္။ မိုးမ်ားတာက အခ်ိန္ အၾကာႀကီး သူက မိုးေတာက္ေလွ်ာက္ ေစြေနတာ
အင္ဒိုနီးရွားၿမိဳ႕ေတာ္ဟာ ငလ်င္ေၾကာေပၚမွာ တည္ထားတဲ့ ၿမိဳ႕ေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ၿမိဳ႕ထဲက အေဆာက္အဦးအားလံုးဟာ ငလ်င္ဒဏ္ခံႏိုင္ေအာင္ တြက္ခ်က္ ေဆာက္ထားထာမဟုတ္တဲ့အတြက္ ငလ်င္ရပ္ဝန္းထဲက မတည္ၿငိမ္တဲ့အေနထားမွာ စိုးရိမ္စရာျဖစ္ေနတာပါ။
ေဒါက္တာမိုးေက်ာ္သူ။ ။“ငလ်င္က ဒီဂ်ာဗားရယ္ ဆူမားၾတားရယ္ ေအာက္ဖက္မွာ ဒီအိႏၵိယနဲ႔ Australia ကေနၿပီးေတာ့ ေရြ႕လာၿပီးေတာ့မွ ဂ်ာဗားနဲ႔ စုမားၾတားရွိေနတဲ့ ကၽြန္းႀကီးေတြရဲ့ ေအာက္ကိုငံု႔ဝင္ၿပီး တိုးတဲ့ဥစၥာ၊ ဒါ အားလံုးက ေျပာရရင္ေတာ့ ငလ်င္ျဖစ္တဲ့ ရပ္ဝန္းႀကီး တခုလံုး၊ ငလ်င္ေၾကာႀကီး ျဖစ္ေနတာပါ။ ဆိုေတာ့ အဲဒီက ျဖစ္တဲ့ ငလ်င္က က်ေနာ္တို႔ ေနျပည္ေတာ္ ရွိေနတဲ့ စစ္ကိုင္းျပတ္ေရြ႕ႀကီး အေပၚမွာ ရွိေနသလိုမ်ိဳး အႏၱရာယ္ေတာ့ မဟုတ္ဖူး၊ အဲဒါေတာ့ အင္ဒိုနီးရွား ငလ်င္ပညာရွင္ေတြလည္း ေျပာတယ္။ ငလ်င္ေၾကာရဲ့ အေပၚမွာ ၿမိဳ႕က တည္ထားတာ မဟုတ္တဲ့ အတြက္ေၾကာင့္ အရမ္းျပင္းတဲ့ ငလ်င္ႀကီးတခု ေၾကာင့္မို႔ ၿမိဳ႕ႀကီး တခုလံုး ပ်က္စီးသြားတဲ့ အေျခေနက မျဖစ္ႏိုင္ဘူး။ ဒါေပမယ့္ ဒီအေဝးမွာ ရွိတဲ့ အေဝးမွာ ဆိုတာက ကီလိုမီတာ တရာေလာက္မွာ ရွိေနတဲ့ ငလ်င္ေၾကာ အႀကီးေတြ ကေနၿပီးေတာ့ အရမ္းကို ႀကီးတဲ့ ႏွစ္ ၅၀၀ မွာ တခါေလာက္ ႏွစ္ ၁၀၀ မွာ တခါေလာက္ ျဖစ္တဲ့ ငလ်င္အႀကီး မ်ိဳး ျဖစ္လာခဲ့တယ္ ဆိုရင္ကေတာ့ ငလ်င္ေၾကာင့္ ထိခိုက္တဲ့အပ်က္စီးေတြက ခံႏိုင္ရည္အားမရွိတဲ့ အင္ဂ်င္နီယာပိုင္း ဆိုင္ရာအရ အားနဲတဲ့ ေသခ်ာစစ္ေဆးမထားတဲ့ စံမဝင္တဲ့ အိမ္ေတြ ဆိုရင္ ပ်က္စီးဖုိ႔ အမ်ားႀကီး ရွိတယ္။ အဲဒီလို အိမ္ေတြက ဂ်ကာတာၿမိဳဳ႕ေတာ္ရဲ့ တၿမိဳ႕လံုးမွာ ျပန္႔ႏွံ႔ ေနတာမို႔လို႔ အဲဒီ အႏၱရာယ္က အမ်ားႀကီး ရွိပါတယ္။
ဆူနာမီကလည္း သူက ပင္လယ္ကမ္းေျခမွာ ရွိေနေပမယ့္ ဒီဆူနာမီ ငလ်င္ဗဟိုျပဳၿပီး လာမယ့္ ရပ္ဝန္းဘက္ကို မ်က္ႏွာမူေနတာ မဟုတ္တဲ့ အတြက္ေၾကာင့္မို႔ ဆူနာမီက တဲ့တဲ့ႀကီးကို အျပင္းႀကီး ေရာက္လာဖုိ႔ အေျခေနကေတာ့ မျမင္ပါဘူး။”
“ကမာၻေပၚမွာ ပင္လယ္ေရမ်က္ႏွာျပင္ ေအာက္ကို နိမ့္ၿပီးေတာ့ ကၽြံက်ေနတဲ့ ၿမိဳ႕ေတြထဲမွာ ဂ်ကာတာက အဆိုးဆံုးလို႔ ေျပာပါတယ္။ အဲဒီ အေျခေနေလးနဲနဲ ေျပာျပေပးပါ။”
ေဒါက္တာမိုးေက်ာ္သူ။ ။“ဟုတ္ကဲ့ ခင္ဗ်။ အဲဒီအပိုင္းကေလ Geo-Technical ပုိင္းဆိုေတာ့ က်ေနာ္ စိတ္ဝင္စားတဲ့ အပိုင္းလည္းျဖစ္တယ္။ ဒီ ဂ်ကာတာၿမဳိ႕ ေရေတြ သုံးတာမ်ားတဲ့အတြက္ ကၽြံက်လာတဲ့ဥစၥာက ကမၻာေပၚမွာ နံပါတ္(၁)ျဖစ္သလိုမ်ဳိး၊ ၿမဳိ႕ကိုယ္၌ အေနအထားကလည္း ပင္လယ္ေရမ်က္ႏွာျပင္ အထက္ကို အရမ္းႀကီးျမင့္ေနပုံ မရပါဘူး။ အဲဒါအျပင္ကို အခုေနာက္ပိုင္း ကမၻာႀကီးပူေႏြးလာၿပီးေတာ့ ရာသီဥတုေတြ ေဖါက္ျပန္တယ္၊ ရာသီဥတုေတြ ေျပာင္းတဲ့အတြက္ေၾကာင့္မုိ႔လုိ႔ ခုနေျပာသလို မုိးေတြသည္းသည္းမဲမဲ အခ်ိန္တိုအတြင္း ရြာလိုက္တယ္ .. ရြာၿပီးတဲ့ေနာက္မွာ ၿမဳိ႕ႀကီးတခုလုံး ေရလႊမ္းသြားတယ္။ အဲဒီဟာေၾကာင့္ျဖစ္တဲ့ ေနာက္ဆက္တြဲ ျပႆနာေတြက အေဆာက္အဦေတြတင္မကပဲ ေရာဂါေတြ တုိးလာမယ္၊ လူေတြ ဒုကၡေရာက္တယ္။ သြားတဲ့လာတဲ့ လမ္းေတြအဆင္မေျပဘူးဆိုတဲ့ ျပႆနာက အရမ္းကိုႀကီးလာၿပီးေတာ့ ေရွ႕ကိုလည္း ဆက္ၿပီးႀကီးမွာပါ။”
“အခုေရႊ႕မယ့္ေနရာရဲ႕ သဘာဝပတ္ဝန္းက်င္ ပ်က္စီးႏိုင္တဲ့ အေနအထားလည္း နည္းနည္းေျပာျပေပးပါဦး။”
ေဒါက္တာမိုးေက်ာ္သူ။ ။ “ဟုတ္ကဲ့ခင္ဗ်၊ အဲဒါ အမ်ားစုကလည္း ေျပာၾကပါတယ္ ပတ္ဝန္းက်င္နဲ႔ပတ္သက္လုိ႔။ ဘာလို႔လည္းဆိုေတာ့ အခုေရႊ႕မယ့္ေနရာက အေရွ႕ကာလီမန္တန္ (Kalimantan) မွာရွိတဲ့ Rain Forest ေပါ့ေနာ္။ ဒီ မုတ္သုန္သစ္ေတာေတြရဲ႕ အရလွပတဲ့ေနရာမ်ဳိး၊ ကမၻာေပၚမွာ ဒီ orangutan ဆိုတဲ့ ဒီ ေမ်ာက္ေတြ အမ်ားဆုံးေနတဲ့ ေနရာတေနရာလည္း ျဖစ္ေနတယ္။ ဒါေၾကာင့္မို႔လုိ႔ အဲဒီေနရာမွာ သြားၿပီးေတာ့ ေဆာက္လိုက္ရင္ ပတ္ဝန္းက်င္ ပ်က္စီးမႈ အမ်ားႀကီးျဖစ္မလားလုိ႔လည္း စုိးရိမ္ေနၾကတာ ရွိပါတယ္။ ဒါေပမဲ့ အခုေျပာင္းမယ့္ ကိစၥမွာ အင္ဒုိနီးရွားအစိုးရက အခုလိုေပါ့ေနာ္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးအတြက္ကို အရမ္းကို တကမၻာလုံးက ဂရုစုိက္ေနတဲ့အခ်ိန္မွာ ေရႊ႕တဲ့အခ်ိန္မွာ သူတို႔ဟာ ဒါေတြကို ပစ္ပယ္ၿပီး လုပ္လိမ့္မယ္လို႔ေတာ့ ဘယ္လုိမွ မထင္ပါဘူး။ ေနာက္တခု ေကာင္းတာက ဟုိမွာက အရမ္းႀကီးစည္ကား မေနတဲ့အတြက္ေၾကာင့္မုိ႔လုိ႔ ၿမဳိ႕ႀကီးေတြနဲ႔ မေဝးေပးမဲ့ အစိုးရပိုင္ သစ္ေတာ ရွိေနတဲ့ေနရာမွာ ေဆာက္မွာ၊ ပတ္ဝန္းက်င္ကိုလည္း မပ်က္စီးေအာင္ လုပ္မယ္ဆုိတဲ့ အခ်က္ကေတာ့ ေတာ္ေတာ္ေလးကို စိတ္ဝင္စားစရာ ေကာင္းတဲ့အခ်က္လို႔ ျမင္ပါတယ္ခင္ဗ်ာ။”
“ဘူမိေဗဒ အေနအထားအရေရာ ေျမရဲ႕တည္ေနမႈနဲ႔ သဘာဝ ေဘးအႏၱရာယ္ အရဆိုရင္ေကာ။”
ေဒါက္တာမိုးေက်ာ္သူ။ ။ “ဟုတ္က့ဲခင္ဗ်။ အဲဒီဟာ ေျပာရရင္ေတာ့ ပထမအခ်က္က မီးေတာင္ေတြနဲ႔ ေဝးတယ္ခင္ဗ်။ ေနာက္ၿပီးေတာ့ ငလ်င္နဲ႔ ဆူနာမီအႏၱရာယ္က ဘယ္လိုမွ မရွိႏိုင္ေလာက္ေအာင္ .. ရွိရင္ေတာင္မွ အဖ်ားခတ္ေလးေလာက္ပဲ ျဖစ္ႏိုင္တဲ့ေနရာ ျဖစ္တဲ့အတြက္ေၾကာင့္မုိ႔ ေျပာရရင္ေတာ့ အင္ဒုိနီးရွားႏုိင္ငံထဲမွာကေတာ့ ဘူမိေဗဒအရ ဒီဘူမိအႏၱရာယ္ေတြ အရကေတာ့ အနည္းဆုံးေနရာလို႔ ေျပာခ်င္ပါတယ္။”
ဂ်ပန္ အဏၰဝါဘူမိသိပၸံနဲ႔ နည္းပညာဌာန ေဒါက္တာမိုးေက်ာ္သူပါ။
VOA Burmese သိပၸံႏွင့္နည္းပညာက႑ (ေဒၚခင္မ်ဳိးသက္)
Discussion about this post