တီတီကာကာရေအိုင်ကိုတော့ ကိုတော့ ရေယာဉ်၊ သဘောၤတွေသွားလာနိုင်တဲ့ ကမ္ဘာအမြင့်ဆုံးကန် အဖြစ်သတ်မှတ်ကြပြီး သူဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေ(၁၂၅၀၇)ပေမြင့်ပါတယ်။ တီတီကာကာရေအိုင်ကြီးဟာ ဟာ (၁၁၈)မိုင်အထိရှည်လျားပြီး၊ (၅၀)မိုင် အထိ ကျယ်ပါတယ်။
ပျမ်းမျှအားဖြင့် (၃၅၁)ပေနက်ပြီး အနက်ဆုံးနေရာကတော့ (၉၂၂)ပေ အထိနက်ပါတယ်။ ဒီကန်ရဲ့သက်တမ်းကတော့ နှစ်ပေါင်း ၁၄သန်းခန့် ကြာမြင့်နေပြီဖြစ်ပြီဖြစ်ပြီး လူတွေအခြေချနေထိုင်တာကတော့ နှစ်ပေါင်း ၁၃၀၀ ကျော်ပဲ ရှိပါသေးတယ်။
တီတီကာကာရေအိုင်ကိုတော့ ကိုတော့ ရေယာဉ်၊ သဘောၤတွေသွားလာနိုင်တဲ့ ကမ္ဘာအမြင့်ဆုံးကန် အဖြစ်သတ်မှတ်ကြပြီး သူဟာ ပင်လယ်ရေမျက်နှာပြင် အထက် ပေ(၁၂၅၀၇)ပေမြင့်ပါတယ်။ တီတီကာကာရေအိုင်ကြီးဟာ ဟာ (၁၁၈)မိုင်အထိရှည်လျားပြီး၊ (၅၀)မိုင် အထိ ကျယ်ပါတယ်။
ပျမ်းမျှအားဖြင့် (၃၅၁)ပေနက်ပြီး အနက်ဆုံးနေရာကတော့ (၉၂၂)ပေ အထိနက်ပါတယ်။ ဒီကန်ရဲ့သက်တမ်းကတော့ နှစ်ပေါင်း ၁၄သန်းခန့် ကြာမြင့်နေပြီဖြစ်ပြီဖြစ်ပြီး လူတွေအခြေချနေထိုဒီကန်ဟာ တောင်အမေရိကတိုက် ဘိုလီးဗီးယား၊ ပီရူးနယ်စပ်မှာရှိတဲ့ အင်ဒီးစ်တောင်တန်းတွေပေါ်မှာ တည်ရှိတာဖြစ်ပြီး တောင်အမေရိကတိုက်ရဲ့ အကြီးဆုံးအိုင်လည်းဖြစ်ပါတယ်။ တီတီကာကာရေအိုင်ထဲကို မြစ်ပေါင်း (၂၇) မြစ်အထိစီးဝင်နေပါတယ်။ ဒီကန်ရဲ့ အဓိက စီးဝင်နေတဲ့မြစ်(၅)စင်းကတော့ စူးချက်ဇ် ၊ ဟွမ်ကာနီ ၊ အီလာဗီ ၊ ကိုအာတာ၊ ရာမစ် စတဲ့ မြစ်တွေဖြစ်ပါတယ်။ တီတီကာကာရဲ့ ရေမျက်နှာပြင်ဟာ မိုးရေနဲ့ ရေခဲတောင်တွေဆီက အရည်ပျော်ပြီးစီးကျလာတဲ့ရေတွေကြောင့်မြင့်တက်လာလေ့ရှိပါတယ်။ ဒီအိုင်ကြီးထဲမှာ ကျွန်းပေါင်း (၄၁) ကျွန်းအထိ ရှိပြီး လူဦးရေအလွန်ထူထပ်ပါတယ်။
ဒီကန်ဧရိယာအတွင်းမှာရှိတဲ့ မြို့တွေဟာလူဦးရေထူထပ်လာပြီး ဖွံဖြိုးလာတာနဲ့အညီ အညစ်အကြေးနဲ့စွန့်ပစ်ပစ္စည်းများလာတာကြောင့် တီတီကာကာအိုင်ကြီးဟာ တဖြည်းဖြည်းနဲ့ ညစ်နွမ်းလာရပါတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ်မှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ Global Nature ရန်ပုံငွေအဖွဲ့က ၂၀၁၂ ခုနှစ်အတွင်း ရေသယံဇာတအပျက်ဆီးဆုံးကန်အဖြစ်ဖော်ပြခြင်းခံခဲ့ရပါတယ်။
တီတီကာကာအိုင်ကြီးရဲ့ စိတ်ဝင်စားဖွယ် အချက်တချို့
ဒေသခံလူတွေကတော့ တီတီကာကာရေအိုင်ဟာ အင်ကာလူမျိုးတွေရဲ့ပထမဆုံးသောဘုရင်၊ နေမင်းရဲ့သားတော် Manco Capac မွေးဖွားခဲ့တဲ့နေရာလို့ ယုံကြည်နေကြပါတယ်။
တီတီကာကာရေအိုင်ကြီးရဲ့မူလနာမည်ကိုတော့ မည်သူမျှမသိကြပါဘူး။ ဒါပေမဲ့ ဒီရေကန်ရဲ့ ပုံဟာခြင်္သေ့က ယုန်ကိုအမဲလိုက်နေတဲ့ပုံနဲ့တူတာကြောင့် ကြမ်းတမ်းတဲ့ခြင်္သေ့ လို့ အမည်ရတဲ့ တီတီကာကာ( Titicaca ) ဆိုတဲ့နာမည်ကိုပေးကြတာပါ။င်တာကတော့ နှစ်ပေါင်း ၁၃၀၀ ကျော်ပဲ ရှိပါသေးတယ်။
တီတီကာကာရေအိုင်ကြီးဟာ ပင်လယ်ပြင်ထက် (၁၂၅၀၇)ပေမြင့်ပါတယ်။ ကန်ရဲ့ဧရိယာစုစုပေါင်း (၃၂၄၀ စတုရန်းမိုင်) ကျယ်ပြန့်ပါတယ်။
ခန့်မှန်းခြေအားဖြင့် တီတီကာကာရေအိုင် ရေထုရဲ့ ၅ရာခိုင်နူန်းလောက်သာ Desaguadero မြစ်အတွင်းစီးဝင်ပါတယ်။ ကျန် ၉၅ရာခိုင်နူန်းကတော့ လေထုထဲကိုအငွေ့ပျံသွားတာပါ။
တီတီကာကာ ရဲ့ ပျှမ်းမျှအပူချိန်က (၁၁) ဒီဂရီဆဲစီးယပ်စ်သာရှိပါတယ်။
တီတီကာကာ ဧရိယာတစ်ဝိုက်မှာ ယိုယွင်းပျက်စီးနေတဲ့ အင်ကာ ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံ ၁၈၀ ခန့်တည်ရှိနေပါတယ်။ ဒါတွေဟာတစ်ခေတ်တစ်ခါက ဒီဒေသမှာ အင်ကာလူမျိုးနွယ်တွေကြီးစိုးခဲ့တဲ့ အကောင်းဆုံးသက်သေဖြစ်ခဲ့ပါတယ်။
ခန့်မှန်းခြေအားဖြင့် တီတီကာကာအိုင်ကြီးရဲ့ ဧရိယာတစ်ဝိုက်မှာနေထိုင်သူလူဦးရေဟာ ၂၂၈၀၀၀ဦး ခန့်ရှိပါတယ်။
ဒီအိုင်ကြီးမှာ ရေနေသတ္တဝါ မျိုးစိတ်ပေါင်း ၅၃၀ လောက်ရှင်သန်နေထိုင်ကြပြီး ဒီအထဲမှာ ရေချိုခရု မျိုးစိတ်ပေါင်း ၂၄ မျိုးလောက်လည်းပါဝင်နေပါတယ်။
ဒီကန်ရဲ့ မြင့်မားတဲ့ ရေမျက်နှာပြင်ကြောင့် ဒီဒေသရဲ့ ရာသီဥတုဟာ တစ်နှစ်ထက်တစ်နှစ် ပိုပြီးအေးလာပါတယ်။ နှစ်တစ်နှစ်ရဲ့ မိုးရွာသွန်းမှုအလိုက် ရေလွှမ်းမိုးမှုနဲ့ မိုးခေါင်မှုတွေကို ခံစားရလေ့ရှိပါတယ်။
၁၉၈၆ ကနေ ၁၉၈၇ အထိဒီနေရာမှာ ရေလွှမ်းမိုးမှုကြောင့် စီးပွားရေးအရ ပျက်စီးမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၅ သန်းခန့်ပျက်စီး ဆုံးရူံးခဲ့ရပါတယ်။ ၁၉၈၂၊ ၁၉၈၃၊ ၁၉၈၉နဲ့ ၁၉၉၀ မှာလည်း မိုးခေါင်မှုကြောင့် အမေရိကန်ဒေါ်လာ ၂၀၀သန်းလောက်ဆုံးရှုံးခဲ့ရပါတယ်။
ဒီအိုင်ကြီးထဲမှာ သဘာဝကျွန်းများအပြင် လူလုပ်ကျွန်းတွေလည်းရှိနေပါတယ် ။ ဒီကျွန်းတွေမှာ အင်ကာလူမျိုးတွေရဲ့ ရှေးဦးဘိုးဘေးဘီဘင်တွေလက်ထက်ကတည်းက နေထိုင်ခဲ့ကြပါတယ်။ ဒီလူလုပ်ကျွန်းတွေကိုတော့ totora အမျိုးအစား ကျူပင်တွေ(ဒေသအခေါ် Islas Flotantes) နဲ့ တည်ဆောက်ထားပါတယ်။ ကျူပင်တွေဟာ တီတီကာကာ ရေကန် တစ်ဝိုက်မှာ ထူပိန်းနေအောင် ပေါက်ရောက်နေလေ့ရှိပါတယ်။
ရေအိုင်ကြီးရဲ့ ဧရိယာ ၄၀ ရာခိုင်နူန်းကို ဘိုလစ်ဗီးယားနိုင်ငံကပိုင်ဆိုင်ပြီး ကျန်၆၀ရာခိုင်နှုန်းကိုတော့ ပီရူးနိုင်ငံကပိုင်ဆိုင်ပါတယ်။
ဒီကန်ကရေတွေဟာ အနည်းငယ် ငန်တဲ့အရသာရှိပါတယ်။ အများဆုံးတွေ့ရတဲ့ငါးအမျိုးအစားတွေကတော့ killifish(ဇလားဗီးယားငါး)နဲ့catfish(ငါးခူ)အမျိုးအစားတွေဖြစ်ပါတယ်။
Discussion about this post