Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အင်္ဂလန်ရဲ့ ကမ္ဘာ့အံ့ဖွယ်နေရာတစ်ခု (သို့) Stonehenge အကြောင်းသိကောင်းစရာ

by Thutamm
July 24, 2019
Reading Time: 1min read
0
အင်္ဂလန်ရဲ့ ကမ္ဘာ့အံ့ဖွယ်နေရာတစ်ခု (သို့)  Stonehenge အကြောင်းသိကောင်းစရာ
Share on FacebookShare on Twitter

စတုန်းဟင်းခ်ျ (Stonehenge) ဆိုသည်မှာ သမိုင်းမတိုင်မီ ကာလကပင် တည်ရှိခဲ့သော အထိမ်းအမှတ် အဆောက်အဦး တစ်ခုဖြစ်ပြီး အင်္ဂလန်နိုင်ငံ ဝစ်ရှိုင်းယား (Wiltshire) ခရိုင် အမတ်စ်ဘူရီ (Amesbury) မြို့ မြောက်ဖက် ၂မိုင် (၃.၂ကီလိုမီတာ) အကွာ စလစ်စ်ဘူရီ (Salisbury) မြို့၏ မြောက်ဖက် ၈.၁မိုင် (၁၃ ကီလိုမီတာ) အကွာတို့တွင် တည်ရှိသည်။

စတုန်းဟင်းခ်ျတွင် မြေကတုတ် နှင့် ထိုအရာကို စက်ဝိုင်းပုံသဏ္ဌန် ဝိုင်းရံထားသော ထောင်မတ်နေသည့် ကြီးမားသော ကျောက်တုံးများပါဝင်သည်။

Stonehenge ကိုကျောက်တုံးအမျိုးအစား နှစ်မျိုးဖြင့်တည်ဆောက်ထားသည်။ တစ်မျိုးမှာ အရှည် ၁၈ပေခန့်ရှိပြီး အလေးချိန် ၂၅တန်ခန့်ရှိတဲ့ Sarsen သဲကျောက်တုံးကြီးများဖြစ်သည်။

နောက်တစ်မျိုးမှာ bluestone ခေါ် မီးတောင်ကျောက်အမျိုးအစားဖြစ်သည်။ ထူးခြားသည်မှာ bluestone ကျောက်အမျိုးအစားထွက်သည့် အနီးဆုံးနေရာမှာ Stonehenge နှင့် မိုင် ၂၄၀ ခန့်ကွာဝေးခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက မိုင်ရာချီဝေးကွာသည့်အရပ်မှ ကြီးမားလှသည့်ဧရာမကျောက်တုံးကြီးများကို မည်သည့်နည်းနှင့် သယ်ခဲ့ကြပါသလဲ ၊ မည်သည့်နည်းနှင့် မချီခဲ့ကြပါသလဲ ဆိုသည့်အချက်များမှာ အံသြဖွယ်ကောင်းလှသည်။

ရှေးဟောင်း သုတေသန ပညာရှင်များက ဤကျောက်တုံးသဏ္ဌန် တည်ဆောက်မှုသည် ဘီစီ ၂၅၀၀ ခန့်ကပင်တည်ရှိခဲ့ပြီး ဘီစီ ၂၄၀၀ မှ ဘီစီ ၂၂၀၀ အထိ အချိန်ကာလအတွင်း တိုးတက်ပြောင်းလဲလာခဲ့သည် ဟုယူဆကြသည်။

သို့သော် ယခုလက်ရှိတွေ့မြင်နေရသော ကျောက်တုံးများမှာ ထိုနေရာရှိ အစောဆုံး ကျောက်တုံးတည်ဆောက်မှုများ မဟုတ်ပေ။ ပထမဦးဆုံးတည်ဆောက်မှုတွင် ပါဝင်ခဲ့ပြီး ယခုထက်တိုင် ဘေးပတ်ဝန်းကျင်တွင် တွေ့မြင်နိုင်သော မြေကတုတ်နှင့် တူးမြောင်းများကို ဘီစီ ၃၁၀၀ ခန့်တွင် တည်ဆောက်ခဲ့ကြသည်။

ထိုနေရာနှင့် ပတ်ဝန်းကျင်နေရာများကို ယူနက်စကို၏ ကမ္ဘာ့ သမိုင်းဝင် အမွေအနှစ်များ အဖြစ် ၁၉၈၆ ခုနှစ်တွင် ထည့်သွင်းခဲ့ပြီး အေ့ဗ်ဘူရီ ဟင်းခ်ျတည်ဆောက်မှုများ (Avebury henge monument) နှင့်အတူတွဲဖက်၍ စာရင်းသွင်းခဲ့သည်။

ထို့ပြင် အင်္ဂလန်နိုင်ငံ၏ အမျိုးသားရေးရာ အရေးကြီး ထိန်းသိမ်းရမည့်ရှေးဟောင်းတည်ဆောက်မှုများ (Scheduled Ancient Monument) တွင်လည်း တရားဝင်စာရင်း ဝင်သည်။

စတုန်းဟင်းခ်ျကို အင်္ဂလန်နိုင်ငံတော်အစိုးရမှ ပိုင်ဆိုင်ပြီး အင်္ဂလိပ် သမိုင်းဝင်အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးမှ ကြီးကြပ်သည်။ ပတ်ဝန်းကျင်မြေနေရာများကို မူ နေရှင်နယ် ထရပ်စ် မှ ပိုင်ဆိုင်သည်။

စတုန်းဟင်းခ်ျ ရေးဗားဆိုက် ပရိုဂျက် (Stonehenge Riverside Project) မှ အသစ်ထပ်မံတွေ့ရှိရသော ရှေးဟောင်း သုတေသန အထောက်အထားများအရ စတုန်းဟင်းခ်ျသည် အစောဆုံး စတင်တည်ရှိစဉ် အခါကပင် သင်္ချိုင်းမြေအဖြစ် တည်ရှိခဲ့ကြောင်း ညွှန်ပြနေသည်။

ကျန်ရှိနေသော အရိုးပြာများကို ကာဘွန်ဒိတ်တင်း နည်းဖြင့် ဆန်းစစ်ကြည့်ရာတွင် မြှုပ်နှံမှုများမှာ ပထမဆုံး တူးမြောင်းကို အဆောက်အဦး၏ ပတ်ပတ်လည်တွင် စတင်တူးဖော်ခဲ့သော အချိန်ဖြစ်သည့် ဘီစီ ၃၀၀၀ ခန့်ကပင် စတင်ခဲ့သည်ဟု ညွှန်ပြနေသည်။

စတုန်းဟင်းခ်ျတွင် နောက်ထပ် အနည်းဆုံး နှစ်ပေါင်း ၅၀၀ ကျော်ကြာသည်အထိ မြှုပ်နှံမှုများ ဆက်လက်ပြုလုပ်နေခဲ့ကြပြီး ယခု အထိမ်းအမှတ်ဖြစ်နေသော ကျောက်တုံးကြီးများကို ထူထောင်ထားခဲ့ကြသည် ဟု စတုန်းဟင်းခ်ျ ရေးဗားဆိုက် ပရိုဂျက်၏ ခေါင်းဆောင် ပရော်ဖက်ဆာ မိုက်ပတ်ကား ပီရာဆင်ကဆိုသည်။

လူအချို့ကတော့ Stonehenge ကို ဂြိုဟ်သားများကတည်ဆောက်ထားခဲ့သည်ဟု ယုံကြည်နေကြသော်လည်း တိကျသည့် အထောက်အထားတော့ မပြနိုင်ပါပေ။

ဘာသာရေးအခမ်းအနားများကျင်းပရာနေရာ ၊ လူသားများကိုယဇ်ပူဇော်သည့်နေရာ ၊ သင်္ချိုင်းမြေနေရာ ဖြစ်ခဲ့သည်ဟု တွေ့ရှိချက်အချို့က ဆိုကြသည်။

တည်ဆာက်ခဲ့သည့်အချိန်မှာလည်း အီဂျစ်က ပိရမစ်များကိုတည်ဆောက်ချိန်ထက် နှစ်ပေါင်း ၃၀၀ခန့်စောသည် ဟု ပညာရှင်များက ဆိုကြသည်။

တချိန်ကတော့ လာရောက်လည်ပတ်သူများအား ကျောက်တုံးကြီးများကို ထိတွေ့ခွင့်ပေးထားပြီး ယခုအခါတွင်တော့ Stonehenge ပတ်လည်အားကြိုးဖြင့်ဝိုင်းပြီး ကန့်သတ်ထားလိုက်ပြီဖြစ်သည်။

Ref:
Myanmar Wikipedia
Stonehenge Facts

Tags: world places
Next Post
မူးယစ်ရာဇာကြီး အက်စ်ကိုဘား

မူးယစ်ရာဇာကြီး အက်စ်ကိုဘား

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!