• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အင်္ဂလန်က အကြီးဆုံး ရွှေသိုလှောင်ခန်းများ

by Thutamm
August 13, 2019
Reading Time: 1min read
0
အင်္ဂလန်က အကြီးဆုံး ရွှေသိုလှောင်ခန်းများ
Share on FacebookShare on Twitter

ကမ္ဘာမှာ အကြီးဆုံး ဘဏ်ကြီး တခုဖြစ်တဲ့ ICBC တရုတ် စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ်က လန်ဒန် မြေအောက်ခန်း တခန်းက ရွှေနဲ့ အဖိုးတန် သတ္တုတွေကို ၂၀၁၆ခုနှစ်တည်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဒီလို ရွှေတွေ သိမ်းထားတဲ့ မြေတိုက်ခန်းတွေ လန်ဒန်မှာ ဘယ်လောက်ရှိပြီး ရွှေဘယ်လောက်များများကို သိမ်းဆည်းထားသလဲ သိပါသလား ။

လန်ဒန်ရွှေတိုက်များ

လန်ဒန်မြို့ရဲ့ လမ်းတိုင်းကို ရွှေနဲ့ ခင်းမထားနိုင် ပေမယ့်လည်း လန်ဒန် မြေအောက်ခန်း တွေထဲမှာ ရွှေတွေ သိမ်းထားတာတော့ တော်တော်များပါတယ်။ လန်ဒန် မြို့မှာ ၇ နေရာ ခွဲပြီး ရွှေတန်ချိန် ၆၅ဝဝ သိမ်းထားတာပါ။ ဒီထဲက အများဆုံးကတော့ အင်္ဂလန်ဘဏ်မှာ ရှိပါတယ်။ အဲဒီမှာ လန်ဒန်က ရွှေပိုင်ဆိုင်မှုရဲ့ ၇၅ ရာခိုင်နှုန်း ဖြစ်တဲ့ တန် ၅ဝဝဝ ကျော် ရှိပါတယ်။ ဒီရွှေတွေကို ပေါင် ၃ဝ လောက်စီ လေးတဲ့ ရွှေချောင်းတွေ လုပ်ပြီး သိမ်းထားတာ ရွှေချောင်း ၅ သိန်းလောက် ရှိပါတယ်။ အဲဒီ ရွှေချောင်း တချောင်းကို ဒေါ်လာ ၅ သိန်းကျော် လောက် တန်ပါတယ်။

ဒါပေမဲ့ ဒီထဲမှာ ဗြိတိသျှ ဘဏ္ဍာရေး ဌာနက ပိုင်တဲ့ ရွှေက ဆယ်ပုံ တပုံတောင် မရှိပါဘူး။
“အင်္ဂလန်ဘဏ်မှာ ရှိတဲ့ ရွှေတန်ချိန် ၃ဝဝ လောက်ပဲ ဗြိတိသျှ ဘဏ္ဍာရေး ဌာနက ပိုင်တာပါ။ ကျန်တာတွေက စီးပွားရေး သမားတွေ ပိုင်တာပါ ” လို့ BullionVault  က အေဒရီယန် အက်ရှ် က ပြောပါတယ်။

လန်ဒန်မြို့လယ် က သရက်နီဒယ်လမ်းရဲ့ အောက်မှာ မြေအောက်၂ ထပ်လုပ်ပြီး ရွှေချောင်းတွေကို အခန်း ၈ ခန်း ခွဲ သိမ်းထားပါတယ်။ ဒီလို ခွဲသိမ်းရတာက အလေးချိန် ညီညီမျှမျှ ရှိဖို့နဲ့ ရွှေချောင်းတွေ အလေးချိန်ကြောင့် ဘဏ်အောက်ခြေက အခန်းတွေ မြေကျွံတာ မဖြစ်ဖို့ ခွဲသိမ်းရတာ ဖြစ်ပါတယ်။

M25 အဝေးပြေး လမ်းမကြီး အတွင်း ဘက်မှာ ဂျေပီ မော်ဂန်နဲ့ HSBC တို့လို ဘဏ်တွေက ပိုင်တဲ့ ရွှေတိုက်ခန်း အသေးစား ၆ ခန်း ရှိပါတယ်။ ဟီးသရိုး လေဆိပ်နားမှာ ၃ ခု ရှိပါတယ်။ ဘာကလေဘဏ်ကနေ ICBC ဝယ်လိုက်တဲ့ ရွှေတိုက်က M25 လမ်း အတွင်းဘက်ခြမ်းမှာပဲ ရှိပါတယ်။ ဒါပေမဲ့ နေရာ အတိအကျကို လျှို့ဝှက် ထားတာပါ။ အဲဒီမှာ ရွှေတန်ချိန် ၂ဝဝဝ တောင်ရှိတော့ ဥရောပမှာ ရွှေအများဆုံးထားတဲ့ ရွှေတိုက်တခု ဖြစ်ပါတယ်။ ဒီရွှေတိုက်ကို ဆောက်ဖို့ တနှစ်ကြာတယ်လို့ သိရပါတယ်။

လန်ဒန်မှာ ရွှေသိမ်းသူများ

ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လန်ဒန် ရွှေတိုက်တွေမှာ ရွှေသိမ်းထားကြတယ်လို့လည်း အေဒရီယန် အက်ရှ် ကဆိုပါတယ်။ “ရင်းနှီးမြှုပ်နှံသူတွေ၊ စတော့ဈေးကစားသူတွေ၊ သူဌေး မိသားစုတွေ နဲ့ တခြား လုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှု တွေကို ရွှေနဲ့ သိမ်းထားကြတာပါ ” လို့ ပြောပါတယ်။

အင်္ဂလန်ဘဏ်ရဲ့ ရွှေတိုက်ခန်းက ကမ္ဘာပေါ်မှာ ဒုတိယ အကြီးဆုံး ဖြစ်ပါတယ်။ သူ့ထက် ရွှေချောင်းတွေ ပိုများတာက ရွှေတန်ချိန် ၆၃ဝဝ ရှိတဲ့ နယူးယော့ မြို့က ဖက်ဒရယ် ရီဆာ့ဘဏ်ပါပဲ။
“လန်ဒန်က ရွှေထွက်တဲ့ နေရာလည်းမဟုတ်သလို ရွှေကို ဝတ်ဆင် သုံးစွဲကြတဲ့ ဈေးကွက်လည်း မရှိပါဘူး။ ဒါပေမဲ့ ကမ္ဘာ့ ရွှေဈေးကွက်ကြီး တခုလုံးရဲ့ ဗဟို ဌာန ဖြစ်ပါတယ်။ ရွှေကို စတုတ္ထ အများဆုံး တင်သွင်းပြီး ဒုတိယ အများဆုံး တင်ပို့နေတဲ့ ဈေးကွက်ဌာနကြီး ဖြစ်ပါတယ်။

ရွှေ ဈေးကို စနည်းနာမယ် ဆိုရင် ‘လန်ဒန်ပေါက်ဈေး’ဆိုတာ စကြားရမှာ။ လန်ဒန်မှာ ရွှေအဝင်အထွက် လုပ်တဲ့ ပေါက်ဈေး၊ ဒီဈေးကို အခြေခံ ထားပြီး ရွှေကစားကြတာပါ ” လို့ အက်ရှ် က ပြောပါတယ်။
“အင်္ဂလန် စံတော်ချိန်က အမေရိကန်နဲ့ အာရှကြား မှာ ရှိပါတယ်။ ဒီနိုင်ငံမှာ တခါက ဘဏ်ကရိုက်တဲ့ ငွေစက္ကူနဲ့ ရွှေ တန်ဖိုး အတူထားတဲ့ ရွှေစံချိန် စနစ်ကို ကျင့်သုံးခဲ့ပါတယ်။

နောက်ပြီး ပိုင်ဆိုင်မှု အခွင့်အရေး အာမခံမှု၊ နိုင်ငံရေး တည်ငြိမ်မှု၊ လွတ်လပ်စွာ ကုန်သွယ်ခွင့် စတာတွေမှာ အင်္ဂလန်က အစဉ်အလာ ရှိပါတယ်။ မြေအောက်ခန်း ထိန်းသိမ်းမှု စနစ်မှာလည်း အင်္ဂလန်က ကောင်းပါတယ်။” ICBC ဝယ်လိုက်တဲ့ ဘာကလေ ရွှေတိုက်ကို အခွံချည်းတော့ မပေးလိုက်ဘူးလို့ ယူဆကြပါတယ်။

“ရွှေတွေ မပါတဲ့ ရွှေတိုက်ကိုတော့ ဝယ်မယ် မထင်ပါဘူး၊ နဂိုအတိုင်း ဆက်ထားမှာပါ။ ” လို့ အက်ရှ်က ပြောပါတယ်။ အခုတော့ ရင်းနှီး မြှုပ်နှံသူတွေ၊ ရတနာ ဆိုင်ရှင်တွေ၊ သတ္တုတွင်း ကုမ္ပဏီတွေနဲ့ တခြား ရွှေသိမ်းချင်တဲ့သူတွေ အားလုံး သူတို့ ရွှေသိမ်းခကို ဘာကလေ ဘဏ်အစား ICBC တရုတ်ဘဏ်ကြီးကို ပေးရတော့မှာ ဖြစ်ပါတယ်။

BBC Burmese

Tags: world knowledge
Next Post
နာမည်ကျော် တောပုန်းကြီး ဗိုလ်စံဖဲ ဆိုသည်မှာ

နာမည်ကျော် တောပုန်းကြီး ဗိုလ်စံဖဲ ဆိုသည်မှာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!