(Unicode)
Clark Airbase Hospital ဆိုတာကတော့ ဒုတိယကမ္ဘာစစ်နဲ့ ဗီယက်နမ်တိုက်ပွဲကာလ အတွင်းက အမေရိကန်နဲ့မဟာမိတ်စစ်သည်တွေကို ကုသပေးခဲ့တဲ့စစ်ဆေးရုံဟောင်းကြီးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၊လူဇွန်ကျွန်းပေါ်က Angeles မြို့ရဲ့အနောက်ဘက် (၃)မိုင်အကွာ၊မြို့တော်မနီလာကဆိုရင် အနောက်မြောက်ဘက် မိုင်(၄၀) အကွာက ဖိလစ်ပိုင်လေတပ်ရဲ့ Clark Freeport Zone အတွင်းမှာ တည်ရှိပါတယ်။
စတင်ဆောက်လုပ်စဉ်ကတော့ ဆေးရုံအဖြစ်မဟုတ်ပဲ အမေရိကန်လေတပ်ရဲ့ စစ်ဘက်ဆိုင်ရာ လေတပ်စခန်းတစ်ခုအနေနဲ့ ဖြစ်ပါတယ်။ အမှောင်ထု အစဉ်ဖုံးလွှမ်းနေတဲ့ အဲဒီစွန့်ပစ်ခံစစ်ဆေးရုံဟောင်းကြီးဟာ ဒုတိယကမ္ဘာစစ်နဲ့ ဗီယက်နမ်စစ်ပွဲ ကာလအတွင်းကများစွာသောအမေရိကန်စစ်သည်တွေရဲ့နားခိုရာနေရာ ဖြစ်တဲ့အပြင် မြောက်များစွာသောသေဆုံးမှုတွေ၊ အနိဋ္ဌာရုံမြင်ကွင်း တွေဖြစ်ခဲ့ရာနေရာဖြစ်တာကြောင့် ဒေသခံဖိလစ်ပိုင်လူမျိုးတွေအတွက်တော့ မကောင်းဆိုးဝါး နိမိတ်တွေကြီးစိုးရာ နေရာအဖြစ် သတ်မှတ်ထားကြပါတယ်။
မူလကတောသာသာရှိတဲ့ Angeles မြို့ဟာ အမေရိကန်တွေတည်ထောင်ခဲ့တဲ့မြို့ပမာဖြစ်ပြီး အလျှင်အမြန်တိုးတက်လာပေမယ့် ယနေ့အထိတော့ဒီအဆောက်အအုံဟောင်းကြီးကို ဆက်လက်ထားရှိနေဆဲပဲဖြစ်ပါတယ်။ Clark Airbase Hospital ရဲ့အချို့အပိုင်းတွေဆိုရင် အန္တရာယ်ရှိလောက်တဲ့အနေအထားဖြစ်အောင် ပျက်စီးယိုယွင်းနေပြီး ဒေသခံတွေရဲ့အကြားမှာလည်း တစ္ဆေသူရဲများစွာဟာ ဒီနေရာမှာဆက်လက်ခြောက်လှန့်နေတယ်လို့ နာမည်ကြီးပါတယ်။ ဒီအတွက်အမေရိကန်အပါအဝင်နိုင်ငံတကာက ပညာရှင် တွေ၊ လူစွန့်စားတွေလာရောက်စူးစမ်းမှုတွေလုပ်ခဲ့ကြရာမှာလည်း Clark Airbase Hospital ဟာ သဘာဝလွန်ဖြစ်ရပ်များစွာရှိနေတာအမှန်ဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံက သူရဲတစေ ္ဆခြောက်လှန့်တဲ့၊ကြောက်မက်စရာနေရာတွေ စာရင်းမှာ Clark Airbase Hospital ဟာအမြဲလိုလိုထိပ်တန်းနေရာကနေပါဝင်နေခဲ့ပြီး အချို့စစ်ပြန်ဟောင်းကြီးတွေကလည်း ကျဆုံးခဲ့တဲ့ရဲဘော်၊ရဲဘက်တွေအတွက်အမှတ်တရ နေရာအဖြစ် နှစ်စဉ်လိုလိုလာရောက်လည်ပတ်ကြလေ့ရှိပါတယ်။ ဒီဆေးရုံဟောင်းကြီး ကို (၁၉၀၀)ပြည့်နှစ်ကတည်းကတည်ဆောက်ခဲ့တာကြောင့် ယခုဆိုရင် Clark Airbase Hospitalရဲ့သက်တမ်းဟာ (၁၁၉)နှစ်သက်တမ်းရှိနေပြီဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလနဲ့ ဗီယက်နမ်တိုက်ပွဲကာလတွေမှာ ဒဏ်ရာရရှိတဲ့မဟာမိတ်နဲ့အမေရိကန်စစ်သားတွေကို ကုသရာမှာ အဓိကထားအသုံးပြုခဲ့ပါတယ်။
ဒါအပြင် ဖိလစ်ပိုင်ကျွန်းကို ဂျပန်တွေသိမ်း ပိုတ်လိုက်တဲ့အခါမှာလည်း ဂျပန်တွေရဲ့ကင်ပေတိုင်စခန်းတွေအဖြစ်လည်းအသုံးပြုခဲ့တာ ကိုတွေ့ရပါတယ်။ (၁၉၆၄)ခုနှစ်မှာတော့ အမေရိကန်အစိုးရကပဲ အမေရိကန်ဒေါ်လာ (၆)သန်းလောက် အကုန်အကျခံပြီး စစ်ဆေးရုံတစ်ခုအဖြစ်ပီပီပြင်ပြင်အသက်သွင်းပြီး ပြန်လည်တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီဆေးရုံကြီးဟာ ဖိလစ်ပိုင်နိုင်ငံအတွက်သာမက အရှေတောင်အာရှ ဒေသအားလုံးက အမေရိကန်စစ်ဘက်ဆိုင်ရာ ထိပ်တန်းစစ်ဆေးရုံအဖြစ် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
ဗီယက်နမ်စစ်ပွဲကာလအတွင်းဖြစ်တဲ့ (၁၉၆၆)ခုနှစ်တွင်းက တစ်လတည်းမှာတင် လူနာ(၁၇၀၀၀)လောက်အပြင် သွားဖက်ဆိုင်ရာလူနာ (၃၅၀၀၀)လောက်ကို ကုသပေးနိုင်ခဲ့ပါတယ်။ (၁၉၉၁)ခုနှစ်အတွင်းကတော့ ယင်းဆေးရုံအနီးက Mount Pinatubo မီးတောင်ပေါက်ကွဲမှုကြောင့် Clark Airbase Hospitalဟာ မီးတောင်ပြာတွေ (၁၂)လက်မလောက်ဖုံးလွှမ်းသွားခဲ့ပြီး အတော်ကိုယိုယွင်းလာခဲ့ပြီး နောက်ဆုံးမှာတော့ဆက်လက်သုံးစွဲခြင်းမရှိတော့ပဲ စွန့်ပစ်ခံ အဆောက်အအုံ တစ်ခုဖြစ်သွားခဲ့ ပါတယ်။
ဒေသခံတွေအဆိုအရတော့ Clark Airbase Hospitalရဲ့ပရဝဏ်အတွင်းကို ရောက်ရှိသွားတာနဲ့ အလိုလို ကြောက်ရွံမှုနဲ့ခြောက်ခြားမှုတွေ စတင်ခံစားလာရတယ်လို့သိရပြီး အဆောက်အအုံရဲ့နေရာအသီးသီးက အမျိုးအမည်မသိတဲ့အသံတွေဟာ သွားရောက်သူတိုင်းနီးပါးကြားနေရတယ် လို့သိရပါတယ်။ ခြောက်လှန့်မှုတွေမကြာခဏဖြစ်တယ်လို့ လူပြောများတဲ့သဘာဝလွန်ဖြစ်စဉ်အများစုဟာ (၁၉၉၁)နောက်ပိုင်းကနေစတင်ခဲ့တယ်လို့သိရပြီး သိပ္ပံခေတ်ကြီးအတွင်းမှာ ယင်းဖြစ်ရပ်တွေကိုမယုံဘူးလို့ ငြင်းဆန်ခဲ့သူတွေတောင် Clark Airbase Hospital ရဲ့ဖြစ်ရပ်အပေါ်လက်သင့်ခံခဲ့ရပါတယ်။
ဒေသခံတွေကတော့ ယင်းဆေးရုံအတွင်းက ဝိညာဉ်အများစုဟာ ကျဆုံးစစ်သည်တွေဖြစ်တယ်လို့သိရပြီး ဒဏ်ရာအနာတရနဲ့ သေဆုံးသွားချိန်မှာ နေရာကိုစွဲပြီးဝိညာဉ်တွေအဖြစ်ကာလကြာရှိနေတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အာခေါင်ခြစ်အော်သံတွေ၊နာနာကျည်း ကျည်းမြည်တွန်သံတွေ၊ အင်္ဂလိပ်ဘာသာစကားနဲ့နာမည်မျိုးစုံကိုအော်ဟစ်သံတွေ၊ ပြေးလွှားသံတွေကို လူတစ်ဦးချင်းသာမက အဖွဲ့လိုက်အနေအထားတွေမှာပါ ကြားရလေ့ရှိပြီး မကောင်းဆိုးရွားပုံရိပ်တွေကို ထင်ထင်ရှားရှားမြင်တွေ့ပါတယ်ဆိုတဲ့သူဟာ Angeles မြို့မှာဒုနဲ့ဒေးရှိနေပါတယ်။
Clark Airbase Hospital ရဲ့မြေညီထပ်မှာဆိုရင် ကလေးမွေးဖွားဆောင်တွေ၊ကလေး သူငယ်ရောဂါဆိုင်ရာဓာက်ခွဲခန်းတွေတည်ရှိပြီး ကလေးသူငယ်တွေရဲ့ငိုသံတွေ၊ ခြေသံတွေ(အထူးသဖြင့်စစ်ဖိနပ်သံတွေ)ကို အချိန် တိုင်းကြားနေရပါတယ်။ Clark Airbase Hospital နဲ့ပတ်သက်ပြီးအခြားသဘာဝလွန်ဖြစ်ရပ်များစွာဖြစ်ပေါ်တဲ့ နေရာပါဆိုရင် ဆေးရုံရဲ့ဝင်ပေါက်နေရာကိုပြသရမှာဖြစ်ပါတယ်။
အတော်ကိုယိုယွင်းနေတဲ့နေရာဖြစ်ပြီး ပေါင်းမိုးတွေဆိုရင် သံချောင်းတွေတောင်ထွက်ပေါ်နေခဲ့တဲ့ယင်းနေရာ ဟာ ရင်ခွဲရုံသွားတဲ့လမ်းကြောင်းမှာရှိနေပြီး သေခံတွေအဆိုအရ ဝိညာဉ်တွေရဲ့ပုံရိပ်အပြည့်ကို ထင်ထင်ရှားရှားမြင်တွေ့နိုင်တဲ့နေရာအဖြစ် သတ်မှတ်ထားပါတယ်။ တစ်ယောက်ချင်း(သို့)အုပ်စုလိုက် အရဲစွန့်သွားရောက်တဲ့လူတွေလည်းရှိနေခဲ့ပြီး Clark Airbase Hospitalမှာဖြစ်ပွားခဲ့တဲ့ သဘာဝလွန်ဖြစ်ရပ်တွေအပေါ် အမှန်ဖြစ်ကြောင်း အသိအမှတ်ပြု သက်သေခံမှတ်တမ်း၊ ရုပ်သံများစွာလည်းရှိနေခဲ့တာကို တွေ့ရပါတယ်။
Clark Airbase Hospital ဟာ ထုထည်ကြီးမားစွာတည်ဆောက်ထားတဲ့အဆောက်အအုံ ဖြစ်ပြီး ဒီအဆောက်အအုံကြီးမှာ အခန်းဆောင်များစွာလည်းရှိနေပါတယ်။ ခန်းမတစ်ခုနဲ့တစ်ခုအကြား လျှောက်လမ်းကျယ်များစွာရှိပြီး ဆေးရုံအစိတ်အပိုင်းတော်တော်များများကတော့ နှစ်ပေါင်း (၃၀)နီးပါး မီးတောင်ပြာတွေနဲ့ ဖုံးလွှမ်းလျက်ရှိပါတယ်။ မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်ပြီးတဲ့နောက်မှာတော့ဖိလစ်ပိုင်အစိုးရက အန္တရာယ်ရှိအဆောက်အအုံ အဖြစ်သတ်မှတ်ပြီးစွန့်ပစ်ခဲ့သလို ပြန်လည်ပြင်ဆင်ဖို့လုပ်ငန်းတွေကို လည်းပြုလုပ်ခဲ့ခြင်းမရှိပါဘူး။
ယင်းနေရာမှာအဆောက်အအုံသစ်တစ်ခု တည်ဆောက်ဖို့ အစီစဉ်လည်းမရှိခဲ့ပဲ အမေရိကန်နိုင်ငံနဲ့ချစ်ကြည်ရေးကိုေ ရှးရှူပြီး အထိမ်းအမှတ်အဆောက်အအုံအဖြစ်ထားရှိဖို့စိတ်ကူးသာရှိခဲ့လို့ ယနေ့တိုင် Clark Airbase Hospitalကို မြင်တွေ့နေရခြင်းဖြစ်ပါတယ်။ မလိုလား အပ်တဲ့ မှုခင်းဖြစ်စဉ်တွေဖြစ်ပွားမယ့်အရေးက ရှောင်လွှဲဖို့အတွက်တော့ လုံခြုံရေးအစောင့် တွေကို ဆေးရုံဝင်ပေါက်တွေမှာချထားတာကိုတော့တွေ့ရပါမယ်။
ဒါပေမဲ့ ဖိလစ်နိုင်ငံ သားတွေအပြင် နိုင်ငံရပ်ခြားက စွန့်စားရေးသမားတွေကတော့ နှစ်စဉ်အရေအတွက်များစွာ ဆေးရုံအတွင်းဝင်ရောက် လေ့လာနေဆဲဖြစ်ပါတယ်။ တရားဝင်လာရောက်လည်ပတ် သူတွေအနေနဲ့ကတော့ Clark Airbase Hospitalရဲ့လုံခြုံရေးအဖွဲ့ထံကနေ အဆောက်အအုံတွင်း ဝင်ခွင့်ပါမစ်ရယူရမှာဖြစ်သလို လိုအပ်တဲ့အကူအညီတွေကိုလည်းရရှိနိုင်မှာ ဖြစ်ပါတယ်။
VIDEO
(Zawgyi)
အေျခာက္လွန္႔ဆုံးေနရာအျဖစ္ နာမည္ႀကီးတဲ့ ဖိလစ္ပုိင္ေလတပ္ ေဆးရုံေဟာင္းႀကီး
Clark Airbase Hospital ဆိုတာကေတာ့ ဒုတိယကမာၻစစ္နဲ႔ ဗီယက္နမ္တိုက္ပြဲကာလ အတြင္းက အေမရိကန္နဲ႔မဟာမိတ္စစ္သည္ေတြကို ကုသေပးခဲ့တဲ့စစ္ေဆးရံုေဟာင္းႀကီးျဖစ္ျပီး ဖိလစ္ပိုင္နိုင္ငံ၊လူဇြန္ကၽြန္းေပၚက Angeles ျမိဳ႕ရဲ့အေနာက္ဘက္ (၃)မိုင္အကြာ၊ျမိဳ႕ေတာ္မနီလာကဆိုရင္ အေနာက္ေျမာက္ဘက္ မိုင္(၄၀) အကြာက ဖိလစ္ပိုင္ေလတပ္ရဲ့ Clark Freeport Zone အတြင္းမွာ တည္ရွိပါတယ္။
စတင္ေဆာက္လုပ္စဥ္ကေတာ့ ေဆးရံုအျဖစ္မဟုတ္ပဲ အေမရိကန္ေလတပ္ရဲ့ စစ္ဘက္ဆိုင္ရာ ေလတပ္စခန္းတစ္ခုအေနနဲ႔ ျဖစ္ပါတယ္။ အေမွာင္ထု အစဥ္ဖံုးလႊမ္းေနတဲ့ အဲဒီစြန္႔ပစ္ခံစစ္ေဆးရံုေဟာင္းၾကီးဟာ ဒုတိယကမာၻစစ္နဲ႔ ဗီယက္နမ္စစ္ပြဲ ကာလအတြင္းကမ်ားစြာေသာအေမရိကန္စစ္သည္ေတြရဲ့နားခိုရာေနရာ ျဖစ္တဲ့အျပင္ ေျမာက္မ်ားစြာေသာေသဆံုးမႈေတြ၊ အနိ႒ာရံုျမင္ကြင္း ေတြျဖစ္ခဲ့ရာေနရာျဖစ္တာေၾကာင့္ ေဒသခံဖိလစ္ပိုင္လူမ်ိဳးေတြအတြက္ေတာ့ မေကာင္းဆိုးဝါး နိမိတ္ေတြၾကီးစိုးရာ ေနရာအျဖစ္ သတ္မွတ္ထားၾကပါတယ္။
မူလကေတာသာသာရွိတဲ့ Angeles ျမိဳ႕ဟာ အေမရိကန္ေတြတည္ေထာင္ခဲ့တဲ့ျမိဳ႕ပမာျဖစ္ျပီး အလ်ွင္အျမန္တိုးတက္လာေပမယ့္ ယေန႔အထိေတာ့ဒီအေဆာက္အအံုေဟာင္းၾကီးကို ဆက္လက္ထားရွိေနဆဲပဲျဖစ္ပါတယ္။ Clark Airbase Hospital ရဲ့အခ်ဳိ႕အပိုင္းေတြဆိုရင္ အႏၱရာယ္ရွိေလာက္တဲ့အေနအထားျဖစ္ေအာင္ ပ်က္စီးယိုယြင္းေနၿပီး ေဒသခံေတြရဲ့အၾကားမွာလည္း တေစၦသူရဲမ်ားစြာဟာ ဒီေနရာမွာဆက္လက္ေျခာက္လွန္႔ေနတယ္လို႔ နာမည္ႀကီးပါတယ္။ ဒီအတြက္အေမရိကန္အပါအဝင္နိုင္ငံတကာက ပညာရွင္ ေတြ၊ လူစြန္႔စားေတြလာေရာက္စူးစမ္းမႈေတြလုပ္ခဲ့ၾကရာမွာလည္း Clark Airbase Hospital ဟာ သဘာဝလြန္ျဖစ္ရပ္မ်ားစြာရွိေနတာအမွန္ျဖစ္ေၾကာင္း အတည္ျပဳခဲ့ၾကပါတယ္။
ဖိလစ္ပိုင္နိုင္ငံက သူရဲတေစ ၦေျခာက္လွန္႔တဲ့၊ေၾကာက္မက္စရာေနရာေတြ စာရင္းမွာ Clark Airbase Hospital ဟာအျမဲလိုလိုထိပ္တန္းေနရာကေနပါဝင္ေနခဲ့ျပီး အခ်ဳိ႕စစ္ျပန္ေဟာင္းၾကီးေတြကလည္း က်ဆံုးခဲ့တဲ့ရဲေဘာ္၊ရဲဘက္ေတြအတြက္အမွတ္တရ ေနရာအျဖစ္ နွစ္စဥ္လိုလိုလာေရာက္လည္ပတ္ၾကေလ့ရွိပါတယ္။ ဒီေဆးရံုေဟာင္းၾကီး ကို (၁၉၀၀)ျပည့္နွစ္ကတည္းကတည္ေဆာက္ခဲ့တာေၾကာင့္ ယခုဆိုရင္ Clark Airbase Hospitalရဲ့သက္တမ္းဟာ (၁၁၉)နွစ္သက္တမ္းရွိေနျပီျဖစ္ျပီး ဒုတိယကမာၻစစ္ကာလနဲ႔ ဗီယက္နမ္တိုက္ပြဲကာလေတြမွာ ဒဏ္ရာရရွိတဲ့မဟာမိတ္နဲ႔အေမရိကန္စစ္သားေတြကို ကုသရာမွာ အဓိကထားအသံုးျပဳခဲ့ပါတယ္။
ဒါအျပင္ ဖိလစ္ပိုင္ကၽြန္းကို ဂ်ပန္ေတြသိမ္း ပိုတ္လိုက္တဲ့အခါမွာလည္း ဂ်ပန္ေတြရဲ့ကင္ေပတိုင္စခန္းေတြအျဖစ္လည္းအသံုးျပဳခဲ့တာ ကိုေတြ႔ရပါတယ္။ (၁၉၆၄)ခုနွစ္မွာေတာ့ အေမရိကန္အစိုးရကပဲ အေမရိကန္ေဒၚလာ (၆)သန္းေလာက္ အကုန္အက်ခံျပီး စစ္ေဆးရံုတစ္ခုအျဖစ္ပီပီျပင္ျပင္အသက္သြင္းျပီး ျပန္လည္တည္ေဆာက္ခဲ့တယ္လို႔ သိရပါတယ္။ ဒီေဆးရံုၾကီးဟာ ဖိလစ္ပိုင္နိုင္ငံအတြက္သာမက အေရွေတာင္အာရွ ေဒသအားလံုးက အေမရိကန္စစ္ဘက္ဆိုင္ရာ ထိပ္တန္းစစ္ေဆးရံုအျဖစ္ ရည္ရြယ္ခဲ့တာျဖစ္ပါတယ္။
ဗီယက္နမ္စစ္ပြဲကာလအတြင္းျဖစ္တဲ့ (၁၉၆၆)ခုနွစ္တြင္းက တစ္လတည္းမွာတင္ လူနာ(၁၇၀၀၀)ေလာက္အျပင္ သြားဖက္ဆိုင္ရာလူနာ (၃၅၀၀၀)ေလာက္ကို ကုသေပးနိုင္ခဲ့ပါတယ္။ (၁၉၉၁)ခုနွစ္အတြင္းကေတာ့ ယင္းေဆးရံုအနီးက Mount Pinatubo မီးေတာင္ေပါက္ကြဲမႈေၾကာင့္ Clark Airbase Hospitalဟာ မီးေတာင္ျပာေတြ (၁၂)လက္မေလာက္ဖံုးလႊမ္းသြားခဲ့ျပီး အေတာ္ကိုယိုယြင္းလာခဲ့ျပီး ေနာက္ဆံုးမွာေတာ့ဆက္လက္သံုးစြဲျခင္းမရွိေတာ့ပဲ စြန္႔ပစ္ခံ အေဆာက္အအံု တစ္ခုျဖစ္သြားခဲ့ ပါတယ္။
ေဒသခံေတြအဆိုအရေတာ့ Clark Airbase Hospitalရဲ့ပရဝဏ္အတြင္းကို ေရာက္ရွိသြားတာနဲ႔ အလုိလုိ ေၾကာက္ရြံမႈနဲ႔ေျခာက္ျခားမႈေတြ စတင္ခံစားလာရတယ္လို႔သိရျပီး အေဆာက္အအံုရဲ့ေနရာအသီးသီးက အမ်ိဳးအမည္မသိတဲ့အသံေတြဟာ သြားေရာက္သူတိုင္းနီးပါးၾကားေနရတယ္ လို႔သိရပါတယ္။ ေျခာက္လွန္႔မႈေတြမၾကာခဏျဖစ္တယ္လုိ႔ လူေျပာမ်ားတဲ့သဘာဝလြန္ျဖစ္စဥ္အမ်ားစုဟာ (၁၉၉၁)ေနာက္ပိုင္းကေနစတင္ခဲ့တယ္လို႔သိရၿပီး သိပၸံေခတ္ၾကီးအတြင္းမွာ ယင္းျဖစ္ရပ္ေတြကိုမယံုဘူးလို႔ ျငင္းဆန္ခဲ့သူေတြေတာင္ Clark Airbase Hospital ရဲ့ျဖစ္ရပ္အေပၚလက္သင့္ခံခဲ့ရပါတယ္။
ေဒသခံေတြကေတာ့ ယင္းေဆးရံုအတြင္းက ဝိညာဥ္အမ်ားစုဟာ က်ဆံုးစစ္သည္ေတြျဖစ္တယ္လို႔သိရျပီး ဒဏ္ရာအနာတရနဲ႔ ေသဆံုးသြားခ်ိန္မွာ ေနရာကိုစြဲျပီးဝိညာဥ္ေတြအျဖစ္ကာလၾကာရွိေနတာ ျဖစ္တယ္လို႔ ဆိုၾကပါတယ္။ အာေခါင္ျခစ္ေအာ္သံေတြ၊နာနာက်ည္း က်ည္းျမည္တြန္သံေတြ၊ အဂၤလိပ္ဘာသာစကားနဲ႔နာမည္မ်ိဳးစံုကိုေအာ္ဟစ္သံေတြ၊ ေျပးလႊားသံေတြကို လူတစ္ဦးခ်င္းသာမက အဖြဲ႔လိုက္အေနအထားေတြမွာပါ ၾကားရေလ့ရွိျပီး မေကာင္းဆိုးရြားပံုရိပ္ေတြကို ထင္ထင္ရွားရွားျမင္ေတြ႔ပါတယ္ဆိုတဲ့သူဟာ Angeles ျမိဳ႕မွ ာဒုနဲ႔ေဒးရွိေနပါတယ္။
Clark Airbase Hospital ရဲ့ေျမညီထပ္မွာဆိုရင္ ကေလးေမြးဖြားေဆာင္ေတြ၊ကေလး သူငယ္ေရာဂါဆိုင္ရာဓာက္ခြဲခန္းေတြတည္ရွိျပီး ကေလးသူငယ္ေတြရဲ့ငိုသံေတြ၊ ေျခသံေတြ(အထူးသျဖင့္စစ္ဖိနပ္သံေတြ)ကို အခ်ိန္ တိုင္းၾကားေနရပါတယ္။ Clark Airbase Hospital နဲ႔ပတ္သက္ျပီးအျခားသဘာဝလြန္ျဖစ္ရပ္မ်ားစြာျဖစ္ေပၚတဲ့ ေနရာပါဆိုရင္ ေဆးရံုရဲ့ဝင္ေပါက္ေနရာကိုျပသရမွာျဖစ္ပါတယ္။
အေတာ္ကိုယိုယြင္းေနတဲ့ေနရာျဖစ္ျပီး ေပါင္းမိုးေတြဆိုရင္ သံေခ်ာင္းေတြေတာင္ထြက္ေပၚေနခဲ့တဲ့ယင္းေနရာ ဟာ ရင္ခြဲရံုသြားတဲ့လမ္းေၾကာင္းမွာရွိေနျပီး ေသခံေတြအဆိုအရ ဝိညာဥ္ေတြရဲ့ပံုရိပ္အျပည့္ကို ထင္ထင္ရွားရွားျမင္ေတြ႔နိုင္တဲ့ေနရာအျဖစ္ သတ္မွတ္ထားပါတယ္။ တစ္ေယာက္ခ်င္း(သို႔)အုပ္စုလိုက္ အရဲစြန္႔သြားေရာက္တဲ့လူေတြလည္းရွိေနခဲ့ျပီး Clark Airbase Hospitalမွာျဖစ္ပြားခဲ့တဲ့ သဘာဝလြန္ျဖစ္ရပ္ေတြအေပၚ အမွန္ျဖစ္ေၾကာင္း အသိအမွတ္ျပဳ သက္ေသခံမွတ္တမ္း၊ ရုပ္သံမ်ားစြာလည္းရွိေနခဲ့တာကို ေတြ႔ရပါတယ္။
Clark Airbase Hospital ဟာ ထုထည္ၾကီးမားစြာတည္ေဆာက္ထားတဲ့အေဆာက္အအံု ျဖစ္ျပီး ဒီအေဆာက္အအုံႀကီးမွာ အခန္းေဆာင္မ်ားစြာလည္းရွိေနပါတယ္။ ခန္းမတစ္ခုနဲ႔တစ္ခုအၾကား ေလ်ွာက္လမ္းက်ယ္မ်ားစြာရွိျပီး ေဆးရံုအစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားကေတာ့ နွစ္ေပါင္း (၃၀)နီးပါး မီးေတာင္ျပာေတြနဲ႔ ဖံုးလႊမ္းလ်က္ရွိပါတယ္။ မီးေတာင္ေပါက္ကြဲမႈ ျဖစ္စဥ္ျပီးတဲ့ေနာက္မွာေတာ့ဖိလစ္ပိုင္အစိုးရက အႏၱရာယ္ရွိအေဆာက္အအံု အျဖစ္သတ္မွတ္ျပီးစြန္႔ပစ္ခဲ့သလို ျပန္လည္ျပင္ဆင္ဖို႔လုပ္ငန္းေတြကို လည္းျပဳလုပ္ခဲ့ျခင္းမရွိပါဘူး။
ယင္းေနရာမွာအေဆာက္အအံုသစ္တစ္ခု တည္ေဆာက္ဖို႔ အစီစဥ္လည္းမရွိခဲ့ပဲ အေမရိကန္နိုင္ငံနဲ႔ခ်စ္ၾကည္ေရးကိုေ ရွးရွဴျပီး အထိမ္းအမွတ္အေဆာက္အအံုအျဖစ္ထားရွိဖို႔စိတ္ကူးသာရွိခဲ့လို႔ ယေန႔တိုင္ Clark Airbase Hospitalကို ျမင္ေတြ႔ေနရျခင္းျဖစ္ပါတယ္။ မလိုလား အပ္တဲ့ မႈခင္းျဖစ္စဥ္ေတြျဖစ္ပြားမယ့္အေရးက ေရွာင္လႊဲဖို႔အတြက္ေတာ့ လံုျခံဳေရးအေစာင့္ ေတြကို ေဆးရံုဝင္ေပါက္ေတြမွာခ်ထားတာကိုေတာ့ေတြ႔ရပါမယ္။
ဒါေပမဲ့ ဖိလစ္နိုင္ငံ သားေတြအျပင္ နိုင္ငံရပ္ျခားက စြန္႔စားေရးသမားေတြကေတာ့ နွစ္စဥ္အေရအတြက္မ်ားစြာ ေဆးရံုအတြင္းဝင္ေရာက္ ေလ့လာေနဆဲျဖစ္ပါတယ္။ တရားဝင္လာေရာက္လည္ပတ္ သူေတြအေနနဲ႔ကေတာ့ Clark Airbase Hospitalရဲ့လံုျခံဳေရးအဖြဲ႔ထံကေန အေဆာက္အအံုတြင္း ဝင္ခြင့္ပါမစ္ရယူရမွာျဖစ္သလို လိုအပ္တဲ့အကူအညီေတြကိုလည္းရရွိနိုင္မွာ ျဖစ္ပါတယ္။
VIDEO
Discussion about this post