လူတွေဟာ သွေးရူးသွေးတန်းဖြစ်လာရင် ဘာကိုမှ မမြင်နိုင်တော့ပါဘူး။ အထူးသဖြင့် ကိုယ့်အချစ်ဆုံးသူတွေအတွက် အရေးကြီးလာတဲ့အခါ ဖြစ်နိုင်သည် မဖြစ်နိုင်သည် အပထား ကိုယ်တတ်နိုင်သလောက် အစွမ်းကုန်ကူညီချင်ကြပါတယ်။ အခုဖြစ်ရပ်ကလည်း အင်တာနက်ပေါ်မှာ လတ်တလော ပျံ့နှံ့နေတဲ့ဖြစ်ရပ်ဖြစ်ပြီး မြေးဖြစ်သူဟာ အဖွားဖြစ်သူကို ကယ်တင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ က မက္ကဆီကိုမြို့ အထွေထွေဆေးရုံအဝင်မှာ ဖြစ်ပွားခဲ့တာပါ။ ဓာတ်ပုံတွေကိုတော့ အဲဒီနေရာမှာရှိနေတဲ့ ဓာတ်ပုံဆရာ Moisés Pablo က အမှတ်မထင်ရိုက်ကူးမိခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့က အသက် ၃၀ အရွယ်လူတယောက်ဟာ လူနာဖြစ်တဲ့ သူ့ရဲ့အဘွားဖြစ်သူကို ကားတစီးနဲ့တင်ကာ ဆေးရုံအဝင် ကားပါကင်ကို ရောက်ရှိလာခဲ့ပါတယ်။ အဘွားဖြစ်သူမှာ အသက်ရှုခက်ခဲတဲ့ လက္ခဏာတွေပြသနေတာကြောင့် ကိုဗစ်သံသယလူနာအဖြစ် ဆေးရုံတင်ဖို့ ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။
ရောက်ရှိလာတဲ့အချိန်မှာ မြေးဖြစ်သူဟာ အသက်ရှုခက်ခဲနေတဲ့ အဘွားဖြစ်သူကို အလွန်အမင်းစိုးရိမ်နေပုံရပါတယ်။ ဆေးရုံကျန်းမာရေးဝန်ထမ်းတွေကို အမြန်အကြောင်းကြားပြီးခဲ့ချိန်မှာပဲ အဘွားဖြစ်သူဟာ အသက်ရှုရ အလွန်ခက်ခဲတဲ့ပုံ ပြလာပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ အချိန်မီရောက်မလာတဲ့အဆုံးမှာတော့ မျက်ရည်အပြည့်နဲ့ မြေးဖြစ်သူဟာ ကြံရာမရဖြစ်ပြီး သတိလစ်နေပြီဖြစ်တဲ့ အဘွားဖြစ်သူ အဆင်ပြေလိုငြား ပါးစပ်ချင်းဆက်ကာ အသက်ကယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအချိန်မှာ သူ့ကို ရောဂါကူးနိုင်တာကိုလည်း သတိမရတော့ပဲ သူတတ်နိုင်သမျှ အဘွားအတွက် အစွမ်းကုန်ကြိုးစားပေးခဲ့တာပဲ ဖြစ်ပါတယ်။
မိနစ်ပိုင်းအတွင်းမှာပဲ ဆေးရုံရဲ့ကျန်းမာရေးဝန်ထမ်းတွေ အဲဒီနေရာကို ရောက်ရှိလာခဲ့ပြီး အဘွားဖြစ်သူအတွက် လိုအပ်တဲ့ အရေးပေါ်ကုသမှုတွေ ပြုလုပ်ကြပါတယ်။ ဒါပေမယ့် စစ်ဆေးကြည့်တဲ့အခါမှာတော့ အဘွားဖြစ်သူဟာ အသက်မရှိတော့ပါဘူး။
ဒီဓာတ်ပုံတွေ အင်တာနက်ပေါ်ကို ပျံ့နှံ့ခဲ့ချိန်မှာတော့ အားလုံးစိတ်မကောင်းဖြစ်ကြရပါတယ်။ မြေးဖြစ်သူဟာ သူ့ရဲ့အဘွားကို ဘယ်လောက်ချစ်တယ်ဆိုတာကို ဓာတ်ပုံတွေက ဖော်ပြနေခဲ့ပါတယ်။ သူ့အဘွားအတွက် သူ့ကိုရောဂါကူးသွားမှာကိုတောင် မစိုးရိမ်တော့တဲ့အထိ လုပ်ဆောင်ပေးခဲ့တာပါ။
မြောက်အမေရိကမှာတော့ အမေရိကန်ပြီးရင် မက္ကဆီကိုဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ အများဆုံးဖြစ်နေပါတယ်။ မက္ကဆီကိုမှာ လက်ရှိအချိန်ထိ ဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၁၅၀၂၆၄ ဦး ရှိနေပြီး သေဆုံးသူပေါင်း ၁၇၅၈၀ ဦးအထိရှိနေပြီဖြစ်ပါတယ်။
——– ——- ——
(Zawgyi)
အခ်စ္ဆုံးအဘြားကို ကယ္တင္ႏုိင္ဖို ႔အစြမ္းကုန္ႀကိဳးစားခဲ့ပါေသာ္လည္း
လူေတြဟာ ေသြး႐ူးေသြးတန္းျဖစ္လာရင္ ဘာကိုမွ မျမင္ႏိုင္ေတာ့ပါဘူး။ အထူးသျဖင့္ ကိုယ့္အခ်စ္ဆုံးသူေတြအတြက္ အေရးႀကီးလာတဲ့အခါ ျဖစ္ႏိုင္သည္ မျဖစ္ႏိုင္သည္ အပထား ကိုယ္တတ္ႏိုင္သေလာက္ အစြမ္းကုန္ကူညီခ်င္ၾကပါတယ္။ အခုျဖစ္ရပ္ကလည္း အင္တာနက္ေပၚမွာ လတ္တေလာ ပ်ံ႕ႏွံ႔ေနတဲ့ျဖစ္ရပ္ျဖစ္ၿပီး ေျမးျဖစ္သူဟာ အဖြားျဖစ္သူကို ကယ္တင္ဖို႔ အစြမ္းကုန္ႀကိဳးစားခဲ့တာျဖစ္ပါတယ္။
ဒီျဖစ္စဥ္ဟာ ၿပီးခဲ့တဲ့ ဇြန္လ ၈ ရက္ေန႔ က မကၠဆီကိုၿမိဳ႕ အေထြေထြေဆး႐ုံအဝင္မွာ ျဖစ္ပြားခဲ့တာပါ။ ဓာတ္ပုံေတြကိုေတာ့ အဲဒီေနရာမွာရွိေနတဲ့ ဓာတ္ပုံဆရာ Moisés Pablo က အမွတ္မထင္႐ိုက္ကူးမိခဲ့တာျဖစ္ပါတယ္။
အဲဒီေန႔က အသက္ ၃၀ အရြယ္လူတေယာက္ဟာ လူနာျဖစ္တဲ့ သူ႔ရဲ႕အဘြားျဖစ္သူကို ကားတစီးနဲ႔တင္ကာ ေဆးရုံအ၀င္ ကားပါကင္ကို ေရာက္ရွိလာခဲ့ပါတယ္။ အဘြားျဖစ္သူမွာ အသက္ရႈခက္ခဲတဲ့ လကၡဏာေတြျပသေနတာေၾကာင့္ ကိုဗစ္သံသယလူနာအျဖစ္ ေဆးရုံတင္ဖုိ႔ ေရာက္ရွိလာခဲ့တာပဲျဖစ္ပါတယ္။
ေရာက္ရွိလာတဲ့အခ်ိန္မွာ ေျမးျဖစ္သူဟာ အသက္ရႈခက္ခဲေနတဲ့ အဘြားျဖစ္သူကို အလြန္အမင္းစိုးရိမ္ေနပုံရပါတယ္။ ေဆးရုံက်န္းမာေရး၀န္ထမ္းေတြကို အျမန္အေၾကာင္းၾကားၿပီးခဲ့ခ်ိန္မွာပဲ အဘြားျဖစ္သူဟာ အသက္ရႈရ အလြန္ခက္ခဲတဲ့ပုံ ျပလာပါတယ္။
က်န္းမာေရး၀န္ထမ္းေတြ အခ်ိန္မီေရာက္မလာတဲ့အဆုံးမွာေတာ့ မ်က္ရည္အျပည့္နဲ႔ ေျမးျဖစ္သူဟာ ႀကံရာမရျဖစ္ၿပီး သတိလစ္ေနၿပီျဖစ္တဲ့ အဘြားျဖစ္သူ အဆင္ေျပလုိျငား ပါးစပ္ခ်င္းဆက္ကာ အသက္ကယ္ဖုိ႔ ႀကဳိးစားခဲ့ပါတယ္။ ဒီအခ်ိန္မွာ သူ႔ကို ေရာဂါကူးႏုိင္တာကုိလည္း သတိမရေတာ့ပဲ သူတတ္ႏုိင္သမွ် အဘြားအတြက္ အစြမ္းကုန္ႀကဳိးစားေပးခဲ့တာပဲ ျဖစ္ပါတယ္။
မိနစ္ပုိင္းအတြင္းမွာပဲ ေဆးရုံရဲ႕က်န္းမာေရး၀န္ထမ္းေတြ အဲဒီေနရာကို ေရာက္ရွိလာခဲ့ၿပီး အဘြားျဖစ္သူအတြက္ လုိအပ္တဲ့ အေရးေပၚကုသမႈေတြ ျပဳလုပ္ၾကပါတယ္။ ဒါေပမယ့္ စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ အဘြားျဖစ္သူဟာ အသက္မရွိေတာ့ပါဘူး။
ဒီဓာတ္ပုံေတြ အင္တာနက္ေပၚကို ပ်ံ႔ႏွံ႔ခဲ့ခ်ိန္မွာေတာ့ အားလုံးစိတ္မေကာင္းျဖစ္ၾကရပါတယ္။ ေျမးျဖစ္သူဟာ သူ႔ရဲ႕အဘြားကို ဘယ္ေလာက္ခ်စ္တယ္ဆုိတာကုိ ဓာတ္ပုံေတြက ေဖာ္ျပေနခဲ့ပါတယ္။ သူ႔အဘြားအတြက္ သူ႔ကိုေရာဂါကူးသြားမွာကိုေတာင္ မစုိးရိမ္ေတာ့တဲ့အထိ လုပ္ေဆာင္ေပးခဲ့တာပါ။
ေျမာက္အေမရိကမွာေတာ့ အေမရိကန္ၿပီးရင္ မကၠဆီကိုဟာ ကုိရုိနာဗုိင္းရပ္စ္ကူးစက္ခံထားရသူ အမ်ားဆုံးျဖစ္ေနပါတယ္။ မကၠဆီကိုမွာ လက္ရွိအခ်ိန္ထိ ဗုိင္းရပ္စ္ ကူးစက္ခံထားရသူေပါင္း ၁၅၀၂၆၄ ဦး ရွိေနၿပီး ေသဆုံးသူေပါင္း ၁၇၅၈၀ ဦးအထိရွိေနၿပီျဖစ္ပါတယ္။
Discussion about this post