• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အက်ဆစ်မိုးအကြောင်း သိကောင်းစရာ

by Thutamm
August 11, 2019
Reading Time: 1min read
0
အက်ဆစ်မိုးအကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

အက်ဆစ်မိုးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ်

ဒေါက်တာခင်မောင်ညို

သိပ္ပံပညာနဲ့ ပတ်သက်ပြီး လူတွေရဲ့အမြင် နှစ်မျိုးကို တွေ့ရတတ်သည်။ ပထမအချက်က နားမလည်တာပဲ။ ကျွန်တော် ခုရေးတဲ့ အက်ဆစ်မိုးဆိုရင် မိုးပေါ်ကရွာချတဲ့ မိုးရေတွေဟာ အက်ဆစ်တွေဖြစ်ပြီး လောင်ကုန် တာလား ဆိုတာမျိုးပေါ့။ ဒုတိယအချက်ကတော့ ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်တာပါ။

လူတွေဟာ မိမိအကျိုးစီးပွားကို အဓိကထားပြီး စဉ်းစားတာတွေ ရှိပါတယ်။ ဒါဟာ ပြသနာတော့ မဟုတ်ပါဘူး။ ဘယ်သူမဆို ဒီလိုစဉ်းစားတယ်ဆိုပြီး လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အမှန်တရားကနေ သွေဖီပြီး စဉ်းစားတာတွေဟာ ကွေ့ကောက်သွားတယ်။ ဒါကို Crooked Thinking လို့ ခေါ်တယ်။ အတွေးမှားတွေဟာ ပြသနာတွေကို ကောင်းစွာ မဖြေရှင်းနိုင်တဲ့အပြင် အန္တရာယ်လည်း ကြီးပါတယ်။ အန္တရာယ်ကြီးတယ်ဆိုတာက ငြင်းခုံမှုတွေ ကို ဖိတ်ခေါ်သလို ဖြစ်နေပါတယ်။

အမှန်တော့ သိပ္ပံပညာအနေနဲ့ မှားတာ အယူအဆလွဲတာတွေ ရှိပေမဲ့ လည်း ဘက်လိုက်လို့မရဘူး။ ( အမှန်ကိုရှာဖွေတဲ့ ဘာသာရပ်ဖြစ်တယ် )။ ဥပမာ ဓာတ်လိုက်တယ်ဆိုတာ လူကြီးကိုလည်း လိုက်တယ်။ အစိုးရ အရာရှိကိုလည်း လိုက်တယ်။ ဆင်းရဲ၊ သူဌေး မခွဲခြားဘူး။ ဒါကြောင့် သိပ္ပံပညာက ပြောတာကို မငြင်းတာ အကောင်းဆုံးပဲ။

ကျွန်တော်တို့ ပြည်သူတွေထဲမှာလည်း လူနှစ်မျိုး ရှိတယ်။ ပထမတစ်မျိုး ကတော့ မိမိတို့ အကျိုးစီးပွားနဲ့ ပတ်သက်နေတာကို တွေ့ရကြုံရရင် လက်မခံဘဲ ငြင်းဆန်ကြတာ ဓမ္မတာပဲ။ အဓိကကတော့ အကျိုးအကြောင်း ကို ကြည့်ဖို့ လိုတာပဲပေါ့။ နောက်တစ်မျိုးဆိုရင် ကတော့ ဝေဖန်ပိုင်းခြားပြီး ဆွေးနွေးလက်ခံ သူတွေပဲ ဖြစ်တယ်။

အထူးသဖြင့် ခုခေတ်မှာ စက်ရုံတွေများလာတယ်။ ကားတွေ များလာ တယ်။ ဒီအတွက် မလွှဲမရှောင်သာတဲ့ အက်ဆစ်မိုးဆိုတာကို သတိပြုရမှာ ဖြစ်တယ်။ အက်ဆစ်မိုးဟာ သီးနှံတွေကို ပျက်စေတယ်။ ထုံးကျောက်တောင်တွေကို ဒုက္ခပေးတယ်။ ပင်လယ်ထဲက သန္တာ ကျောက်တန်းတွေကို ပျက်စေတယ်။ ယနေ့ ပင်လယ်ထဲက သတ္တဝါများစွာဟာ အက်ဆစ်မိုးဒဏ် ခံနေရတယ်လို့ ဆိုတယ်။ အထူးသဖြင့် ပင်လယ်ရေဟာ အက်ဆစ်တွေဖြစ်လာတယ်။ ဒီအတွက် ပင်လယ်ထဲက ငါးလို ရေသတ္တဝါတွေဟာ ပျက်စီးတယ်။ ဥတွေ ၊ အကောင်ပေါက်တွေ အတွက် အန္တရာယ်ကြီးတယ်။

အက်ဆစ်မိုးဆိုတာ သဘာဝအရ မဟုတ်ဘဲ အက်ဆစ်ဂုဏ်ပါတဲ့ မိုး ရွာချတာကို ခေါ်တယ်။

အဓိကအားဖြင့် ကုန်ထုတ်လုပ်ငန်း (စက်ရုံမ)များမှ လေထုထဲ စွန့်ပစ် ထုတ်လွှတ်တဲ့ အညစ်အကြေးကြောင့် ဖြစ်တယ်။ သန့်စင်တဲ့ရေ (ရေသန့်) ဟာ အက်ဆစ်ဂုဏ်လည်း မရှိဘူး။ ဘေ့စ်ဂုဏ်လည်း မရှိဘူး။ (အယ်ကာ လီ မဖြစ်ဘူး) စံစကေးမှာ ရေသန့်ရဲ့ စံဟာ 7 ဖြစ်ပါတယ်။ ဒါကို ဓာတ် ပြယ်မှတ် (neutral) ရောက်နေတယ်လို့ သတ်မှတ်တယ်။ မိုးရေအားလုံး ဟာ သဘာဝအားဖြင့် အက်ဆစ်ဂုဏ် နည်းနည်းတော့ ရှိတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ လေထဲထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ပင်လယ် ထဲက ကလိုရိုဒ်တို့ ပါလာလို့ပဲ။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ ကာဗွန်နစ် အက်ဆစ် (H2CO3) ဖြစ်စေတယ်။ ကလိုရိုဒ်ကတော့ ဟိုက်ဒရိုကလိုရစ် အက်ဆစ် (HCl) ဖြစ်စေတယ်။ ဒီတော့ လေထုညစ်ညမ်းမှု မရှိတဲ့အရပ်က မိုးရေဟာ (အဲဒီအက်ဆစ်တွေ ပျော်ဝင်နေတာ ကြောင့် စံ 5.6 ဝန်းကျင်မှာ ရှိနေတတ်တာကို တွေ့ရတယ်။ ဒီလို စံနိမ့်ကျတာဟာ အစ်ဆစ်ဂုဏ် ရှိနေတာကို ဖော်ပြတာပါပဲ။

စက်မှုတော်လှန်ရေး မတိုင်မီ စက်ရုံ အလုပ်ရုံတွေမများခင်က တောရော မြို့မှာပါ မိုးရေရဲ့ စံဟာ 5 နဲ့ 6 ကြားမှာ ပြေးလျက်ရှိတယ်။ ယခုခေတ်မှာ တော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မိုးရေရဲ့စံဟာ 5 ထက်ကို နိမ့်ကျနေပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အက်ဆစ်မိုးတွေ ဖြစ်နေတယ်ဆိုတဲ့ သတ်မှတ်ချက် ဘောင်ထဲ ရောက်နေတယ်လို့ လက်ခံထားတဲ့ အဆင့်ကို ရောက်နေပြီ ဖြစ်တယ်။

အက်ဆစ်မိုးရဲ့ အဓိက တရားခံကတော့ ဆာလဖာဒိုင်အောက်ဆိုဒ် နဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ်များ NOx ကြောင့်ပါပဲ။ ဒါတွေဟာ ဇီဝရုပ်ကြွင်း လောင်စာများဖြစ်တဲ့ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့၊ ဓာတ်ဆီ၊ ဒီဇယ်နဲ့ ရေနံဆီတို့ လောင်ကျွ်းရာက ထွက်လာတာတွေ ဖြစ်တယ်။ ဆာလဖာ ဒိုင်အောက်ဆိုဒ်ဟာ ရေထဲရောက်ရင် ဆာဖြူရစ်အက်ဆစ် (H2SO4) ဖြစ်လာပြီး နိုက်ထရိုဂျင်အောက်ဆိုဒ် ကတော့ နိုက်ထရစ်နဲ့ နိုက်ထရစ် အက်ဆစ်ကို ဖြစ်စေတယ်။

အက်ဆစ်မိုးဟာ သက်ရှိများကို သေကြေပျက်စီးစေနိုင်ပြီး ပတ်ဝန်းကျင်ရဲ့ ဂေဟာစနစ် (ECOSYSTEMS) များကိုလည်း ပျက်စီးစေပါတယ်။ အက်ဆစ်မိုးဟာ အပင်တွေကို သေစေနိုင်တယ်။ ရေထဲရှိအပင်များနဲ့ ရေမှော်များကို ပျက်စီးစေတယ်။

အက်ဆစ်မိုးဟာ လူတွေကို တိုက်ရိုက် ထိခိုက်စေတာ ဖြစ်တယ်။ ဒီအက်ဆစ်မိုးဟာ မြေကြီးထဲရိ သတ္တုတွေကို တိုက်စားပြီး အဆိပ်ရှိတဲ့ သတ္တများကို (သောက်သုံးရေထဲကို ရောက်စေတဲ့အတွက်) လူတွေနဲ့ ထိတွေ့စေကာ အန္တရာယ် ရှိနိုင်ပါတယ်။ ဒီလို မိုးမျိုးသာမရှိခဲ့ရင် အဲဒီသတ္တုတွေဟာ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ သူ့ဟာသူ မြေကြီးထဲနေမှာ ပါပဲ။

ထုံးကျောက်များနဲ့ ဆောက်ထားတဲ့ အဆောက်အအုံတွေဟာလည်း အက်ဆစ်မိုးကြောင့် တဖြည်းဖြည်း ပျက်စီးသွားနိုင်တယ်။ ဒီအက်ဆစ်မိုးဟာ ကမ္ဘာမှာ ထင်ရှားကျော်ဇောတဲ့ အဆောက်အဦများ၊ အထိမ်းအမှတ်များနဲ့ ရုပ်တုများကို ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်တယ်။

အက်ဆစ်မိုးကို အဓိကလျှော့ပစ်ဖို့ကတော့ SO2 နဲ့ NO2 တို့ကို လေထဲစွန့်ပစ်ခြင်း မပြုဖို့ပါပဲ။ ဒီဓာတ်ငွေ့တွေဟာ အဓိကအားဖြင့် မော်တော်ယာဉ်တွေနဲ့ ဓာတ်အားပေးစက်ရုံတွေကနေ ထွက်လာတာ ဖြစ်တယ်။ စက်ရုံတွေ၊ မော်တော်ကားတွေဆီက အမြောက်အမြား ထွက်လာတာပါ။ နောက်တစ်နည်း ကြိုးစားဖို့ကတော့ ဇီဝရုပ်ကြွင်း လောင်စာအစား အခြားနည်းလမ်းတစ်ခုခုနဲ့ စွမ်းအင်ရအောင် လုပ်ဖို့ပါ။ ဒီအခါမှာ ဇီဝရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းစရာ မလိုတော့ဘူးပေါ့။ ဒီနေရာမှာ ပြည့်ဖြိုးမြဲ စွမ်းအင်ကို အလေးထားရမှာ ဖြစ်တယ်။

အက်ဆစ်မိုးကို သက်သာစေပြီး ကမ္ဘာကြီးကို ကာကွယ်မှာကတော့ ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) ပြည့်ဖြိုးမြဲ စွမ်းအင် တွေထဲမှာပါတာ တွေကတော့ အများကြီးပါပဲ။ ကာဗွန်ဒိုင်အောက်ဆိုဒ် မထွက်တဲ့ ပြည့်ဖြိုးမြဲ စွမ်းအင် ၁၀ မျိုး ရှိတယ်လို့ တင်ပြထားတယ်။ ဒါပေမဲ့ အချို့ကိုတော့ ပတ်ဝန်းကျင် အန္တရာယ် ရှိတယ်ဆိုပြီး လက်မခံတာ ရှိတယ်။

ဥပမာ အဏုမြူစွမ်းအင်ကို လက်မခံတာမျိုးပါပဲ။ ရေအားလျှပ်စစ်ဟာလည်း ပတ်ဝန်းကျင်ကို ထိခိုက်တဲ့ ဆည်တွေ ပြုလုပ်တာတွေ ရှိလို့ အချို့က ရေအားလျှပ်စစ်ကို သဘောမကျဘူး။ နေရောင်ခြည်နဲ့ လေအား လျှပ်စစ်စွမ်းအင်တွေကို သဘောကျတယ်။ သို့သော် ဘက်ထရီတွေ လိုအပ်တာမျိုး ကျရင်တော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပါတယ်။

ဒီအတိုင်းပဲ ဆိုလာပြားတွေကို ပြုလုပ်ရာမှာ ပြသ၁နာအများကြီး ရှိတယ်။ ဆိုလိုတာက စွမ်းအင်သုံးတဲ့အခါမှာ သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှု များတာနဲ့ နည်းတာပဲ ရှိတယ်။ လုံးဝမထိခိုက်ဘူး ဆိုတာ မဟုတ်ပါဘူး။ အဓိကကတော့ လူတွေပါပဲ။ ချိုးခြံချွေတာတဲ့ အလေ့ကို လုပ်ဖို့လိုတယ်။ အက်ဆစ်မိုးဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အဆိုးတွေထဲက တစ်ခုပါပဲ။

ဆင်ခြင်ကြပါ။
ဒေါက်တာခင်မောင်ညို

Ladies News Journal

 

Tags: science knowledge
Next Post
ဆင် ၊ ပဒူကောင် ၊ ဟင်နရီဖို့ဒ် နှင့် နယူးယောက်တိုင်း(မ်)

ဆင် ၊ ပဒူကောင် ၊ ဟင်နရီဖို့ဒ် နှင့် နယူးယောက်တိုင်း(မ်)

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!