• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 21, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဟိုတယ်သန့်ရှင်းရေးသမားဘဝမှ ဟောလိဝုဒ်ရဲ့နံပါတ် ၁ မင်းသားဖြစ်လာခဲ့သူ

by Thutamm
November 3, 2019
Reading Time: 3min read
0
ဟိုတယ်သန့်ရှင်းရေးသမားဘဝမှ ဟောလိဝုဒ်ရဲ့နံပါတ် ၁ မင်းသားဖြစ်လာခဲ့သူ
Share on FacebookShare on Twitter

ရေးသားသူ – ထက်ဝန

“ဘဝ ဆိုတာစိန်ခေါ်မူတွေအများကြီးနဲ့၊ ဒီတော့မင်းဘယ်သူလဲငါဂရုမစိုက်နိုင်ဘူး”
Tom Cruise

” ကျတော် ဘဝနဲ့ပတ်သတ်ပြီး အပြင်းအထန်ထိခိုက်ခံစားခဲ့ရတာတွေရှိတယ်။ ဒါတွေကပဲ ဘဝရဲ့ အပြင်းအထန်ကြိုးစားရုန်းကန်ရမူတွေကို ရင်ဆိုင်ရဲခဲ့တယ်။ ”
Tom Cruise

သိလို့တတ်လို့မဟုတ်ပေမယ့်ကိုယ်တိုင်လမ်းစပျောက်ခဲ့ရတဲ့ လူငယ်တယောက်ဖြစ်လို့ စာဖတ်ခြင်းကနေလမ်းစတွေရခဲ့တယ်။ ဒီအထဲမှာတဆက်တည်းသိလာရတာက ကမ္ဘာပေါ်ကအောင်မြင်လာတဲ့နယ်ပယ်အသီးသီးကလူတိုင်းက အခုထလုပ် အခုအောင်မြင် ငွေအပုံလိုက် မိဘဆီကယူပြီးအောင်မြင် ကံကောင်းလို့အောင်မြင်လာတဲ့သူမရှိဘူးဆိုတာပါပဲ။ ကျတော်တို့လူအများစုက ကံကောင်းဖို့ဘုရားတွေဆီမှာဆုတောင်းကြတယ်။ အောင်မြင်ချင်လို့ဆုတောင်းကြတယ်။

ဒါပေမယ့် တကယ့်အောင်မြင်မူဆိုတာဆုတောင်းရုံ ကံ ကောင်းလာမယ့်အချိန်ကိုထိုင်စောင့်ရုံနဲ့မရနိုင်ဘူး။ အထူးသဖြင့် အအောင်မြင်ဆုံးလူအများစုဟာ ကံအဆိုးဆုံးလူတွေဖြစ်နေတတ်ကြတယ်။ မိမစုံဖမစုံစားရမဲ့သောက်ရမဲ့နဲ့ ကျရာအလုပ်ကိုလုပ်ပြီးမှသူတို့ရင်ခုန်တဲ့အိမ်မက်တွေကို တနေ့နည်းနည်းစီလုပ်လာပြီးမှ ယနေ့ အအောင်မြင်ဆုံးထင်ပေါ်ကျော်ကြားသူတွေဖြစ်လာကြတာပါ။ ဘာလိုလိုနဲ့ Movie နဲ့ Musicဖက်ရေးလာတာများလာတာနဲ့အလျောက် အောင်မြင်တဲ့အနုပညာရှင် ဘယ်တစ်ယောက်ကမှသာသာယာယာနဲ့ယနေ့ဖြစ်လာတာ မဟုတ်တဲ့အချက်ကို သိလာရတယ်။

ရှာရွတ်ခန်း -King Of Bollywood တင်မကပဲ ကမ္ဘာ့အထင်ကရ မင်းသားကြီးတယောက် ကမ္ဘာ့ No.1ပရဟိတလုပ်တဲ့မင်းသားတယောက် ငွေထားစရာမရှိအောင်ဝင်နေတဲ့မင်းသားတယောက်ဖြစ်လာတယ်။ သူ့ကိုလူငယ်အများကြီး အားကျကြအထင်ကြီးကြတယ်။ သူ့လိုဖြစ်ချင်ကြတယ်။ ဒါပေမယ့်သူကံကောင်းလို့ ရှာရွတ်ခန်းဖြစ်လာတာမဟုတ်ဘူး။ ဆင်းရဲသားမိသားစုကမွေးလာသူ ရုပ်ရှင်လောကထဲ အောက်ခြေအနှိမ်ခံဘဝကဝင်ခဲ့ရသူ အဆိုးဆုံး ကံကြမ္မာတွေကိုရင်ဆိုင်ရချိန်မှာတောင်စိတ်ဓာတ်မကျခဲ့သူ ပြောရရင်ကံအဆိုးဆုံးတွေကိုကြုံခဲ့ရလို့ ယနေ့ ကျတော်တို့သိတဲ့ ကျတော်တို့အဖေအမေ ကျတော်တို့မြန်မာကသိတဲ့ကုလားကားတွေရဲ့ Heroကြီးတယောက်ဖြစ်လာခဲ့သူပါ။

Eminem – ထင်ကြလိမ့်မယ် Grammy တွေသိမ်းကြုံးရထား Rap Godကြီးအဖြစ်လူသိများ Rap မကြိုက်တောင်Eminemကိုပျက်ရယ်မပြုရဲတဲ့အထိဖြစ်လာခဲ့သူက ငယ်ဘဝကံကောင်းသူအဖြစ်ပေါ့။ ကံအဆိုးဆုံးအနုပညာရှင်ထဲကပြောပါဆို Eminem လည်းပါရလိမ့်မယ်။ တံတားအောက်မှာ အိပ် ဆေးရောင်း ထောင်ကျ ချစ်သူကပစ် အမေကနေမကောင်း ပညာရေးကအာပလာ ငွေကမရှိ။ ဒီလူဘဝကနေအအောင်မြင်ဆုံးအနုပညာရှင်တဦးဖြစ်လာဖို့လူတသန်းမှာတယောက် မရုန်းကန်နိုင်ပါဘူး။ ဂျက်ကီချမ်း ၊ ဂျက်လီ၊ Tom Hanks ၊Mr.Bean စတီဗင်ချောင်၊ မိုက်ကယ်ဂျက်ဆင်…ဒီလူတွေကိုကမ္ဘာကသိကြပေမယ့် ကံကောင်းခြင်းတွေကသူတို့ကိုအရေးမပေးခဲ့ပါဘူး။ ကံဆိုးလွန်းလို့သာ သူတို့ဆိုတာဖြစ်လာကြသူတွေပါ။

မင်းသားလို့ပြောတာနဲ့ ၅ယောက်လောက်ရွတ်ရင်သူ့နာမည်ပါလာမယ့် သိကြတဲ့သူတယောက်ကလည်းထိုလူမျိုးတွေထဲရှိနေတယ်။ Hollywood လို့ပြောတာနဲ့ သူ့နာမည်ကိုတကမ္ဘာလုံးအမှတ်ရစေကြတယ်။ ရုပ်ချောတယ် ချမ်းသာတယ် နာမည်ကလဲဘာကြီးသလဲမမေးနဲ့ မင်းသမီးတွေ ကြားတောင်သူကရေပန်းစားလွန်းသူပေါ့။ ဒါပေမယ့် တချိန်ကဟော်တယ်သန့်ရှင်းရေး တံခါးစောင့်ဖြစ်ခဲ့တဲ့ စားစရာမရှိလို့စတိုးဆိုင်က လုပြေးရင်း အဖမ်းခံရတဲ့ သူတယောက်ကိုတော့ဘယ်သူက သိကြမှာလဲ။ သူကတော့တချိန်က Zeroဘဝ ကနေ ယနေ့ Heroအဖြစ် ရုပ်ရှင်လောကမှာ သေမှာမကြောက်တတ်တဲ့စတန့်အက်ရှင်မင်းသားကြီးလဲဖြစ် Hollywood ရဲ့ အထင်ကရမင်းသားတဦးလဲဖြစ်လာခဲ့တဲ့ Tom Cruise ကြီးပါပဲ။

“အလေးပြုခံရတဲ့လူတယောက် အစစ်အမှန်ဖြစ်ဖို့ဒူးမထောက်ခဲ့တဲ့အတိတ်ရှိရမယ်။ ”

Tom Cruise

အချိန်အားဖြင့်…၁၉၆၂ခုနှစ် ဇူလိုင်လ ၃ရက်နေ့ အမေရိကန်နိုင်ငံ နယူးယောက်မှာသူ့ကို မွေးဖွားခဲ့ပါတယ်။ မိခင်ဆရာမနဲ့ ဖခင်လျှပ်စစ်အင်ဂျင်နီယာက မွေးခဲ့တဲ့သူဟာ အမ၃ယောက်နဲ့ ငယ်ဘဝကိုပျော်ပျော်ရွှင်ရွှင်စတင်ခဲ့ရပါတယ်။ ဒါပေမယ့်ငယ်စဉ်ထဲက ဖခင်အလုပ်ကြောင့်ဟိုရွှေ့ ဒီရွှေ့နေခဲ့ရပြီး မိဘဖြစ်သူတွေဟာဘာသာရေး တင်းကြပ်မူတွေနဲ့သားသမီးဖြစ်သူတွေကိုဆုံးမခဲ့ပါတယ်။ သူ၉နှစ်သားမှာကနေဒါကိုပြောင်းရွှေ့ခဲ့ရပြီး သူဟာလည်း Robert Hopkins Public School မှာ၃တန်းကိုပြန်တက်ခဲ့ရပါတယ်။ သူက ဘာမှဝါသနာမပါဘူး ကျောင်းစာညံ့တဲ့အပြင် ထုံထိုင်းတဲ့ကလေးတဦးဖြစ်ခဲ့တယ်။

မိဘတွေကလည်း နောက်ပိုင်း အလုပ်နဲ့ အိမ်မှာမရှိတော့ ဆုံးမမူဆိုတာ သူ့အတွက်မရှိလှပါဘူး။ ကျောင်းသွားတယ် စာမလုပ်ဘူး အမဖြစ်သူတွေကလည်း မိန်းကလေးတွေဖြစ်တော့သူ့ကိုသိပ်အရေးမစိုက်လှဘူး။ ဒီလိုနဲ့သူအလယ်တန်းကျောင်းသားဘဝမှာ ကျောင်းကပွဲတခုအတွက်ပြဇာတ်တခုမှာလူလိုလို့ သူ့ကိုအတန်းပိုင် ဆရာမက ခေါ်ထည့်လိုက်တယ်။ ဒါကသူ့ရဲ့ဝါသနာက သရုပ်ဆောင်တဦးဆိုတာကို သူကိုယ်တိုင်သိရှိသွားစေခဲ့တာပါပဲ။ နောက်ပိုင်းဒီကလေးက ဒီသရုပ်ဆောင်ဝါသနာကြီးလာခဲ့တယ်။ အပေါင်းအသင်းမရှိတဲ့ သူ့အဖို့ရုပ်ပြစာအုပ်တွေကပဲအဖော်ဖြစ်ခဲ့တယ်။ သူ့မှာထူးခြားချက်တခုကအားကစားကို သူများထက် အတက်မြန်စေတာပါပဲ။ ကျောင်းဟော်ကီအသင်းကို သူကအချိန်တိုအတွင်းပါခွင့်ရခဲ့တဲ့အထိ ထိုကလေးအရည်အချင်းကထူးလှပါတယ်။

၅တန်းကျောင်းသားဘဝကုန်ခါနီးမှာအိမ်ထပ်ပြောင်းရလို့Henry Munro Middle School ကို ၅တန်းကနေပြန်တက်ရတယ်။ သူကျောင်းတကျောင်းမှာ ပျော်ပြီဆိုရင်နောက်တစ်ကျောင်းကိုပြောင်းခဲ့ရတယ်။ ဒါကြောင့်သူငယ်ချင်းလည်းမရှိခဲ့ဘူး။ သူ၆တန်းကျောင်းသားအရွယ်မှာတော့ ဖခင်နဲ့မိခင်ဟာအိမ်ထောင်ရေးဖောက်ပြန်မူနဲ့အတူ မိခင်ဖြစ်သူကဘယ်လိုမှဆက်မပေါင်းနိုင်တဲ့အဆုံး သူနဲ့အမ၂ယောက်ကိုခေါ်ပြီး အမေရိကန်ကိုပြန်လာပြီး မိသားစုဟာစတင်ကွဲခဲ့ပါတော့တယ်။ ဒါက သူ့ကိုလောကကြီးရဲ့အဆိုးဆုံးမြင်ကွင်းတွေကို မြင်ရဖို့စတင်ခဲ့တဲ့အချိန်ပါပဲ။

မိခင်က ကျန်းမာရေးကြောင့် စာလည်းမသင်နိုင်တော့ချိန် သူတို့သားမိစားဝတ်နေရေးဟာ ချို့တဲ့လာခဲ့ပါတော့တယ်။ မိခင်ပိုင်တဲ့အိမ်လေးကိုရောင်းပြီး သာမာန်ဆင်ခြေဖုံးရပ်ကွက်တခုထဲကို ပြောင်းရွှေ့ခဲ့ရတယ်။ မိခင်ဖြစ်သူက အဲဒီအချိန်မှာယခင်က ထက် ဘာသာရေးကို ပိုလုပ်လာခဲ့တယ်။ သူ့ကိုလည်း ခရစ်ယာန်ဘုန်းကြီးတယောက်သာလုပ်ဖို့ တွန်းအားပေးခဲ့တယ်။ မိခင်ရဲ့တွန်းအား အိမ်ရဲ့စီးပွားရေးအခြေအနေတွေကြောင့်ပဲ သူဟာသူ့အိမ်မက် သရုပ်ဆောင်ဝါသနာကိုမေ့ထားခဲ့ရပြီး ဘုန်းကြီး တပါးဖြစ်ဖို့ မိခင်ကြောင့်တွေဝေလာခဲ့ပါတယ်။ ဒါပေမယ့်ကျောင်းပြီးမှဘုန်းကြီးလုပ်ဖို့အရွယ်နဲ့ သင့်တော်မယ်လို့ မိခင်ကအခွင့်အရေးပေးမူကြောင့် သူဟာကျောင်းဆက်တက်ခွင့်ရခဲ့တယ်။ သူ့ရဲ့ဗီဇအတိုင်းအားကစားမှာထူးချွန်သလို သူတက်ခဲ့တဲ့ကျောင်းတိုင်းမှာဘောလုံး ဟော်ကီ အပြေးစတဲ့ အားကစားတွေမှာပါဝင်ခဲ့ပါတယ်။

ဒီလိုနဲ့သူ့အ သက်၁၈နှစ်မှာ အထက်တန်းကျောင်းပြီးတော့ သူဘုန်းကြီးတဦးဘဝကို လုပ်ဖို့စဉ်းစားခဲ့ပါတော့တယ်။ သူဆုံးဖြတ်လိုက်တယ်။ အိမ်ကနေထွက်ပြေးပြီး သူလုပ်ချင်တဲ့သရုပ်ဆောင်တဦးဘဝကို မဖြစ်ဖြစ်အောင်လုပ်မယ်ပေါ့။ ဒီ့အတွက်သူများစွာတွေဝေခဲ့ရသလို မိခင်ကို အမဖြစ်သူကကျွေးမွေးထားနိုင်ဖို့ အလုပ်ရမူက သူ့မိခင်ကိုထားပြီးအိမ်က တယောက်ထဲထွက်လာဖို့ တွန်းအားတခုဖြစ်ခဲ့တာပါပဲ။ ဒီလိုအိမ်ပြေးဘဝနဲ့ နယူးယောက်မြို့ပေါ်ကို သူရောက်ခဲ့ချိန်မှာ စားရေးသောက်ရေးတောင် ခက်ခဲလှတဲ့မြို့ပြရဲ့အခက်အခဲတွေက သူ့ကိုဆီးကြို ခဲ့ပါတယ်။ သူဟိုတယ်တခုမှာ သန့်ရှင်းရေးဝင်လုပ်ရင်း နေစရာပါတခါထဲရခဲ့တယ်။ ထိုအချိန်က သူဟာ ဘာကောင်မှမဟုတ်ပေမယ့် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ သူ့ကိုယ်သူတခါမှစိတ်မလျော့ခဲ့ပါဘူး။ ဒီလိုနဲ့ တရက်မြို့ထဲစာအုပ်လိုက်ပို့ရတဲ့ ကယ်ရီသမားအလုပ်ကို လုပ်နေစဉ်ကားအတိုက်ခံခဲ့ရတယ်။ သူ့ကိုကားနဲ့ တိုက်သူကတော့ဒါရိုက်တာတဦးဖြစ်တဲ့ Franco Zeffirelli ဆိုသူပါ။ ကားအတိုက်ခံရမူက သူ့ကိုသွားတအုံလုံးကြေခဲ့ရသလို ခွဲစိတ်ခဲ့ရပါတယ်။

နောက်ပိုင်းသူ့ကိုသနားလို့ရိုက်ကွင်းထဲအကူသမားအနေနဲ့ ခေါ်လုပ်စေခဲ့မူက Franco Zeffirelli ဟာသူ့ဘဝရဲ့ပထမဆုံး ရုပ်ရှင်လောကကို လက်တွေ့လေ့လာခွင့်ရဖို့လမ်းစပေးခဲ့သူဖြစ်လာခဲ့ပါတယ်။ Endless Love -ဒီကား က Francoရိုက်တဲ့ Drama ကားတကားပါ။ Brooke Shields လိုနာမည်ကြီးသရုပ်ဆောင်ကြီးပါဝင်ခဲ့သလို ဒီကားဟာ Drama ကားကောင်း တစ်ကားပါပဲ။ ဒီကားကိုရိုက်နေစဉ် မထင်မရှားဇာတ်ရံ Billy နေရာကို သူ့ကိုထည့်ဖို့ထိုမင်းသားကြီးက ဒါရိုက်တာကိုပြောခဲ့မူနဲ့အတူ သူဟာထိုကားမှာ အရံအဖြစ်ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲ့တုန်းက သူ့အသက်ဟာ၁၉နှစ်ပဲရှိပါသေးတယ်။ သူဆိုတာ ကတော့ တခြားသူမဟုတ်ဘူးကျတော်တို့အားလုံးနောက်တချိန်မှာ အသေအလဲကြိုက်ကြမယ့် သူ့ကားဆိုတာနဲ့ စောင့်ပြီးကိုကြည့်ရတဲ့အထိ ဆွဲဆောင်လာမယ့် Hollywood ရဲ့ နာမည်ကြီးမင်းသားကြီးTom Cruiseဖြစ်လာမယ့်သူပါပဲ။

” နည်းနည်းလေးစီပဲလုပ်ပါ။ ကျတော်တို့ထင်ထားတဲ့ ကြီးမားတဲ့အောင်မြင်မူတိုင်းဟာ ခမ်းခမ်းနားနားကြီးတခါထဲလုပ်ရင် ဘယ်တော့မှမရနိုင်လို့ပါ။ ”
Tom Cruise

Endless Love ဟာဒေါ်လာသန်း ၃၀ကျော်အထိ ရခဲ့သလို ဆုတွေလည်း အများကြီးရခဲ့ပါတယ်။ ဒီကားကTomကိုဇာတ်ရံတဦးအဖြစ် လုပ်ခွင့်ရဖို့အခွင့်အရေးရစေခဲ့ပါတယ်။ ဒါပေမယ့် Endless Loveရိုက်ပြီးချိန်ထိ Tomဟာဟိုတယ်ကတံခါးစောင့်အဖြစ်သာရှိပါသေးတယ်။ ဒီလိုနဲ့ နောက်တကားကိုချက်ချင်းပါဝင်ခွင့်ရစေခဲ့ပါတယ်။ ဒါကလဲတနှစ်ထဲထွက်လာတဲ့ ကားကြီး Taps ပါပဲ။ ဒီကားမှာလဲTomက Captain David Shawn နေရာကသာအရံအဖြစ်ပါခဲ့တာပါ။ စစ်တက္ကသိုလ်ကားဖြစ်တဲ့ ဒီကားမှာထူးခြားမူက မင်းသားထက် Tomက မိန်းကလေးပရိတ်သတ်တွေ သတိထားမိလာတဲ့ လူငယ်တဦးဖြစ်လာခဲ့တယ်။ ဒါပေမယ့်Hollywood ရဲ့ ရုပ်ရှင်နယ်ပယ်မှာ ခေါင်းဆောင်မင်းသားတန်းဖြစ်နိုင်ဖို့ မိန်းကလေးတွေကြိုက်ရုံနဲ့ မရပါဘူး။

၃နှစ်လောက် ဇာတ်ရံနေရာကပဲ မထင်မရှားပါခွင့်ရခဲ့တယ်။ Tomကလည်း စိတ်ဓာတ်မကျဘူး သူဟာအရည်အချင်းမရှိသေးသူဆိုတာကိုသိတယ်။ သူရတဲ့ငွေနဲ့ အခန်းလေးတခုငှားနေနိုင်ခဲ့ပြီး သူမပါရတဲ့ကားတွေမှာပါ လိုက်လံလေ့လာပြီး လိုအပ်တဲ့ဘယ်နေရာကဖြစ်ဖြစ်ဝင်လုပ်ပေးခဲ့တယ်။ တခါတလေ စက်အထမ်းအဖွဲ့နဲ့ ဖလော်ရီဒါအထိလိုက်တယ်။ မင်းသားကြီးတွေဆီကနေ အောက်ကျို့ပြီးလေ့လာတယ်။ ဒါတွေကပဲ Tom ကို ၁၉၈၃ခုနှစ်မှာပြသလာမယ့် Risky Businessကားကြီးရဲ့ခေါင်းဆောင်မင်းသားနေရာက သရုပ်ဆောင်ဖို့ဒါရိုက်တာကြီး Brickman ကရွေးချယ်ခဲ့ပါတော့တယ်။ ဒီကားကဟာသကားလို့ပဲပြောရမယ်။ Joel Goodson နေရာကTom သရုပ်ဆောင်မူတွေက ၆သန်းရင်းပြီးသန်း၆၀ကျော်အထိရစေခဲ့ပါတယ်။ ဒီကားကTom ကို Hollywoodရဲ့ လူငယ်မင်းသားထဲပါဝင်ဖို့ဖြစ်လာခဲ့ပါတော့တယ်။

All the Right Moves လိုအားကစားကားတွေထွက်လာတယ်။ မိန်းကလေးတွေကြားTomရဲ့ရုပ်ရည်ကသတိထားစရာဖြစ်ခဲ့တယ်။ ဒါပေမယ့် Tomဟာရုပ်ရှင်လောကထဲစဝင်ပြီး ၇နှစ်လောက်အထိဘာကောင်မှမဖြစ် သေးသလို သာမာန်မင်းသားပဲဖြစ်နေပါသေးတယ်။ သူ့ကို ဒါရိုက်တာကြီးတွေက သိပ်အရေးမထားဘူး။ ရုပ်ကလေးချောရုံတခုပဲ သူ့မှာရှိတယ်လို့ ထင်ကြတဲ့ အတွက်ကြောင့်ပေါ့။ ဒီလိုနဲ့ တွန်ခရုဆိုပြီးရုပ်ရှင်သမိုင်းမှာယနေ့ထိအထင်ကရကားတကားဖြစ်လာမယ့် ရုပ်ရှင်ကားတကားမှာသူပါဝင်ဖို့ဖြစ်လာခဲ့ပါတော့တယ်။ ဒီကားကတော့Tom ကို စသိကြမယ့်လူတိုင်းရဲ့ ကားဆိုလဲမမှားပါဘူး။ အက်ရှင် ရိုမက်တစ် အလွမ်း အဆွေး Drama စစ်ကားကြီးဖြစ်တဲ့ Top Gun ပါပဲ။

Top_Gun

ပထမဆုံးအခက်အခဲက ငွေကြေးပြသနာပါပဲ။ နာမည်မရှိတဲ့မင်းသားတယောက်ကို သန်းရာချီ အကုန်ကျခံဖို့ထုတ်လုပ်ရေးက စိတ်ကူးမရှိဘူး။ ဒါရိုက်တာ Tony Scott ကလည်းဒီကားကို သူသေချာပြင်ဆင်ချင်ပေမယ့် ၁၅သန်းထဲနဲ့ ရိုက်ခဲ့ရတယ်။ ဒီကားကိုကြည့်ဖူးချိန် ကိုယ်တွေအသက်က အလယ်တန်းအရွယ်ပေါ့။ P1Game ထဲမှာ Dogfighting တွေကြိုက်တဲ့ ကိုယ့်အဖို့ ဒီကားနဲ့ Tomကအံ့အားသင့်စရာကြီးပါပဲ။ အဲဒီအချိန်က ဒီကားရဲ့ပိုစတာပုံကို ဂျာနယ်ထဲကဖြဲပြီး ကိုယ့်အိမ်မှာ သိမ်းခဲ့တဲ့အထိပဲပေါ့။ Droneနည်းပညာတွေ သိပ်မကြွမြောက်သေးတဲ့အချိန်မှာတောင်ဒီကားကို ရှယ်ကြီးရိုက်ပြသွားခဲ့တယ်။

ကမ္ဘာ့နောက်ခြမ်းစစ်အေးတိုက်ပွဲတွေက Russia စစ်လေယာဉ်တွေ မောင်းပြသွားတာတွေ Tomရဲ့သရုပ်ဆောင်မူတွေက ကိုယ့်ဦးလေး ကိုယ့်အဖေတွေတောင် အသဲစွဲခဲ့တယ်။ ၃၆၅သန်းကျော် အထိရုံတင်ဝင်ငွေအဆမတန်ရခဲ့သလို Top Gun ဟာစစ်ကားတွေထဲကTom Hanks ရဲ့ Forest Gumpလိုပဲ အထင်ကရကားကြီးတကားဖြစ်ခဲ့ပါတယ်။ ၂၀၁၅ မှာ ဒီကားကို Library of Congress ကရွေးချယ်တဲ့အထိစံချိန်တင်ခဲ့တယ်။ ဒီကားဟာ သာမာန်အလှအပ မင်းသားတဦးလို့ လူတွေကထင်ကြတဲ့ Tomကို အံ့သြစရာမင်းသားတဦအဖြစ်နာမည်ကြီးစေခဲ့ပါတယ်။ ဒီကားထဲကစတန့် ပိုက်လော့ဟာလည်း ရိုက်ကွင်းမှာလေယာဉ်ပျက်ကျမူနဲ့သေဆုံးခဲ့ရသလို စက်သမား၂ဦးလည်း မတော်တဆပေါက်ကွဲမူမှာအသက်ပေးခဲ့ရပါတယ်။

ဒီကားရဲ့ဒါရိုက်တာကြီး Scott ဟာ Top Gun2 အတွက်၂၀၁၅ မှာရိုက်ဖို့ပြင်ဆင်နေချိန်မှာတော့ တံတားပေါ်ကခုန်ချပြီးသတ်သေသွားခဲ့မူနဲ့အတူ Top Gun2 ဟာ ပျက်သွားခဲ့ပါတော့တယ်။ စကော့ဟာ Ridley ရဲ့ ညီဖြစ်သလို သူ့အကိုရိုက်ခဲ့တဲ့ Gladiator ကားမှာလဲပါဝင်ကူညီခဲ့သူ De Jevu / Unstoppabel ကားတွေလိုကားကောင်းတွေရဲ့ဒါရိုက်တာကြီး Tom ရဲ့ဆရာတဦးပါပဲ။ Top Gunကို ရိုက်ခဲ့မူမှာ ပါဝင်တဲ့သူအားလုံးဟာကြိုးစားမူပြင်းထန်ခဲ့ကြသလို ၁၅သန်းထဲနဲ့ ယနေ့ထိအထင်ကရဖြစ်စေမယ့်ကားတကားကို ဘာငွေကြေးအကြောင်းပြချက်မှမပေးပဲရိုက်ခဲ့ကြသူတွေပါ။ တရာပေးပြီး ၄ထောင်လောင်အမြတ်ရအောင်ရိုက်ကြည့် ရူးတောင်သွားဦးမယ်။ ဒီအချက်က အနုပညာကိုတကယ်အစစ်ကြီးချပြသွားတဲ့ ဘာနာမည်မှမရှိသေးတဲ့မင်းသားပေါက်စတဦးရဲ့ ကမ္ဘာကျော်ဖို့စတင်ခြင်းပါပဲ။Top Gunအပြီးမှာတော့Tom ဟာကမ္ဘာကျော်မင်းသားတဦးအဖြစ်နာမည်ကြီးကားကြီးတွေမှာ မြင်တွေ့ဖို့စတင်ခဲ့ပါတော့တယ်။

Top GunအပြီးမှာTom ကိုနှစ်စဉ်အံ့ အားသင့်စရာကားတွေတကားပြီးတကားထွက်လာစေခဲ့ပါတယ်။ Hollywoodမှာမျက်နှာအမြဲ ပြုံးပြုံးနဲ့ဖော်ရွေတဲ့ ဒီမင်းသားကနာမည်သာကြီး လာတာမာနမကြီးလှဘူး။ပရိတ်သတ်ကို ကြီး ကျယ်တာမျိုးတွေသူမရှိဘူး။ ပရဟိတလည်းတော်တော်လုပ်သူလို့ပြောရမယ်။ ဒါတင်မကဘူးTom ရဲ့ထူးခြားမူက ဘယ်တန်ဖိုးကြီးBrandအဝတ်အစားမှမမက်လှဘူး။ ရိုက်ကွင်းမှာသူရိုက်ခဲ့သမျှ ကားတိုင်းကိုစိတ်တိုင်းမကျမချင်းရိုက်လေ့ရှိတယ်။ ဒါတင်မကဘူးအသက်ကြီးလာလေ စတန့်အကြီးစားတွေလုပ်လာလေပါပဲ။ Tomဟာ ဇာတ်ကားနဲ့ဆိုင်ကယ်ကို Pro တစ်ယောက်အထိမောင်းတတ်အောင်သင်ခဲ့သူဖြစ်ပြီ းဒီအချက်က လက်ရှိစတန့် မင်းသားတွေကတောင် အံ့သြစေရပါတယ်။ ကားတင်မကဘူးဆိုင်ကယ်ကို စတန့်များစွာလုပ်ပြနိုင်သလို 2013 ခုနှစ် ကနေဒါ WCCမှာ ဆိုင်ကယ်မောင်းပြသွားတဲ့သူ့ Skillကအံ့အားသင့်စရာပါပဲ။

ဒါ့အပြင် တချိန်ကသူတံခါးစောင့်လုပ်ခဲ့တဲ့ဟိုတယ်ကို ၂၀၁၁ မှာအပိုင်ဝယ်ခဲ့သူဖြစ်ပြီး Tomဟာ ကမ္ဘာ့ရုပ်အဖြောင့်ဆုံးအမျိုးသားစာရင်းမှာလည်း မကြာခဏပါဝင်ခဲ့သူပါ။ သူ့ကားတကားချင်းစီကိုပြောရင်ပြီး မယ်တောင်မထင်ဘူး။ ဒီတော့ထုံးစံအတိုင်းTom ရဲ့ဇာတ်ကားတွေထဲက လူအများစုသိကြကြိုက်နှစ် သက်ကြတဲ့ကား၅ကားကိုပဲရွေးချယ်ပါရစေ။ ဒီလိုပြောလို့ဟိုကားမပါဒီကားမပါဘူးတို့တော့မသုံး သပ်စေချင်ပါဘူး။Tom ရဲ့ကားတိုင်းဟာရသတခု စီအမြဲထူးခြားစွာပါတတ်သလို ကားတိုင်းကလည်း အောင်မြင်ခဲ့တဲ့ကားတွေချည်းပါပဲ။ ဒီနှစ်၃၀အတွင်းTomရဲ့ကားအားလုံးကိုရေးသားဖို့ကတော့ တာဝန်ကြီးလွန်းပါတယ်။ ဒီတော့ပထမဆုံးကား က အားလုံးလည်းသိကြတဲ့

Mission Impossible

Series ထဲကဒီကားကနာမည်ကြီးခဲ့သလို ရုပ်ရှင်အဖြစ်ရိုက်ကူးဖို့စတင်တဲ့၁၉၉၅ခုနှစ်မှာ ဝေဖန်မူများစွာရှိခဲ့ပါတယ်။ ရှေ့ကSeries မှာထဲက အောင်မြင်ထားတဲ့ ဒီလိုကားကိုပြန်ရိုက်ဖို့ အရည်အချင်းရှိတဲ့ မင်းသားတစ်ဦးနဲ့မှ ဖြစ်နိုင်မှာကို အများစုက ထောက်ပြကြတယ်။Tomနဲ့ စတင်ပွဲ ထွက်လာတဲ့ MI1 ကို၁၉၉၆ခုနှစ်ေ မလမှာရုံတင်ပြသခဲ့ပါတယ်။ ၉လကြာ ရိုက်ကူးခဲ့ရသလို Tom ဟာလည်း တချို့စတန့်တွေအတွက် အသက်နဲ့ပါရင်းရတဲ့အထိ လုပ်ခဲ့ရပါတယ်။ MI1ဟာ ၁၉၉၆ခုနှစ် ရဲ့ Highest-grossing film ကားထဲက တစ်ကားဖြစ်ခဲ့သလို သန်း၈၀ ရင်းပြီး ၄၅၇သန်း အထိပြန်ရခဲ့တဲ့ကားကြီးတကားပါ။

MI ကားတွေရဲ့ထူးခြားမူတွေကတော့ အများအပြားပါပဲ။ တချို့ကားတွေဟာ စစ်တပ်ရဲ့အကူအညီ လေကြောင်း စစ်ဖက်ရဲ့အကူအညီတွေ ယူခဲ့ရသလို ဒါရိုက်တာ တစ်ယောက်တစ်ကားနဲ့ ထွက်ခဲ့တဲ့ကားတွေပါ။ MI2 ကို ၂၀၀၀ပြည့်နှစ်မှာ ရုံတင်ခဲ့ပြီး Ethan Hunt နေရာက အေးဂျင့်Tom ရဲ့စတန့်တွေက ရှေ့က1 ထက်တောင်ပိုကြမ်းခဲ့ပါတယ်။ ၅၄၆သန်း ထိရခဲ့သလို MI ကားတိုင်းဟာ တစ်ကားထက် တကားရှယ် ကောင်းလာတဲ့ ကားseries ကြီးပါပဲ။ 2/3/4/5 အထိ ဒီနှစ်၂၀အတွင်းထွက်ခဲ့သလို အောင်မြင်မူနဲ့ ကြိုးစားမူတွေကလဲ Tom သာ အသက်ကြီးသွားတယ်မကျခဲ့ပါဘူး။ MI ရဲ့ထူးခြားမူတွေ ကတကားနဲ့ တကားမတူဘူး။ ပြောရရင်လဲအများကြီးပါပဲ။

မကြာခင်ကမှထွက်ထားတဲ့ MI5 ကလဲTom ဟာ အသက်၅၀ကျော်လို့တောင် မထင်ရတဲ့အထိပါပဲ။ ဒီ5 မှာ BMW ကား Company က အဓိက Sponspor ပေးခဲ့ပါတယ်။ F&F လိုပါပဲ ကားတွေကို သေချာModified လုပ်မူတွေ ပါဝင်ခဲ့သလို Tom လုပ်ပြသွားတဲ့ ကားစတန့်တွေကလည်း လူစား မထိုးခဲ့ပါဘူး။ ဒီထဲမှာ BMW S1000RR ကားရဲ့ကြော်ငြာလို့ပဲပြောရမယ်။ ကားတွေထဲ BMW က ဘာကြောင့်နာမည်ကြီးလဲဆိုတာ ဒီMI ကြည့်ရုံ နဲ့ သိနိုင်တယ်။ Tom ရဲ့ကားမောင်းစွမ်းရည်ကိုပါ ဒီကားတွေမှာမြင်တွေ့နိုင်တယ်။ BMW model များစွာ ဒီကားမှာသုံးခဲ့ပြီးကားအတော်များများကို လဲရင်းခဲ့ရပါတယ်။

MIကားတိုင်းမှာနည်းပညာနဲ့ လူတွေရဲ့လုပ်နိုင်စွမ်းကို အချိုးကျထည့်ထားမူတွေများစွာပါဝင်ခဲ့ပါတယ်။ ဥပမာ-နောက်ဆုံး MI5 ထဲက ပေ၅၀၀၀ အထက်ကို Tom တွယ်လိုက်သွားတဲ့ လေယာဉ်စတန့်ခန်းပေါ့။ ဒီအခန်းကို တခမ်းတနားပဲ Utube မှာ ရှင်းပြထားခဲ့ပါတယ်။Camera ထောင့်ကျကျယူပြီးTomကိုယ်တိုင်လူစားမလဲပဲလုပ်ပြသွားတဲ့ ဒီအခန်းဟာရုပ်ရှင်မှာ သာမိနစ်ပိုင်းဖြစ်ပေမယ့် တကယ်တမ်းအချိန်၇ရက်ထိ ပြင်ဆင်ခဲ့ကြရပါတယ်။ လေယာဉ်တောင်ပံကလမ်းလျှောက်ရတဲ့အခန်းဟာလည်း Acceleration တွက်ချက်မူတွေ Camer a Frame ပြင်ဆင်မူတွေနဲ့အတူ အခန့်မသင့်ရင် Tomပါ အမှုန့် ဖြစ်သွားမယ့်စတန့်မျိုးတွေပါပဲ။

ဒီကားမှာ လေပေါ်တင်မကပဲ ရေထဲပါပါခဲ့သလိုလမ်းမထက်က Tom လုပ်ပြသွားတဲ့ကား ဆိုင်ကယ်စတဲ့ စတန့်တွေဟာ သူကိုင်တိုင်တကယ်လုပ်သွားခဲ့မူတွေပါ။ အသက်သာ ၅၀ကျော်တယ် ဆိုင်ကယ်စီးပြသွားတာproအဆင့်ပါပဲ။ ဒီ MI ဟာကားတွေကိုပါ အဓိကချပြသွားမူတွေများခဲ့ပါတယ်။ BMW Mercedes / AUDI ကားcompany တွေဟာလည်း ထောက်ပံ့မူများစွာပေးခဲ့သလိုTom အပါအဝင် တခြားသရုပ်ဆောင်တွေ ကိုယ်တိုင်ရိုက်ကွင်းမစခင် ၈လကြာ Rehersal တွေပြင်ဆင်မူတွေကို ပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိMI ဟာလည်း ၆၈၂သန်းကျော်ထိရရှိခဲ့သလို MI ကားတွေဟာ ရုံတင်ဝင်ငွေသန်း၂၈၀၀နီးပါးရရှိထားခဲ့တဲ့အထိ အောင်မြင်ခဲ့သလို ဒီပမာဏက James Bond ကားတွေရဲ့ %ထက်များပြားပြီး Filmseries သမိုင်းရဲ့ ထိပ်ဆုံး series ၁၀ကားမှ ာပါဝင်ထားခဲ့ပါတယ်။

Valkyrie

ဒီကားအကြောင်းကိုမပြောခင် ဒီနာမည်က ဘာအဓိပ္ပာယ်ဆိုတာကိုသိမှ အဆင်ပြေလိမ့်မယ်။ Metal ဂီတဖက်မှာတော့ သိချင်လဲသိမယ် မသိချင်လဲမသိဘူး Viking Metalသီချင်းတွေမှာ ဒီနာမည်ကိုများစွာရည်ညွှန်းကြသလို ဒီနာမည်ဟာ ဂရိနတ်ဘုရားသမိုင်းရဲ့အထင်ကရ နာမည်တစ်ခုပါပဲ။ Viking စစ်ပွဲတွေရဲ့နတ်သမီးဖြစ်သလို စစ်တိုက်ရင်းဘာသာရေး နိုင်ငံရေး အကြမ်းမဖက်တဲ့ ကျူးကျော်ညှင်းပန်းခြင်းမဟုတ်တဲ့ စစ်ပွဲတွေမှာ ကျဆုံးသွားတဲ့ အာဇာနည်စစ်သည်တွေကို ခေါ်ယူ သွားပြီးကောင်းရာသုဂတိကို ပို့ဆောင်ပေးတဲ့နတ် သမီးရဲ့နာမည်ပါ။ Valkyrie ကားမှာ Tom ကို ထူးခြားမူများစွာနဲ့ ထပ်မံတွေ့ခဲ့ရပါတယ်။ စစ်သမိုင်းကားတကားဖြစ်သလို ဟစ်တလာကြီးရဲ့တပည့်
ဂျာမနီအရာရှိ Claus Schenk Graf von Stauffenberg က ဟစ်တလာကိုယ်တိုင် ဂုဏ်ပြုထားတဲ့ အရာရှိတဦးဖြစ်သလို နာဇီစစ်ပွဲတွေမှာအဓိကစွမ်းဆောင်ခဲ့တဲ့ အရာရှိ ၇၀ စာရင်းဝင်ခဲ့သူပါ။

နောက်ပိုင်း ဟစ်တလာရဲ့ လုပ်ဆောင်မူတွေက ကမ္ဘာစစ်ကို ကြီးလေးစေပြီး ဂျာမနီနိုင်ငံကဒီတိုင်းဆိုရင် ၉လအတွင်းပျက်တော့မယ် ဆိုတာကိုသိရှိလာတဲ့ Stauffenbergဟာ သူ့လိုပဲ ဟစ်တလာအပေါ် မြင်နေတဲ့ အရာရှိတစုနဲ့ ဟစ်တလာ နာဇီအစိုးရကို တွန်းလှန်ဖို့ကြိုးစားကြတဲ့ တပ်စုမှာပါဝင်သွားသူထဲက တစ်ဦးအဖြစ် Tom ကသရုပ်ဆောင်ခဲ့ပါတယ်။ ဟစ်တလာရဲ့ Reserve Army အကြောင်းမှ ာဒီ Stauffenberg ဟာလည်း ပါဝင်ခဲ့တာကို စာပေများစွာမှာ သိကြမှာပါ။ ဒါပေမယ့်ဟစ်တလာလို Brain ကို သူတို့မယှဉ်နိုင်ခဲ့တာအားလုံးအသိပေါ့။ ကမ္ဘာ့သြဇာကြီးမားခဲ့တဲ့ အာဏာရှင်တွေထဲ ဟစ်တလာကတော့ မသေတဲ့လူသားလို့တောင်ထင်မိတယ်။ အသေအချာလုပ်ကြံမူ ၁၅ကြိမ်လုပ်ခံရတာတောင် ဒင်းက မသေခဲ့သူပါ။ Hero တွေစစ်ကားတွေ ရာဇဝင်သမိုင်းတွေကို ကိုယ်တိုင်သေချာ စီစဉ်ရိုက်ပြတတ်တဲ့ ဒါရိုက်တာ Bryan Singer က ဒီကားကိုရိုက်ခဲ့ပြီး ၂၀၀၈ခုနှစ်မှာ ပြသခဲ့ပါတယ်။

သန်း၂၀၀ကျော် ရုံတင်ဝင်ငွေရခဲ့သလို ဒီကားဟာ သမိုင်းတစ်ခုကို အထင်အရှားပြသခဲ့မူပါပဲ။ ဒီလိုHistory ပိုင်းရုပ်ရှင်မှာ ကျတော့်စိတ်ကို ဖမ်းစားနိုင်တဲ့ မင်းသား ၃ဆက်ရှိတယ်။ သူတို့က တော့ Tom Hanks / Tom Cruise နဲ့ လီယိုနာဒိုပါပဲ။ လီယိုနာဒိုကို အစကသိပ်မကြိုက်ဘူး ဒါပေမယ့်နောက်ပိုင်း ဒီဘဲက မကြောက်မလန့်နဲ့ သူများမလုပ်ရဲတဲ့ အာဖရိကကလေးစစ်သားတွေ ပါကစ္စတန်အကြမ်းဖက်မူတွေ နိုင်ငံရေးဖုံးဖိထားမူတွေကို ဒဲ့ရိုက်ပြလာတယ်။ Bollywood ဖက်က ရှာရွတ်ခန်း AamirKhan ဆိုအနောက် ကမ္ဘာမှာ ဒီအဘ ၃ယောက်ကို ရွေးချယ်ကြိုက်နှစ်သက်မိလေရဲ့။ တကယ်လည်း ရုပ်ရှင်တစ်ကားကို အပျင်းပြေကြည့်ဖို့ ပြသတာထက် သူတို့ကားတွေက လေးနက်မူများစွာထည့်သွင်းထားတတ်ကြတယ်။ ဒီကားမှာ Tom ရဲ့ဂျာမနီဘာသာစကားအပြင် သူလုပ်ပြသွားမူက အရှိန်အဝါကြီးမင်းသားတစ်ဦးဖြစ်နေတာမဆန်းကြယ်တော့ပါဘူး။

War_of_the_Worlds

၂၀၀၅ခုနှစ် ဒီကားကို စရုံတင်ချိန်မှာ လူသိပ်ထင်ကြေးပေးမခံရဘူး။ပြသပြီး၂ပတ်အကြာမှာ ရုံတင်ဝင်ငွေသန်း၂၀၀အထိတက်လာမူနဲ့အတူ ဒီကားဟာကမ္ဘာကြီးပေါ်ကလူသားတွေကို အသိတရားတစ်ခုကို ကျကျနနချပြထားမူနဲ့အတူနာမည်ကြီးလာခဲ့ပါတယ်။ဒီကားဟာ ဒါရိုက်တာထက် ရှေ့ကအရင် ဓာတ်ပုံဆရာတွေရဲ့ ကမ္ဘာကြီး နေမကောင်းမူကို ပြသကြတဲ့ဓာတ်ပုံတွေကြောင့်ရုပ်ရှင်အဖြစ်ပြသဖို့ idea ရခဲ့တာလို့သိရပါတယ်။ ဒီကားမှာ ရုပ်ရှင်ဖက်အပြင် ဓာတ်ပုံပညာရှင်၁၀၀ကျော်ရဲ့ ၇လတိတိကြိုးစားမူတွေပါ အရေးပါခဲ့ပါတယ်။ ဂြိုလ်သားတွေ ကမ္ဘာကို သိမ်းပိုက်တာနဲ့ ဒီကားကို အခြေတည်ခဲ့ပေမယ့် တကယ်တမ်းဒီကားမှာသူ တို့ပေးချင်တဲ့ masg ကိုတကူးတက ရုပ်ရှင်ပြပွဲ မှာရှင်းပြခဲ့ကြပါတယ်။

ဒီကားဟာဒေါ်လာသန်း ၇၀၀ကျော်အထိရခဲ့သလို ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာ ၆၆ကားမြောက် ဝင်ငွေအမြင့်ဆုံးကားပါ။ Tom ဟာ ဒီကားမှာ Ray Ferrierအဖြစ်ပါဝင်ခဲ့ပြီး တကယ်တမ်း Ray Ferrier ဆိုတာ နာမည်တခုမဟုတ်ပဲ သြစတေးလျက ကယ်ဆယ်ရေးလူတစုရဲ့နာမည်ကိုဂုဏ်ပြုထားခဲ့တာဖြစ်ပါတယ်။

Jack_Reacher

Tom ရဲ့ အသက်ကြီးလာလေချပြလာမူ အားကြီးလာလေ ကားတွေထဲက ကားကောင်းတကားပါ။ အက်ရှင်စတန့်တွေကပြာသွားလောက်တဲ့အထိ ပါခဲ့သလို စာအုပ်ထဲကLee Child က တကယ့်စံချိန်သစ်တွေနဲ့အတူချပြသွားတဲ့ဇာတ်လမ်းကြီးတစ်ခုပါပဲ။Tomကအမှန်အကန်ဝေဖန်ပုတ်ခတ်တဲ့ ဝေဖန်ရေးသမားတွေကိုယ်တိုင်ဒီကားကို ချီးကျူးခဲ့ကြပြီး Tomဟာကိုယ်ခံပညာဖက်အားနည်းပေမယ့် စတန့်ပိုင်းမှာတော့ လေးစားစရာ လူငယ်မျိုးဆက်သစ်တွေအတွက်စံပြဆိုတာကို ပြသွားတဲ့ကားပါပဲ။ ၂၁၈သန်းကျော်ထိရခဲ့သလို မင်းသမီးPikeကိုယ်တိုင်ဆေးရုံ၃လတက်လိုက်ရတဲ့အထိ Crime Action ကားတကားပါပဲ။ ၂၀၁၂က 1ထွက်ခဲ့ပြီး မကြာခင်ကမှ 2ထွက်လာခဲ့ပါတယ်။ 2ဟာလဲ1လိုပဲအားရစရာပါပဲ။

” မင်းတို့တွေရဲဝတ်စုံနဲ့ မကြာခင်ထောင်ထဲသွားရမယ် ” ဒီကားထဲက Tomရဲ့ဒီစကားကသာမာန်လို့ထင်ရပေမယ့် နောက်ပိုင်းဒီစကားကရဲတဦးရဲ့ဖြစ်တည်မူ စိတ်ထားကိုသိရှိစေဖို့ ပြသသွားမူက တလှေကြီးပါပဲ။ ဒီကားမှာTom ဟာအနားယူခဲ့ရတဲ့ ရဲတဦးဖြစ်ပါတယ်။Lee Child ရေးတဲ့၁၈အုပ်မြောက်စာအုပ်ဖြစ်သလို မကြာခင်မှာ3ကို Lee Childရဲ့၁၉အုပ်မြောက်စာအုပ်ကိုအခြေခံပြီးပြသလာဦးမှာလဲဖြစ်ပါတယ်။

” ကျွန်တော်တို့ဘဝမှာ အောင်မြင်ဖို့ကျတော်တို့သူများကို အသုံးချဖို့မလိုဘူး။ ကိုယ်ကိုယ်တိုင် အသုံးချမှ အောင်မြင်နိုင်မှာပါ။ ”
Tom Cruise

MI 5အပြီး6ကို ပြသနာများစွာကြောင့် ဖျက်လိုက်ရာကနေ Tomနဲ့ ထုတ်လုပ်ရေးရဲ့ သဘောတူညီမူရသွားပြီး6ကို ၂၀၁၇ခုနှစ်မှာ ရိုက်ကူးထွက်ရှိခဲ့ပြီးပါပြီ။ ထုတ်လုပ်ရေးကTomကိုအသက်အရွယ်ကြီးလာလို့ စတန့်တွေမရမှာကိုစိတ်ပူပုံပါပဲ။ ဒါပေမယ့် ဒီအဘကလက်ရှိ သူလက်ခံထားတဲ့၆ ကားမှာ၄ကားဟာ သူ့ဘဝရဲ့အကြီးဆုံး အစွန့်စားရ ဆုံးစတန့်ကားတွေဖြစ်နေတာကို interview မှာ ဖြေသွားခဲ့ပါတယ်။ အသက်ကြီးလေပိုကြမ်းလာလေလို့ပဲပြောရမယ်။ တကယ်တမ်းသူ့အသက်အရွယ်နဲ့ မြန်မာမှာဆိုအဖေနဲ့သမီးအရွယ် ဦးနဲ့ကလေးကားတွေပဲရိုက်နေမှာပေါ့။

လေယာဉ် ဆိုင်ကယ် ကား တိုက်ပေါ်မှာအသက်စွန့်ဖို့ဘယ်ရွေးပေါ့မလဲ။ အသက်၅၄နှစ်ရှိပြီ အသက်အန္တရာယ်ကြုံရလို့ထိခိုက်သွားတာက အကြိမ်၉၀ကျော်ပြီ ၊ ဒီ၉၀ ထဲက၂၃ကြိမ်ကအလောင်းတောင် အမှုန့်ဖြစ်မယ့် လေယာဉ် ကား ဆိုင်ကယ် စတန့်တွေ။ ၂၀၁၄ က ဆို အာမခံcompany ကပါ Tomကိုလက်မခံတဲ့ အထိဖြစ်ခဲ့တယ်။ ဒါကရုပ်ရှင်လောကမှာဂျက်ကီချမ်း ၊Matrix ကြီး Keanu Reeves နဲ့ Tomပဲရှိသေးတယ်။  Hollywood မင်းသားတွေထဲ လည်း သန်း၅၅၀ကျော်နဲ့ အချမ်းသာဆုံးမင်းသားအဖြစ်သမိုင်းဝင်ထားခဲ့ပါပြီ။ အော်စကာတွေ အကြိမ်ကြိမ်စကာတင်ခံရပေမယ့် သူအော်စကာမရသေးဘူး။ ဒါပေမယ့်စိတ်မပျက်နဲ့ Oscarမရတဲ့မင်းသားတွေအများကြီ းကမ္ဘာ့ရုပ်ရှင်သမိုင်းမှ ာသမိုင်းတွင်လူသားတွေဖြစ်နေကြပါတယ်။ Tom နောက်ဆုံးရိုက်ခဲ့တဲ့ ကား သုံးကား ကတော့ The Mummy 2017 ၊ American Made နဲ့ Mission: Impossible – Fallout တို့ပဲဖြစ်ပါတယ်။ ၂၀၂၀ မှာတော့ Top Gun: Maverick ဇာတ်ကား ထွက်ရှိလာဖို့ရှိပါတယ်။

” ဆုတွေရတာက ပျော်ရွှင်စရာပါ။ ကျတော်လည်းဆုတွေအကြိမ်များများရခဲ့ဖူးတယ်။ ရှိတယ်။ ဒါပေမယ့် ကျတော့်ပျော်ရွှင်မှုက ဆုတွေပေါ်မှာမရှိဘူး။ ”
Tom Cruise

Golden Globe Awards ၃ဆုနဲ့ ဆုကြီးပေါင်း၂၉ဆုနဲ့ AFI ကပေးတဲ့ဆု ကမ္ဘာ့စတန့်စက်သမားအဖွဲ့ကပေးတဲ့စတန့်မင်းသားအဖြစ်ပါရရှိထားသူပါ။ Tom ဟာ Hollywood ရုပ်ရှင်သမိုင်းရဲ့ highest-paid actorအဖြစ်လဲသမိုင်း ဝင်ထားသူပါ။ တချိန်ကဘယ်လိုပဲအောက်ကျခဲ့ခဲ့ လက်ရှိမှာ Tom ဟာHollywoodရဲ့အနုပညာကြေးအချမ်း သာဆုံးမင်းသားဖြစ်နေပါပြီ။ အနုပညာကမဟုတ်ပဲ သူရတဲ့ဝင်ငွေတင် သန်း၁၀၀ကျော်ရှိထားသလိုသူ့ထုတ်လုပ်ရေးကလည်း ဝင်ငွေသန်းချီရရှိနေပါပြီ။

” အချိန်တွေကိုနောက်ပြန်လှည့်လို့မရပေမယ့် ကျတော်တို့လက်ရှိအချိန်တွေကို အရိုးသားဆုံးကြိုးစားလို့တော့ရသေးတယ်။ အရင်ကကျတော်ဟိုတယ် ဧည့်ကြို အခုတော့ဟော်တယ်ပိုင်ရှင်။ အချိန်ဆိုတာကျတော်တို့စိတ် အားငယ်ဖို့ ကုန်ဆုံးခိုင်းထားတဲ့အရာတခုလို့မထင်နဲ့။ အချိန်တွေကိုအနိုင်ယူခြင်းက ဘဝပါ။ ”
Tom Cruise

ကျတော်၅တန်းအရွယ်က စီလင်းဒီယွန်ကြီးရဲ့ My Heart will go on ကို ဗီဒီယိုရုံမှာဇာတ်ကားမလာခင် အရင်ဝကည့်ရတယ်။ ရမ်ဘို ဂျက်ကီချမ်း ဗန်ဒိန်းပဲသိသေးတဲ့အရွယ်မှာ တွန်ခရုဆိုတဲ့ဒီအဘက တသက်စာအကြိုက်ဆုံးမင်းသားတွေထဲကတယောက်ဖြစ်ဖို့သူ့ရဲ့Top gunကားနဲ့ စ ဆွဲဆောင်ခဲ့တယ်။ Ray binကြီးနဲ့ဒီမင်းသားပုံက ယောကျာ်းပီသရုံတင်မကဘူး သရုပ်ဆောင်ချက်ကတည်ငြိမ်လွန်းတယ်။ သမိုင်းကြောင်းတွေကို အခြေခံရိုက်တဲ့မင်းသားတွေထဲ Tom ဟာလည်း လေးစားစရာမင်းသားတဦးပါပဲ။ Valkyrie မှာ ဆို Valkyrie စစ်ဆင်ရေးထဲကတကယ့်အရာရှိတဦးကို သူချပြသွားနိုင်ခဲ့တယ်။ ဒါတင်မကဘူး နိုင်ငံတနိုင်ငံရဲ့ အမွေအနှစ် ရိုးရာသမိုင်းတွေကို ထိန်းသိမ်းရမယ်ဆိုတဲ့အချက်ကိုလည်း Tomကချပြဖူးခဲ့တယ်။ The Last Samurai ကားပေါ့။

အသက်သာ၅၀ကျော်သွားပြီ အခုထိလေယာဉ်ပေါ်တက်ကောင်းတုန်း ဆိုင်ကယ်တွေ အကြမ်းပတမ်းမောင်းပြနေတုန်းပါ။ အချစ်ရေးကံမကောင်းဘူး သူကအရမ်းအချစ်ကြီးတော့ချစ်သူတွေကိုချုပ်ချယ်တယ် ဒီတော့ကွာကြပြဲကြနဲ့ သမီးဖြစ်သူကိုပါ ဇနီးထံပေးလိုက်ရလို့တခါတခါတွေ့ရရင်အရမ်းပျော်နေရသူပါ။ ကမ္ဘာ့အချောဆုံးမင်းသားအဖြစ်၃ခါတောင်သတ်မှတ်ခံခဲ့ရသလို ကမ္ဘာ့အမျိုးသမီးထုအကြိုက်ဆုံးယောကျာ်းအဖြစ်လည်း သတ်မှတ်ခြင်းခံခဲ့ရတယ်။၂၀၀၃ခုနှစ်မှာ ကမ္ဘာ့ သြဇာအရှိဆုံးလူ၂၀မှာလဲပါဝင်ခဲ့တယ်။ Tom ဟာကမ္ဘာ့ HIV AIDSတိုက်ဖျက်ရေးကို ၁၂သန်းထိလှူခဲ့သလို ကမ္ဘာ့ကျန်းမာရေး က လေးသူငယ်ပညာသင်ရေး လူသားချင်းစာနာမူ ပရဟိတတွေမှာလည်း ဒီတောက်လျှောက်သန်း၆၀ အထိလှူဒါန်းထားခဲ့သူပါ။

ဒါတင်မကဘူး ဂျက်ကီချမ်းထောင်ထားတဲ့ Chartiable Foundation ကိုလည်း နှစ်စဉ်လှူဒါန်းပေးနေတဲ့ ပင်တိုင်အလှူရှင်ပါ။ တချိန်ကဟိုတယ်စောင့် သန့်ရှင်းရေးသမားက လက်ရှိမှာ ထုတ်လုပ်သူ မင်းသား ပရဟိတသမားကြီးဖြစ်နေတဲ့ Hollywood ရဲ့ No.1 မင်းသားကြီး Tom Cruise ဖြစ်လာခဲ့ပါတော့တယ်။

” ချစ်ခြင်းမေတ္တာနဲ့သာနေပါ ကမ္ဘာကြီးကအေးချမ်းလာပါလိမ့်မယ်”
Tom Cruise

” မင်းမှာကလေးတွေရှိရင် နောင်တချိန်မှာ ကမ္ဘာကြီးရဲ့ ပျော်စရာတွေဖြစ်အောင်ပျိုးထောင်ပါ။ ကျတော့်လိုငယ်ဘဝကို မပေးလိုက်ပါနဲ့။ ”
Tom Cruise

*စာရေးသူသုံးသပ်ချက်
………………………………

*Tom ဟာသာမာန်မိဘကမွေးဖွားခဲ့သူပါ။

*Tomဟာအနုပညာမျိုးရိုးမရှိပဲ Hollywood ရဲ့No.1 မင်းသားဖြစ်သူပါ။

*Tomဟာလူမှန်းသိတတ်စမှာပဲမိတကွဲဖတကွဲ ဖြစ်သွားသူပါ။

*Tomဟာအားကစားမှာလဲထူးချွန်သူပါ။

*Tomဟာကား ဆိုင်ကယ် လေယာဉ် သင်္ဘော ကိုယ်တိုင်မောင်းတတ်သူပါ။

*Tomဟာ ဟိုတယ်တံခါးစောင့်ဘဝမှ ရုပ်ရှင်လောကထဲအထမ်းသမား အရံ ဇာတ်ပို့တဆင့်ချင်းတက်လာခဲ့သူပါ။

*Tom ဟာ IM ၅ကားနဲ့ တင်သန်း၂၈၀၀ ရှာနိုင်ခဲ့သလို သူဟာHollywoodမှာသူရိုက်တဲ့ကားတွေက ရတဲ့သန်း၅၀၀၀ကျော်သောဝင်ငွေကို ရှာပေးခဲ့သူပါ။

*Tom ဟာ Highest ၃ခုလုံးကိုရရှိဖူးသူပါ။

*Tom ဟာTimes ရဲ့၂နှစ်ဆက်တိုက်ရုပ်အချောဆုံးလူသားပါ။

*Tom ဟာ မွေးရာပါသွားမညီသူ ရုပ်ဆိုးသူပါ။ ကားaccident ကြောင့်တခါသွားခွဲစိတ်ခဲ့ရသလို မေးရိုးကျိုးမူကြောင့်တခါခွဲစိတ်ခံခဲ့ရသူပါ။

*Tomဟာသန်း၂၀၀ကျော်ရုံတင်ဝင်ငွေအရဆုံးကား၂၂ကားကိုရိုက်ကူးပြီးရုပ်ရှင်သမိုင်းရဲ့ဝင်ငွေအမြင့်ဆုံးကားတွေရဲ့မင်းသားပါ။

*Tom ဟာ သန်း၅၇၀ကျော်နဲ့ Hollywoodရဲ့ No.1အနပညာကြေးမြင့်မင်းသားပါ။

*Tom ဟာ ဟိုတယ်စောင့်ဘဝကနေ ရုပ်ရှင်သမိုင်းရဲ့အထင်ကရမင်းသားဖြစ်လာသူအဖြစ် ဟောပြောပွဲတွေမှာစတားလုံးလိုပဲလူငယ်တွေအတွက် အညွှန်းခံရတဲ့ စံပြအနုပညာရှင်တယောက်ဖြစ်လာသူပါ။

*Ref : Tom Cruise and Scientology
( Los Angeles Times )
About Tom – Time
Ancestry of Tom Cruise

[ Music ဖက်ပဲရေးမူများတဲ့သူဖြစ်လို့ ဒီလိုလူတိုင်းသိတဲ့မင်းသားကြီးTomအကြောင်းရေးရာမှာ လိုအပ်ချက်များစွာ ရှိမှာပါ။Tomရဲ့အမာခံ Tom အကြောင်းကျတော့်ထက်ပိုလေ့လာတဲ့သူ တွေလောက်မသိပါဘူး။ဒါကြောင့်လိုအပ်ချက်များပါရင်နားလည်ပေးပါလို့မေတ္တာရပ်ခံပါတယ်။]

ထက်ဝန

Tags: world actors
Next Post
အမေရိကန် အစိုးရကို တော်လှန်ခဲ့တဲ့ မျိုးနွယ်စုခေါင်းဆောင်

အမေရိကန် အစိုးရကို တော်လှန်ခဲ့တဲ့ မျိုးနွယ်စုခေါင်းဆောင်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!