Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဟစ်တလာရဲ့ အသက်ကို ချမ်းသာပေးခဲ့သူ

by Thutamm
March 6, 2020
Reading Time: 1min read
0
ဟစ်တလာရဲ့ အသက်ကို ချမ်းသာပေးခဲ့သူ
Share on FacebookShare on Twitter

ဒုတိယကမ္ဘာစစ်မီးဟာ နာဇီခေါင်းဆောင်ဟစ်တလာကြောင့်ဖြစ်ခဲ့ရတယ်လို့ လူသိများပေမယ့် ပထမကမ္ဘာစစ်ရှုံးရတဲ့ဂျာမနီအပေါ် အင်္ဂလန်နဲ့ ပြင်သစ်စတဲ့မဟာမိတ်နိုင်ငံတွေဘက် ကတစ်ဖက်သတ်ချုပ်ဆိုတဲ့ ဗာဆိုင်းစာချုပ်ကလည်းစစ်မီးမွှေးရာတဲ့ထောက်ပံ့တဲ့နေရာကနေ ပါဝင်လို့နေပါတယ်။ တကယ်လို့ဟစ်တလာဟာသူဝါသနာပါတဲ့ပန်းချီဆရာတစ် ယောက်သာဖြစ်ခဲ့မယ်ဆိုရင် (သို့) သူပါဝင်ဆင်နွှဲခဲ့တဲ့ ပထမကမ္ဘာစစ်အတွင်းမှာသာ ကျဆုံးသွားခဲ့မယ်ဆိုရင် ကမ္ဘာသမိုင်းက တမျိုးတစ်ဖုံပြောင်းလဲလို့သွားနိုင်ပါတယ်။

(၁၉၁၈) ခုနှစ်၊နိုဝင်ဘာ(၁၁)ရက်နေ့ဟာ ပထမကမ္ဘာစစ်တရားဝင်ပြီးဆုံးတဲ့နေ့ဖြစ်ပြီး ကမာ့္ဘစစ်မှုထမ်းဟောင်းများနေ့အဖြစ်လည်းသတ်မှတ်ထားပြီး အမေရိကန်ပြည်ထောင်စုမှာတော့ တရားဝင်ရုံးပိတ်ရက်ဖြစ်ပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေမှာတော့ ယင်းနေ့ကို ကမ္ဘာ့အဆိုးရွားဆုံးစစ်ပွဲအားလုံးကုန်ဆုံးချိန်အဖြစ် သတ်မှတ်ထားပြီး နောက်ထပ် ယင်းကဲ့သို့သောစစ်ပွဲကြီးတွေမရှိလောက်တော့ဘူးလို့ ထင်မှတ်ခဲ့ကြပါ တယ်။ ဒါပေမယ့် နာဇီခေါင်းဆောင်ဟစ်တလာပေါ်ပေါက်လာချိန်မှာတော့ သူတို့ရဲ့အမြင်ဟာမှားယွင်းသွား ခဲ့ရပါတယ်။

နာဇီခေါင်းဆောင်ဖြစ်လာမယ့် အဒေါ့ဟစ်တလာဟာ ယင်းပထမကမ္ဘာစစ်အတွင်းမှာလည်း အခြားဂျာမန်အမျိုးသားတွေလိုဝင်ရောက်စစ်မှုထမ်းခဲ့ပြီး ရှေ့တန်းလိုနေရာတွေမှာ ဆတ်သားတစ်ယောက်အဖြစ် စစ်မှုထမ်းခဲ့ရပေမဲ့ ကံကောင်းထောက်မစွာ အသက်နဲ့ခန္ဓာမြဲခဲ့ပါတယ်။ ဗုံးဆံ၊အမြောက်ဆံတွေအကြား ကတုတ်ကျင်းတစ်ခုကနေ တစ်ခုကိုကူးသန်းကာ အထက်ရဲ့အမိန့်ကိုအောက်ခြေအထိ ဖြန့်ဝေခဲ့တဲ့ ဟစ်တလာဟာ (၁၉၁၈)ခုနှစ်၊နိုဝင်ဘာ(၂၈)ရက်နေ့မှာတော့ ဒဏ်ရာရရှိကာ မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေးပရပွနဲ့ ကတုတ်ကျင်းတစ်ခုအတွင်းမှာ လဲလျောင်းလို့နေခဲ့ပါတယ်။

ယင်းအချိန်မှာပဲ ဗြိတိန်စစ်သည်တစ်ယောက်ဟာ ယင်းနေရာကိုရောက်ရှိလာပြီး ဟစ်တလာကိုတွေ့ရှိကာ ပစ်ခတ်ဖို့ချိန်ရွယ်ပြီးကာမှ အသက်ချမ်းသာခွင့်ပေးလိုက်ပါတယ်။ အဲဒီနောက်တော့ ဟစ်တလာလည်း တွားသွားတဲ့အနေအထားနဲ့ဘေးလွတ်ရာကိုစွန့်ခွာခဲ့ရပါ တယ်။ ဟစ်တလာကို အသက်ချမ်းသာခွင့်ပေးလိုက်သူကတော့ ဗြိတိန်စစ်တပ်က Henery Tandey ဆိုသူဖြစ်ပြီးသူဟာ အနောက်ဘက်စစ်မျက်နှာမှာ (၄)နှစ်လောက်တာ ဝန်ထမ်းဆောင်နေခဲ့သူဖြစ်ပါတယ်။

သူဟာတိုက်ပွဲတွင်း ဘယ်ဂျီယံနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ Ypres တိုက်ပွဲမှာတစ်ကြိမ်၊ (၁၉၁၈)ခုနှစ်ကပြင်သစ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့စစ်ပွဲမှာတစ်ကြိမ် သေလောက်တဲ့ဒဏ်ရာ (၂) ကြိမ်လောက်ရခဲ့ပေမဲ့ စစ်မြေပြင်ကိုပြန်လာနိုင်ခဲ့သူဖြစ်ပါတယ်။ သူရသတ္တိဆိုင်ရာထူးချွန် ဆုများစွာရရှိခဲ့တဲ့စစ်သားကောင်းတစ်ယောက်ဖြစ်ပြီး အမေရိကန်စစ်တပ်ရဲ့ Medal of Honor နဲ့တူညီတဲ့ ဗြိတိန်ရဲ့ ရှေတန်းစစ်မြေပြင်ဆိုင်ရာ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ Victoria Cross ဆုတံဆိပ်ချီးမြှင့်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

Tendey ရဲ့လူသားချင်းညှာတာမှုကို ရရှိခဲ့တဲ့ဟစ်တလာကတော့ ဂျာမနီကိုအသက်ရှင် လျက်ပြန်ရောက်သွားခဲ့ပြီး သူကိုမပစ်ပဲ သက်ညှာပေးခဲ့သူ အင်္ဂလိပ်စစ်သားကို လိုက်လံစုံစမ်းမှုတွေပြုလုပ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သတင်းစာအတွင်းမှာ ဗြိတိန်စစ်တပ် ရဲ့ Victoria Cross ဆုတံဆိပ်ပေးအပ်ခြင်းခံခဲ့ရတဲ့ Tendey ရဲ့ရုပ်ပုံကိုတွေ့လိုက်ချိန်မှာ တော့ သူကိုအသက်ချမ်းသာပေးခဲ့သူကို သိခဲ့ရပါတော့တယ်။ ဟစ်တလာဟာ ယင်း သတင်းစာက သူကျေးဇူးရှင် Tendey ရဲ့ပုံကိုနှစ်(၂၀)လောက်ကြာတဲ့အထိသိမ်းထားခဲ့ တယ်လို့ဆိုပါတယ်။

(၁၉၃၀)ရောက်ချိန်မှာတော့ အီတလီလူမျိုးပန်းချီဆရာ Fortunino Matania က ဒဏ်ရာရရဲဘော်တစ်ယောက်ကို ဘေးလွတ်ရာကိုသယ်ဆောင်လာတဲ့ Tendey ရဲ့ရုပ်ပုံကိုပန်းချီရေးဆွဲ မှတ်တမ်းတင်ပြီး ဗြိတိန်ရဲ့ Green Howard တပ်ရင်းရဲ့ဌာနချုပ်မှာ ထားရှိတယ်ဆိုတဲ့အကြောင်းကို ဟစ်တလာကြားသိသွားခဲ့ပါတယ်။ ယင်းနောက်မှာတော့ ဟစ်တလာဟာ သံတမန်နည်းနဲ့ ယင်းပန်းချီကားမိတ္ထူကို ရရှိဖို့ကြိုးစားခဲ့ပြီး (၁၉၃၇)ခုနှစ်ရောက်ချိန်မှ ပိုင်ဆိုင်ခဲ့ပါတယ်။

(၁၉၃၈)ခုနှစ်မှာတော့ ယင်းကာလကဗြိတိန်ဝန်ကြီးချုပ် ချိန်ဘာလိန်ဟာ ဒုတိယကမ္ဘာ စစ်မီးကိုမွှေးဖို့ကြိုးစားနေတဲ့ ဟစ်တလာကိုနားချဖို့ မြူးနစ်မြို့ကိုရောက်လာချိန်မှာတော့ ဟစ်တလာအခန်းမှာ အမြတ်တနိုးထားရှိတဲ့ အင်္ဂလိပ်စစ်သားတစ်ယောက်ရဲ့ရုပ်ပုံကို စတင်သတိထားမိခဲ့ပါတယ်။ ဟစ်တလာကိုအကြောင်းစုံမေးကြည့်ချိန်မှာတော့ ဟစ်တလာက ဒီပုံထဲကသူက ကျတော်အသက်ကိုသက်ညှာပေးခဲ့သူဗျ။ သူကြောင့်သာမဟုတ်ရင်ခုလို ကမ္ဘာထိပ်တန်းစစ်လက်နက်နိုင်ငံ ဂျာမနီဆိုတာရှိလာမှာကိုမဟုတ်ဘူးလို့ ပြော ကြားခဲ့ပါတယ်။ ဒါအပြင် သူအနေနဲ့ Tendey တို့မိသားစုကို ဘယ်လိုနည်းနဲ့ကျေးဇူးပြုရမလဲလို့ ချိန်ဘာလင်ကတစ်ဆင့်ပြောကြားစေခဲ့တယ်လို့သိရပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ချိန်ဘာလင်ဟာ မြူးနစ်ကနေပြန်ရောက်တဲ့ခရီးစဉ်အတွင်းမှာပဲ Tendey ကိုခေါ်ယူကာ ဟစ်တလာနဲ့ဖြစ်ရပ်အကြောင်းမေးမြန်းခဲ့ရာမှာတော့ Tendey ကမှန်ကန်ကြောင်းထောက်ခံခဲ့ပါတယ်။ သူအနေနဲ့ ပထမကတော့ ပစ်ခတ်ဖို့ရည်ရွယ်ခဲ့ပေမယ့် ဟစ်တလာဟာဒဏ်ရာရနေတာကြောင့် မပစ်ခတ်တော့ပဲ သူသွားလိုရာကို သွားဖို့ ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင်သူသိမှတ်ခဲ့ဖူးတဲ့ စစ်မြေပြင်စည်းကမ်း တွေမှာဆိုရင်လည်း တိုက်ပွဲပြင်ပနဲ့ ဒဏ်ရာရနေတဲ့ရန်သူကိုပစ်ခတ်ခွင့်မပြုတဲ့ စစ်မြေ ပြင်စည်းကမ်းလည်းရှိနေတယ်လို့ဆိုပါတယ်။ ချိန်ဘာလိန်က ဟစ်တလာအနေနဲ့ ပြန်လည်ကျေးဇူးပြုဖို့ပြင်နေတယ်လို့ Tandey ကိုပြောကြားခဲ့ပေမဲ့ကာယကံရှင်ကတော့ ဒုတိယကမ္ဘာစစ်စတင်တဲ့အချိန်ထိ ယင်းဖြစ်ရပ်ကိုပြန်လည်ပြောဆိုခြင်းမရှိတော့ပါဘူး။

စစ်ပွဲကာလအတွင်းမှာတော့ Tandey က စစ်မြေပြင်အထိသွားရောက်တိုက်ခိုက်ဖို့အဆို ပြုခဲ့တာတွေရှိပေမယ့် သူ့အသက်အရွယ်နဲ့ ဒဏ်ရာဟောင်းတွေကြောင့် သွားရောက်နိုင် ခြင်းမရှိတော့ပဲ နောက်တန်းမှာသာတိုင်းပြည်တာဝန်တွေကိုဆက်လက်ထမ်းဆောင်ခဲ့ပါ တယ်။ အထူးသဖြင့်ဂျာမန်လေတပ်ရဲ့ပြင်းထန်စွာတိုက်ခိုက်ခံခဲ့ရတဲ့ အင်္ဂလန်နိုင်ငံအတွက် ကယ်ဆယ်ရေးလုပ်သားအဖြစ် Tandey ဟာ Conventry မြို့မှာအခြေစိုက်ပြီး ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ပါတယ်။

သမိုင်း ပညာရှင်တချို့ကတော့ ဂျာမနီဟာ ဟစ်တာလာရဲ့ဦးဆောင်မှုသာမရှိရင် အားကောင်းလွန်းတဲ့လက်နက်နိုင်ငံဖြစ်လာဖွယ်မရှိလို့ ထင်မြင်ယူဆတာကြောင့် Tandey ရဲ့ငဲ့ညှာမှုဟာ ကမ္ဘာကြီးအတွက်ပြသာနာသာဖြစ်တယ်လို့ဆိုပါတယ်။ Tandey ကတော့ စစ်မြေပြင် စည်းကမ်းတွေအရလို့ဆိုပေမယ့် ယင်းကာလက မဟာမိတ်တွေရော၊ ဝင်ရိုးတန်းနိုင်ငံတွေ ဘက်ကရော ဂျနီဖာသဘောတူညီမှုကို လိုက်နာခြင်းမရှိတာကများပါတယ်။ Tandey ဟာ စစ်ပွဲပြီးချိန်မှာလည်း ကိုဗင်းထရီမှာပဲ ဆက်လက်အခြေချနေထိုင်ခဲ့ကာ အသက် (၈၆)နှစ်အရွယ် ၊ (၁၉၇၇)ခုနှစ်၊ဒီဇင်ဘာ (၂၀)ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ်။ သူရဲ့ရုပ်အလောင်းကိုတော့ Marcoing မှာရှိတဲ့ ဗြိတိန်စစ်သချိုင်းမှာ ကျဆုံးပြီးုဖြစ်တဲ့သူရဲ့ရဲ ဘော်တွေနဲ့အတူ မြှပ်နှံသဂြိုလ်ခဲ့ပါတယ်။

Tags: world historyworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
ကောင်းကင်ထဲက စားသောက်ဆိုင်

ကောင်းကင်ထဲက စားသောက်ဆိုင်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!