Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သင်္ကြန်မှာ မသန့်ရှင်းတဲ့ရေကြောင့်ရနိုင်တဲ့ အရေပြားရောဂါများ နဲ့ ကာကွယ်ထိန်းသိမ်းနည်းများ

by Thutamm
August 19, 2019
Reading Time: 1min read
0
သင်္ကြန်မှာ မသန့်ရှင်းတဲ့ရေကြောင့်ရနိုင်တဲ့ အရေပြားရောဂါများ နဲ့ ကာကွယ်ထိန်းသိမ်းနည်းများ
Share on FacebookShare on Twitter

Via : Health Product Directory

အခုခေတ်မှာ သင်္ကြန်ရေက အန္တရာယ်ကင်းလား၊ သင်္ကြန်ရေတိုင်းကရော သန့်ရဲ့လား။ သင်္ကြန်အတွင်းမှာ ရေပက်ခံရင်ပဲဖြြစ်ဖစ်၊ ရေပက်ရင်ပဲဖြစ်ဖြစ် ရေအမျိုးစုံနဲ့ထိတွေ့တာနဲ့ နေဒဏ်၊လေဒဏ်တွေကြောင့် အရေပြားပြဿနာတွေခံစားရနိုင်ပါတယ်။

သင်္ကြန်မှာ ရေတိုင်းက အန္တရာယ်မကင်းပါဘူး။ ရေတွေမသန့်တဲ့အခါ အရင်ဆုံးထိခိုက်နိုင်တဲ့ အစိတ်အပိုင်းက ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ အရေပြားပါ။ သင်္ကြန်မှာ ဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေအများကြီးရှိနိုင်ပါတယ်။

အရေပြားနေလောင်ပျက်စီးခြင်း

တစ်နှစ်မှာ တစ်ခါပဲကြုံရတာဆိုပြီး သင်္ကြန်ကို မနက်ကစလို့ ညနေအထိတစ်နေကုန်အောင်လည်ကြ ပျော်ကြတာများမယ်ထင်ပါတယ်။ ဒီလိုလည်တဲ့အခါ သင်္ကြန်လည်တာပဲ ရေစိုရင် အရေပြားပေါ်မှာလူးထားတာတွေမထူးဘူး ပျက်သွားမှာပဲလို့တွေးပြီး ဘာမှမလူးဘဲ လည်မလို့စဉ်းစားနေလား။ သင်္ကြန်မှာ နေလောင်ဒဏ်ခံရနိုင်ခြေက ပုံမှန်ထက်ပိုများပါတယ်။ သေချာတာက သင်္ကြန်လည်ပါတယ်ဆိုမှ ဘယ်သူမှ ကားကိုအလုံပိတ်ပြီး မလည်ဘူးလေ။ ဒီလိုပဲ မဏ္ဍပ်ထိုင်ရင်လည်း နေပူပူထဲမှာအမိုးအောက်ထဲနေပြီး လေဒဏ်ခံရင်း ရေပက်ကြတာပဲလေ။

အရေပြားမှာ အဖုအပိမ့်တွေထွက်ခြင်း

သင်္ကြန်ရေတွေထဲမှာ သန့်ရှင်းတဲ့ရေတွေရှိသလို ကန်တွေ၊ သိုလှောင်ထားတဲ့ ရေတွေနဲ့ပက်တဲ့အခါ ရေထဲမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားလေးတွေပါနေခဲ့ရင် အရေပြားမှာ ကပ်ငြိနေပြီး အရေပြားမှာ ယားယံစေတဲ့ အဖုအပိမ့်လေးတွေ ထွက်လာတာမျိုးဖြစ်နိုင်ပါတယ်။

အရေပြားမှာ အင်ပျဉ်ထွက်ခြင်း

ဒါကရေမသန့်တာကြောင့်ဖြစ်နိုင်သလို နေဒဏ်နဲ့ ပတ်ဝန်းကျင်ကညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့မိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက သင်္ကြန်တွင်းမှာ ဘီယာသောက်တာကြောင့် မုယောစပါးနဲ့ဓာတ်မတည့်ဖြစ်တာ၊ အယ်လ်ကိုဟော ဓာတ်မတည့်တာတွေဖြစ်တာကြောင့် အရေပြားမှာ အင်ပျဉ်ထွက်လာတာပါ။

နှင်းခူ

ဒါကတော့ ချက်ချင်းမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နေ့စဉ်ရက်ဆက် နေလောင်ဒဏ်၊ လေဒဏ်တွေခံရတာ၊ ရေသောက်နည်းတာကြောင့် အရေပြားခြောက်သွေ့တာတွေကနေတဆင့် အချိန်ကြာလာတာနဲ့အမျှ အရေပြားမှာ နှင်းခူဖြစ်လာနိုင်ပါတယ်။

ပွေး

ရေညှိတွေမှာပေါက်ဖွားနေထိုင်တာ၊ ကန်တွေထဲမှာပေါက်ဖွားရှင်သန်နေတဲ့ ဘက်တီးရီးယားလေး၊ မှိုပိုးလေးတွေ ရေထဲမှာပါဝင်တာကနေတဆင့် အရေပြားကိုထိခိုက်ပျက်စီးစေပြီး အရေပြားမှာ ပွေးတွေဖြစ်စေတာပါ။

အရေပြားခြောက်သွေ့ပျက်စီးခြင်း

ရေထဲမှာ ပိုးသတ်ဆေးတွေ၊ အပင်သုံးဓာတ်မြေသြဇာတွေပျော်ဝင်နေမယ်ဆိုရင် အဆိုပါရေတွေနဲ့ ထိတွေ့မိတဲ့အခါအပေါ်ယံအရေပြားကိုခြောက်သွေ့တာတွေ ထိခိုက်ပျက်စီးတာတွေကိုဖြစ်စေနိုင်ပါတယ်။ အရေပြားကို ရေနဲ့အချိန်ကြာမြင့်စွာထိတွေ့တာကလည်း အပေါ်ယံအရေပြားကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အရေပြားအဖတ်တွေလန်ပြီး ခြောက်သွေ့ကွဲအက်ပျက်စီးတာတွေဖြစ်စေနိုင်ပါတယ်။

တခြားအရေပြားပြဿနာအမျိုးမျိုး

ဒါတွေတင်မကသေးပါဘူး သင်္ကြန်မှာ ဆပ်ပြာရည်တွေနဲ့အခြား အမွှေးအကြိုင်ထည့်ထားတဲ့ရေတွေနဲ့ ထိတွေ့မိတဲ့အခါ အရေပြားဓာတ်မတည့်တာ၊ အရေပြားမှာ အနီကွက်တွေထတာ၊ခြောက်သွေ့ပျက်စီးတာ၊ မျက်နှာမှာ ဝက်ခြံထွက်တာနဲ့ အမျိုးမျိုးသော အရေပြားပျက်စီးစေနိုင်တဲ့ အခြေအနေတွေတွေ့ကြုံရနိုင်ပါတယ်။ လေဒီတွေမှာဆိုရင် ရေစိုခံမိတ်ကပ်တွေနဲ့ အရောင်မပျက်တဲ့ နှုတ်ခမ်းနီတွေ၊ အိုင်းလိုင်နာတွေကြောင့် မျက်နှာ၊မျက်ဝန်းတဝိုက်နဲ့ နှုတ်ခမ်းအသားအရေတွေထိခိုက်ပျက်စီးတာမျိုးအထိပါကြုံရနိုင်ပါသေးတယ်။

သင်္ကြန်ကို ပျော်လည်းပျော်ပြီး ပြီးသွားတဲ့အခါမှာလည်း နှစ်ဆန်းတစ်ရက် ဘုရားသွားတာ၊ လျှောက်လည်တာတွေလုပ်တဲ့အခါ အလှမပျက်ရလေအောင်သင်္ကြန်လည်ပြီး ပြန်လာတိုင်း အသားအရေကို ပြန်ထိန်းသိမ်းဖို့ပြောပါရစေ။

အများကြီးမလုပ်နိုင်ရင်တောင်မှ သင်္ကြန်လည်ပြီးပြန်လာတဲ့အခါ ရေသန့်သန့်လေးနဲ့ ဆပ်ပြာသုံးပြီး ရေချိုးသန့်စင်ပေးပါ။ ပြီးရင်တော့ တစ်နေ့တာလုံး ထိခိုက်လာတဲ့အသားအရေကို Moisturizer လေးလိမ်းပေးပါ။ အသားအရေကို အာဟာရဓာတ်တွေဖြည့်ပေးနိုင်တဲ့ Body lotion လူးပေးဖို့လည်းမမေ့ပါနဲ့။ မျက်နှာကိုလည်း သခွားသီးကပ်ပေးတာနဲ့ အခြား mask ကပ်တာမျိုးတွေလုပ်ပေးလို့လည်းရပါတယ်။

နောက်တစ်ခုက အိမ်တိုင်းလိုလိုမှာရှိတဲ့ သနပ်ခါးပါ။ သနပ်ခါးလူးပေးတာကလည်း အသားအရေကို ပြုပြင်ထိန်းသိမ်းရာရောက်ပါတယ်။ အရေပြားဓာတ်မတည့်တာမျိုးဖြစ်တဲ့အခါမှာတော့ ဘာမီတွန်လိုမျိုး ဆေးကိုသောက်လို့ရတယ်ဆိုပေမယ့် အရမ်ပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။

တစ်နေ့တာလုံးမှာ ရေဓာတ်ပြည့်ဝအောင် မရခဲ့တာမျိုးဖြစ်နိုင်တာကြောင့် ရေဓာတ်ပြည့်ဝအောင် သောက်သုံးပေးဖို့ကိုလည်း မေ့မထားပါနဲ့။ နောက်တစ်ခုက မနက်ခင်း အပြင်ထွက်မလည်ခင်မှာ တစ်ကိုယ်လုံးကို နေလောင်ကာခရင်မ်လူးသွားဖို့ပါ။

လူတစ်ယောက်ရဲ့ သွင်ပြင်အပေါ် တော်တေ်ာလေးသက်ရောက်မှုရှိနေတဲ့ အသားအရေကို သင်္ကြန်ရေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်ရလေအောင် အခုပြောပြတဲ့နည်းလမ်းလေးတွေသုံးပြီး ကာကွယ်နိုင်ပါတယ်။

Moisturizer လူးပေးပါ – ပတ်ဝန်းကျင်မှာရှိနေတဲ့ မီးခိုငွေ့တွေ ဖုန်မှုန့်တွေနဲ့ ရေထဲမှာပါတဲ့ဘက်တီးရီးယာတွေကြောင့် အရေပြားထိခိုက်ပျက်စီးတာမျိုးမဖြစ်ရလေအောင် အသားအရေကို Moisturizer လူးပေးပါ။

နေလောင်ကာခရင်မ်လူးပါ – ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေထိခိုက်ပျက်စီးသွားတာမျိုးမဖြစ်စေဖို့အတွက် သင်္ကြန်မလည်ခင် နာရီဝက်အလိုမှာ နေလောင်ကာခရင်မ်လူးပေးပါ။ သင်္ကြန်မှာနေလောင်ကာခရင်မ်ကို ရေစိုခံတာမျိုးရွေးချယ်ရပါမယ်။ ဒါ့အပြင်ရေစိုနေတာကြောင့် နှစ်နာရီခြားအများဆုံးခြားပြီး ပြန်ပြန်လူးပေးရပါမယ်။

အရေပြားအတွက် အထောက်အကူဖြစ်စေမယ့် အစားအစာတွေစားပေးပါ – ဗီတာမင် C ရရှိစေနိုင်တဲ့ အစားအစာတွေကို စားသုံးပေးပြီး အရေပြားအတွက် လိုအပ်တဲ့ ဓာတ်တွေဖြည့်ပေးပါ။ ဗီတာမင် C ကအသားအရေအတွက်သာမက ခန္ဓာကိုယ် ကျန်းမာဖို့လည်း အထောက်အကူပြုပေးပါတယ်။

အရေပြားကို ချေးချွတ်သန့်စင်ပါ – သင်္ကြန်လည်ပြီးပြန်လာတဲ့အခါ ခန္ဓာကိုယ်မှာလူးထားသမျှတွေကို ဖယ်ရှားသန့်စင်ပြီး ရေချိုးသန့်စင်ပါ။ မျက်နှာကို သန့်စင်ပြီး ညလိမ်းခရင်မ်တစ်ခုခုလူးပေးပါ။ ခန္ဓာကိုယ်ကိုလည်း အစိုဓာတ်ထိန်းပေးတဲ့ lotion တစ်မျိုးမျိုးလူးပေးပါ။

ရေသောက်ပါ – ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေနဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို တတ်နိုင်သမျှရှောင်ပြီး ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ပြည့်ဝဝရရှိစေဖို့ ရေသောက်ပေးပါ။

Source: Hello doctor

Tags: health knowledge
Next Post
သူရဲကောင်း ပုပ္ပါးဗိုလ်နက်ကျော်

သူရဲကောင်း ပုပ္ပါးဗိုလ်နက်ကျော်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!