၁။ ဝက်ခြံ
သွားတိုက်ဆေး တစက်ချတို့ပေးရုံဖြင့် သင့်မျက်နှာပေါ်က ဝက်ခြံမှ ဝတ်ဆံများပပျောက်ခြင်းနှင့်အတူ ဝက်ခြံ၏ အရွယ်အစားကိုပင် သေးကျုံ့သွားစေပါလိမ့်မည်။တစ်ညတာတို့လိမ်းကျံထားပြီးနောက် အိပ်ယာအထ ပြန်ဖယ်ရှားပြစ် လိုက်သည့်အခါ ထူးခြားမှုကို ချက်ခြင်း သိသာစွာ သင်ခံစား ရပါလိမ့်မည်။
၂။ လက်သည်းခြေသည်းများ ကျွတ်ဆတ်ကျိုးပဲခြင်း။
သွား၏အပေါ်ယံကြွေလွှာကဲ့သို့ ဖွဲ့စည်းတည်ဆောက်ထားသည့် ကျနော်တို့ ခြေသည်း၊လက်သည်းများကို သွားတိုက် ဆေးက အများကြီးအထောက်ကူပြုပါသည်။အစဉ် သန့်ရှင်းပြီး တောက်ပြောင်သန်မာစေဖို့ရာ သွားတိုက်ဆေးဖြင့် သင်၏လက်သည်း၊ခြေသည်းများကို ရိုးရိုးလေး ပွတ်တိုက်ပေးလိုက်ရုံပါ။လက်သည်း ခြေသည်းဇောင်းများ အောက်ခြေရှိ ဖုံနှင့်သဲများကိုလည်း သွားတိုက်ဆေးက အချိန်ပိုင်းအတွင်းမှာ ဖယ်ရှားပြစ် နိုင်ပြန်ပါသေးသည်။
၃။ ဆံကေသာတွေ ပုံပန်းကျစေဖို့
သွားတိုက်ဆေးတွင် ကျနော်တို့သုံးနေကြ ခေါင်းလိမ်းဆီ ခရင်များကဲ့သို့ပင် မျိုးတူဓါတုပစ္စည်းကွန်ပေါင်းတချို့ ပါဝင် သည်။လိုအပ်လာပါက သွားတိုက်ဆေးအစက် အနည်းငယ်ကိုသုံးပြီး မိမိတို့၏ဆံကေသာတွေ ပုံကျပန်းကျ လေးဖြစ် သွားအောင် သင်ဖန်တီးယူနိုင်ပါသည်။
ရှေးဦးသူနာပြုသုံး
၄။ အကောင် အကိုက်ခံရခြင်း ။ဒါဏ်ရာ နှင့်ယောင်ရမ်း မန်းနာ
ကျိန်းစပ်နေ သည့်ဒါဏ်ရာပါတ်လည်တွင် သွားတိုက်ဆေးကိုထည့်ပေးပါက ယားယံမှု၊ရောင်ရမ်းမှုနှင့် ကျိန်းစပ်မှုတွေ လျော့နည်းသွားစေလိမ့်မည်။ သင်၏ဒါဏ်ရာအနာတရတွေကို သွားတိုက်ဆေးက အမြန်ဆုံးခြောက်သွေ့ ပျောက်ကင်းစေ ပါလိမ့်မည်။
၅။ မီးလောင်ဒဏ်ရာ
အသားနီလန် မထွက်သေးသည့် အငယ်စားလောင်ကျွမ်းဒါဏ်ရာများအတွက်ဆိုလျှင် ထိုနေရာပါတ်လည်ကို သွားတိုက် ဆေးဖြင့် လျင်မြန်စွာလိမ်းကျံပေးလိုက်ပါ၊၊ချက်ခြင် သက်သာသွားစေလိမ့်မည်။ ပူလောင်စူးရှနာ ကျင်နေသည့် ဒါဏ်ရာသို့ အေးမြသည့်ပစ္စည်းများဖြင့် အပူသက်သာအောင် ဆက်၍လုပ်ပေးလိုက်ပါ။ သွားတိုက်ဆေးသည် မီးလောင်ဒါဏ်ရာများကို ဆက်လက် နားကျင်ခြင်း အရည်ဖုထခြင်းတို့မဖြစ်အောင် တာရှည် ထိန်းထားပေးနိုင်ပါသည်။
၆။ အတွင်းကြေ ၊ သွေးခြေဥ ၊ ညိုမဲ ဒါဏ်ရာများအတွက်
ဤကဲ့သို့ ဒါဏ်ရာမျိုးတွေပျောက်စေရန်အတွက် သွားတိုက်ဆေး အနည်းငယ်နှင့် ခေါင်းဖီးသည့်ဘီးကြဲတခုကို အသုံးပြုပါ။ ဒါဏ်ရာနေရာပေါ်သွားတိုက်ဆေးလိမ်ပြီး ဘီးကြဲဖြင့် အရေပြားအောက်မှ ခဲနေ သည့် သွေးခြေဥများကို ပြိုကွဲသွား စေရန်အသာယာ တဖက်သတ်ပွတ်ဆွဲပေးလိုက်ပါ။သွားတိုက်ဆေးသည် သွေးလှည့်ပါတ်ခြင်းမှန်စေရုံမက ယောင်ရမ်းမှု အချို့ကို လျှော့ကျစေသည်။
၇။ လက်ဝတ်ရတနာများသန့်စင်ခြင်း
သူတပါးကို သန့်စင်ခိုင်းဖို့အားမကိုးခင် သင်၏ ငွေထည်လက်ဝတ်ရတနာပစ္စည်းများကို တညတာမျှ သွားတိုက်ဆေးဖြင့် ပွတ်လိမ်းပြီးထားလိုက်ပြီးနောက် နူးညံ့သောအဝတ်ဖြင့် အသာပွတ်တိုက်ပေးကြည့်ပါ။စိန်ထည် ပစ္စည်းများကိုလည်း သွားတိုက်ဆေးဖြင့် အသာပွတ်ပေးလိုက်ပါ။ သင့်လက်ဝတ်ရတနာများ အရောင်တဖိတ်ဖိတ်နှင့် ပြန်လည်ဝင်းလက် တောက်ပလာ၍ ပါလိမ့်မည်။
သတိပြုရန်မှာ သင်၏ပုလဲရတနာတို့ကိုတော့ သွားတိုက်ဆေးဖြင့် ပွတ်တိုက်အရောင်တင်ခြင်း လုံးဝမပြုလုပ်သင့်ပါ။
၈။ ညစ်ပေနေတဲ့ရှုးဖိနပ်ကို သန့်ရှင်းခြင်း
ညစ်ပေနေသောရှူးဖိနပ်ကို အသစ်သဖွယ်ဖြစ်အောင် သွားတိုက်ဆေးနည်းနည်းသုံးပြီး သင်စတိုင်ထုတ်နည်းပါ။ ပေနေသည့်နေရာ အပေါ် သွားတိုက်ဆေးသုတ်လိမ်းပြီး ဘရပ်ဖြင့် ပွတ်တိုက်၍သာ သန့်ရှင်းပြစ်လိုက်ကြည့်စမ်းပါ။
၉။ စွန်းထင်း အဝတ်များအတွက်
ချွတ်၍မရနိုင်သည့်အစွန်းများ စွန်းထင်းခဲ့လျှင် သွားတိုက်ဆေးအနည်းငယ်သုံးပြီး ခပ်မြန်မြန်လေး ပွတ်တိုက်ကာ အစွန်းတွေ ကျွတ်သွားအောင်လုပ်နိုင်သည်။ထိုနေရာပေါ်သို့ သွားတိုက်ဆေးကိုညှစ်ချပြီး အစွန်းမကျွတ်မချင်း ပွတ်တိုက်၍ နကိုအတိုင်းသာ လျှော်ဖွတ်ပြစ်ပေးလိုက်ပါ။တကယ်၍များ အဖြူရောင်ရှိသွားတိုက်ဆေးကို အသုံပြုမည်ဆိုပါက တချို့ သောအရောင်နဲ့ ချည်မျှင်တို့တွင် အရောင်များကျွတ်စေတတ်သည်ကို သတိပေးချင်ပါသည်။
အိမ်တွင်းသုံးအဖြစ်
သိပ်ပြီးအခြေခံကျသည့် အိမ်တွင်းလုပ်ငန်းတချို့မှာ သွားတိုက်ဆေးက သင့်၏ငွေကုန်ကြေးကျမှုကို သက်သာစေသည့် အပြင် အများကြီးအထောက်အကူပြုပါဦးမည်။
၁၀။ ကွန်ပြူတာသန့်စင်ခြင်း
ကွန်ပြူတာကီးဘုတ်ပေါ်မှာ စွန်းထင်းညစ်ပေနေသော လက်ရာများကို မုန့်ဖုတ်ဆော်ဒါ အခြေခံဒြပ်ပေါင်းများ ပါတတ်သည့် သွားတိုက်ဆေးဖြင့် ပွတ်လိမ်းပေးလိုက်ပါ။ထို့နောက် အဝတ်စအစိုဖြင့်သာ ဆက်ပြီးပွတ်ပေးလိုက်သည့်အခါ သင်၏ ကီးဘုတ်အဟောင်းသည် အသစ်သဖွယ်ဖြစ်သွားပါလိမ့်မည်။
၁၁။ လျပ်စစ်မီးပူမှ ချေးချွတ်ခြင်း
လျပ်စစ်မီးပူအောက်ခြေတွင် ချိုးတက်ပြီး မဲညစ်နေပါက သွားတိုက်ဆေးဖြင့်သာပွတ်တိုက်ပေးပါ။မီးပူမတိုက်မီ သင်တိုက်ချွတ်ထားသောမီးပူ၏အောက်ခြေကို အရင်ဆုံး သန့်စင်ပြီးမှ အသုံးပြုရန်တော့လိုပါသည်။
၁၂။ ခလေးနို့ဗူးများ
ခလေးနို့ဗူးမှာ နို့ချိုးများကပ်၍ ချဉ်စော်နံကာ အနံအသက်မကောင်းဖြစ်နေလျှင် နို့ဗူးထဲ သွားတိုက်ဆေးညှစ်ထည့်ပြီး ဆေးကြောသာပေးလိုက်ပါ။နို့ဗူူးကိုအသုံးပြုသည့်အခါတိုင်း ဤကဲ့သို့ ကောင်းမွန်စွာ အမြဲဆေးကြော၍သာထားပါ။
၁၃။ စန္ဒယားခလုတ်ကလေးတွေ
သင်၏ ကွန်ပြူတာကီးဘုတ်ကဲ့သို့ပင် ဖန်တလဲလဲ အသုံးပြုတီးခတ်ရသည့် စန္ဒယားခလုတ်တွေ ပေါ်မှာလည်း ဖုံမှုံ့ ၊ဆီ နှင့်သင့်လက်ချောင်းကလေးတို့မှ အညစ်အကြေးများ ရှိနေဦးမှာပါ။ သွားတိုက်ဆေးအနည်းငယ်သုံးကာ ရေစိုအဝတ်စနှင့် ပွတ်တိုက်ပြီးနောက် အဝတ်စခြောက်တစ်စ နှင့် ပြန်သန့်စင်ပေးလိုက်ပါ။
၁၄။ ရောင်စုံခဲတံရာတွေ ညစ်ပေသည့်နံရံများ
သင့်ကလေးတွေ ဆော့ကစားထားသည့် နံရံပေါ်မှရောင်စုံခဲတံခြစ်ရာတွေ ပျက်သွားစေဖို့ဆိုလျှင်လည်း သွားတိုက်ဆေး အနည်းငယ်နှင့် ရေစိုအဝတ်စကိုအသုံးပြုပါ။စက်ဝိုင်းသဏ္ဍန် အသာလေး ပွတ်တိုက်လို့ပေးခြင်းဖြင့် နံရံပေါ်က ရောင်စုံ ခဲတံခြစ်ရာတွေကို ရှင်းပြစ်လိုက်ပါ။ (ညစ်ပတ်နေတဲ့ ဘေစင်လိုနေရာတွေမှာလည်း တောက်ပြောင်သွားအောင် သုံးနိုင်ပါတယ်)
၁၅။ အနံဆိုးတွေဖျောက်ဖို့
ငါး၊ကြက်သွန်ဖြူ ၊ ကြက်သွန်နီ စသည့် နံစော်သည့်ဟင်းချက်စရာများနှင့် မီးဖိုချောင်တွင် ချက်ပြုတ်ပြီးသည့်နောက် သင်၏ကိုယ်ခန္ဒာနှင့် အဝတ်အစားတွင် အနံဆိုးများစွဲကပ်၍ကျန်နေရစ်ခြင်းသည် သင့်အတွက် ဒုက္ခတမျိုးပင်ဖြစ်သည်။ လွယ်ကူလျှင်မြန်စွာ အနံဆိုးတွေကင်းဝေးစေဖို့ သင့်လက်တွေကို သွားတိုက်ဆေးကိုသုံးပြီး ရေဖြင့်ဆေးကြောပေးလိုက်ပါ။
Forward Mail မှ
Discussion about this post