• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

by Thutamm
November 24, 2020
Reading Time: 2min read
0
သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Share on FacebookShare on Twitter

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး ရုပ်ပိုင်းဆိုင်ရာ ပြသနာတွေကိုလည်း ခံစားနေရလေ့ရှိပါတယ်။

ဒီလို Down ရောဂါ ခံစားနေကြရသူထဲကတော့ အချို့ကတော့ အခက်အခဲတွေကို ကျော်လွန်ပြီး အောင်မြင်မှုတွေကို ရရှိအောင် ဖန်တီးနိုင်ခဲ့ကြပါတယ်။ ဒေါင်း လူငယ်လေးတယောက်ဖြစ်တဲ့ Chris Nikic က လည်း အခက်အခဲဆုံး ပြိုင်ပွဲတခုဖြစ်တဲ့ သံမဏိလူသား ပြိုင်ပွဲ (Ironman Triathlon) မှာ ပြီးဆုံးတဲ့အထိ အောင်မြင်စွာ ယှဉ်ပြိုင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ ဒေါင်း ရောဂါခံစားနေရသူတွေထဲမှာ ပထမဆုံး ဖြစ်ပါတယ်။

Chris Nikic ဟာ အသက် ၂၁နှစ်အရွယ်ရှိပြီး အမေရိကန်နိုင်ငံက ဖလော်ရီဒါမှာ နေထိုင်ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က စနေနေ့မှာတော့ သူ့ရဲ့စွမ်းဆောင်မှုကြောင့် Chris Nikic, You Are an Ironman ဆိုပြီးတော့ ပိုမိုကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ Ironman ပြိုင်ပွဲဟာ ပုံမှန် ကျန်းမာသန်စွမ်းတဲ့ လူတွေအတွက်တောင် အလွန်ခက်ခဲတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ စက်ဘီး ၊ ရေကူး ၊ အပြေး စတဲ့ အားကစားနည်း ၃မျိုးကို ဆက်တိုက်ယှဉ်ပြိုင်ရတာဖြစ်တာကြောင့် တော်ရုံဇွဲနဲ့တော့ ယှဉ်ပြိုင်ဖို့ မလွယ်ကူပါဘူး။

၂၀၂၀ ခုနှစ်ရဲ့ Ironman ပြိုင်ပွဲကိုတော့ ဖလော်ရီဒါပြည်နယ်ထဲက ပနားမားစီးတီးကမ်းခြေမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ Chris ဟာ ၂ ဒသမ ၄မိုင် ရေကူး ၊ ၁၁၂ မိုင် စက်ဘီးနင်း ၊ ၂၆ ဒသမ ၂မိုင် ပြေး ခဲ့ရပါတယ်။ ဒီလို ခက်ခဲတဲ့ ခရီးကို လူငယ်လေး Chris ဟာ ၁၆ နာရီ ၄၆ မိနစ် နဲ့ ၉စက္ကန့်ကြာ ပြိုင်ခဲ့ပြီးနောက်မှာတော့ ပန်းဝင်ခဲ့ပြီး သံမဏိလူသားပြိုင်ပွဲမှာ ပထမဆုံး ပန်းဝင်တဲ့အထိ ပြိုင်နိုင်ခဲ့တဲ့ ဒေါင်းဆင်ဒရုန်း လူသားအဖြစ် ကမ္ဘာ့ဂင်းနစ်မှတ်တမ်းမှာ စံချိန်သစ်တင်လိုက်နိုင်ပါတယ်။

ဒီလောက်နဲ့ တင် မကျေနပ်သေးပဲ လာမယ့် နှစ်တွေမှာလည်း ဒီထက်ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေကို လုပ်သွားဦးမှာ လို့ Chris က ဆိုပါတယ်။ ကြားရသူတိုင်းကတော့ Chris အတွက် ဝမ်းသာနေကြပြီး Ironman Triathlon အဖွဲ့ အနေနဲ့လည်း ဒါဟာ ကြည့်နူးဖို့ ကောင်းတဲ့ အဓိပ္ပါယ် အရှိဆုံးအခိုက်အတန့်လို့ ဆိုပါတယ်။ ဒါအပြင် အဖွဲ့ရဲ့ စာမျက်နှာမှာလည်း Chris ယှဉ်ပြိုင်မှ highlight တွေကို ဂုဏ်ယူစွာ နဲ့ ပြသခဲ့ပါသေးတယ်။

Chris အနေနဲ့ ဒီလိုလုပ်နိုင်ခဲ့တာဟာ မိဘတွေရဲ့ ပံ့ပိုးကြိုးစားမှုလည်း အများကြီးပါဝင်ခဲ့ပါတယ်။ သူ နဲ့ ဖခင်ဖြစ်သူတို့ဟာ 1 percent better challenge အမည် နဲ့ နေ့စဉ်နေတိုင်း မပျက်မကွက် ကြိုးစားလေ့ကျင့်ခဲ့ပြီးတဲ့နောက်မှာတော့ အခုလို အောင်မြင်မှုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ထဲမှာ Down ရောဂါခံစားနေရသူတွေကို လူတွေ အာရုံစိုက်လာစေရန်လည်း ပါတယ်လို့ သိရပါတယ်။

သားဖြစ်သူအတွက် အလွန်ဂုဏ်ယူနေတဲ့ ဖခင်ဖြစ်သူ Nik Nikic ကတော့ ” ကျွန်တော့်သား အတွက်တော့ ဒီပြိုင်ပွဲဟာ ပန်းဝင်တာ ၊ ဂုဏ်ပြုခံရတာတွေ ထက်ပိုပါတယ်။ သူ့ရည်မှန်းချက်တွေ တကယ်ဖြစ်လာဖို့ တည်ဆောက်ပေးနိုင်ခဲ့တဲ့ အတွက်လည်း ဝမ်းသာပါတယ်” လို့ ဆိုပါတယ်။ သောင်းချီတဲ့ ဆိုရှယ်မီဒီယာအသုံးပြုသူတွေအပြင် အမေရိကန်ရဲ့ နာမည်ကျော် အားကစားသမားတွေကလည်း Chris ရဲ့ အောင်မြင်မှုကို အားပေး ဂုဏ်ပြုခဲ့ကြပါတယ်။

Chris ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် အမေရိကန် အိုလံပစ် အထူး အားကစား ပြိုင်ပွဲမှာလည်း ပါဝင်ဖို့ ရှိနေပါတယ်။ သူ့ကို လေ့ကျင့်ပေးနေသူကတော့ Triathlon ပြိုင်ပွဲပေါင်း ၁၆ပွဲထိ ပြီးမြောက်ခဲ့တဲ့ အားကစားသမား Dan Grieb ဖြစ်ပြီး သူတို့ဟာ နေ့စဉ်နေ့တိုင်း ၄နာရီကနေ ၈နာရီအထိ လေ့ကျင့်မှုတွေကို ပုံမှန်ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ Chris ကတော့ ဒေါင်းဆင်ဒရုန်းရောဂါကို ခံစားနေရတဲ့သူတွေ မိဘမဲ့တွေအတွက်လည်း အလှူငွေတွေရရှိအောင် ဆက်လက်ကူညီသွားဦး မှာ လို့ ဆိုပါတယ်။

“နေ့တိုင်းကို အကောင်းဆုံးဖြစ်စေဖို့ ကျွန်တော့်ရဲ့တနေ့တာကို ပြင်းပြင်းထန်ထန်ကြိုးစားရပါမယ်။ Ironman ဖြစ်လာခဲ့ပြီး နောက်ထပ်ဖြစ်ချင်တာကတော့ ပရော်ဖက်ရှင်နယ်ဟောပြောသူ တယောက်ပါ။ ကျွန်တော့်ရဲ့ အိပ်မက်ကို မရောက်ရောက်အောင်သွားမှာပါ။ ရည်မှန်းချက်တခုပြည့်သွားပြီဆိုတော့ ကျွန်တော်နဲ့ ဘဝတူတွေကိုလည်း တတ်နိုင်သလောက် ကူညီချင်ပါတယ်” လို့ Chris က ဆိုပါတယ်။

VIDEO

Tags: world news
Next Post
စောင်ခြုံထားတဲ့ ရေဘဝဲ အမျိုးအစား

စောင်ခြုံထားတဲ့ ရေဘဝဲ အမျိုးအစား

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!