Thursday, February 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သဲနှင့် ဆားငံရေမှ အစာအဟာရဖြစ်ထွန်းအောင် အစ္စရေးတို့သုံးခဲ့သော နည်းစနစ်များ

by Thutamm
August 10, 2019
Reading Time: 1min read
0
သဲနှင့် ဆားငံရေမှ အစာအဟာရဖြစ်ထွန်းအောင် အစ္စရေးတို့သုံးခဲ့သော နည်းစနစ်များ
Share on FacebookShare on Twitter

ရေးသားသူ – Ohn Mar Oo

သဲနှင့် ဆားငံရေမှ အစာအဟာရဖြစ်ထွန်းအောင် လုပ်နိုင်သည်မှာ အစ္စရေးနိုင်ငံပင်ဖြစ်ပါသည်။ သဲကန္တာရဆိုသည်မှာ စိုက်ပျိုးမြေမဟုတ်သလို လူနေအပ်သောအရပ်လည်း မဟုတ်ပါ။ သို့သော်အစ္စရေးနိုင်ငံသည် ထိုကန္တာရမြေပေါ်တွင် လူသန်းပေါင်းများစွာစည်ကား သိုက်မြိုက်စွာ နေထိုင်လျှက်ရှိပြီးလယ်ဧကပေါင်းများစွာ ထွန်ယက်စိုက်ပျိုးနေကြပါသည်။

အစ္စရေးနိုင်ငံသည် သဲကန္တာရ စိုက်ပျိုးရေးနည်းသစ်ကို တီထွင်ပြီး သီးနှံစိုက်ပျိုးပင်များကို ဆားငံရေ လောင်းကြပါသည်။ ထိုဆားငံရည်သည် ရေချိုထက် ဆားဓါတ် အဆ (၂၀) ပိုမိုပါဝင်သည်သာမက ကန္တာရမြေပေါ်တွင် ဆားငံရေလောင်း၍ စိုက်ပျိုးသီနှံဖြစ်ထွန်းအောင်မြင်ခြင်းမှာ မယုံနိုင်စရာပင်ဖြစ်ပါသည်။သို့သော်အစ္စရေးနိုင်ငံတွင်ဆားငံရေဖြင့်စိုက်ပျိုးနိုင်ပါသည်။

အစ္စရေးနိုင်ငံတွင်လယ်သမားများ၊ စိုက်ပျိုးရေးသမားများ၊ တစ်နှစ်သုံးသီး စိုက်ပျိုးကြပြီး ဖရဲ၊ အာလူး၊ ခရမ်း၊ ငရုတ်၊ စွန်ပလွန်၊ ဘူးသီးနွယ် နှင့် ထောပတ်သီးများ သာမကအခြားသစ်သီးဝလံများ ဥရောပ ဈေးကွက်သို့ တင်ပို့ရောင်းချကြပါသည်။ ၁၉၉၇ခုနှစ်တွင်ပင် သီးနှံပျမ်းမျှအထွက်နှုန်း ၁ဧကကို ၁၃.၅တန်မျှ ထွက်သည်ဟုသိရသည်။ အမေရိကန်သည် အစ္စရေးသဲကန္တာရမြေ၏ စိုက်ပျိုးသီးနှံဖြစ်ထွန်းအောင်မြင်မှုကို အားရ သဘောကျ၍ လိုက်လုပ်ကြည့်သော်လည်း မအောင်မြင်ပါ။

အစ္စရေးနိုင်ငံတွင် မက်မုံသီး၊ ဆီးသီး၊ တရုပ်ဆီးသီး၊ နတ်သြဇာ၊ ချယ်ရီသီး အစရှိသည့် ရာသီ သီးနှံများဖြစ်ထွန်းအောင်မြင်ပြီး ဥရောပ ဈေးကွက်သို့ လက်မလည်အောင် တင်ပို့လျတ်ရှိပါသည်။ ဂျာမဏီ၊ အင်္ဂလန်၊ ပြင်သစ်နှင့် ဟော်လန်တိုင်းပြည်များကဲ့သို့ ပန်းပေါသော တိုင်းပြည်များသို့ လဲအစ္စရေးပန်းများ ဈေးကွက်ဖောက်ဝင်ပြီး အောင်မြင်လျက်ရှိပါသည်။ အစ္စရေးနိုင်ငံသည် ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့ ကိုထုတ်လုပ်နိုင်သည်သာမက လယ်သမားများမှာတနှစ်လျင် သီးထပ် (၇)ထပ်မြောက် မျိုးစေ့ကြဲနိုင်သည်အထိဖြစ်သည်မှာ ကမ္ဘာက အံ့ဩအတုယူစရာပင်ဖြစ်ပါသည်။

အစာရေစာရှားပါးသည်ကို အစ္စရေးနိုင်ငံကအံ့ဩဖွယ်ရာဖြေရှင်းသည့်နည်းလမ်းများ အနက်ထင်ရှားကျော်ကြားသောနည်းလမ်းများမှာ

(၁) Drip irrigation

စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေဆုံးရှုံးမှုလျော့နည်းလာစေရန်အတွက် စနစ်တကျတွက်ချက်၍ အစက်ချရေပေးနည်းစနစ် အသုံးပြုခြင်းကို ဆန်းသစ်တီထွင်ပြီး လုပ်ဆောင်ခဲ့သည့် အစ္စရေးနိုင်ငံ၏ စိုက်ပျိုးနည်းပညာပင်ဖြစ်ပါသည်။ အစ္စရေးနိုင်ငံ၏ စိုက်ပျိုးနည်းပညာအောင်မြင်မှုသည် ကမ္ဘာအနှံ့ လျင်မြန်စွာပြန့်နှံသွားပြီး ထင်ရှားသည့်သာဓကမှာ အာဖရိက၏ စိုက်ပျိုးအောင်မြင်မှုနှုန်း အင်မတန်နည်းပါးသည့် ဒေသတွင်းရှိ တောင်သူလယ်သမားများ၏ တစ်နှစ်တွင်သုံးကြိမ် သီးထပ်စိုက်ပျိုးနိုင်ခဲ့ခြင်းက ထင်ရှားစွာသက်သေထူလျက်ရှိပါသည်။

(၂) Grain cocoons

ရိတ်သိမ်းပြီးသားစပါး၊ ပြောင်း အစရှိသည်တို့ကို မှိုတက်ခြင်း၊ပိုးမွှားကြောင့်ပျက်စီးခြင်းမှ ကာကွယ်ဖို့ရန်သိုလှောင်မှုနည်းလမ်းသစ်ကို တီထွင်ခဲ့ခြင်းဖြစ်ပြီး သိုလှောင်မှုကုန်ကျစရိတ်သက်သာခြင်းကြောင့် အာရှနိုင်ငံများတွင်သာမက အာဖရိကအစရှိသည့် လယ်ယာစိုက်ပျိုးမှုပြုလုပ်သည့် နိုင်ငံများတွင် တောင်သူလယ်သမားများအတွက် လွယ်ကူသက်သာစွာ သုံးဆွဲနိုင်ခြင်းကြောင့် အင်မတန်အကျိုးရှိလှသောနည်းလမ်းပင်ဖြစ်ပါသည်။

(၃) Biological pest control

သဘာဝနည်းလမ်းဖြင့် အသီးအနှံများပိုးမွားကျရောက်ခြင်းမှ ကာကွယ်သည့်နည်းလမ်းဖြစ်ပြီး ယခုအခါတွင် Bio-Bee ကုမ္ပဏီသည် ဂျပန်မှစ၍ ချီလီအစရှိသည့်နိုင်ငံပေါင်း ၃၂ နိုင်ငံထိ လူသားအကျိုးပြုပိုးမွားများ၊ ပျားပိတုန်းများကိုဖြန့်ဝေပြီးဖြစ်ပါသည်။ ထင်ရှားသည့်သာဓကမှာ ကယ်လီဖိုးနီးယားမှ စတော်ဘယ်ရီသီးများ၏ ပိုးမွားကျရောက်ခြင်းကို တန်ပြန်လူသားအကျိုးပြုပိုးမွားများဖြင့် သစ်ပင်သီးနှံများကိုဆိုးကျိုးဖြစ်စေသည့်ပိုးမွားများ၏ရန်ကို ကာကွယ်ပေးခြင်းဖြစ်ပါသည်။ ထိုနည်းလမ်းကြောင့်အစ္စရေးနိုင်ငံတွင်း ငရုတ်ချိုစိုက်ပျိုးသည့်သူများ၏ ပိုးမွားရန်ကာကွယ်ရန်ဓာတုဗေဒပစ္စည်းများ ထုတ်လုပ်ထားသည့် ပိုးသတ်ဆေးများအသုံးပြုခြင်း ၇၅ရာခိုင်နှုန်းခန့်လျော့ချနိုင်ခဲ့ပါသည်။

(၄) Dairy farming

မွေးမြူရေးလုပ်ငန်း နဲ့ နို့ထွက်ပစ္စည်း အထွက်နှုန်းကောင်းအောင်လုပ်ဆောင်ခြင်း နည်းလမ်းဖြစ်ပြီး ယခုအခါတွင် SAE Afikim ကုမ္ပဏီသည် ကမ္ဘာပေါ်၌အကြီးဆုံးလို့ခေါ်ဆိုနိုင်သည့် နွားကောင်ရေပေါင်းသုံးသောင်းကို ခေတ်မှီကွန်ပြူတာနဲ့ မွေးမြူရေးနည်းလမ်းများသုံးပြီး မွေးမြူနိုင်ဖို့အတွက် ဗီယက်နမ်မှာလုပ်ဆောင်နေပြီးဖြစ်ပါသည်။ ထိုလုပ်ဆောင်မှုသည် ဗီယက်နမ်နိုင်ငံတွင်းရှိသည့်မွေးမြှူရေးလုပ်ငန်းကို အထောက်အကူဖြစ်စေပြီး နို့ထွက်ပစ္စည်းအထွက်နှုန်းလည်း မြင့်တက်လာစေရန်အတွက် ဖြစ်ပါသည်။ တရုတ်နိုင်ငံမှလည်း မွေးမြူရေးဆိုင်ရာလုပ်ငန်း အထွက်တိုးအောင်အစ္စရေးသို့ ပညာတော်သင်များစွာကို စေလွှတ်ပြီးဖြစ်ပါသည်။

(၅) Fishing in the desert

သဲကန္တာရတွင် ငါးမွေးမြှူခြင်းနည်းလမ်းဖြစ်ပါသည်။ ငါးမွေးမြူရာတွင် ပြင်ပ၌မွေးမြူလျင် ရောဂါ ကျရောက်ခြင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် သဘာဝဘေးကြုံရခြင်း အစရှိသည်တို့ ကြုံတွေ့နိုင်ပြီး တီထွင်ဆန်းသစ်သောနည်းလမ်းဖြင့် ယခုအခါတွင် တိုက်များ အတွင်းထဲ၌ မွေးမြူခြင်းသာမက မည်သည့်နေရာမဆို ငါးမွေးမြူနိုင်သည့် GFA (Grow Fish Anywhere) Advanced Systems ကိုအသုံးပြုပြီး မွေးမြူမှုနည်းလမ်းပင်ဖြစ်ပါသည်။

(၆) Squeezing every drop of water from the air

လေထုထဲမှ ရေညစ်ထုတ်ကာ အပင်စိုက်ခြင်းနည်းလမ်း ဖြစ်ပါသည် ရှေးခေတ်ကာလများတွင် ရေကိုကျောက်တုန်းများက ရယူအသုံးပြုသည့်နည်းလမ်းကို အစ္စရေးလူမျိုးတို့ အသုံးပြုခဲ့သော်လည်း ယခုအခါတွင် သာ၍တိုးတက်သောနည်းလမ်းသစ်များဖြင့် မိုးခေါင်ရေရှားပါးဒေသများတွင် လေထုထဲမှရေကို ရအောင်ထုတ်ယူသည့်နည်းလမ်းကိုအသုံးပြုခြင်းဖြစ်ပါသည်။ Tal-Ya tray ဟုအမည်တွင်ပြီး စိုက်ပျိုးရေးအတွက် ပြန်လည်သုံးစွဲနိုင်သည့် ရေခံပလတ်စတစ်ခွက်လေးများ ဖြစ်ပါသည်။

(၇) Growing potatoes with saltwater

ဆားငံရေဖြင့်အာလူးစိုက်ပျိုးခြင်း နည်းလမ်းဖြစ်ပါသည်။ အရှေ့အလယ်ပိုင်းကဲ့သို့ ပူပြင်းသောဒေသများတွင် စိုက်ပျိုးရန်မဖြစ်ထွန်းနိုင်သည့် အာလူးစိုက်ခြင်းကို နှစ်ပေါင်းသုံးဆယ်တိတိလေ့လာပြီး ယခုအခါတွင်ရေရှားပါးရာဒေသတွင် ပင်ဆားငံရေဖြင့် အာလူးစိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ဆောင်နိုင်ရန် တီထွင်သောနည်းလမ်းဖြစ်ပါသည်။ယခုအခါရေရှားပါးသည့်ဒေသများ၊ ခြောက်သွေ့သောအပူပိုင်းဒေသများတွင်ပါ အာလူးကိုစီးပွါးဖြစ်စိုက်ပျိုးနိုင်ကြပြီဖြစ်ပါသည်။

(မှတ်ချက်။ ။အစ္စရေးနိုင်ငံသည် စိုက်ပျိုးနည်းပညာမြင့်မားသောနိုင်ငံဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာနည်းလမ်းများကို ထိုနိုင်ငံမှစနစ်တကျ သင်ယူနိုင်ပါက မြန်မာနိုင်ငံအတွက်အင်မတန်အကျိုးရှိနိုင်မည်ဖြစ်ပြီး အစာရေစာခေါင်းပါးမှုကို ဖြေရှင်းနိုင်ပါစေရန်အတွက် ရည်ရွယ်ပြီးဝေမျခြင်းဖြစ်ပါသည်။)

OMO
Ref: israel21c.org

 

Tags: countriestechworld knowledge
Next Post
သီဟိုဠ်ကျွန်းရဲ့ ကမ္ဘာ့အမွှေအနှစ်စာရင်းဝင် စိဂီရိယတောင်

သီဟိုဠ်ကျွန်းရဲ့ ကမ္ဘာ့အမွှေအနှစ်စာရင်းဝင် စိဂီရိယတောင်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!