Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နေမရှိ လမရှိ ကောင်းကင်မရှိတဲ့မြို့ (သို့) သဲကန္တာရထဲက မြေအောက်မြို့တော်

by Thutamm
August 17, 2019
Reading Time: 1min read
0
နေမရှိ လမရှိ ကောင်းကင်မရှိတဲ့မြို့ (သို့) သဲကန္တာရထဲက မြေအောက်မြို့တော်
Share on FacebookShare on Twitter

ကမ္ဘာပေါ်က ထူးထူးခြားခြားမြို့တွေထဲမှာ သြစတြေးလျက မြို့တစ်မြို့လည်းပါဝင်ပါတယ်။ နေမရှိ လမရှိ ကောင်းကင်မရှိတဲ့မြို့လို့ ဒီမြို့ကိုတင်စားခေါ်ဝေါ်ကြပါတယ်။ မရှိရတဲ့အကြောင်းကတော့ ဒီမြို့ကို မြေကြီးအောက်မှာတည်ဆောက်ထားလို့ ဖြစ်ပါတယ်။

ဒီမြို့ရဲ့နာမည်က ကူဘာပီးဒီး Coober Pedy ပါ။ ဒါပေမယ့် များပြားပြီး တန်ဖိုးရှိတဲ့ ကျောက်ကြောက်များစွာ ဟာ ဒီနေရာကမိုင်းတွင်းတွေမှာ ထွက်ရှိတာကြောင့် “ကမ္ဘာပေါ်က ကြောင်ကျောက်မြို့တော်” ဆိုပြီး လူသိများပါတယ်။ သြစတြေးလျတောင်ပိုင်း သဲကန္တာရထဲမှာတည်ရှိတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ လူနေအိမ်အများစုကို မြေအောက်မှာတည်ဆောက်ထားတာဖြစ်တာကြောင့် မြို့တည်ရှိရာနေရာကို ကောင်းကင်ကနေကြည့်ရင်တော့ အဆောက်အအုံအနည်းငယ်သာမြင်ရမှာဖြစ်ပြီး မြို့လို့တောင်ထင်စရာ အကြောင်းမရှိပါဘူး။

Coober Pedy မြို့ကို ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာပါ။ ဒီမြို့မှာ ကြောင်ကျောက်တူးဖော်တဲ့ကွင်း ၇၀ ခန့်ရှိပြီး ကမ္ဘာပါ်မှာ ကြောင်ကျောက်အများဆုံး ထွက်ရှိတဲ့နေရာလည်းဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက လူသိနည်းတဲ့မြို့တစ်မြို့သာဖြစ်ခဲ့ပြီး ၁၉၈၁ခုနှစ်မှာတော့  မြေအောက်အိမ်များကြောင့် ကမ္ဘာကသိလာခဲ့ပါတယ်။

ဒီလိုမြေအောက်မှာ အိမ်တွေဆောက်လုပ်နေထိုင်ရတဲ့ အကြောင်းကတော့ ဒီလိုပါ။ ဒီမြို့မှာနေထိုင်တဲ့သူတွေဟာ မူရင်းဒေသခံတွေမဟုတ်ပဲ သတ္တုတွင်းတူးရန်ရောက်ရှိလာတဲ့ အလုပ်သမား လူဖြူတွေဖြစ်ပါတယ်။ သူတို့ဟာ ရောက်ရှိလာစဉ်မှာ အိမ်ယာအတည်တကျ ဆောက်လုပ်နေထိုင်ခြင်း မရှိပဲ မြေအောက်သတ္တုတွင်းဟောင်းတွေကို အိမ်လုပ်ပြီးနေထိုင်ကြပါတယ်။ ဒါကြောင့် ဒေသခံတွေက ဒီမြို့ကို သြစတြေးလျတိုင်းရင်းသားစကားနဲ့ ကူဘာပီးဒီး Coober Pedy လို့ အမည်ပေးလိုက်ကြပါတယ်။ အဓိပ္ပါယ်ကတော့ တွင်းအောင်းလူဖြူ ပါတဲ့။

နောက်တစ်ချက်ကတော့ ဒီဒေသရဲ့ အပူချိန်ပါ။ ဒီဒေသရဲ့ အပူချိန်ဟာ အလွန်မြင့်မားပြီး အပူဆုံးအချိန်တွေမှာ ၅၁ဒီဂရီဆဲစီးယပ်အထိ ရှိတာကြောင့် မြို့မှာဆက်လက်နေထိုင်ကြသူတွေဟာ မြေပြင်ပေါ်မှာ အိမ်ဆောက်လုပ်နေထိုင်ခြင်း မပြုပဲ အပူသက်သာတဲ့ မြေအောက်မှာသာ ဆက်ပြီးနေထိုင်ကြပါတယ်။ မြေအောက်မှာဆိုရင်တော့ အပူချိန်ဟာ ၂၅ဒီဂရီဆဲစီးယပ်ပဲရှိကာ လေအေးပေးစက်တွေတောင် တပ်ဖို့မလိုပါဘူး။ ဂူတွေကိုလည်း အိမ်တွေသဖွယ် ခမ်းခမ်းနားနားပြင်ဆင်ထားကြပါတယ်။

မြေပေါ်မှာတည်ဆောက်မယ်ဆိုရင် ရာသီဥတုပူပြင်းလွန်းတာအပြင် ကန္တာရဒေသ ဖြစ်တာကြောင့် သစ်နဲ့ အခြားဆောက်လုပ်ရေးပစ္စည်းများရှားပါးကာ အိမ်တည်ဆောက်မှုစရိတ် အလွန်ကုန်ကျနိုင်ပါတယ်။ ဒါကြောင့်တမြို့လုံးနီးပါး မြေအောက်မှာပဲနေထိုင်ကြတော့လို့ လူဦးရေ ၂၀၀၀ ခန့်သာနေထိုင်တဲ့ ဒီမြို့ကလေးဟာ မြေအောက်မြို့တော်အဖြစ်နာမည်ကြီးရခြင်းဖြစ်ပါတယ်။

မြေအောက်အိမ်ဆိုပေမယ့် မြေပြင်ပေါ်ကအိမ်လိုပဲ ပါသင့်ပါထိုင်တဲ့အခန်းတွေအကုန်ပါပါတယ်။ မြေအောက်လိုဏ်ဂူအိမ်တစ်ခုမှာ အိပ်ခန်း ၃ခန်းအပြင် ဧည့်ခန်း ၊ မီးဖိုချောင် နဲ့ ရေချိုးခန်းအိမ်သာတို့ပါ ပါဝင်ပါသေးတယ်။ သူတို့ရဲ့မြေအောက်အိမ်တွေကို Dugout လို့ခေါ်ပါတယ်။ ပုံမှန်မြေအောက်အိမ်တစ်လုံးရဲ့တန်ဖိုးဟာ ဒေါ်လာ ၂သောင်းခွဲဝန်းကျင် တန်ဖိုးရှိပြီး တချို့ချမ်းသာသူတွေဆိုရင် ရေကူးကန်တွေကိုပါ ထည့်သွင်းတည်ဆောက်ထားပါသေးတယ်။

လိုဏ်ဂူအိမ်တွေရဲ့အတွင်းဘက်အရောင်ကတော့ မူလကျောက်မြေရဲ့အရောင် နီညိုရောင်ဖြစ်ပါတယ်။ မြေအောက်အိမ်တွေကို လမ်းကြောင်းတွေနဲ့ ဆက်စပ်ထားပြီး မြေအောက်ထဲမှာပဲ ကျောင်း၊ ဘဏ်၊ စာအုပ်ဆိုင် ၊ ဈေးဆိုင် ၊ စားသောက်ဆိုင် ၊ အရက်ဘား ၊ ကျောက်မျက်ရတနာအရောင်းဆိုင်၊ ပြတိုက် နဲ့ ဘုရားရှိခိုးကျောင်းတွေပါ ရှိနေပါသေးတယ်။ မြေအောက်မှာတည်ဆောက်ထားပေမယ့် တောင်ကမ်းပါး နံဘေးကနေ ထွက်ဖောက်တည်ဆောက်ထားတာကြောင့် လေဝင်လေထွက်စနစ်မျှတပြီး မိုးရွာလို့ရေမြုပ်မှာကိုလည်း ပူစရာမလိုပါဘူး။

ဒါတွေတင်မကသေးပါဘူး။ ဒီမြေအောက်မြို့မှာ ဟိုတယ်တွေလည်း ရှိနေပါသေးတယ်။နာမည်အကြီးဆုံးဟိုတယ်ကတော့ Desert Cave Hotel ကန္တာရလိုဏ်ဂူဟိုတယ် ဖြစ်ပါတယ်။ ဒီဟိုတယ်ကိုတော့ ဒီမြို့သားတစ်ယောက်ဖြစ်တဲ့ Umbeto Coro က ၁၉၈၁ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာပါ။ အဲဒီအချိန်ကတည်းက ဒီမြို့ဟာ နောင်တချိန်မှာ ကမ္ဘာလှည့်ခရီးသွားတွေလာ အများအပြားလာရောက်လိမ့်မယ်လို့ ခန့်မှန်းမိခဲ့လို့ဖြစ်ပါတယ်။ သူမှန်းထားတဲ့အတိုင်း ဒီနေ့အချိန်မှာတော့ ဒီနေရာဟာ ခရီးသွားတွေမကြာခဏ အလည်အပတ်လာရောက်တဲ့နေရာဖြစ်လာပြီး သူ့ရဲ့ဟိုတယ်မှာပဲ တည်းခိုနေကြပါတယ်။

ဒီနေ့ဆိုရင် ဒီမြို့ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၁၀၄နှစ်ရှိသွားပြီဖြစ်ပြီး ၂၀၁၅ခုနှစ်တုန်းက မြို့နှစ် ၁၀၀ ပြည့်ကို ဆင်နွဲခဲ့ပါသေးတယ်။ နွေရာသီမှာပူလွန်းပြီး ဆောင်းရာသီမှာအေးလွန်းတဲ့ ဒီဒေသကို သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ကတော့ ဧပြီလကနေ အောက်တိုဘာလအတွင်း ဖြစ်ပါတယ်။ ဒီနေရာကိုသွားချင်တယ်ဆိုရင်တော့ သြစတြေးလျတောင်ပိုင်းမြို့ Adelaide ကနေ ၂၆မိုင်ခရီး ရထားစီးကာ သွားရောက်ရမှာဖြစ်ပါတယ်။

 

VIDEO

Tags: amazingworld places
Next Post
သက်တန့်ယူကလစ်ပင် ဆိုတာ

သက်တန့်ယူကလစ်ပင် ဆိုတာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!