ရေးသားသူ – Htet Wa Na
Desmond Doss ကို ၁၉၁၉ခုနှစ်ဖေဖော်ဝါရီလ ၇ရက်နေ့ အမေရိကန်နိုင်ငံဗာဂျီးနီးယားပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ မွေးတုန်းက၃ပေါင်နဲ့ လူဖြစ်လာတဲ့ကလေးပါ။ ဖခင်ဟာ လက်သမားတစ်ဦးဖြစ်ပေမယ့် သူ့သား၂ဦးကိုအဘိုး ဦးလေးဖြစ်သူတွေလိုပဲ ယောကျာ်းပီသအောင် ငယ်စဉ်ထဲကဆုံးမခဲ့ပါတယ်။ ဒါပေမယ့်Dossဟာငယ်စဉ်ကထဲက စိတ်နုတဲ့ကလေးဖြစ်သလို ကြင်နာတတ်တဲ့ လူပျော့လေးတစ်ယောက်ပါ။
ဖိနပ်စက်ရုံကအလုပ်သမားဖြစ်တဲ့ မိခင်ဟာ Dossကိုအမျိုးတွေလို စစ်ထဲဝင်မှာကိုကြောက်ခဲ့ပြီး သားဖြစ်သူကို သိပ်ချစ်ခဲ့ပါတယ်။ Adventist Church school ကျောင်းမှာ Dossဟာ၇တန်းအထိတက်ခဲ့ပြီး တိုင်းပြည်အခြေအနေကြောင့် ကျောင်းထွက်ခဲ့ရပါတယ်။ ထို့နောက်မိခင်ရဲ့အလုပ်သွင်းပေးမူနဲ့စက်ရုံတခုမှာ အလုပ်သမားအဖြစ်ဝင်လုပ်ခဲ့ရပါတယ်။
မှတ်ဉာဏ်မကောင်းလို့ကျောင်းမှာအမြဲလူရာမဝင်သလို အားနေရင်ခိုစာကျွေးရင်း လမ်းမပေါ်ကခွေးလေခွေးလွင့်တွေကိုအိမ်ခေါ်ခေါ်လာလို့ဖခင်ဖြစ်သူကအမြဲဆူတဲ့ကလေးတစ်ယောက်ပါ။ သူကဉာဏ်မကောင်းဘူး ဗလလဲမတောင့်ဘူး။ ဒါပေမယ့် သူ့ဘဝတစ်လျှောက်လူတွေကို ကြုံရင်ကြုံသလိုကယ်တတ်ခဲ့တယ်။ သူ့အကိုဖြစ်သူကတော့ သူနဲ့ စရိုက်မတူလှဘူး။
သူဘာကြောင့်ဆေးတပ်သားဖြစ်ခဲ့လည်းဆို သူချစ်မိခဲ့တဲ့မိန်းကလေးတစ်ယာက်ကြောင့်ပါပဲ။ အကိုဖြစ်သူနဲ့သူက ပထမကမ္ဘာစစ်ကစစ်သားကြီးဖြစ်တဲ့ဖခင်ကို စစ်ထဲဝင်ဖို့မရမကပြောခဲ့ကြတယ်။ အကိုဖြစ်သူက ဦးလေးတွေလို ဂုဏ်ထူးဆောင်စစ်သားဖြစ်ချင်လို့ စစ်ထဲဝင်မှာဖြစ်ပေမယ့် Doss ကတော့သူ့ချစ်သူကြောင့်ဝင်ခဲ့ပါတယ်။
Guam /Leyte/Okinawa တိုက်ပွဲကြီး၃ခုမှာ Doss ပါဝင်ခဲ့ပြီး အမေရိကန်အစိုးရကပေးအပ်ခဲ့တဲ့ Medal Of Honor ဆုကြီးကိုရရှိခဲ့တဲ့ သူရဲကောင်းတစ်ဦးပါ။၂၀၀၆ခုနှစ်မတ်၂၃ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး အမေရိကန်ရဲ့ထိပ်ဆုံးသူရဲကောင်း ၁၀၀ ထဲပါဝင်ခဲ့တဲ့ စစ်သားတစ်ဦးအဖြစ်ယနေ့မှာဂုဏ်ပြုခံခဲ့ရသူပါ။
“စစ်သားတိုင်းစစ်မတိုက်ချင်ကြသလို ဘာသာရေးခေါင်းဆောင်တိုင်းလည်း ငြိမ်းချမ်းရေးကို လိုလားသူတွေမဟုတ်ဘူး”ဆိုတဲ့ Mansonရဲ့ စကားကိုသွားသတိရမိတယ်။ Doss ကိုဘာကြောင့် သူရဲကောင်းအဖြစ်ပေးခဲ့သလဲဆို အိုကီနာဝါစစ်ပွဲမှာ သူကစစ်ပွဲထက် လူသားချင်းစာနာမူကိုပြသခဲ့လို့ပါပဲ။
လူ့အသက်ပေါင်း ၇၅သက်ကိုကယ်ပေးခဲ့သူဖြစ်သလို အမေရိကန်ဆေးတပ်သားထဲ အရှိန်အဝါမသေးခဲ့တဲ့ သူ့ဗီဇ သူ့စိတ်ဓာတ်ကိုပြသခဲ့သူပါ။ စစ်သားတဦးထက် လူသားတဦးရဲ့စာနာစိတ်ကိုပြသပေးခဲ့သူဖြစ်သလို ဆရာဝန်စစ်စစ်တစ်ဦးပါပဲ။ Battle Of Okinawaသမိုင်းမှာသူက အမေရိကန်တင်မကပဲ ဂျပန်ပြည်သူတွေကိုပါကူညီခဲ့တယ်လို့သိရတယ်။
သူသေကိုယ်သေတိုက်ကြတဲ့ ဂျပန် အမေရိကန်စစ်ပွဲတွေမှာထိပ်ဆုံးကနေ ဒဏ်ရာရစစ်သားတွေကို သေမှာမကြောက်တဲ့ ဒီအူကြောင်ကြောင်စစ်သားတစ်ဦးကကယ်တင်ပေးခဲ့တာပါ။ စစ်သင်တန်းမှာကတည်းက သေနက်ပစ်သင်ဖို့ ငြင်းခဲ့သလိုဘာကိုယ်ခံပညာမှမတတ်ခဲ့တဲ့ Doss ဟာဒီသူရဲကောင်းဆုကို စိတ်ဓာတ်တစ်ခုထဲနဲ့ ရခဲ့သူပါ။
” စစ်သားဆိုတာ လူသားချင်းသတ်ဖို့ပဲ သင်ရမှာမဟုတ်ဘူး ဒုက္ခရောက်နေသူကို ကယ်တတ်ဖို့ပါလိုအပ်တယ်။ ”
Doss
” လူသတ်ရဲမှတော့ ဘာကြောင့်ဆေးတပ်သားတွေက ဆေးပညာတွေသင်ဖို့ လိုဦးမှာလဲ ”
Doss
ဒီလိုစကားတွေက လက်တွေ့ Doss ဘဝမှာ စစ်တပ်ကထောင်ထဲအထိ အပို့ခံခဲ့ရသလို အခါခါသေနတ်ကိုကိုင်ဖို့ငြင်းခဲ့မူက သူ့ကိုစစ်သားတွေကြားဟာသဖြစ်ခဲ့ရပါတယ်။ ချစ်သူဖြစ်သူကမနေနိုင် မကြည့်ရက်နိုင်လို့ဖခင်ဖြစ်သူကိုအကူအညီတောင်းပြီး အချုပ်ကနေလွတ်အောင်လုပ်ပေးခဲ့ရတယ်။ အချုပ်ကလွတ်တာနဲ့ စစ်တပ်ကအမိန့်နဲ့ Battle Of Okinawa သမိုင်းမှာ Missionတစ်ခုဖြစ်တဲ့ Hacksaw Ridge Missionမှာ Doss ကိုဆေးတပ်သားအဖြစ်လိုက်ပါဖို့ ပါသွားခဲ့တယ်။
Asia ကမ္ဘာစစ်မှာ ဖိလစ်ပိုင်ပြီးရင် ဂျပန်က ဒုတိယကြောက်စရာအကောင်းဆုံးလို့ဆိုရမယ်။ သူတို့လူမျိုးစိတ်ဓာတ်နဲ့ ခံယူချက်ကတော်တော်ကြီးတယ်။ အခုထိလည်း ဂျပန်ကအမျိုးသားရေးစိတ်ဓာတ်ကြီးနေတုန်းပါပဲ။ ကျုပ်တို့ဆီမှာလူငယ်တွေက နိုင်ငံရေးဆို ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရမယ် ကိုယ်နဲ့မဆိုင်ဘူးလို့ ယူဆကြပေမယ့် ဂျပန်လူငယ်တွေမှာ အမျိုးသားရေးနဲ့ပတ်သက်ပြီး စိတ်ဓာတ်ပြင်းလေ့ရှိကြတယ်။
ဒီလိုပဲ အိုကီနာဝါစစ်ပွဲက အမေရိကန်အဖို့ တော်တော်မလွယ်ကူလှဘူး။ ၁၉၄၅ခုနှစ် ဧပြီလ ၁ရက်နေ့ကနေ ဇွန်လ၂၂ရက်နေ့အထိ ၃လ နီးပါးတိုက်ခဲ့ကြတဲ့စစ်ပွဲကြီးပါ။ အမေရိကန်ဖက်က၂သောင်းကျော်သေတယ် ဂျပန်ဖက်က တသိန်းနီးပါးသေခဲ့ရတဲ့ စစ်ပွဲကြီးပါ။ ဒါတောင် ပြည်သူတစ်သိန်းကျော်သေတာမပါသေးဘူး။ ဒီစစ်ပွဲကဒုတိယကမ္ဘာစစ်က အကြမ်းတမ်းဆုံးစစ်ပွဲ ၁၀ပွဲထဲပါဝင်ခဲ့ပါတယ်။
Doss အိုကီနာဝါကိုရောက်ချိန် အမေရိကန်ဖက်က အသေများပြီး ဂျပန်ကသာနေချိန်ပါ။ သူကယ်တင်ခဲ့သူတွေထဲမှာ သူ့ကို စစ်တပ်ထဲတုန်းက အနိုင်ကျင့်ခဲ့သူတွေ လှောင်ခဲ့သူတွေပါဝင်ခဲ့ပြီး ဆေးတပ်သားတစ်ဦးအဖို့ ကယ်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့တဲ့ သတ်ကွင်းဧရိယာထဲကနေ ဒီလူတွေကို အသက်စွန့် ကယ်တင်ရင်း သူ့ရဲ့နှလုံးသားကြီးမြတ်မှုကို ပြသခဲ့ပါတယ်။
၂၀၀၆ခုနှစ်မတ်လ ၃ရက်နေ့မှာ Doss ဟာ ကွယ်လွန်ခဲ့ပြီး Doss ဟာ အမေရိကန်သူရဲကောင်းအဖြစ် Medal of Honor/Bronze Star /Purple Heart စတဲ့သူရဲကောင်းဆုကြီးတွေကိုရရှိခဲ့ပါတယ်။ Doss အကြောင်းကို မကြာသေးခင်မှာမှ Hacksaw Ridge ဆိုတဲ့ ရုပ်ရှင်ကားနဲ့ ပြသခဲ့တာဖြစ်ပြီးဒီကားဟာ၂၀၁၇ ခုနှစ် Oscar၂ ဆုရသွားတဲ့ကားကြီးပါပဲ။
Ref ; Diamond Doss : Medal of Honor
Htet Wa Na
ကမ္ဘာကြီးတွင် သူတို့နေထိုင်ခဲ့သည်
Discussion about this post