Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သေနတ်နှစ်လက်ကိုင် ရာဇဝင်လူဆိုးကြီး ကရိုလီ

by Thutamm
November 26, 2019
Reading Time: 1min read
0
သေနတ်နှစ်လက်ကိုင် ရာဇဝင်လူဆိုးကြီး ကရိုလီ
Share on FacebookShare on Twitter

သူနာမည်ကတော့ Francis Crowley

ဒုစရိုက်လောကမှာဆိုရင် ပစ္စတို(၂)လက်ကို အသုံးပြုတိုက်ခိုက်တတ်တာကြောင့် Two Gun ဆိုပြီးလူသိများနာမည်ကျော်ကြားပြီး (၁၉၃၀)ကာလတွေဆီက အမေရိကန်ရဲ့အရက်စက်ဆုံး သောလူသတ်သမားဂိုဏ်းစတားတွေအနက်တစ်ယောက်၊

သူဟာသေနတ်ကိုင်ပြီး အမေရိကန်ရဲတပ်ဖွဲ့ဝင်တွေကို (၃)လနီးပါးခုခံနိုင်ခဲ့သူဖြစ်ပြီး ကမ္ဘာကျော်ပါတယ်ဆိုတဲ့ အမေရိကန်ထောက်လှမ်းရေးတွေကို အရူးလုပ်ခဲ့သူ ဖြစ်ပါတယ်။  သူ့ကို (၁၉၃၁)ခုနှစ်၊မေလ(၂) ရက်နေ့မှာ နယူးယောက်ရဲဌာနတစ်ခုလုံးပိတ်ဆို့ဖမ်းဆီးမှပဲ ဖမ်းမိခဲ့ပါတယ်။ Francis Crowley ဟာအမေရိကန်ရဲတပ်ဖွဲ့ရဲ့အလိုရှိဆုံးသော အကြမ်းဖက်သမားအဖြစ် ဆုကြေးငွေဒေါ်လာ(၁၅၀၀၀)အထိ သတ်မှတ်ခဲ့ရာမှ အမေရိကန်တစ်နိုင်ငံလုံးနီးပါးက သတိပြုလာရပါတယ်။

သူရဲ့ဘိုးဘေးတွေကလည်း အိုင်းရစ်ဂိုဏ်းစတားတွေဖြစ်ကြပြီး ကမ်းကုန်အောင်ဆိုးမိုက်ရင်းနဲ့ပဲ သေဆုံးခဲ့ရသူတွေဖြစ်ပါတယ်။ အမေရိကန်ရဲ့ ရာဇဝင် လူဆိုးကြီး တစ်ယောက်အဖြစ် နာမည်ကြီးခဲ့တဲ့ ကရိုလီဟာ Francis Crowley ဟာ တကယ်တမ်းတော့ နာမည်ကသာကြီးတာဖြစ်ပြီး လူကတော့ ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်သာ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ သူ့အကြောင်း သိချင်နေတဲ့ သုတဇုန် မိတ်ဆွေအတွက် မျှဝေသွားပါမယ်။

ရာဇဝင်လူဆိုးတစ်ယောက်အဖြစ် နာမည်ကြီးလာမယ့် Francis Crowley ကို (၁၉၁၂)ခုနှစ်အောက်တိုဘာ(၃၁)ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာမွေးဖွားခဲ့ပြီး ငယ်စဉ်ထဲကမိဘတွေရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရကာ ဂျာမန်အမျိုးသမီးတစ်ယောက်ရဲ့မွေးစားသားအဖြစ်ကြီးပြင်းလာရသူ ဖြစ်ပါတယ်။ Francis Crowley ရဲ့ဖခင်ဖြစ်သူဟာ ဂိုဏ်း စတားတစ်ယောက်ဖြစ်ပြီး ရဲတပ်ဖွဲ့တွေလက်ချက်နဲ့ အသက်ပျောက်ခဲ့ရပါတယ်။ ဒါအပြင် သူရဲ့မွေးစားအမေကပါလာတဲ့အစ်ကိုဖြစ်သူ ဂျွန်ဟာလည်းလူဆိုးတစ်ယောက်ပီပီ ရဲတပ်ဖွဲ့ဝင်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတစ်ခုမှာ သေဆုံးခဲ့ရပါတယ်။

ဂျွန်သေဆုံးချိန်မှာ Francis Crowleyဟာအသက်(၁၂)နှစ်အရွယ်ရှိနေပြီဖြစ်ကာ သူအစ်ကိုနဲ့ဖခင်ဖြစ်သူကို သတ်ခဲ့တဲ့ နယူးယောက်ရဲတပ်ဖွဲ့ကိုအမုန်းကြီးမုန်းနေပါတော့တယ်။ ယင်းနောက်မှာ တော့ Francis Crowley ဟာလမ်းဘေးဒုစရိုက်ဂိုဏ်းသားတစ်ယောက်လုံးလုံးကိုဖြစ် သွားခဲ့ပြီး သူရဲ့ငယ်စဉ်အချိန်အားလုံးဟာ ဒုစရိုက်မှတ်တမ်းတွေနဲ့ပြည့်နှက်သွားအောင် ကိုဆိုးသွမ်းပါတော့တယ်။ အရက်၊မိန်းမ၊မူးယစ်ဆေးနဲ့မှောင်ခိုပစ္စည်းတင်သွင်းရာမှာ သာမက နောက်ဆုံးသူတို့ရည်ရွယ်ချက်ကိုလိုက်လံနှောင့်ယှက်တယ်လို့ ယူဆသူ ရဲအဖွဲ့ တွေကိုတောင် ပစ်မှတ်ထားတိုက်ခိုက်တဲ့အခြေအနေအထိဖြစ်ခဲ့ပါတယ်။

(၁၉၃၁)ခုနှစ်၊ဖေဖော်ဝါရီ(၂၁)ရက်နေ့မှာတော့ Francis Crowleyနဲ့သူအပေါင်းအပါ(၂) ဦးဟာ Bronx မှာရှိတဲ့ American Legion မှာကျင်းပတဲ့ ကပွဲတစ်ခုမှာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတွေကလူစုခွဲဖို့ကြိုးစားချိန်မှာပဲ  Crowley ဟာ သူ့မှာပါလာတဲ့သေနတ် ကိုထုတ်ပြီးပြန်လည်ပစ်ခတ်တာကြောင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးအထိအပြင်းအထန်ဒဏ်ရာ ရသွားခဲ့ပါတယ်။  Crowley ကိုတော့ ယင်းနှစ်မတ်လ(၁၃)ရက်နေ့မှာရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သူ့ကိုစစ်ဆေးနေစဉ်မှာပဲ Francis Crowley ဟာ စုံထောက် ဖာဒီနန်စကန်ဒဲကို ပြန်လည်ပစ်ခတ်ပြီး Lexington Avenue အတွင်းမှာရှိ တဲ့ရုံးတစ်ရုံးထဲကိုဝင်ရောက်ပြီးလွတ်မြောက်သွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အပူအပြင်းလိုက် လံရှာဖွေနေစဉ်အချိန်လည်းဖြစ်၊ထွက်ပြေးပြီးနောက်(၂)ရက်အကြာမှာတော့  Crowley ဟာနောက်လိုက်(၄)ယောက်နဲ့တူ နယူးယောက်က New Rochelle ဘဏ်ကို ဝင်ရောက်ဓါးပြတိုက်ခဲ့ပါတယ်။

ရဲတွေအပူအပြင်းလိုက်လံရှာဖွေနေဆဲကာလဖြစ်တဲ့ နောက်တစ်လအကြာမှာဆိုရင်လည်း  Crowley နာမည်ကကျော်စီးပွားရေးလုပ် ငန်းရှင်တစ်ယောက်ဖြစ်တဲ့ Rudolph Adler ရဲ့နေအိမ်ကိုဓါးပြဝင်တိုက်ရင်း ရဲတပ်ဖွဲ့ကို ပမာမခန့်လုပ်ပြခဲ့ပါတယ်။ ဧပြီလ(၂၉)ရက်နေ့မှာတော့ Morris Avenue တံတားအနီးက (၁၃၈)လမ်းမှာအေးအေး လူလူကားမောင်းလာတဲ့  Crowley ကို ရဲတပ်ဖွဲ့ကခြေရာခံမိပြီး လိုက်လံဖမ်းဆီးခဲ့ပေမယ့်  Crowley ကတော့ ရုပ်ရှင်တွေထဲက အတိုင်း ရဲတပ်ဖွဲ့နဲ့အပြန်အလှန်ပစ်ခတ် ပြီးလွတ်မြောက်သွားခဲ့ပါတယ်။

Crowley ဟာ အမေရိကန်ရဲတပ်ဖွဲ့အပေါ်လက်တစ်လုံးခြား အနေအထားတွေကနေ လွတ်မြောက်သွားခြင်းက ရဲတပ်ဖွဲ့အတွက်မီဒီယာ တွေအထက်မှာ လှောင်ရယ်စရာဖြစ်နေခဲ့ပြီး  Crowley ရဲ့နာမည်ဟာလည်း ကြီးသထက်ကိုကြီးမားလာပါတယ်။ မေလ(၆)ရက်နေ့ မှာတော့  Crowley ဟာသူရဲ့အသက်(၁၆)နှစ်အရွယ်ချစ်သူ Helen Walsh နဲ့အတူ Long Island က North Merrick မှာ အတူရှိနေစဉ်မှာပဲ ရဲတပ် ဖွဲ့ရဲ့လာရောက်ဖမ်းဆီးမှုကိုခံခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာလည်း  Crowley ဟာရုပ်ရှင်တွေထဲကလို လှလှပပပြန်လည်ခုခံကာ ရဲဝန်ထမ်း Hirsch ကိုအသေပစ်သတ်ခဲ့ကာ ကျန်ရဲသား Yodice ကိုအပြင်းအထန်ဒဏ်ရာရစေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အမေရိကန်ရဲတပ်ဖွဲ့ဟာ Crowley ကို ဖမ်းဆီးဖို့ ဆုကြေးဒေါ်လာ (၁၅၀၀၀) ကြေငြာခဲ့ပါတယ် ။ တစ်ကြိမ်မှာတော့ Crowley နဲ့အတူ သူချစ်သူ Helen Walsh သူမိတ်ဆွေ Fats Durringer တို့ကို အနောက်ပိုင်း(၉၁)လမ်း က အဆောက်အအုံတစ်ခုရဲ့(၅)လွှာမှာ နယူးယောက်ရဲတပ်ဖွဲ့ကခြေရာခံမိခဲ့ပါတယ်။ ဒီလူသုံးယောက်အတွက် မျက်ရည်ယိုဗုံးတွေ၊စတင်းဂန်းတွေအပါအဝင်လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်အယောက်(၃၀၀)လောက်ဟာ ယင်းအဆောက် အအုံကိုဝိုင်းရံထားခဲ့ပါတယ်။

Crowley နဲ့ ရဲတပ်ဖွဲ့ရဲ့ အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲကို လူပေါင်း ၁သောင်းကျော်က စိတ်ဝင်တစားကြည့်ခဲ့ကြပါတယ်။ Crowley တို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ (၂)နာရီ နီးပါးကြာအောင်တိုက်ပွဲဆင်နွှဲပြီးချိန်မှသာ သေနတ်ဒဏ်ရာ(၄)ချက်နဲ့အပြင်းအထန် ဒဏ်ရာရနေတဲ့ Francis Crowley ကိုဖမ်းမိခဲ့ပါတယ်။ Crowley ကိုဖမ်းဆီးမိချိန်မှာတော့ သူရဲ့နာမည်ကျော်ပစ္စတိုနှစ်လက်ဟာ ခြေထောက်မှာစည်းနှောင်ထားတဲ့ အနေအထားအတိုင်းတွေ့ခဲ့ရတာဖြစ်ပါတယ်။

Crowley အားဖမ်းမိပြီးချိန်၌ ရဲမင်းကြီးက နယူးယောက်လူဆိုးစာရင်းမှာ ဒီကောင်လောက်ကြောက်စရာကောင်းတဲ့ လူဆိုးမရှိဘူး။ ဒီကောင်ဟာ ငှက်မွှေးလေးတစ်မွှေးလောက်ကျတာနဲ့လည်း အခြားသူအသက်ကို သတ်မှာပဲ လို့ဆိုခဲ့ပါတယ်။ Crowley အနေနဲ့သူရဲ့ပြစ်မှုတွေအတွက် လျှောက်လဲချက်တွေပေးခဲ့ပေမဲ့ တရားရုံးကတော့ ပယ်ချခဲ့ပါတယ်။ (၁၉၃၁)ဇွန်လတစ်ရက်နေ့မှာတော့ တရားရုံးက  Crowley ရဲ့ပြစ်မှုတွေအတွက်သေဒဏ်အဖြစ်စီရင်ချက်ချခဲ့ပါတယ်။

ယင်းနောက်မှာတော့ Ossining မှာရှိတဲ့ Sing Sing အကျဉ်းထောင်ကိုပို့ဆောင်ခဲ့ပါတယ် အကျဉ်းကနေစဉ်ကာလမှာလည်း  Crowley ဟာထောင်စည်းကမ်းတွေကို အစဉ်ချိုးဖောက်ကာ ထောင်ကနေဖောက်ထွက်ဖို့ကိုသာကြိုးစားနေခဲ့ပါ တယ်။ ဒါပေမဲ့  Crowley အတွက်တော့အခွင့်မသာခဲ့ပဲ (၁၉၃၂)ခုနှစ်၊ဇန်နဝါရီ (၂၁)ရက်နေ့မှာတော့ လျှပ်စစ်ကုလားထိုင်ကိုအသုံးပြုပြီး ဆယ်ကျော်သက်သာသာ သာရှိသေးတဲ့  Crowley ကိုသေဒဏ် အဖြစ်အပြစ်ပေးခဲ့ပါတယ်။

Crowley ဟာ သေဆုံးချိန်အထိ သူ့တွင်အပြစ်မရှိကြောင်း မိမိကိုယ်ကိုကာကွယ်ရင်းနဲ့ သတ်ဖြတ်မိခဲ့တာဖြစ်ကြောင်းဆိုရင်း သူ၏အပြစ်များကို ဝန်မခံသွားခဲ့ပါချေ။ လူ့အသက်ကိုဖက်ရွက်မျှတောင်တန်ဖိုးမထားသော်လည်း သူဟာ အလွန်ကြင်နာတတ်တဲ့ နှလုံးသားရှိသူလို့မကြာခဏပြောလေ့ရှိပါတယ်။ သေဆုံးချိန်မှာတော့ ကရိုလီရဲ့ အသက်ဟာ ၁၉ နှစ်သာ ရှိပါသေးတယ်။

Tags: world people
Next Post
ကိုဆိုဗိုနိုင်ငံ အကြောင်း သိကောင်းစရာ

ကိုဆိုဗိုနိုင်ငံ အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!